← Chapters

မင်း ရှုံးရင် ... စားထားတဲ့ ... ၊ ဆေးလုံးတွေ နှိုက်ယူမယ် ... ။

Vol. 122 Ch. 1703

မင်း ရှုံးရင် ... စားထားတဲ့ ... ၊ ဆေးလုံးတွေ နှိုက်ယူမယ် ... ။

Vol. 122 Ch. 1703

လင်းယွန်၏ အသွင် အပြင်ကြောင့်၊ ခမ်းနားသော ရုံးတော်၏ အဖွဲ့ဝင် များနှင့် ကောင်းကင် ရနံ့ သင်းသင်း၏ တပည့် များ သည်ပင်၊ အံ့အားသင့် ကုန်သည်။

“ လင်း ရှောင် ... ။ ”

စက်ဆုပ်ဖွယ် ကောင်းသော နည်းလမ်း များဖြင့်၊ အကြီးအကဲ ကျင်းယွီတို့ သားအဖကို ရိုက်နှက်ခဲ့ သကဲ့၊ ပြိုင်ဘက် အမျိုး သမီးအား၊ ကြမ်းကြမ်း တမ်းတမ်း တွန်းထုတ် ပစ်၏။

မည်သို့ပင် ဆိုစေကာမူ၊ ဤလုပ်ရပ်သည် ကောင်းကင် ရနံ့ သင်းသင်းမှ တပည့်ငယ်များ အတွက်၊ ကျေနပ် စရာ ဖြစ်၏။

“ ဒီကောင်က တကယ့် လူရိုင်းပဲ၊ သူ့မှာသာ အရည်အချင်း ရှိရင်၊ ဂီတကို သုံးပါလား။ ”

ကျန်းမူက မနာလိုသော အသွင်ဖြင့် ပြော လိုက်သည်။ သူ့ဘေးတွင် ရှိသော ရှေးဟောင်း သူတော်စင် မိသားစုဝင်များ မှလည်း၊ ခေါင်းညိတ် ထောက်ခံ ကြ၏။

နောက်ပြန် ဆုတ်လိုက် ရသော လန်ဟောင်ယန်၏ မျက်နှာမှာ၊ ကြောက်ခမန်း လိလိ မည်းမှောင်လျက်၊ ပြန်တိုက်ရန် ပြင်သော အခါတွင်၊ ရှတောင်ဖေးက ဟန့်တား လိုက်သည်။

“ ငါ့ရဲ့ ခမ်းနားသော ရုံးတော်က ရက်စက်တယ် ဆိုရင်တောင်၊ ဂီတနဲ့ တိုက်ခိုက် နေတာပါ၊ ရက်စက် ကြမ်းကြုတ်တဲ့ ...

... အရိုင်း အစိုင်း တစ်ယောက်လို ... ၊ ခိုးဝင်တိုက် ခဲ့တာက ... ပိုပြီး စက်ဆုပ်ဖွယ် မကောင်း ဖူးလား။ ”

“ ဟုတ်လား ... ဒါဆို မင်းဘာလို့ ငါနဲ့ လာ မကစား ရတာလဲ။ ”

လင်းယွန်က ရှေ့ တစ်လှမ်း တက်ကာ၊ စိန်ခေါ်လိုက် သဖြင့်၊ လင်းဝမ်မှာ ဝမ်းသာ သွား လေသည်။

“ သခင်လေး လင်း ... ၊ သူက ခမ်းနားသော ရုံးတော်ရဲ့ တပည့် ကြီးပဲ၊ ဂီတမှာ မယုံနိုင်ဖွယ် အောင်မြင်မှုတွေ ရထားတယ်၊ အရိယာ အသံ အထွတ် အထိပ်ကို၊ ဖန်တီး နိုင်တာ ကြာပြီ။ ”

