ပုရွက်ဆိတ် တွေ ... ။
Vol. 122 Ch. 1705
ကြောက်မက်ဖွယ် ကောင်းသော ကြက်သွေးရောင် နဂါး ကြီးတွင် အနက်ရောင် အခိုး အငွေ့များ ရစ်ဝိုင်း လာသည်။
ပြီးနောက် လင်းယွန်ထံ၊ လျင်မြန်သော အရှိန်ဖြင့် ဆင်းလာ၏။ ပလွေသံက နဂါးကြီး၏ ဒေါသကို အဆုံးထိ တွန်းပို့ နေသည်။
ကြမ်းပြင် ပေါ်၌၊ အက်ကွဲ ကြောင်းများ ပျံ့နှံ့လာပြီး၊ တိမ်လွှာ မွှေးရနံ့ တောင် တစ်ခုလုံး တုန်ခါ သွား၏။
ယင်းကြောင့့် လူတိုင်းက တိုက်ပွဲနှင့် ဝေးရာသို့၊ ဆုတ်ခွာ လိုက်ကြသည်။ ရုန်းရင်း ဆန်ခတ် မှုမှာ ကြီးမား လွန်းချေ၏။
“ အဲဒီ လူက တကယ်ပဲ ... သွေးနဂါး ကျမ်းကို ကစား နေတာပဲ။ ”
လောရှုရီမှ ညည်းတွား လိုက်သည်။ သွေးနဂါးကျမ်း ဟူသည် တားမြစ် ထားသော သီချင်း တစ်ပုဒ် ဖြစ်သည်။
၎င်းကို တီးမှုတ် သူတိုင်း တန်ဖိုး ကြီးကြီး ပေးဆပ် ရ၏။ ရှတောင်ဖေး၏ လက်ရှိ ကျင့်ကြံ မှု အရ၊ ပြီးပြည့် စုံသော နုတ်များ တီးခတ်ရန် မဖြစ် နိုင်ချေ။
သို့သော် ပြိုင်ဘက်ကို အနိုင် ယူရန်၊ လုံလောက် သင့်သည်။ လောရှုရီနှင့် လင်းဝမ်ပင် ဤမြင်ကွင်းကြောင့် ထိတ်လန့် သွား၏။
ရှတောင်ဖေးမှာ အထင် ကြီးစရာ ပေပင်။ လင်းယွန်က ထိုင်လျက်မှ လျင်မြန်စွာ ချဉ်းကပ် လာသော ကြက်သွေးရောင် နဂါး ကြီးကို ကြည့် လိုက်သည်။
ထိတ်လန့်ခြင်း မရှိဘဲ၊ စိတ်ဝိညာဉ် နန်းတော်ရှိ ဒုတိယ သူတော်စင် ရူရ်အား အသက်သွင်း ပစ်လိုက်၏။
ထို့နောက် မိုးပြာ နဂါး ခန္ဓာနှင့် အတူ၊ ဗျပ်စောင်းကို ခတ်လိုက်သည်။ သန့်စင်သော ဖီးနစ် ရောင်ဝါများ လွင့်ပျံ လာ၏။
ဦးခေါင်း ထက်မှ နေမင်းကြီး အရည် ပျော်လာကာ၊ ရွှေကျီးကန်း တစ်ကောင် ထွက် ပေါ်လာသည်။
တစ်ချိန် တည်း မှာပင်၊ သူ့ လက်ချောင်း များမှ ငွေရောင် အလင်းများ ထပ်မံ ထွက်ပေါ် လာပြန်၏။
၎င်းက ရေကန်ကြီး အသွင် သူ့ခြေရင်း၌ ဖြစ်တည် လာသည်။ ရေကန်သည် ငွေရောင် မှန်တစ်ချပ် နှင့် တူ၏။
ရေကန် ကြမ်းပြင်တွင် လမင်းဖြင့် တူသော ငွေဖီးနစ် တစ်ကောင် ရှိနေသည်။
လင်းယွန် ဟူသည်၊ မည်သည့် ပညာရပ်တွင် မဆို ကိုယ်ပိုင် နားလည် နိုင်မှုကို ရောနှောလျက် ဖန်တီးတတ် သည်မှာ သဘာဝ ဖြစ်သည်။
