← Chapters

သွေးနဂါး ကျမ်း။

Vol. 122 Ch. 1704

သွေးနဂါး ကျမ်း။

Vol. 122 Ch. 1704

ကောင်းကင်၌ မိုးခြိမ်းသံများ ဝုန်းဒိုင်းကျဲ နေသောကြောင့်၊ ရှတောင်ဖေး ခမျာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ယူရန်၊ ခြေလှမ်းပေါင်း များစွာ ထပ်မံ ဆုတ်ခွာ လိုက်ရသည်။

လူတိုင်းက ရှတောင်ဖေးကို ကြည့်လျက်၊ အသက်ရှူ ကြပ်ကုန်၏။ ကြမ်းပြင်ပေါ် လဲမကျ စေရန်၊ ခက်ခက် ခဲခဲ ကြိုးစား နေရမှန်း မြင်သာ စေသည်။

ဆံပင်များ ရှုပ်ပွလျက်၊ ဝတ်ရုံတွင် အပေါက် များစွာ ဖြစ်ပေါ် လာသည်။ ရောင်ဝါပင် ဖရို ဖရဲ ဖြစ်သွား ၏။

လင်းယွန်အား သိသိ သာသာ ရှုံးနိမ့် သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ပြင်းထန်သော ဒဏ်ရာများ မရရှိ ခဲ့ချေ။

“ လင်း ရှောင် ... ။ ”

စိတ်ပျက် စရာ ကောင်း လောက်အောင် ပုံပျက်သွား သဖြင့်၊ သတ်ဖြတ်လိုသော ရည်ရွယ် ချက်များ ပေါက်ကွဲ လာသည်။

ဒဏ်ရာ များမှာ ပြင်းထန်ခြင်း မရှိ သော်လည်း၊ အသွင် အပြင် အရ နတ်သမီး လေးကို စိန်ခေါ်ရန် မဖြစ်နိုင် တော့ချေ။

“ ငါ ရှိတယ် ... ၊ အဲဒီ အတွက် တောင်းပန် ပါတယ်၊ ဂီတက သိုင်းပညာထက် ကြောက်စရာ ပိုကောင်း တယ်လို့၊ မင်း ပြောတာကို ငါယုံပြီ။ ”

“ ဟား ဟား ဟား ... ။ ”

လင်းယွန်မှ ပြုံးပြီး ပြန်ပြော သောကြောင့်၊ ကောင်းကင် ရနံ့ သင်းသင်း၏ တပည့် များမှာ၊ ရယ်မော လိုက်ကြသည်။

ဤလင်းရှောင်မှာ တဖြည်းဖြည်း ချစ်စရာ ကောင်းလာပြီ ဖြစ်၏။ အစောပိုင်း ကာလ များ၌ ကြည့်၍ မရ သော၊ ၎င်း၏ အကျင့် စရိုက် များမှာ၊ အသုံးဝင် ချေပြီ။

ရလဒ် မည်သို့ပင် ဖြစ်စေ ကာမူ၊ သူတို့၏ ရင်တွင်း ခံစားချက်များ အတွက်၊ ထုတ်ဖော်ရန် အခွင့် အရေး ရပြီ ဖြစ်၏။

ရှတောင်ဖေး မျက်နှာမှာ၊ ပို၍ တင်းမာ လာပြီး၊ ပေါက်ကွဲလုနီးပါး ဒေါသကို ထိန်းချုပ် နေရသည်။

“ ပွဲ မပြီး သေးပါဘူး။ ”

ပလွေကို နှုတ်ခမ်းပေါ် နောက်တစ်ကြိမ် တင်လိုက်သည်။ ဤတစ်ကြိမ်တွင် ခွန်အားကို ထိန်ချန် ထားရန် စိတ်ကူး မရှိ တော့ချေ။

အလွန် လျင်မြန် စွာဖြင့်၊ ရာနှင့် ချီသော တစ္ဆေ စစ်တပ်ကြီး အသွင် ထင်ရှား စေတော့ သည်။

“ တစ္ဆေ စစ်ကြောင်း ... ။ ”

