← Chapters

အစ်မ လင်း၊ ငါတို့ နှစ်ယောက်ကို ဘယ်သူမှ မနှောက်ယှက် စေနဲ့။

Vol. 122 Ch. 1708

အစ်မ လင်း၊ ငါတို့ နှစ်ယောက်ကို ဘယ်သူမှ မနှောက်ယှက် စေနဲ့။

Vol. 122 Ch. 1708

လင်းယွန် ဒေါသ ထွက်နေ ချိန်တွင်၊ ကြောက်စရာ ကောင်းကြောင်း ဝန်ခံရ ပေမည်။ နောက်ဆုံးတွင် သူ ဟူသည် မဟာ သူတော်စင် တစ်ပါးကို၊ သတ်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် သူ ဒေါသ ထွက်ချိန်၌၊ ထုတ် လွှတ်သော ဖိအားသည် မျိုးဆက်တူ အတွင်း၊ ခံနိုင်ရည် ရှိသော အရာမျိုး မဟုတ်ချေ။

မိုလင်းအာက လင်းယွန်ကို မကြည့် ဝံ့ဘဲ၊ တိတ်ဆိတ်စွာ ဦးဆောင် လာခဲ့သည်။ လမ်းတွင် လှည့်ကြည့် ချင် သော်လည်း၊ မမြင် နိုင်သော ဖိအားကို ခံစား လာရသဖြင့်၊ မဝံ့ ခဲ့ခေျ။

စင်္ကြံ များစွာကို ဖြတ်ကျော် ပြီးနောက်၊ ခမ်းနားသော နန်းဆောင် တစ်ခုထံ ရောက်ရှိ လာသည်။

၎င်းသည် ကောင်းကင်ဘုံ ကြယ်ခန်းမ၏ အလယ် ဗဟိုတွင် ရှိပြီး၊ နန်းဆောင် တစ်ခုလုံး အမှောင်ချ ထားသည်။

မီးအိမ် အချို့ ထွန်းညှိ ပေးထား သောကြောင့်သာ၊ အလင်း ပျပျ ဖြာဆင်း နေခြင်း ဖြစ်သည်။

“ မိန်းကလေး အန်းက အထဲမှာ။ ”

မိုလင်းအာက ခေါင်းညိမ့် ပြသည်။ နန်းဆောင် အခန်း အတွင်း၌ လူနှစ်ယောက်ကို ရှိနေပြီး၊ တစ်စုံ တစ်ရာအား၊ ဆွေးနွေး နေပုံ ရ၏။

ယင်းက အန်းလျူယွင်နှင့် ယောက်ျား တစ်ယောက် ဖြစ်သည်။

“ သူက မိန်းကလေး အန်း အတွက် ... ၊ အရေး ကြီးတဲ့ ဧည့်သည်ပဲ။ ”

မိုလင်းအာမှ ခေါင်းငုံ့ကာ သတိပေး လိုက်သည်။

“ သူတို့ ... ဘာတွေ ဆွေးနွေး နေကြ တာလဲ။ ”

မိုလင်းအာ၏ အကြည့် အရ၊ တစ်စုံ တစ်ရာမှားယွင်း နေကြောင်း၊ လင်းယွန် ခံစား မိလာ လေသည်။

“ ဒီကိစ္စကို ဘယ်သူ ကိုမှ မပြောဖို့ ... ၊ အမိန့်ပေး ထားတယ် ... ။ ”

“ ဒါဆို ... ငါ သွားမေးမယ်။ ”

“ ခဏ နေပါဦး ... သခင်လေး ရောက်လာတာကို ... ၊ သတင်း ပို့ပါ ရစေ။ ”

“ မလိုဘူး ... ။ ”

လင်းယွန်က သူမ ပခုံးကို ပုတ်ကာ ပျံသန်းလိုက် တော့သည်။ ဝိညာဉ် ရေးရာ အစီရင် တစ်ခုကို ဖြတ်သန်း လာခဲ့ကြောင်း ခံစား မိ၏။

“ ဝှစ် ... ။ ”

လိပ်နက် အသွင် ပြောင်းနည်းကို လှည့်ပတ်လျက်၊ သူ့ အသွင်အား ဖုံးကွယ်ကာ ၎င်းတို့ နှစ်ဦးထံ ချဉ်းကပ် လာခဲ့သည်။

