လမ်း ပြ ပါ။
Vol. 122 Ch. 1707
ယွဲ့ဝေဝေနှင့် ကောင်းကင် ရနံ့ သင်းသင်း အပေါ်၊ ကပ်ဘေးများ ကျရောက် မည်ကို စိုးရိမ် သဖြင့်၊ လင်းယွန်မှ ရှောင်ထွက် သွားရန်၊ စိတ်ကူး မိသည်။
သို့သော် ယွဲ့ဝေဝေမှ ပြုံးပြ လာသော အခါတွင်၊ အလိုလို ပြန်၍ ပြုံးပြ လိုက်မိ လေ သည်။
အန်းလျူယွင်ပင် သူ့ အသွင်အပြင်ကို ဖြတ်ကာ မြင်နိုင် သဖြင့်၊ ယွဲ့ဝေဝေမှာ မသိနိုင် စရာ အကြောင်း မရှိချေ။
သို့သော် ယွဲ့ဝေဝေ အသွင် အရ၊ ယခုမှ မြင်ဖူးကာ သိနေခြင်းမျိုး မဟုတ်ဘဲ၊ အချိန်ကြာ မြင့်စွာ တည်းက၊ သိထား သလို ပေပင်။
ကြည့်ရ သည်မှာ၊ ကိုးပါး ကောင်းကင် ချပ်ဝတ် သီချင်းကို တီးခတ် ပေးနေစဉ်၊ မှတ်မိ သွားပုံ ရသည်။
ထို့ကြောင့် အနည်းငယ် စိတ်လက် ပေါ့ပါးလာသည်။ ယွဲ့ဝေဝေက လူအုပ် အတွင်း မှ၊ ပြန်လည် ထွက်ခွာ သွားသည်။
သတိ လက်လွှတ်ဖြင့် လိုက်သွားရန် ထရပ် လိုက်ရာ၊ ကမ္ဘာကြီး ချာချာ လည်လျက်၊ ပြိုလဲ သွား တော့သည်။
အသိ စိတ်များ မှိန်ဖျော့ကာ၊ ဦးခေါင်း တစ်ခုလုံး ကိုက်ခဲ လာ သဖြင့်၊ မူးနေပြီ ဖြစ်မှန်း နားလည် လိုက်၏။
ထိုအချိန်တွင် မုရွယ်လင် ဆင်းသက် လာကာ၊ သူ့အား ဆွဲခေါ် သွားသည်။ သို့မှသာ လင်းဝမ်နှင့် လောရှုရီက စိတ် သက်သာရာ ရသွား၏။
သူတော်စင် အကြီး အကဲနှင့် ဆိုက၊ လင်းရှောင် အဆင်ပြေ ပေမည်။ များ မကြာခင် မုရွယ်လင်မှ လင်းယွန်အား၊ နှင်းတောင်ပေါ် ပစ်ချ လိုက်၏။
“ ဘုန်း ... ။ ”
ရေခဲများ ဖွာလန်ကျဲ ကုန်ပြီး၊ အအေး ဓာတ်နှင့် ပြုတ်ကျသော အရှိန်ကြောင့် အမူး နည်းနည်း ပြေ သွားသည်။
သို့တိုင် မုရွယ်လင် အရိပ်များ ဖြာထွက် နေသေးသည်။ ခေါင်းခါ ယမ်းလျက် အာရုံစိုက် ကြည့် သော်လည်း၊ မအောင် မြင်ချေ။ ပူလောင် ပြင်းပျ သော ဝေသနာ တစ်ခု၊ ပျံ့နှံ့ လာသည်။
ဤအရာကို စောင့်ကြည့် နေသော မုရွယ်လင်မှ မျက်ခုံး နှစ်ခုကြား၊ လက်ညှိုး ညွှန် လျက်၊ လင်းယွန်၏ လက်ကောက် ဝတ်အား၊ ကောက်ကိုင် လိုက်သည်။
သူတော်စင် တာအို ပို့လွှတ် လိုက်ရာ၊ လင်းယွန်၏ ပြင်းထန်သော ဒဏ်ရာ များကို မြင် လိုက်ရ သဖြင့်၊ မျက်မှောင်ကြုတ် မိသည်။
လက်ကောက် ဝတ်အား လွှတ်ပြီး၊ ရင်ဘတ်ပေါ် လက်ကို တင်ကာ၊ သူတော်စင် တာအိုကို လွှတ်ပေး လိုက်၏။
အဖြူရောင် အလင်းများ လင်းယွန် ခန္ဓာကိုယ် ထဲသို့ စိမ့်ဝင် သွားသည်။ ၎င်းသည် သူတော်စင် တာအို ဖြစ်၏။
အေးစက် ပြီး၊ ခန္ဓာကိုယ် အတွင်း တောက်လောင် နေသော မီးလျှံ များကို ချက်ခြင်း ငြိမ်းသတ် ပေးသည်။
ထို့နောက် လင်းယွန် မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လျက်၊ မုရွယ်လင်အား ကြည့်လာ တော့သည်။
“ ဘာဖြစ် သွား တာလဲ။ ”
“ အနန္တ ပန်းဝိုင်က ... ၊ နှစ် တစ်ထောင် သက်တမ်း ရှိတဲ့ ... သူတော်စင် ဝိုင်ပဲ၊ အများ အားဖြင့်၊ သူ့ကို သောက်သုံးတဲ့ အခါ၊ ကန့်သတ် ချက် ရှိတယ်၊ အခု မင်းက ...