ဖြစ်စဉ် ပေါ်ပေါက် လာသော အခါ၊ ကောင်းကင် ရနံ့ သင်းသင်းမှ တပည့်များ မျက်နှာ၊ လေးနက် သွား၏။

နောက်ဆုံးတွင် ရှတောင်ဖေးမှာ လေးနက်လာ ချေပြီ။ ဤသည်မှာ နတ်သမီး လေး အတွက် ပြင်ဆင် ထားသော ဝှက်ဖဲ ဖြစ်နိုင်၏။

သတ်ပစ် လိုသော ရည်ရွယ်ချက်မှာ၊ ထိုပလွေသံ နှင့်အတူ လွင့်စင် လာပြီး၊ ဆင့်ခေါ် ထားသော တစ္ဆေ များကို၊ လင်းယွန်ထံ ဦးတည် ပစ်၏။

အချို့မှာ အန္တရာယ် မပေး နိုင်ချေ။ အချို့သည် အဆိပ်ပြင်း၏။ ထို့ကြောင့် မည်သူ သည် အဆိပ် ဖြစ်ကြောင်း ဆုံးဖြတ်ရန် ခက်ခဲ လာစေသည်။

အချို့သော တစ္ဆေ များသည် လောရှုရီနှင့် လင်းဝမ် အသွင် ယူကာ၊ သူ့အား စိတ် အနှောင့် အယှက် ပေးသည်။

“ ဒင် ... ။ ”

သို့သော် သူတို့ အားလုံး အနား မရောက် နိုင်ခင်၊ လင်းယွန်မှ ပြုံးပြီး သီချင်းကို ပြောင်းလဲ လိုက် တော့၏။

မကြာမီ ဂီတ အသံကြောင့်၊ သူ့နောက်၌ တောက်လောင် နေသော နေမင်းကြီး အဖြစ်၊ ထွက်ပေါ် လာသည်။

၎င်းမှ ဖြာထွက် လာသော အလင်းသည်၊ တစ္ဆေများ အားလုံးကို လောင်ကျွမ်း ပစ်တော့ ၏။

“ ဒင် ... ။ ”

ဤသည်မှာ နေနှင့်လ ဖြစ်လေသည်။ ရွှေကျီးကန်း ရူရ် လောင်ကျွမ်းစဉ်၊ ဗျပ်စောင်းကို တီးခတ် လိုက်တော့သည်။

“ ဒင် ... ။ ”

လက်ချောင်း များမှ၊ ရွှေရောင် အလင်းတန်းများ ပြေးထွက် လာပြီး၊ ဆံပင်များ တဖျပ်ဖျပ် လွင့်ကုန်၏။

ယင်းက ရွှေရောင် အလင်းဓားများ သဖွယ် ရှတောင်ဖေး၏ သေစေ နိုင်သော အစိတ် အပိုင်း များ ထံသို့၊ တိုးဝင် သွားသည်။

ရွှေဓား သွားရာ လမ်းတွင်၊ လေဟာနယ် အက်ကွဲ ကြောင်းများ ဖြစ်ကျန် ရစ်၏။ ဓားဖျား တွင် သတ်ဖြတ် လိုသော ရည်ရွယ်ချက် ပါဝင် နေသည်။

ယင်းကို မြင်ချိန်၌ ရှတောင်ဖေးမှာ မျက်လုံးပြူးလျက်၊ စိတ်ထဲမှ အော်ဟစ် ကျိန်ဆဲ လိုက်သည်။

တစ်ကြိမ် ရှုံးနိမ့် ထားပြီး ဖြစ်သဖြင့်၊ ပေါ့ပေါ့တန်တန် ဆက်ဆံ ဝံ့ခြင်း မရှိ တော့ဘဲ၊ ပလွေ သံကို ပြောင်းပစ် ၏။

သူ့အား ဗဟို ပြုလျက်၊ ကြက်သွေးရောင် လေစုပ်ဝဲကြီး ဖြစ်ပေါ် လာကာ၊ ရွှေဓား များကို ခုခံ ဟန့်တား တော့သည်။

တစ်ခါ တစ်ရံတွင် ကျွံဝင် လာသော ရွှေဓားများကို ခေါင်းငုံ့ကာ တမျိုး၊ ခန္ဓာကိုယ် ယိမ်း၍ တသွယ်၊ ရှောင်တိမ်း မိ၏။