တစ်ချိန်တည်း မှာပင်၊ နတ်နဂါး မျက်လုံးကို ထုတ်ဖော်လျက်၊ အတား အဆီး များအား၊ ဖြတ် ကြည့် မိသည်။

သို့သော် သူတော်စင် ရောင်ဝါ များသည် ရေတံခွန် ကဲ့သို့၊ ဖုံးကွယ် ထား သောကြောင့် မမြင် နိုင်ခဲ့ချေ။

လက် မလျော့ဘဲ၊ နဂါး တံဆိပ် သုံးခုကို ထုတ်ဖော် ပေါင်းစပ် ပစ်သည်။ တံဆိပ် များက၊ နေနှင့်လ အတွင်း ပေါင်းစပ် သွားကာ၊ ဖြစ်ပျက် နေသည့် အရာ များကို မြင်လာ တော့၏။

အန်းလျူယွင်သည် အပြာရောင် ဝတ်ရုံ ဆင်မြန်း ထားပြီး၊ သေွးလမင်း ယပ်တောင်ကို၊ တဖျပ်ဖျပ် ခတ် နေသည်။

သူမ ရှေ့တွင် ပြေပြစ်သော လူငယ် တစ်ဦး ထိုင်နေ၏။

“ သခင်လေး လျူ ... ၊ မင်းရဲ့ ကောင်းကင် နှင်းကြာပန်း နှလုံးသားကို ရောင်းမှာလား။ ”

“ မိန်းကလေး အန်း ... ၊ ဒီလောက် ယဉ်ကျေး နေဖို့ မလို ပါဘူး၊ ငါ့ကို ချန်ရှင်း လို့ပဲ ခေါ်နိုင် ပါတယ်။ ”

သို့သော် အန်းလျူယွင်မှ ပြုံးရုံသာ ပြုံးပြလျက်၊ မခေါ် ခဲ့ချေ။ လျူချန်ရှင်းက လက်ဖက်ရည် တစ်ငုံ သောက်ကာ၊

“ လက်ဖက်ရည်က အရမ်း ကောင်းတယ်၊ ဒါပေမယ့် မလိုက်ဖက် သလိုပဲ၊ ကြယ် ခန်းမမှာ၊ ဝိုင် ကောင်းကောင်း ရှိတယ် မဟုတ်လား။ ”

-ဟု မေးမြန်း လိုက်သည်။

“ ရှိတာပေါ့၊ သခင်လေး လျူ ကသာ နှင်းကြာပန်း နှလုံးသားကို ရောင်းဖို့ ဆန္ဒ ရှိရင်၊ ကြိုက်တဲ့ ဝိုင်ကို သုံးဆောင် နိုင်မှာပါ။ ”

“ ဝိုင်က ... အရသာ ဘယ်လောက် ရှိရှိ၊ အဖော် မရှိရင် မပြည့်စုံဘူး၊ မိန်းကလေး အန်း ရော ဘယ်လို ထင်လဲ။ ”

လျူချန်ရှင်းမှ အန်းလျူယွင်အား စိုက်ကြည့်ကာ မေးလိုက်သည်။

“ သခင်လေး လျူ ပြောတာ မှန်ပါတယ်၊ ဒါပေမယ့် ငါတို့ စကား ပြောနေတာ တစ်နာရီ ကေျာ်နေပြီ၊ အဓိက အကြောင်း အရာကို သွားရအောင်။ ”

သို့သော် လျူချန်ရှင်းက စကား မပြော သေးဘဲ၊ ထိုင်ခုံမှ ထကာ အန်လျူယွင် အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ် လာသည်။

“ မိန်းကလေး အန်းလို ... ၊ အလှ တရား လေးက ... အကြိမ်ကြိမ် တောင်းဆို နေတာကို၊ ငါ ဘယ်လိုလုပ် ... လျစ်လျူရှု နိုင်မှာလဲ၊ အမှန် ပြော ရရင်၊ ဒီရတနာကို ငါ့ မပိုင်ဘူး၊ ငါ့ ဦးလေး ပိုင်တာပါ။ ”

“ သခင်လေး လျူ ... နောက်နေ တာလား၊ သခင်လေးရဲ့ ဦးလေးက သခင်လေးကို အရမ်း ချစ်တယ် ဆိုတာ ... လူတိုင်း သိပါတယ်၊ ...

