← Chapters

နှလုံးသားနှင့် ရေးသော သီချင်း။

Vol. 122 Ch. 1706

နှလုံးသားနှင့် ရေးသော သီချင်း။

Vol. 122 Ch. 1706

မိုးကြိုး မုန်တိုင်း ဗျပ်စောင်း ထံမှ လာသော အသံသည် ရက်စက် ကြမ်းကြုတ်သော ဖီးနစ် အော်သံ အဖြစ်သို့ ပြောင်းလဲ သွားသည်။

ခမ်းနားသော ရုံးတော်မှ တပည့်များ တီးခတ်နေသည့် ဂီတ အသံမှာ ဖီးနစ် အော်သံ နှင့် တွေ့ချိန်၌၊ ပြိုကျ ကုန်၏။

ယင်းက မယုံ နိုင်စရာ ပေပင်။ ခမ်းနားသော ရုံးတော်၏ အကြီးအကဲ သုံးဦးပင် တုန်လှုပ်သွား လေသည်။

ဗျပ်စောင်းကြိုး ထံမှ တုန်ခါ လှိုင်းများက၊ ကြက်သွေးရောင် မီးလွင်ပြင်ကြီး အဖြစ် အစပျိုး လာ၏။

ထိုမီးပင်လယ်၏ ဖိအားကြောင့် ခမ်းနားသော ရုံးတော်၏ တပည့်များ မျက်နှာ မှာ ရှုံတွလျက်၊ သွေးအန် ကုန်သည်။

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် စေသည်။ ယင်းသည် လူရိုင်းဟု ခေါ်ဆိုသော လင်းရှောင် ခွန်အား ဖြစ်ချေ၏။

“ မီးလွင်ပြင် ထဲက ဖီးနစ် ... ။ ”

ကျန်းမူနှင့် သူတော်စင် မိသားစု ဝင်များ အားလုံး မျက်လုံးပြူး ကုန်သည်။ ဖီးနစ် အော်သံ က၊ ခန်းမ တစ်ခုလုံး ပဲ့တင်ထပ် နေ၏။

သည့်နောက် မီးတောက်များ ဖုံးလွှမ်း နေသော ဖီးနစ်က၊ မီးလွင်ပြင် ထဲမှ တိုးထွက် လာတော့သည်။

“ ဒုန်း ... ။ ”

ဖီးနစ် ပေါ်လာ သည်နှင့်၊ ခမ်းနားသော ရုံးတော်၏ တပည့်များ အားလုံး ချက်ချင်း ဒူးထောက်ကျ သွား၏။

မျက်စိ တစ်မှိတ် အတွင်း တိုက်ပွဲ ပြီးဆုံး သွားသည်။ တိုက်ပွဲ၏ ရလာဒ်မှာ၊ လူတိုင်း၏ စိတ်ကူးကို ကျော်လွန် နေ၏။

လင်းယွန်က မတ်တပ် ထရပ်ပြီး၊ ခမ်းနားသော ရုံးတော်၏ အကြီးအကဲ များထံ ကြည့်သည်။

“ ငါ့ကို စိန်ခေါ်ချင် တဲ့သူ ရှိသေးလား။ ”

သူ့မေးခွန်းသည် မိုးခြိမ်းသံ အလား၊ ခမ်းနားသော ရုံးတော်၏ အကြီး အကဲများ နားစည်ကို ရိုက်ခတ် သွား၏။

အကြီး အကဲ သုံးယောက်မှာ နှုတ်ခမ်းများ တုန်ယင် သွား သော်လည်း၊ စကား တစ်ခွန်းမျှ မပြော နိုင်ခဲ့ချေ။

တပည့်များ အားလုံး ဒူးထောက် နေရသည် ဖြစ်ရာ စိန်ခေါ် လိုသော်၊ သူတို့ သုံးယောက် သာ ရှိပေ တော့သည်။ ယင်းက မဖွယ်မရာ ဖြစ်၏။

“ ကောင်းကင် ရနံ့ သင်းသင်းက ... ၊ ဂီတအိမ် လေးလုံး အနက် တစ်လုံး ဖြစ်ဖို့ အမှန် တကယ် ထိုက်တန် ပါတယ်၊ ငါတို့ ရှုံးသွားပြီ ဆိုတော့ နှစ်တစ်ရာ အတွင်း၊ ထပ်မလာ တော့ပါဘူး။ ”