ကြက်သွေးရောင် လေဝဲ ကြီးက ခုခံ နေလျက်မှ၊ အလွန် ကြီးမားသော အရိုးလှံ တစ်စင်း တိုးထွက် လာသည်။

“ ရွှေကျီးကန်း ... ။ ”

လင်းယွန်က အရိုး လှံအား ကြည့်ပြီး၊ အော်ဟစ် လိုက်ရာ၊ နေမင်း ထဲမှ ရွှေကျီးကန်း ပျံထွက် လာ၏။

“ ကျီး ... ။ ”

ကောင်းကင် ရနံ့ သင်းသင်း၏ တပည့် များမှာ၊ အဆိုပါ မြင်ကွင်းကြောင့်၊ တုန်လှုပ်သွား ကုန်သည်။

လင်းယွန်သည် အထွတ် အထိပ် အရိယာ အသံမျိုး ဖန်တီး နိုင်လိမ့် မည်ဟု သူတို့ မထင် ထား မိချေ။

ဂီတ ပညာရှင် တစ်ဦး၏ တိုက်ပွဲဝင် စွမ်းရည်မှာ၊ သံစဉ်များ အပြင်၊ စိတ် စွမ်းအင် ကိုလည်း၊ ထည့်သွင်း ရပေသည်။

လင်းရှောင်သည် ထိုကဲ့သို့ ကြောက်စရာ ကောင်းသော ဖြစ်စဉ်ကို ဖန်တီးထား နိုင်သဖြင့်၊ ဂီတ အောင်မြင်မှု များသည်၊ ရှတောင်ဖေးထက် မနိမ့်ကြောင်း သက်သေ ပြ နေသည်။

“ ကျီး ... ။ ”

“ ထန် ... ။ ”

ရွှေကျီးကန်းနှင့် အရိုးလှံတို့ ထိပ်တိုက် တွေ့ချိန်တွင် ပေါက်ကွဲသံများ ညံလာ တော့၏။ ဤအရာက ရှတောင်ဖေးကို ပို၍ အေးစက် သွား စေသည်။

ခရမ်းရောင် အလင်း တန်းများ သူ့ခန္ဓာ ကိုယ်မှ ထုတ်လွှတ်ကာ၊ လေစုပ်ဝဲနှင့် ပေါင်းစပ် တော့၏။

လေစုပ်ဝဲမှာ ကြက်သွေးရောင် သမုဒ္ဒရာ တစ်စင်း အဖြစ်သို့၊ ပြောင်းလဲ တော့မည့် အသွင် ပျံ့ကား လာလေသည်။

မျက်စိ တစ်မှိတ် အတွင်း ဗျပ်စောင်းနှင့် ပလွေသံများ ရှုပ်ထွေး လာပြီး၊ တိမ်လွှာ မွှေးရနံ့ တောင်ကြီးကို တုန်ခါ စေခဲ့၏။

ဤသည်မှာ အသက်လု တိုက်ပွဲ ဖြစ်လာ ချေပြီ။ သတိ မထား မိသော် တစ်ချက်တည်း ဖြင့်၊ သေဆုံး နိုင်၏။

ထို့ကြောင့် မည်သူမျှ စကား မပြောရဲ တော့ချေ။ နှစ်ဖက် စလုံးက စိတ် လှုပ်ရှားစွာ အာရုံစိုက် နေမိသည်။

“ ဂျိန်း ... ။ ”

လေနှင့် လျှပ်စီးမှာ၊ ယင်-ယန် သင်္ကေတ အသွင် လှည့်ပတ်လျက်၊ လင်းယွန်၏ ဦးခေါင်း အထက်၌၊ ပြည့်နှက် နေသည်။

( ဂီတမှာ ... ဒီလူရဲ့ အောင်မြင်မှုက ... ၊ ဘယ်လိုတောင် ကြောက်စရာ ကောင်းလိုက်လဲ။ )

ထိုအတွေး နှင့် အတူ၊ ရှတောင်ဖေး နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး၊ လင်းယွန်ကို မော့ကြည့် မိ၏။