... ပြီးတော့ သခင်လေးရဲ့ ဦးလေးက၊ သက်တမ်း ပြည့်နေတဲ့ အတွက် ဒီရတနာကို၊ သူ လုံးဝ မလိုအပ် ပါဘူး။ ”

“ ဟား ဟား ဟား ... ။ ”

လျူချန်ရှင်းက ရယ်၏။ အန်းလျူယွင် စကားအား ငြင်းဆန်ခြင်း မရှိ ခဲ့ချေ။ ကုလား ထိုင်ပေါ် ပြန်လာ ထိုင်ပြီး၊

“ ကောင်းကင် နှင်းကြာပန်းရဲ့ ... နှလုံးသားက ရှားပါးတယ်၊ စျေးကွက် ထဲမှာ မရှိတာ သဘာဝပဲ၊ ကောင်းကင် မြို့တော် မှာတောင်၊ ...

... လက်ဝယ် ပိုင်ထား တဲ့သူ မရှိဘူး ... ၊ ငါ့ပြင် နတ်မိစ္ဆာ တံခါးရဲ့ တံခါး သခင် လက်မှာပဲ တွေ့နိုင်မယ်၊ ဒါကြောင့် ကောင်းကင်ဘုံ ကြယ် ခန်းမက ပေးနိုင်တဲ့၊ တန်ကြေးထက် မနည်း၊ ...

... ငါ့ မိသားစုက ပေးဝယ် နိုင်တယ်၊ မင်း လိုချင်ရင် ... တန်ကြေး ဖြတ်လို့ မရတဲ့၊ ရတနာ တစ်ခုနဲ့ အစား ပြန်ပေးပါ။ ”

လျူချန်ရှင်းက ပြုံးပြီး၊ မျက်လုံးများ မှေးကျဉ်းလျက်၊ အန်းလျူယွင်ကို ကြည့်သည်။ သူ့ အတွက် ဤအမျိုးသမီးသည်၊ တန်ကြေး မဖြတ် နိုင်သော ရတနာ ဖြစ်၏။

ထို့ကြောင့် သူမကို အနိုင် ယူရန် နည်းမျိုးစုံ အကြံ ထုတ်ခဲ့ ဖူးသည်။ ယခု ကဲ့သို့ သူမ ဘက်မှ အလိုလို လာချိတ် ခြင်းသည်၊ အခွင့် အရေး ပေပင်။

“ သခင်လေး လျူက ... ဟာသတွေ ပြောတတ် တာပဲ၊ ဒီလို ဆိုရင်တော့ သခင်လေး ပြန်နိုင် ပါပြီ။ ”

အန်းလျူယွင်က ပြုံးကာ၊ ချက်ချင်း နှင်ထုတ်၏။ သို့သော် လျူချန်ရှင်းမှ ထပြန်ခြင်း မရှိဘဲ အခန်းအား ဝေ့ကြည့်ကာ၊

“ ဒီအခန်းက တော်တော် ကောင်းပြီး၊ လုံခြုံတာပဲ၊ ငါ့ အစောင့် တွေတောင် မဝင်နိုင်ခဲ့ဘူး၊ တစ်ချို့ အရာတွေ လုပ်ဖို့၊ သင့်တော်တဲ့ နေရာ တစ်ခုပါ၊ ငါ ဒီမှာ နေချင်တယ်။ ”

-ဟု ပွင့်ပွင့် လင်းလင်း ထုတ်ပြော လာတော့သည်။

“ ကျေးဇူးပြုပြီး စကားပြော ဆင်ခြင်ပါ။ ”

အန်းလျူယွင်မှာ အပြုံးများ ပျောက်ကွယ်လျက်၊ အေးစက် လာသည်။

“ မင်း သေချာလား ... ကောင်းကင်ဘုံ နှင်းကြာပန်း နှလုံးသားကို၊ မင်း အရေး တကြီး လိုအပ် နေတယ် ဆိုတာ၊ ငါ သိထားတယ်၊ မင်း အတွက် အရေး ကြီးတဲ့၊ ...