ခေါင်းဆောင် အကြီး အကဲက စိတ်ဓာတ် ကျသွားပြီး၊ ရှတောင်ဖေး အပါအဝင် လူတိုင်းကို ခေါ်ဆောင်ကာ ထွက်ခွာ သွားသည်။

ပြိုင်ဘက်များ ထွက်ခွာ သွား သည်ကို လင်းယွန်က ရပ်ကြည့် နေ၏။ စကား တစ်ခွန်း မျှ မဆို သော်လည်၊ ရလာဒ်မှ စကား များစွာ ဆိုထားပြီး ဖြစ်သည်။

တိမ်လွှာ ရနံ့ ခန်းမ တစ်ခုလုံး ကြည်နူး စရာများ ပြည့်နှက် လာ၏။ အကြည့် များစွာက၊ လင်းယွန် အပေါ်၊ ရိုသေစွာ ကျဆင်း လာသည်။

ရုတ်တရက် လင်းယွန်က မုရွယ်လင်ကို လှည့်ကြည့်ကာ၊

“ သူတော်စင် အကြီး အကဲ ... ၊ ငါ ရှုံးရင် စားထား သမျှ၊ တော်ဝင် သူတော်စင် ဆေးလုံး တွေကို၊ နှိုက်ယူ မယ်လို့ ပြောခဲ့တယ် မဟုတ် လား၊ ဒါဆို ... အခု ငါ အနိုင် ရပြီ၊ ဘာဆက် လုပ်မှာလဲ။ ”

-ဟု မေးမြန်း လိုက်တော့သည်။

ယခင် ကဲ့သို့ပင်၊ မောက်မာ ရိုင်းစိုင်း နေသော သူ့ အသွင်ကြောင့် လူတိုင်း မျက်ခုံးပင့် လိုက်မိသည်။

သို့သော် ဤတစ်ကြိမ်၌ အဆိုပါ အပြုအမူသည် သူရဲကောင်း တစ်ယောက်တွင် ရှိသင့် ရှိထိုက်သော အရာ အဖြစ်၊ ပြောင်းလဲ ရှုမြင် လာသည်။

အမြဲတမ်း တင်းမာ အေးစက် နေသော မုရွယ်လင်ပင်၊ ပြုံးကာ လက် ဝှေ့ယမ်းပြီး၊ ဝိုင် တစ်အိုးကို ထုတ်ပေး၏။

“ ဒီဝိုင်က ... နတ်တောင် ပေါ်မှာ၊ ချက်လုပ်တဲ့ ... နှစ်တစ်ထောင် အနန္တ ပန်းဝိုင်ပဲ၊ ပန်းပေါင်း တစ်သောင်းနဲ့ ... ချက်လုပ် ထားလို့၊ အပြင်လူတွေ သောက်ခွင့် ရဖို့ မလွယ်ဘူး။ ”

ဝိုင်အိုးကို ဖမ်းယူလျက် အဖုံး ဖွင့်ကာ၊ ရှူရှိုက် လိုက်၏။ ထို့နောက် မထိန်းနိုင် တော့ဘဲ၊ ချက်ချင်း သောက်ချ ပစ်သည်။

“ ဟား ဟား ဟား ... ဝိုင် ကောင်းပဲ။ ”

ဝိုင်သောက်ပြီး ချက်ချင်း မူးဝေ လာ သောကြောင့်၊ လင်းယွန် တစ်ယောက် ကျေနပ် စွာ၊ ရယ်မော မိတော့သည်။

မုရွယ်လင်ပင် နှုတ်ခမ်း နှစ်လွှာ ပွင့်လု မတတ် အံ့သြ သွား၏။ နှစ်တစ်ထောင် အနန္တ ပန်းဝိုင် ဟူသည်၊ တစ်ကျိုက်တည်း သောက် ရသော၊ အပေါစား ဝိုင်မျိုး မဟုတ်ချေ။

“ ဒင် ... ။ ”

ထိုစဉ် လင်းယွန်က ကျေနပ်စွာ ထိုင်ချလိုက်ပြီး၊ ဗျပ်စောင်းအား တီးခတ်ရန်၊ ပြင် တော့သည်။

“ စစ်မြေပြင်က ပြန်လာတဲ့ ... ၊ ငါ့တို့ရဲ့ ရဲဘော် တွေကို ... ဝိုင်ကို အမူး သောက်ပြီး ... ဂုဏ်ပြု ရအောင်၊

... ငါ့တို့ရဲ့ လွတ်လပ်မှု တွေကို ... ၊ ဒီကမ္ဘာ ကြီးရဲ့ ဘယ်အရာ ကမှ ... တားဆီးလို့ မရဘူး၊ ... အမိန့် အပေါ် နာခံပါ၊ ...