-ဟု သတိ ပေးလိုက်သည်။

“ ကြားလား အခု မင်း ငါ့ကို တိုက်ဖို့ အရည်အချင်း မပြည့်သေးဘူး၊ အဲဒီ ရှေးဟောင်း သူတော်စင် မိသားစုဝင် တွေတောင်၊ ငါ့ အမြင်မှ ဘာကောင်မှ မဟုတ် သေးဘူး။ ”

ရှတောင်ဖေးမှ မျက်ခုံး ပင့်ကာ၊ လှောင်ပြောင် လိုက်သည်။ ထိုစကားကြောင့် ကောင်းကင် ရနံ့ သင်းသင်းမှ တပည့်များ ဒေါသထွက် လာ၏။

“ ဟား ဟား ဟား ... နင် တို့ရဲ့ နတ်သမီးလေးက၊ ရုပ်ဆိုးတဲ့ တိရိစ္ဆာန်မ ဖြစ်နေ လို့လား၊ လူတိုင်း ရှုံးနေ တာတောင်၊ သူက ထွက်မလာ ရတာ၊ ဘာလဲ ... နတ် သမီးလား လိပ်လား။ ”

လန်ဟောင်ယန်က မျက်ခုံးပင့်လျက် အထင်အမြင် သေးစွာ ဝင်ပြော လာလေသည်။ သို့သော် လင်းယွန်၏ လက်ဖဝါးက သူမ ပါးပြင်ပေါ် ကျရောက် လာ၏။

“ ဖြောင်း ... ။ ”

“ အ ... ။ ”

မြန်ဆန်လွန်း သဖြင့်၊ ရှတောင်ဖေးပင် ကာကွယ် နိုင်ခြင်း မရှိလိုက်ချေ။ ပါးတစ်ဖက် ချက်ချင်း ရောင်ကိုင်း သွား၏။

“ နင် ... ။ ”

လန်ဟောင်ယန်က မျက်နှာကို အုပ်ကိုင်လျက် ဒေါသ တကြီး ကျိန်ဆဲ တော့ သည်။ သို့သော် ရှေ့လှမ်း မတက် ရဲခေျ။

“ ကောင်းတယ် ... တိရစ္ဆာန်မ ကများ၊ ငါတို့ရဲ့ နတ်သမီး လေးကို၊ စော်ကားခဲ့ ဝံ့တယ် လို့၊ ပါးရိုက်ခံ ရတာတောင် နည်းသေးတယ်၊ နင့်ထက် နတ်သမီး လေးက အဆ တစ်သောင်း ပိုလှတယ်။ ”

ဤတစ်ကြိမ်တွင် လောရှုရီမှာ၊ အမှန်ပင် ဒေါသ ထွက်လာ၏။ သူမသည် အမျိုးကောင်း သမီး ဖြစ်သောကြောင့်၊ တစ်စုံ တစ်ယောက် အပေါ်၊ ဆဲဆိုခြင်း မပြု ဖူးချေ။

သို့သော် ယနေ့တွင် လန်ဟောင်ယန်အား မဆဲဘဲ မနေနိုင် ဖြစ်ခဲ့ရသည်။ ဤတိရစ္ဆာန် မ သည် ပြိုင်ပွဲတွင် အဆိပ်သုံး သည်သာ မက၊ ယွဲ့ဝေဝေအား စော်ကား နေ၏။

“ ငါ့ ပါးစပ်နဲ့ ငါ ... ၊ လွတ်လွပ် လပ်လပ် ပြောပိုင်ခွင့် ရှိတယ်၊ နင်က ဘယ်သူမို့ ... ဒီလို လာပြော နေရ တာလဲ။ ”

လန်ဟောင်ယန်မှ အေးစက်စွာ တုန့်ပြန်သည်။

“ ဟုတ်တယ် မင်း ပါးစပ်က ပြောချင်တာ ပြောလို့ ရသလို၊ ငါ့လက်တွေ ကလည်း၊ ငါ ရိုက် ချင်တဲ့ သူကို ရိုက်လို့ ရတယ်၊ မင်း ဆက်ပြောပါ၊ ငါလည်း ဆက်ရိုက် ပေးမယ်။ ”