ထို့ကြောင့် နေနှင့် လတွင် နေ-လ လက်သီးအား ပေါင်းစပ်ကာ ပြီးပြည့်စုံ စေခဲ့ မိ၏။
ရွှေကျီးကန်းသည် ကောင်းကင် ဖြစ်ကာ၊ ငွေဖီးနစ်သည် မြေကြီး ဖြစ်၏။ ခရမ်း ငယ်ပင် လေးစားမည် ဖြစ်သော ဖန်တီးမှု ဖြစ်သည်။
နေနှင့်လမှာ အချင်းချင်း လှည့်ပတ်လျက်၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်ကို စုရုံးစေတော့ သည်။ များမကြာခင် ပေတစ်ထောင် ရှည်သော ဓားတစ်လက် အဖြစ် ပေါင်းစပ် သွား၏။
ကိုယ်ထည်၌ နေနှင့်လ ပုံသဏ္ဍာန်ကို၊ ရေးထွင်း ထားသော နတ်ဓား တစ်လက် ဖြစ် လေသည်။ ၎င်းအား မရဏ ရောင်ဝါများ ဖုံးလွှမ်း နေ၏။
“ ရွှပ် ... ။ ”
နတ်ဓားက အလင်းတန်း သဖွယ် ကောင်းကင်ပေါ် ပျံတက်ကာ၊ ကြက်သွေးရောင် နဂါး ဆီသို့၊ ပျံသန်း သွားခဲ့သည်။
နဂါးနှင့် နတ်ဓားတို့ ထိပ်တိုက် တွေ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံး တုန်လျက်၊ ကမောက် ကမ ဖြစ်ကုန်၏။
ဓားပင်လယ် အတွင်းမှ ရွှေလူသား နတ်ဓားအပေါ် ထိန်ချုပ် တော့သည်။ ယင်းမှာ အထွတ် အထိပ် အရိယာ ကောင်းကင်ဓား ဖြစ်၏။
“ ခုတ် ... ။ ”
လင်းယွန်မှ အမိန့်ပေး လိုက်သည်။ ဆံပင်များ တဖျပ်ဖျပ်ခတ် လာစဉ်၊ ကြက်သွေး ရောင် နဂါးမှာ၊ ခေါင်းဖြတ် ခံလိုက် ရသည်။
၎င်းကို ထောက်ပံ ပေး နေသော ကြက်သွေးရောင် သမုဒ္ဒရာ သည်လည်း ပြိုကျ သွားခဲ့သည်။
“ ဝေါ့ ... ။ ”
ရှတောင်ဖေးက ပလွေကို ရုတ်ကာ ဆယ်လှမ်းခန့် နောက်ဆုတ် သွား၏။ တစ်လှမ်း ဆုတ်ခွာတိုင်း သွေး တစ်လုတ် အန်သည်။
“ ဝေါ့ ... ။ ”
ဆယ်ကြိမ် အန်ချ ပြီးနောက် အားအင် ကုန်ခမ်းလျက် တုန်ယင် ယိမ်းထိုး လာတော့ သည်။
“ မင်း ရှုံးပြီ ... ။ ”
လင်းယွန် ပြုံးကာ ဂီတကို ရပ်လိုက်၏။ တပည့်ငယ် သုံးဦးက ဖေးမရန် ရှတောင်ဖေး ထံ ပြေးလာသည်။
“ ငါ မရှုံး သေးဘူး ... ၊ မင်း ... ငါ့ကို အနိုင်ယူ နိုင်တာ၊ ဒီရှေးဟောင်း တူရိယာ ကြောင့်ပဲ။ ”
ထိုစကားကြောင့် ခမ်းနားသော ရုံးတော်၏ အကြီးအကဲ များက ထရပ်ကာ၊
“ ကောင်းကင် ရနံ့ သင်းသင်း ခန်းမက၊ တပည့် တွေကို ရိုက်ဖို့ပဲ သင်ပေးထား တာလား၊ လှောင်ပြောင် စရာ ဖြစ်လာမှာ၊ မကြောက် ဖူးလား၊ ဒါမှ မဟုတ် ငါတို့မှာ ရှေးဟောင်း ပစ္စည်း မရှိဖူးလို့ ထင်နေလား။ ”