သည့်နောက် ရင်ဘတ် ပေါ်တွင် ရေးထွင်း ထားသော အမှတ် အသားကို ဘယ်လက်ဖြင့်၊ ပုတ်နိုး လိုက်သည် ။

ဒွါရ ခုနစ် ပါးမှ သွေးများ စီးကျ လျက်၊ နာကျင်မှုကြောင့် မျက်နှာ အမူအရာ ရှုံ့တွ သွား လေသည်။

“ လင်းရှောင် ... ၊ ဒီနေ့ မင်းကို ငါ အနိုင် ယူမယ်၊ ကောင်းကင် ရနံ့ သင်းသင်းက၊ နိဗ္ဗာန် ပွဲတော်မှာ ပါဝင်ဖို့၊ အရည်အချင်း မပြည့်ဘူး။ ”

ပလွေ သံမှာ၊ ရုတ်တရက် ကြမ်းတမ်း ခက်ထန် လာပြီး၊ ကြက်သွေးရောင် သမုဒ္ဒရာမှ အလင်းလှိုင်း (၁၈)ခု တိုးတက် လာ၏။

ထို့နောက် ကြက်သွေးရောင် သမုဒ္ဒရာ ကြီးသည် အစီရင် သဖွယ် ပြောင်းလဲ လာပြီး၊ အဆိုပါ အလင်းလှိုင်း များထံ၊ ပံ့ပိုး မှုများ ပြုလုပ် တော့သည်။

ယင်းက ကြောက်မက်ဖွယ် နဂါး ဟောက်သံများ ထွက်ပေါ် လာစေ၏။ သို့သော် ဤနဂါး ဟောက်သံသည် မကောင်းမှုကို ကိုယ်စားပြု လေသည်။

ပတ်ဝန်းကျင်ရှိ၊ ဝိညာဉ် စွမ်းအင် များ၊ စုပ်ယူခံ လိုက်ရပြီး၊ မကောင်းသော အငွေ့ အသက်များ ထွက်ပေါ် လာ၏။

“ သခင်လေး လင်း ... သတိထား၊ အဲဒါက ရှေးဟောင်း မိစ္ဆာ တေးသွားပဲ၊ သွေးနဂါး ကျမ်း လို့ ခေါ်တယ်။ ”

လောရှုရီမှ သတိ ပေး လာသည်။ ရှတောင်ဖေး၏ မျက်ဝန်း များတွင် ရက်စက် ကြမ်းကြုတ်သော၊ အငွေ့ အသက်များ ထင်ဟပ် သွား၏။

ကြက်သွေးရောင် သမုဒ္ဒရာ အတွင်းမှ၊ နဂါးကြီး တစ်ကောင် ပျံထွက် လာသောကြောင့်၊ လင်းယွန် အတွက် တစ်စုံ တစ်ရာ လုပ်ဆောင် ရန်၊ နောက်ကျ သွားပြီ ဖြစ်သည်။

ယင်းမှာ ကြက်သွေးရောင် အဆင်း ရှိကာ၊ မကောင်း ဆိုးဝါး အားလုံး၏ ဘုရင် ဖြစ်ချေပြီ။ ၎င်းထွက် လာသည်နှင့် အစီရင် အတွင်းမှ ငိုကြွေး သံများ ညံလာ တော့၏။

ငရဲပွက်သည့် အလား ထင်ရ စေသည်။ ကြက်သွေးရောင် နဂါး၏ ပါးရိုးတွင် စေးကပ် နေသော အရည်များ စီးကျ နေကာ၊ လူတိုင်းကို တစ်ချက် ဝေ့ကြည့် လာ၏။

ဤမြင်ကွင်းကြောင့် အကြည့် ခံရသူ များသည် ထိတ်လန့် စွာဖြင့်၊ ကြမ်းပြင်ပေါ် ညွှတ်ကျ ကုန်သည်။

ဤသည်မှာ ယွဲ့ဝေဝေ အတွက် ရည်ရွယ် ထားသော သံစဉ် ဖြစ်မှန်း၊ မုရွယ်လင် သိလိုက် ၏။ အမှန်ပင် ကြောက်စရာ ကောင်းချေပြီ။

***

All Chapters