လင်းယွန်မှ အေးစက်သော အသွင်ဖြင့် ဝင်ပြော လိုက်သည်။

“ ငါ မဝံ့ဖူး ထင်လား။ ”

လန်ဟောင်ယန်က ဒေါသ တကြီး ကျိန်ဆဲရန် ပြင်စဉ်၊ လင်းယွန် အကြည့်ကြောင့် ချက်ချင်း သတိ အနေ အထားဖြင့်၊ နောက် တစ်လှမ်း ဆုတ်မိ၏။

“ ဖျပ် ... ။ ”

“ ဖြောင်း ... ။ ”

“ ဝေါ့ ... ။ ”

သူမ စိုးထိတ် နေ သကဲ့သို့၊ လက်ဖဝါးက ရိပ်ခနဲ ဝင်လာကာ၊ လွင့်စဉ်သွား ရတော့သည်။ သွေးများ အန်လျက်၊ မျက်နှာ နှစ်ဖက် စလုံး ရောင်ကိုင်း သွားသည်။

ထိုမြင်ကွင်းက ခမ်းနားသော ရုံးတော် အဖွဲ့အား၊ ဒေါသ ဖြစ်စေ၏။ အကြီး အကဲများ မျက်နှာမှာ ကြောက်မက်ဖွယ် မည်းမှောင် သွားသည်။

“ အစ်ကိုကြီး၊ သူ ... ငါ့ကို ရိုက်တယ်။ ”

လန်ဟောင်ယန်မှ မျက်ရည်များ စီးကျ လျက်၊ ရှတောင်ဖေးထံ လှည့်ကာ တိုင်ပြောလေ သည်။ ဤလူရိုင်း သည် ယုတ္တိ မတန် လှချေ။ ရှတောင်ဖေး သည်ပင် မျက်လုံးပြူး သွား၏။

ကောင်းကင် ရနံ့ သင်းသင်းတွင်၊ ဤမျှ ရိုင်းစိုင်းသော လူတစ်ယောက် မည်သည့် အချိန် ကတည်းမှ၊ ရောက်ရှိ နေသည်အား မသိချေ။

ပထမ တစ်ကြိမ် ပါးရိုက် ပြီးနောက်၊ ထပ်မလုပ် တော့ဟု ထင်မိ ခဲ့သည်။ သို့သော် နောက် တစ်ကြိမ် ကျူးလွန် ၏။

တကယ်ပင် လက်မြန် လှသော လင်းယွန်ကြောင့်၊ ကောင်းကင် ရနံ့ သင်းသင်း ၏ တပည့် များမှာ၊ စိတ်လှုပ်ရှား လာသည်။

ယင်းက အဓိပ္ပါယ် ရှိ၏။ သူတို့၏ မဟာ အကြီး အကဲ ကျင်းယွီ ကိုပင်၊ ရိုက်နှက် ဝံ့သူ ဖြစ်ရာ၊ လန်ဟောင်ယန် ဟူသည် မည်သူနည်း။ ၎င်းလုပ် မဝံ့ စရာ အကြောင်း မရှိချေ။

“ ငါ့ကို ... အဲဒီလို မကြည့်နဲ့ ... ၊ ငါက လူရိုင်းပဲ၊ ငါ ရိုက်ချင်တဲ့ ... သူ့ကို ရိုက်မှာ ... ၊ ကောင်းကင် ရနံ့ သင်းသင်းမှာ၊ ...