... တစ်အိုးလုံး သောက် လိုက်တော့၊ ဝိုင်ထဲမှာ ပါတဲ့ သူတော်စင် ရောင်ဝါက၊ မင်း ခန္ဓာ ကိုယ်ကို ... ခွဲမို့ ပြင်နေတာ။ ”
မုရွယ်လင်မှ ရှင်းပြသည်။
“ ဒီလိုလား ... ။ ”
လင်းယွန်က ခေါင်းကုတ်လျက် ထထိုင် လိုက်သည်။
“ ဒါက ပြဿနာ ... ကြီးကြီး မားမား မဟုတ်ပါဘူး၊ မင်းရဲ့ သူတော်စင် မိုးပြာ နဂါး ခန္ဓကိုယ်က၊ စုပ်ယူ နိုင်ပါတယ်၊ ဒါပေမယ့် မင်းရဲ့ နဂါး သွေးလွှတ်ကြော နှစ်ခုက ပျက်စီး နေတော့၊ မစုပ်ယူ နိုင်ဖူး ဖြစ်နေတယ်။ ”
“ ဒါဆို ... အခု ပေါက်ကွဲ မှာလား။ ”
လင်းယွန် တစ်ယောက် ချက်ချင်း ထိတ်လန့်သွား၏။ ပန်းသင်္ချိုင်း ဟူသည် ဝိုင် အသောက် လွန်ပြီး၊ ပေါက်ကွဲ သေဆုံး သွားသည် ဟူက၊ ကြား မကောင်းချေ။
“ လောလောတော့ မဟုတ်ဘူး၊ ငါ ... ဖိနှိမ်ပေး ထားတယ်။ ”
သို့မှသာ လင်းယွန် တစ်ယောက် စိတ် သက်သာရာ ရသွား၏။ မုရွယ်လင်မှ ကယ်တင် ပေးထား ချေပြီ။
“ မင်းမှာ ... ရွေးချယ် စရာ နှစ်ခု ရှိတယ်၊ မင်းရဲ့ ခန္ဓာကိုယ် အတွင်းက သူတော်စင် တာအို ကို၊ ဖယ်ပေး ရမလား၊ ဒါမှ မဟုတ် မင်းရဲ့ ...