... အန္တရာယ် တေွနဲ ရင်ဆိုင် ရတဲ့ အခါ၊ တစ်ချိန်မှာ ဝင့်ကြွား နိုင်အောင် ... ၊ ငါတို့ ဘယ်တော့မှ နောက်ပြန် မဆုတ်ကြေး၊ ...

... ငါ့လမ်းကို သတ္တိ ရှိရှိ လျှောက်မယ်။ ”

ယင်းကို လင်းယွန်မှ မူးမူးနှင့် လျှောက်အော် နေခြင်း ဖြစ်သည်။ သို့သော် မေှာ်ဆန်သော ဂီတ စွမ်းရည်နှင့် တွဲဖက် လိုက်သော အခါ၊ အနုပညာ လက်ရာ တစ်ပုဒ် ဖြစ်လာ တော့၏။

ရယ်မော နေသော လူအုပ်မှာ၊ သီချင်း စာသား များအား၊ ပြန်လည် ခံစား ကြည့်မိသော အချိန်၌၊ စိတ်လှုပ်ရှား လာသည်။

“ စစ်မြေပြင်က ပြန်လာတဲ့ ... ၊ ငါ့တို့ရဲ့ ရဲဘော် တွေကို ... ဝိုင်ကို အမူး သောက်ပြီး ... ဂုဏ်ပြု ရအောင်၊

... ငါ့တို့ရဲ့ လွတ်လပ်မှု တွေကို ... ၊ ဒီကမ္ဘာ ကြီးရဲ့ ဘယ်အရာ ကမှ ... တားဆီးလို့ မရဘူး၊ ... အမိန့် အပေါ် နာခံပါ၊ ...

... အန္တရာယ် တေွနဲ ရင်ဆိုင် ရတဲ့ အခါ၊ တစ်ချိန်မှာ ဝင့်ကြွား နိုင်အောင် ... ၊ ငါတို့ ဘယ်တော့မှ နောက်ပြန် မဆုတ်ကြေး၊ ...

... ငါ့လမ်းကို သတ္တိ ရှိရှိ လျှောက်မယ်။ ”

သီချင်း စာသားအား၊ ပြန်ကျော့ချိန်၌ လင်းယွန်က မုရွယ်လင်ကို ကြည့်ကာ၊ ပြုံးပြ လိုက်သည်။

ထိုအပြု အမူကြောင့် မုရွယ်လင်မှာ ရှက်သွားပြီး မျက်နှာလွှဲ လိုက်၏။ လူတိုင်း စိတ်အား တက်ကြွ လာစဉ်၊ သီချင်းက ဆုံးသွားသည်။

“ ညီအစ်ကို လင်း၊ နောက် တစ်ပုဒ် ... ။ ”

“ ညီအစ်ကို လင်း ... ၊ နောက် တစ်ပုဒ်လောက် ထပ်တီး ပေးပါဦး။ ”

တိမ်လွှာ မွှေးရနံ့ ခန်းဆောင် အတွင်း၊ ရွှင်မြူး လာသော လေထုကို မည်သူ မဆို ခံစား နိုင်၏။ လူတိုင်း စိတ်လွတ် သွားချေပြီ။

လင်းယွန်က အနည်းငယ် စိတ်ကြည်လင် နေသဖြင့်၊ ဝိုက်အိုးကို တကျိုက် ထပ်မော့ကာ ဗျပ်စောင်းကို ပြင်ယူ လိုက်သည်။

“ ဒါဆို ... ထပ်ဆို မယ်။ ”

ဝိုင် အာနိသင်မှာ ချက်ချင်း မူးသဖြင့် ယိမ်ထိုး သွားသော ကိုယ်ဟန်ကို ထိန်းညှိလျက် လူတိုင်းအား ပြုံးပြ လိုက်သည်။

“ ဆိုပါ ... ၊ ဆို ... ။ ”