... တစ်စုံ တစ်ယောက် ... ဒဏ်ရာ ရနေခဲ့တယ် မဟုတ်လား၊ အခု ချိန်မှာ သေသေ ချာချာ စဉ်းစားပါ၊ တကယ်လို့ ... ငါ ထွက်သွား ပြီးရင်တော့ ...

“ ဝုန်း ... ။ ”

သူ့စကား မဆုံးခင် နန်းဆောင် တံခါး ပွင့်ထွက်ကာ၊ ဖုံးအုပ် ထားသည့် ဝိညာဉ် ရေးရာ အစီရင်များ၊ ကျိုးကျ သွား၏။

အေးစက်သော အသွင်ဖြင့်၊ လူငယ် တစ်ယောက် တံခါးမှ လှမ်းဝင် လာသည်။ ညာ လက်သီးတွင် သွေးများ ယိုစီးကျ နေပြီး၊ ၎င်းက လျူချန်ရှင်းထံ လှည့်ကြည့် ၏။

“ မင်း ဘယ်သူလဲ။ ”

လျူချန်ရှင်းမှ မတ်တပ် ထရပ်ကာ မေးလိုက်သည်။ လူစိမ်းမှာ ပါးစပ်မှ ပြန် မဖြေဘဲ၊ သူ့အား စိုက်ကြည့် လာသည်။

နတ်နဂါး မျက်လုံးကို အသက်သွင်း ထားသဖြင့်၊ လ်ငးယွန်၏ နတ်နဂါး အငွေ့ အသက်သည် လျူချန်ရှင်း၏ အသိစိတ် ပင်လယ် ထဲသို့ စိမ့်ဝင်သွားသည်။

“ ထွက် သွား ... ။ ”

ညှို့ယူခံလိုက် ရသကဲ့သို့၊ လျူချန်ရှင်း တစ်ယောက် မှင်တတ် နေစဉ်၊ မိုးကြိုး စွမ်းအင် များ စုရုံး နေသော လက်သီး တစ်လုံးက ရင်ဘတ်ပေါ် ကျရောက် လာသည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

နံရိုးများ ကျိုးသွားကာ၊ ပါးစပ် အတွင်းမှ သွေးများ စီးကျလျက်၊ လျူချန်ရှင်း တစ်ယောက် အဝေးသို့၊ လွင့်စဉ် သွား၏။

ရုတ်တရက် ပြုတ်ကျ လာသော လူရိပ် ကြောင့်၊ ခန်းဆောင် အတွင်းသို့ နောက်မှ လိုက် ဝင်လာသည့် မိုလင်းအာမှာ၊ ခြေလှမ်း ရပ်လိုက် ရသည်။

ဤသို့ ဇာတ်ဝင်ခန်း မျိုးကို မျှော်လင့် ထားပြီး ဖြစ်သော်လည်း၊ မြင်ရချိန်၌ မသက် မသာ ဖြစ်နေဆဲ ပေပင်။

“ အ ... ။ ”

နာကျင်မှုကြောင့် မျက်နှာ ရှုံ့တွ လျက်မှ လျူချန်ရှင်းက ထရပ်ကာ ခန်းဆောင် အတွင်း ပြန်ဝင် လာသည်။

“ မိန်းကလေး အန်း အဆင်ပြေ ရဲ့လား ... ဒီလူက ကောင်းကင်ဘုံ ကြယ်ခန်းမရဲ့၊ တားမြစ် နန်းတော် ကိုတောင်၊ ကျူးကျော် ဝံ့တယ်၊ ငါ့ရဲ့ လျူ သူတော်စင် မိသားစုက၊ ဒီလူရိုင်းကို သေချာပေါက် ဖမ်းပေးမယ်။ ”

ဒေါသ တကြီး အော်ငေါက် လိုက် သော်လည်း၊ အန်းလျူယွင်က ပြန် မဖြေဘဲ၊ လင်းယွန်၏ ညာလက်အား ပတ်တီး စည်းပေး နေသဖြင့်၊ မျက်မှောင်ကြုတ် သွားသည်။

သည်မြင်ကွင်းက သူ့အား ရူးသွပ် စေ၏။

“ အန်းလျူယွင် ... သူက ဘယ်သူလဲ၊ မင်း ငါ့ကို ရှင်းပြဖို့ လိုနေပြီ။ ”