... ဒဏ်ရာတွေ ပြန်ကောင်း လာမှ၊ ဒါကို သန့်စင် မလား၊ ပန်းဝိုင်ကို နှစ် တစ်ထောင်ကြာ ချက်လုပ် ရတာမို့၊ မိုမျိုးနွယ်ရဲ့ ထောင်စုနှစ် မီးလျှံနဲ့ ယှဉ်နိုင်တယ်။ ”
“ နောက်မှ သန့်စင်မယ်။ ”
လင်းယွန်က ချက်ချင်း ပြန်ဖြေ၏။
“ ကောင်းပြီ ... အဆင် ပြေတယ် ... ၊ ဒါပေမယ့် ... ငါ့ဆန္ဒ တစ်ခုကို၊ မင်း ဖြည့်ဆည်း ပေးရမယ်။ ”
“ ပြောပါ ... ။ ”
“ မင်းရဲ့ ဒဏ်ရာ တွေက၊ အရမ်း ပြင်း ထန်တယ်၊ ကုသဖို့ ဆိုတာ မလွယ်ဘူး တိုက်ပွဲ ကြီးကြီး ဆင်နွှဲထား ပုံပဲ၊ ဒါကြောင့် ငါ သံသယ ဝင်မိတယ်၊ မင်းမှာ နဂါး အရိုး ရှိ-မရှိ ကြည့်လို့ ရမလား။ ”
“ သူတော်စင် အကြီး အကဲ ... ၊ မင်း ကောင်းကင် မူလ ကြေးမုံကို မယုံ ဖူးလား၊ ငါ့ရဲ့ လက်ရှိ အခြေအနေ အရ၊ ခွင့်တောင်း နေစရာ မလို ပါဘူး၊ မင်း စစ်ဆေး နိုင်ပါတယ်။ ”
လင်းယွန်မှ ပြုံးကာ အင်္ကျီကို ချက်ချင်း ဖြည်ချ လိုက်သည်။ မုရွယ်လင်မှ ခေတ္တ တုံ့ဆိုင်း သွားပြီး၊ ရင်ဘတ်ပေါ် လက်တင် မိ၏။
အေးစက်သော လက်ဖဝါးမှ တဆင့်၊ လင်းယွန်၏ နှလုံးခုန် သံကို ရှင်းရှင်း လင်းလင်း ကြားလာ ရသည်။
ထိုအချိန်၌ နဂါးပြာ အရိုးကို လင်းယွန်မှ လုံးဝ ဖုံးကွယ်ထား နိုင်ပြီ ဖြစ်သော ကြောင့်၊ မုရွယ်လင်က ရှာမတွေ့ တော့ချေ။
ယင်းသို့ ဆိုသော်၊ ရင်ဘတ် အတွင်း သူတော်စင် တာအိုကို တိုက်ရိုက် ထည့်နေစဉ်၊ ခံစား ရသော နဂါး ရောင်ဝါမှာ၊ မည်သည့် အရပ်မှ လာ သည်နည်း။
ထိုစဉ်က တစ်ဖက် လူထံ၊ ခွင့်မတောင်း ရသေး သောကြောင့်၊ စည်းထားကာ စစ်ဆေး ခြင်း မပြု ခဲ့ခြင်း ဖြစ်သည်။
“ သူတော်စင် အကြီးအကဲ ... အဆင် ပြေလား။ ”
လင်းယွန်မှ မေးသည်။ ထို့ကြော်င့ မုရွယ်လင်မှာ မျက်နှာ နီမြန်း စွာဖြင့် လက်ကို ပြန်ရုတ် မိ၏။
ဤသည်မှာ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ်၊ ယောက်ျား တစ်ယောက်နှင့် ရင်းနှီးစွာ ထိတွေ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အမည်ခံ သူတော်စင် နယ်ပယ်၊ ရောက်နေ သည့်တိုင်၊ ရှက်ရွံ့ နေမိဆဲ ဖြစ်လေ သည်။
“ မင်းမှာ ... နဂါး အရိုး မရှိဘူး ... ၊ ဒါဆို ဘာလို့ မင်းရဲ့ မိုးပြာ နဂါး ခန္ဓာကိုယ်က သန်မာ နေရ တာလဲ။ ”
“ နတ်နဂါး သွေးတစ်စက်ကို ... ၊ သန့်စင် ခဲ့ဖူးတယ်။ ”
လင်းယွန်မှ ပြန်ဖြေ၏။ ယင်းက အမှန် ပေပင်။ အစ်ကို ကျန့်လင်း ထံမှ နဂါပြာ သွေး တစ်စက်အား ရရှိခဲ့ ဖူးသည်။
“ ဒါဆို အဓိပ္ပာယ် ရှိတယ်၊ ကောင်းပြီ ... ငါမှာ ဘာ ရည်ရွယ်ချက်မှ မရှိဘူး၊ မင်းက ပန်း သင်္ချိုင်း ဖြစ်နေ ရင်တောင်၊ ဂရု မစိုက် ပါဘူး၊ ဒါပေမယ့် ...