... ငါ့ကို အရိုင်း အစိုင်း တစ်ယောက် ... အဖြစ်၊ လူတိုင်း သိတယ်၊ မင်းတို့ ရန်ဖြစ် ချင် လို့လား ... ၊ လာ ငါ့ဆီ ... ။ ”

လင်းယွန်က မျက်ဝန်းများ မှေးစင်းလျက် ရှတောင်ဖေးထံ ကြည့်ကာ စိန်ခေါ် လိုက်သည်။ ပါးနှစ်ချက် ရိုက်ပြီး သော်မှ ဒေါသမှာ၊ ပြေပျောက်ခြင်း မရှိ သေးချေ။

ယွဲ့ဝေဝေကို စော်ကားရန်၊ ဤမိန်းမ၌ သတ္တိရှိ လွန်းချေ၏။ အရည် အချင်း အကြောင်း ပြောမည်လော။

ထိုသို့ ဆိုက ဤရှတောင်ဖေး ဟူသည်၊ မည်မျှ အရည်အချင်း ရှိသည်ကို၊ ကြည့်ရ ပေ လိမ့်မည်။

“ မင်းက အရည် အချင်း မပြည့်မီဘူး၊ နတ်သမီး ထွက်မလာရင်၊ ငါ ပြန်မယ်၊ ဒါပေမယ့် ငရဲ ပင်လယ် တစ်ခု လုံးက၊ ကောင်းကင် ရနံ့ သင်းသင်း ဆိုတာ၊ နိဗ္ဗာန် ပွဲတော်မှ ...

... ပါဝင်ဖို့၊ အရည် အချင်း မပြည့်မီ ဖူးလို့ မြင်လာ ကြမှာ၊ ငါကြောက်တယ်၊ အဲဒီ အချိန်ဆို လူတိုင်းရဲ့ ပါးစပ်ကို ပါးရိုက်ပြီး၊ မင်း ပိတ်နိုင် မလား ကြည့်မယ်။ ”

ရှတောင်ဖေးက ဝင့်ကြွားစွာ ဆိုလိုက်သည်။

“ မင်း သူ့ကို အနိုင် ယူနိုင်ရင် ... ၊ နတ်သမီးကို ရင်ဆိုင်ဖို့ ... ၊ အရည် အချင်း ပြည့် မီတယ်။ ”

ဤအခိုက်တွင် အေးစက်သော အသံ တစ်သံ ထွက်ပေါ် လာသည်။ တိမ်လွှာ မွှေးရနံ့ ခန်းဆောင် အတွင်းသို့၊ မုရွယ်လင် ဦးဆောင် လျက်၊ အကြီးအကဲများ ဝင်ရောက် လာ၏။

ခမ်းနားသော ရုံးတော်မှ အကြီးအကဲ သုံးဦးသည် မုရွယ်လင်၏ ငယ်ရွယ်သော အသွင် အပြင်ကို မြင်သော အခါတွင်၊ မျက်နှာ ပျက်ယွင်း ကုန်သည်။

သည်အကြီး အကဲသည်၊ သူတို့ အားလုံးထက် ငယ်ရွယ်ကာ၊ သူတော်စင် တာအို အပေါ်၊ ဖမ်းဆုပ် ထားနိုင်၏။

“ သူတော်စင် အကြီးအကဲ ... ၊ ငါတို့ မင်းစကား တွေကို ... ၊ အတည် ပြုလို့ ရမလား။ ”

သို့တိုင် အကြီး အကဲ တစ်ယောက်က မုရွယ်လင်ကို ကြည့်ကာ မေးဆဲ ဖြစ်သည်။

“ ငါ့ စကားက ကတိပဲ။ ”

မုရွယ်လင်က ပြတ်သားစွာ ဖြေ၏။ ထို့နောက် လင်းယွန်ထံ လှည့်ကြည့်ကာ၊

“ မင်း ရှုံးရင် ... မင်း စားထားတဲ့ ... ၊ သူတော်စင် ဆေးလုံးတွေ အားလုံးကို ပြန်နှိုက် ယူမယ်၊ မင်းက မင်းကိုယ်မင်း လူရိုင်းလို့ သတ်မှတ် ထားတော့ ... ၊ ဒီနည်း လမ်းက အကောင်းဆုံးပဲ။ ”

မုရွယ်လင် စကားသည် မည်မျှ အလေး အနက် ထားကြောင်း သိသဖြင့်၊ လင်းယွန်မှာ ဦးရေပြားများ ယားယံ လာသည်။