“ ငါက ကောင်းကင် နှင်းကြာပန်း နှလုံးသားကို လိုနေတဲ့ သူပဲ၊ နားလည် ပြီလား။ ”

လင်းယွန်က ဝင်ဖြေသည်။ စီနီယာ တစ်ယောက် အတွက် ဝယ်နေခြင်း ဖြစ်မည်ဟု ထင်ထား ခဲ့သော လျူချန်ရှင်းမှာ၊ အံ့အားသင့် သွားသည်။

“ အန်းလျူယွင်၊ မင်းငါ့ကို လိမ်တယ်။ ”

“ ငါ မင်းကို ဘာများ လိမ်ခဲ့ လို့လဲ၊ ငါက ကောင်းကင် နှင်းကြာပန်း နှလုံးသားကို ဝယ်ဖို့ပဲ ကမ်းလှမ်း ခဲ့တာပါ။ ”

ထိုစကားက သူ့ နှလုံးသားကို ဓါးဖြင့် ထိုးလိုက် သလို၊ လျူချန်ရှင်း တစ်ယောက် ခံစား လာရသည်။

“ မိစ္ဆာမ ... ၊ လျူချန်ရှင်း ဆိုတဲ့ ငါ့ကို ကောင်းကင် မြို့တော်မှာ၊ ဘယ်သူမှ မစော်ကား ဝံ့ဘူး၊ ကောင်းကင် နှင်းကြာပန်း ဝယ်ဖို့လား စိတ်တောင် မကူးနဲ့၊ တစ်နေ့ မင်း ငါ့ ရှေ့မှာ ဒူးထောက်ပြီး၊ တောင်းဝယ် စေရမယ်။ ”

သူ့ခြိမ်းခြောက်မှုကို အန်းလျူယွင်မှ၊ ထိတ်လန့်ပုံ မပြချေ။ လင်းယွန် လက်ခုံအား၊ သေသပ်စွာ ပတ်တီး စည်းပေး နေသည်။

ပြီးနောက် အန်းလျူယွင်က ပြုံးပြီး၊ လက်နှစ်ဖက်ကို ရိုက်ခါလျက်၊ လျူချန်ရှင်းထံ ပြန်ကြည့် သည်။

“ လျူချန်ရှင်း ... နှင်းကြာပန်း နှလုံးသား သုံးလုံးကို လက်ဝယ် ကိုင်ထားတဲ့ ... နတ်မိစ္တာ တံခါး သခင်က ဘယ်သူလဲ ဆိုတာ၊ မင်း မသိချင် ဖူးလား။ ”

“ ဘယ်သူလဲ ... ။ ”

မေးခွန်း ပြန်မေး နေစဉ်၊ သံသယများ ဝင်လာပြီး၊ လျူချန်ရှင်းမှ အန်းလျူယွင်ထံ ပြန် ကြည့် မိသည်။

“ ဟုတ်တယ် ... အဲ့ဒီ လူက ငါပဲ။ ”

အန်လျူယွင်က ခေါင်းညိတ် ပြလိုက်၏။

“ မင်း ... ။ ”

“ အစ်မလင်း ... သူ့ကို ပြန်လိုက်ပို့ ပေး လိုက်ပါ၊ သခင်လေး လင်းနဲ့ ... ငါ၊ ကိစ္စလေး ရှိသေး တယ်။ ”

“ ဟုတ်ကဲ့ ... ၊ သခင်လေး လျူ ကေျးဇူးပြုပြီး။ ”

မိုလင်းအာက လျူချန်ရှင်းအား လမ်းဖယ် ပေးလိုက် တော့သည်။ အန်းလျူယွင် စကားက လျူချန်ရှင်း နှလုံးသားကို ပေါက်ကွဲ လုမတက် နာကျင် လာစေ၏။

ဤအရိုင်း အစိုင်း ကောင်နှင့်၊ မိစ္ဆာမ တို့သည်၊ သည်အရပ်၌ မည်သည့် ကိစ္စများ ရှိနေ သနည်း။ ထိုအတွေးက သူ့ ရမ္မက်ကို တောက် လောင်လာ စေသဖြင့်၊ အံကြိတ်လျက် လှည့်ထွက် လာမိ တော့သည်။

***

All Chapters