... ငါ့ရဲ့ ကောင်းကင် ရနံ့ သင်းသင်း ... အတွက်၊ ဒုက္ခ ဖြစ်မလာ အောင်တော့၊ မင်းကို စစ်ဆေး ရမှာပဲ။ ”
“ နားလည် ပါတယ်။ ”
လင်းယွန်က ပြုံးသည်။ မုရွယ်လင်နှင့် ပြောဆို ဆက်ဆံထား ဖူးသဖြင့်၊ သူမ စိတ်ဓါတ် ကို နားလည် သည်။
၎င်းကို ယုံကြည်၍ ရသော်လည်း၊ ကောင်းကင် ရနံ့ သင်းသင်းရှိ လူတိုင်းကို မယုံ နိုင် သဖြင့်၊ ဝန်ခံရန် ဆန္ဒ မရှိချေ။
“ သွားလို့ ရပြီ၊ မင်းခန္ဓာ ထဲမှာ အနန္တ ပန်းဝိုင်ရဲ့ သူတော်စင် ရောင်ဝါကို၊ ကန့်သတ် ပေးထားတယ်၊ ဒဏ်ရာ တွေက ...
... သက်သာ လာခြင်း မရှိ ခဲ့ရင် တောင်မှ ... ၊ အချိန် ကြာလာ တာနဲ့ အမျှ၊ သူတို့က အလိုလို ပေါင်းစပ် သွားလိမ့်မယ်။ ”
လင်းယွန်က အံ့အားသင့် သွားသည်။ မုရွယ်လင်သည် အမှန်ပင် ချစ်စရာ ကောင်း ချေ၏။
“ ဟုတ်ကဲ့ပါ ... ၊ ဒါပေမယ့် ... ငါ့မှာ ကိစ္စလေးတွေ ရှိနေလို့ ... ၊ နတ်သမီး အတွက်၊ ဒီရက်ထဲ ကစား ပေးနိုင်မှာ မဟုတ်ဘူး၊ အနည်းဆုံး သုံးရက် ကနေ၊ အများဆုံး လဝက်လောက် ကြာမယ်။ ”
လင်းယွန်က အသက် ပြင်းပြင်းရှူ ပြီးနောက်၊
“ ဒါပေမယ့် ... သေချာပေါက် ပြန်လာ မှာပါ။ ”
-ဟု ကတိ ပေးလိုက် တော့သည်။
သည်နေ့ ဖြစ်ပျက်ခဲ့ သမျှသည်၊ သူ့ကို သတိဝင် စေပြီး၊ ဒဏ်ရာများ ကုသရန်၊ အလျင် လိုလာ တော့သည်။ ထို့ကြောင့် ကောင်းကင်ဘုံ ကြယ်ခန်းမသို့ သွားရန် ဆုံးဖြတ် လိုက်၏။
မုရွယ်လင်မှ ခေါင်းညိမ့် ပြသည်။ အိမ်သို့ ပြန်ရောက် သည်နှင့်၊ လိုအပ် သည်များ ပြင်ဆင် ပြီး၊ ကူကျွင့်ထံ လာမိသည်။
“ အိုး ... ၊ မင်း ငါ့ကို သတိရ သေးတာပဲ။ ”
တိမ်လွှာ မွှေးရနံ့ ခန်းမတွင် ဖြစ်ပျက် ခဲ့သမျှကို သူ ကြားပြီး ဖြစ်သည်။ ကောင်းကင် ရနံ့ သင်းသင်း သခင်ပင်၊ ပုန်းကွယ်လျက် ထိုပွဲအား ကြည့်ရှု ခဲ့၏။
“ အပြင် သွားမလို့ ... ။ ”
လင်းယွန်မှ ပြောသည်။
“ ဘာ အတွက်လဲ။ ”
“ အရင်က သဘော တူညီချက်ကို ... ၊ မှတ်မိ တယ် မဟုတ်လား။ ”
လင်းယွန်က ပြန် မဖြေဘဲ၊ တော်ဝင် သူတော်စင် ဆေးလုံး တစ်လုံးကို၊ ထုတ်ပြလိုက် သည်။
“ ဟား ... ဟား ... ဟား ... ဒါပေါ့၊ ငါ ကောင်းကောင်း မှတ်မိတယ်။ ”
ကူကျွင့်က ဆေးလုံးကို လုယူကာ၊ ရယ်သည်။ လင်းယွန်အား ပေးလိုက် ရသော ပမာဏ၊ ပြည့်လု နီးပါး ပြန်ရ နေပြီ ဖြစ်၏။