ပခုံး တွန့်လျက်၊ ရှတောင်ဖေးထံ လှည့်ကြည့်ပြီး၊

“ ကြားလား ... ၊ မင်း အကူအညီ ငါလို နေပြီ။ ”

-ဟု ဆိုလိုက် တော့၏။

“ သူတော်စင် အကြီး အကဲက ... ၊ ကတိ ပေးနေ မှတော့၊ မင်းလို လူရိုင်း တစ်ယောက်ကို သင်ခန်းစာ ပေးရတော့ မှာပေါ့၊ ဒါပေမယ့် ဂီတ ဆိုတာ သိုင်း ပညာထက်၊ ...

... ကြောက်စရာ ပို ကောင်းတယ် ... ၊ ဒါကြောင့် မတော် တဆ ‘မှု’တွေကို၊ ငါ တာဝန် ယူမှာ မဟုတ်ဘူး။ ”

“ ဟုတ်တယ် ငါလည်း ... အဲဒါကို ပြောချင် နေတာ။ ”

လင်းယွန်မှ ပြုံးပြီး ခေါင်းပြ လိုက်၏။

“ သူ ... ဂီတ ပြိုင်ဖို့ ... ၊ သဘောတူ လိုက်ပြီ။ ”

“ လင်းရှောင် ရူးနေပြီ၊ သူက ဂီတမှာ ခရီးမရောက် ထားဖူးလေ၊ အခုချိန်ထိ သီချင်း တစ်ပုဒ်တောင် တီးတာ မတွေ့ ဖူးဘူး။ ”

ကောင်းကင် ရနံ့ သင်းသင်းမှ လူတိုင်း သံသယ များဖြင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ကုန် လေသည်။

“ ဟား ဟား ဟား ... ။ ”

ရှေတောင်ဖေးက ခါးစောင်း၌၊ ချိတ်ဆွဲ ထားသော ပုလွေရှည် တစ်ချောင်းကို ထုတ်ကာ၊ ရယ်မော လိုက်၏။

ပလွေမှ အဆုံး မရှိသော ဂီတ အသံများ ထွက်ပေါ် လာသည်။ သူ့ ဆံပင်နှင့် ဝတ်ရုံ စများ တဖျပ်ဖျပ် ခတ်လာ တော့၏။

ဤမြင်ကွင်း အရ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ မည်သူ မဆို ပြောပြ နိုင်သည်။ လန်ဟောင်ယန်ထက် များစွာ သန်မာ နေ၏။

ကောင်းကင် ရနံ့ သင်းသင်း၏ တပည့် အားလုံး တိတ်ဆိတ် သွားပြီး၊ စိုးရိမ် စိတ်များ ဝင်ရောက် လာသည်။

“ ဖျပ် ... ဖျပ် ... ဖျပ် ... ။ ”

လင်းယွန်က ခြေ သုံးလှမ်းမျှ နောက်သို့ ပြန်ဆုတ် သွားပြီး၊ ဗျပ်စောင်းကို ထုတ်ယူကာ ထိုင်ချ လိုက်၏။

ယင်းကြောင့် ရှတောင်ဖေး၏ စိတ်ဝိညာဉ် နန်းတော် အတွင်းရှိ၊ သူတော်စင် ရူရ် တောက်ပ လာပြီး၊ ရက်စက် ကြမ်းကြုတ်သော အပြုံး ထွက်ပေါ် လာသည်။

“ မလုံလောက် သေးဘူး။ ”

သို့သော် လင်းယွန်က ပြုံးပြီး ခေါင်းယမ်း လိုက်၏။ သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်ကို အသက် သွင်းလျက်၊ ဗျပ်စောင်းနှင့် ဆက်သွယ် လိုက်တော့ သည်။

“ ဒင် ... ။ ”

အကန့် အသတ်မဲ့ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်များ စုရုံး လာသည်။ ထို့နောက် ဗျပ်စောင်းအား ခတ်လိုက် ၏။

“ ဂျိန်း ... ။ ”