-ဟု မေးမြန်း တော့၏။
ယင်းက အရှက် မဲ့လွန်း သဖြင့်၊ ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်များ ဒေါသ ထွက်လာ ကြသည်။
လန်ဟောင်ယန်မှာ ပြိုင်ပွဲ၌ အဆိပ်သုံး ခဲ့သော်လည်း၊ သူတို့မှ အကြောင်း ပြချက် မပေး မိချေ။
ယခုမူ ရှတောင်ဖေးသည် တားမြစ် သီချင်းကို တီးမှုတ်ခဲ့ သော်မှ ရှုံးနိမ့် သွားသော အခါ၊ တူရိယာ အပေါ် ရမယ်ရှာ သည်။
လင်းယွန်က ပြုံးပြီး၊ လင်းဝမ် ဘက်သို့ လှည့်ကြည့် လိုက်သည်။
“ မိန်းကလေး လင်း ... မင်းရဲ့ ဗျပ်စောင်းကို၊ ငှားဖို့ စိတ်ကူး ရှိလား။ ”
“ အို ... ယူပါ ... ။ ”
ဗျပ်စောင်းကို ချက်ချင်း ပစ်ပေး မိ၏။ လင်းယွန်မှ သူမ ဗျပ်စောင်း အသုံး ပြုရန်၊ ဆန္ဒ ရှိနေသည့် အတွက်၊ ဝမ်းသာ စရာ ပေပင်။
လင်းယွန်က လက်ဝှေ့ ယမ်းလိုက်ပြီး၊ ဗျပ်စောင်းကို ဖမ်းယူကာ ခမ်းနားသော ရုံးတော် ထံ၊ လှည့်ကြည့်သည်။
“ မင်းရဲ့ တပည့်တွေ အကုန်လုံး တစ်ခါ တည်း လွှတ်လိုက် ... ၊ မဟုတ်ရင် ဆင်ခြေတွေ ထပ်ပေး နေဦးမယ်၊ ဟား ဟား ဟား ... ။ ”
အနည်းငယ် မောက်လွန်းသော ရယ်သံ ကြောင့်၊ ရှတောင်ဖေး အပါအဝင် ခမ်းနားသော ရုံးတော်၏၊ တပည့်များ အားလုံး အံကြိတ် လိုက်ကြသည်။
“ ဘာလိုလဲ ... ၊ မင်းတို့ အတူတူ လာဖို့တောင် မဝံ့ ဖူးလား။ ”
လင်းယွန်မှ လှောင်ပြောင်၏။
“ သွား ... သူ့ကို သတ်။ ”
ရှတောင်ဖေးမှ အံကြိတ်ကာ အမိန့်ပေး လိုက်သည်။ ခမ်းနားသော ရုံးတော်၏ တပည့် များက၊ မခံ မရပ်နိုင် ဖြစ်လာပြီး၊ သတ်ဖြတ် လိုသော ဆန္ဒများ တဖွားဖွား ပေါ်လာ၏။
သူတို့၏ တူရိယာ များကို ထုတ်ယူလျက်၊ စိတ်ဝိညာဉ် နန်းတော်ရှိ သူတော်စင် ရူရ်အား၊ အသက်သွင်း လိုက်သည်။
“ ဟား ဟား ဟား ..ကောင်းတယ်၊ လာကြ ပုရွက်ဆိတ် တွေ ... ။ ”
“ ဒင် ... ။ ”
လင်းယွန်မှ ရယ်ပြီး ဗျပ်စောင်းကို ခတ် လိုက်ရာ၊ ပတ်ဝန်းကျင်၌ ကြမ်းကြုတ်သော အငွေ့ အသက်များ ပြည့်နှက် လာ၏။
ထိုအသံတွင် သတ်ဖြတ် လိုသော ရည်ရွယ်ချက်နှင့် ဒေါသများ ပါ၀င် နေသည်။ ယင်းကြောင့် လေထုပင် နီရဲ တုန်ခါ လာတော့၏။
***