ခန်းဆောင် ထဲမှ လူတိုင်း ပျှော်ရွှင်စွာ အော်ဟစ် လာ၏။

“ ဟား ဟား ဟား ... ရင်ဘတ်ချင်း တူရင် စမယ်။ ”

ထိုအချိန်တွင် လူငယ်များ လွတ်လွတ် လပ်လပ် ပျော်ရွှင်နိုင် စေရန်၊ မုရွယ်လင်က ပြုံးလျက် လှည့်ထွက် သွားပြီ ဖြစ်သည်။

သို့တိုင် လင်းယွန်၏ ကျယ်လောင်သော သီချင်း သံက၊ သူမနောက် လိုက်ပါ လာဆဲ ဖြစ်၏။

“ ဒီကမ္ဘာ လောက ကြီးက ရယ်စရာ ကောင်းပြီး၊ ငြီးငွေ့စရာ တွေပါ၊ ဘဝက မပြီးဆုံး သေးတဲ့ အတွက်၊ ငါတို့ လျစ်လျူရှု ရမယ်၊ ...

... အားလုံး မေ့ပစ်ပြီး၊ မင်းရဲ့ အိမ်မက် လေးကို မက်ခွင့် ပြုလိုက်ပါ၊ နိုးလာတဲ့ အခါ တခြား သူတွေကို ပြုံးပြပါ၊ ...

... ဘဝ အပေါ် မှန်းဆလို့ မရဘူး ... ၊ အမှောင်က ကောင်းကင်ကြီးမှာ စောစီးစွာ ဝင်နိုင်တယ်။ ”

ရုတ်တရက် မုရွယ်လင်က လေထဲတွင် ရပ်လိုက် မိသည်။ ပြီးနောက် လင်းယွန်ထံ ပြန် လှည့်ကြည့် မိ၏။

“ အချစ်နဲ့ အမုန်း တွေကို လေနှင့် အတူ လွင့်ပါး ပါစေ၊ ငါတို့တွေ ... အိုမင်း လာတဲ့ အထိ၊ ပျော်အောင် နေ ကြမယ်၊ ...

... လေစိမ်းတွေ တိုက် နေရင်တောင် ဂရုမစိုက်ဘူး၊ ပန်းတွေ လှတယ် ဆိုရင်တောင် မလို ချင်ဘူး၊ ...

... ကောင်းကင်ကြီး မြင့်လေလေ ... နှလုံးသားက သေးငယ် လေလေပဲ၊ ငါမှာ မာန ရှိတယ်၊ ဒါကြောင့် ကံကြမ္မာ မလိုဘူး။ ”

ဤမျှ ချစ်စရာသော သီချင်း တစ်ပုဒ်ကို လင်းရှောင် တစ်ယောက် မည်သည့် အရပ်မှ ရလာမှန်း၊ မုရွယ်ချင်း သိချင် လာသည်။

ကိုယ်တိုင် ရေးစပ် သီဆို နေခြင်း မျိုးလည်း ဖြစ်နိုင်၏။

“ ထပ် ဆိုပါ ... ။ ”

“ ထပ် ဆို ပါ ... ။ ”

သီချင်းဆုံး သည်နှင့်၊ လူအုပ် ကြီးက အချိန်အနည်း ငယ်မျှ ရသကို ခံစားကာ၊ ထပ်မံ တောင်းဆို ကြပြန်သည်။

လင်းယွန်က လူအုပ်ထံ ပြုံးကြည့်ပြီး၊ ထပ်မံ သီဆို တော့မည် အချိန်တွင်၊ အဝတ် ပါးပြင်းခြုံ ထားသော မျက်ဝန်း တစ်စုံကို၊ သတိထား မိလိုက်၏။

အဝတ် အောက်မှ ချစ်စရာ ကောင်းသော လခြမ်း တစ်စုံတွင်၊ ပန်းများ ပွင့်နေသည်။ သူမ မည်သည့် အချိန် ကတည်းက ရောက်နေမှန်း မသိ လိုက်ချေ။

ပြန်လည် တွေ့ဆုံခန်းသည် သာယာ လှပနေ၏။ ထိုအချိန်တွင် ကမ္ဘာ ပေါ်ရှိ၊ အလှဆုံး သော အပြုံးကို၊ မြင်နေ ရခြင်း ဖြစ်ကြောင်း၊ လင်းယွန် သိလိုက် သည်။

***

All Chapters