နောက်ထပ် ကိစ္စများ အနည်းငယ် ထပ်ပေါ်လာ ပါက၊ အမြတ် အစွန်းပင် ရနိုင် ပေမည်။
“ သွား ရ အောင် ... ။ ”
နှစ်ယောက်သား ကောင်းကင် ရနံ့ သင်းသင်းမှ ထွက်ပြီး၊ ကောင်းကင် ကြယ်ခန်းမ ထံသို့၊ ဦးတည် လာမိသည်။
လမ်းတွင် မဟာ အကြီးအကဲ ကျင်းယွီမှ တစ်စုံတစ်ရာ လှုပ်ရှား လာခြင်း မရှိ သဖြင့်၊ သူ သတိ ကြီးရာ၊ ရောက်လွန်း နေသည် လောဟု တွေးမိ လာ၏။
မည်သို့ပင် ဆိုစေ ကာမူ၊ တော်ဝင် သူတော်စင် ဆေးလုံး တစ်လုံးနှင့် နိဗ္ဗာန် အဆင့် ကျွင့်ကျင်သူ တစ်ယောက်အား၊ သက်တော် စောင့် ခန့်ထား နိုင်ခြင်းသည် တန်၏။
“ ကောင်းကင်ဘုံ ကြယ်ခန်းမ ... ၊ မင်း ဒီကို လာတာလား။ ”
ကူကျွင့်မှ မေးသည်။ မီးငှက် ပြည်နယ်တွင်၊ ဤအင်အားစုသည် ကောင်းကင် ရနံ့ သင်းသင်း နီးပါးပင်၊ နာမည် ကြီး၏။
“ အပြင်မှာ စောင့် ... ။ ”
လင်းယွန်က ပြန်မဖြေဘဲ မှာကြားကာ၊ ကောင်းကင်ဘုံ ကြယ်ခန်းမ အတွင်း၊ လှမ်းဝင် လာခဲ့သည်။
လင်းယွန် တစ်ယောက် အဘယ့်ကြောင့် ဤမျှ ရိုင်းစိုင်း နေသည်ကို၊ သိရှိ လာရ သဖြင့်၊ ကူကျွင့်မှ စိတ်လှုပ်ရှား သွားသည်။
အန်းလျူယွင် ပေးခဲ့သော တံဆိပ်ပြား ကြောင့်၊ အစေခံ တစ်ဦးက လင်းယွန်ကို ရေကန် ဘေးရှိ၊ ဇရပ် တစ်ဆောင်တွင်၊ နေရာ ချပေး ခဲ့သည်။
ရေကန် အောက်ခြေ၌ ဆေးအိုးကြီး တစ်လုံး ရှိနေသည်။ အချိန် အတော် ကြာကြာ စောင့်နေ သည့်တိုင်၊ မည်သူမျှ ထပ် မလာ တော့ သဖြင့်၊ ပြန်လည် ထွက်ခွာရန်၊ အတွေး ဝင်လာသည်။
သို့သော် မိုလင်းအာကို တွေ့လိုက် ရသဖြင့်၊ ပြန်ထိုင် လိုက်သည်။ သူမသည် အန်းလျူယွင်၏ ယုံကြည် ရသော လက်ထောက် ဖြစ်၏။
“ မိန်းကလေး အန်း ... ၊ အလုပ်များ နေလို့လား။ ”
လင်းယွန်မှ မေးမိ၏။
“ ဟုတ်ကဲ့ ... ၊ ဧည့်သည် တစ်ယောက်နဲ့ တွေ့နေ လို့ပါ ... ။ ”
မိုလင်းအာမှ တစ်စုံ တစ်ရာ အပေါ်၊ မကျေနပ်သော လေသံဖြင့်၊ ပြန်ဖြေ လာလေ သည်။ ယင်းကြောင့် လင်းယွန်မှ မျက်မှောင် ကြုတ်လိုက် မိ၏။
“ ဘယ်သူလဲ ... ။ ”
“ သခင်လေး လင်း ... ၊ စိတ်ရှည်ရှည် ထားပါ၊ ဒီလူနဲ့ ပြဿနာ ဖြစ်လို့ မရဘူး။ ”
မိုလင်းအာက စိုးရိမ်တကြီး၊ သတိပေး လာသည်။
“ ငါ့ကို ခေါ် သွား ပေး ... ။ ”
“ ဒါက ... ။ ”
“ လမ်း ပြ ပါ ... ။ ”
လင်းယွန်မှ လေးနက်သော အသွင်ဖြင့်၊ ဆိုနေ သောကြောင့်၊ မိုလင်းအာမှာ သက်ပြင်းချ လျက် ခေါင်းညိတ် လိုက်ရသည်။
***