မိုးကြိုး မုန်တိုင်း တစ်စင်း ရုတ်တရက် ပေါ်လာသည်။ ကောင်းကင်မှာ ချက်ချင်းပင် မှောင်ကျ သွား၏။ အားယူ နေသော ပလွေ သံများ ရပ်တန့် ကုန်သည်။

ရှတောင်ဖေးမှ မော့ကြည့် လိုက်သော အခါတွင်၊ မိုးကြိုး တိမ်တိုက်များ အတွင်း၌၊ ပျံသန်း နေသော နဂါး တစ်ကောင်ကို မြင်လိုက် ရသည်။

၎င်းက ကောင်းကင်နှင့် မြေကြီး ကြား စွမ်းအင် များကို၊ အကန့် အသတ်မဲ့ စုဆောင်း နေခြင်း ဖြစ်၏။

ဤလင်းရှောင်သည် စစ်မှန်သော ခွန်အားကို ဖုံးကွယ် ထားချေပြီ။ ထို့ကြောင့် စိတ်လှုပ်ရှား လာ၏။

တစ်ဖက်လူ အပေါ်၊ ပေါ့ပေါ့ တန်တန် ဆက်ဆံခြင်း မပြုရန်၊ သူ့ကိုယ်သူ သတိပေး နေမိသည်။

ခန္ဓာကိုယ် အတွင်းမှ ကြက်သွေးရောင် အလင်းများ ဖြာလျက်၊ ပလွေသံဖြင့် ပေါင်းစပ် သွားသည်။

ထို့နောက်တွင် အရည်များ ပြည့်နှက် နေသော ကြက်သွေးရောင် ကမ္ဘာကြီး အဖြစ် ဖွဲ့စည်း လာတော့၏။

“ ဒင် ... ။ ”

ထိုအချိန်တွင် လင်းယွန် ဗျပ်စောင်းကို ညင်သာစွာ တီးလျက်၊ ရှတောင်ဖေး လုပ်သမျှ အေးစက်စွာ ကြည့်နေသည်။

ဗျပ်စောင်းကြိုး များကို ခတ်လိုက်တိုင်း၊ ကောင်းကင်ကြီး တုန်ခါ သွားကာ၊ လျှပ်စီးများ လက်သွား၏။

“ ဂျိန်း ... ။ ”

မိုးခြိမ်း သံများ တဟုန်ထိုး မြည်လျက်၊ နုတ်များ ခပ်စိတ်စိတ် ထွက်လာ တော့သည်။ ယင်းက တိမ်လွှာ မွှေးရနံ့ နန်းဆောင် တစ်ခု လုံးကို၊ တုန်ခါ သွားစေ၏။

ဤသည်မှာ အဆုံး မရှိသော ဖြစ်စဉ်များ ဖြစ်ပြီး၊ မည်သူမျှ ဗျပ်စောင်း အသံနှင့် မိုးခြိမ်း သံအား၊ ခွဲခြား မရ တော့ချေ။

လင်းယွန် တစ်ယောက် ကောင်းကင်နှင့် ပြိုင်ကာ၊ စစ်ခင်း နေသည် ဟုပင်၊ ခံစား လာမိ ကြသည်။

“ ခရစ် ... ။ ”

ဆယ်ကြိမ် ပြည့် ပြီးနောက်၊ ကြက်သွေးရောင် ကမ္ဘာကြီး အပိုင်းပိုင်း ကွဲသွား လေသည်။

“ ဝေါ့ ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

အကျိုးဆက် အနေြဖင့် ရှတောင်ဖေး တစ်ယောက် သွေးအန် သွားပြီး၊ ခြေလှမ်း (၁၀) လှမ်းခန့်၊ ဆုတ်ခွာ ပေးလိုက် ရသည်။

ထိုမြင်ကွင်းကြောင့် ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်များမှာ မျက်လုံး ပြူးလျက်၊ လင်းယွန်ထံ မယုံ နိုင်ဖွယ် ကြည့်လာ ကုန်၏။

***

All Chapters