← Chapters

လောကီ သုခ ... ။

Vol. 123 Ch. 1709

လောကီ သုခ ... ။

Vol. 123 Ch. 1709

“ သခင်လေး လင်း ... ၊ ဒီနေ့ ... မင်း နည်းနည်း စိတ်မြန် လွန်းတယ်။ ”

အန်းလျူယွင်မှ ပြုံးကာ ဆိုသည်။ ယင်းမှာ အမှန် ဖြစ်သဖြင့်၊ လင်းယွန်က တစ်ခွန်းမျှ ပြန် မပြော တော့ချေ။

ဤနေရာသည် ကောင်းကင်ဘုံ ကြယ်ခန်းမ ဖြစ်၏။ အန်းလျူယွင် ပိုင်နက် ဖြစ်သောကြောင့်၊ လျူချန်ရှင်းအား ဖြေရှင်းရန်၊ သူမ၌ နည်းလမ်း များ ရှိပေမည်။

“ ဒီမှာ ... ကောင်းကင် နှင်းကြာပန်း နှလုံးသား သုံးခု၊ ဒါက ... သခင်လေးရဲ့ ဒဏ်ရာ ကနေ၊ ပြန်ကောင်း လာဖို့ အကူ အညီ ရမှာပါ။ ”

ကောင်းကင်ဘုံ နှင်းကြာပန်း၏ ဝတ်ဆံ သုံးခုကို ထုတ်ယူကာ လင်းယွန်ရှေ့ ချပေးလိုက် လေသည်။

သေတ္တာ အတွင်း သွေး အလား ရဲရဲနီ နေသော ကောင်းကင် နှင်းကြာပန်း ဝတ်ဆံ များအား၊ မြင်လိုက် ရ၏။

“ သုံးခုတောင် ရှိနေ ပြီပဲ ... ဘာလို့ ထပ်ဝယ် တာလဲ ။ ”

လင်းယွန်မှ မေးသည်။

“ သခင်လေး လင်းရဲ့ ဒဏ်ရာတွေ ... ၊ မြန်မြန် ပြန်ကောင်း လာဖို့ လိုတယ်၊ ဒါမှ လုံခြုံ သွားမှာ၊ ခြောက်လ ဆိုတာ အကြာ ကြီးပဲ၊ စောင့်မနေ နိုင်ဘူး။ ”

အန်းလျူယွင်မှ ပြန်ဖြေ၏။ အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန်က အန်းလျူယွင် ကို ကြည့်သည်။

“ မင်းကို ... အရမ်း အကြွေးတင် နေပြီ။ ”

“ သခင်လေး လင်း အနားမှာ ... ၊ နေခွင့် ရတာ နဲ့တင်၊ အဆင် ပြေပါတယ်၊ သခင် လေး လင်း ... မြန်မြန် သန့်စင် လိုက်ပါ၊ ဒီနေရာက ကြယ်ခန်းမရဲ့ ... လျှို့ဝှက် နယ်မြေပဲ။ ”

တစ်နာရီကြာ ပြီးနောက်၊ လျှို့ဝှက် ခြံဝန်းတစ်ခု အတွင်း၊ ပို့ဆောင် ပေးခဲ့သည်။ ခြံဝန်း အတွင်း၌ ဝိညာဉ် ရေးရာ၊ ရေကန် တစ်ကန်ကို ပြင်ဆင် ပေးထား၏။

ကောင်းကင် နှင်းကြာ ပန်း၏ နှလုံးသား များကို ရေကန်ထဲ ထည့်ကာ၊ အခြားသော ပါဝင် ပစ္စည်း များဖြင့်၊ ရောနှော လိုက်သည်။

အပူ ရှိန်ကြောင့် ပူစီဖောင်းများ ရေ မျက်နှာပြင်ပေါ် တတ်လာ တော့သည်။ ရေကန် တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းသော သွေးအိုင်ကြီး အဖြစ် ပြောင်းလဲ သွား၏။

“ အရွက် တွေရဲ့ အာနိသင်က ... ၊ မထိရောက်တော့ ဖူးလို့ ဆိုထားတော့၊ လျူယွင် က နှင်းကြာပန်း နှလုံးသားကို ငါးခု အထိ၊ ရအောင် စုဆောင်း နေတာ၊ ...

... ဒါပေမယ့် သုံးခုပဲ ရထားတော့ ... ၊ အပြည့်အဝ ပြန်ကောင်း လာနိုင် မလား ဆိုတာ မသေချာဘူး။ ”

အန်းလျူယွင်က ရေကန် ထဲမှ ရေကို လက်ဖြင့် စမ်းကာ၊ ပြောသည်။

“ သွေးလွှတ်ကြော နှစ်ခုပဲ ... ပြုပြင်ဖို့ ကျန်တာ ဆိုတော့ ... လုံလောက်သင့် ပါတယ်။ ”

လင်းယွန်က အနည်းငယ် စဉ်းစားပြီး ပြန်ပြော လိုက်သည်။

“ ဒါဆို လျူယွင် ကူညီ ပါရစေ ... ။ ”

လင်းယွန် တစ်ယောက် တုံ့ဆိုင်း နေစဉ်၊ အန်းလျူယွင်၏ လက်များက သူ့ ဝတ်ရုံအား ချွတ်နေပြီ ဖြစ်သည်။

“ ရေကန် ထဲက အရာကို ... ၊ သန့်စင်ဖို့ မလိုဘူး၊ ဒီအတိုင်းလေး ... ဝင်စိမ် နေရုံ ပါပဲ၊ ကောင်းပြီ ... ခွင့်ပြု ပါဦး။ ”

လင်းယွန်က ရေကန်ထဲ ဆင်းကာ၊ ဆေးဘက်ဝင် သစ်သီး သစ်ဖုများ အကြား ခေါင်း ပေါ်ရုံ ဝင်စိမ်လျက်၊ အန်းလျူယွင်ကို ကြည့်၏။

ချစ်စရာ ကောင်းသော အန်းလျူယွင်၏ အသွင် အပြင်ကြောင့်၊ မလွန်ဆန် နိုင်တော့ဘဲ၊ လက်လှမ်း လိုက်သည်။

“ သခင်လေး လင်း ... ၊ မင်းက လျူယွင်ကို ဒီမှာ နေစေချင် လို့လား။ ”

အန်းလျူယွင်က ရေကန် ပေါင်ပေါ် ထိုင်လျက်၊ လင်းယွန် လက်ကို ဆုပ်ကိုင်ပြီး၊ ခပ်တိုးတိုး မေးသည်။

“ ငါ ငြင်းချင်တယ်၊ ဒါပေမယ့် ... မင်းကို ဆုံးရှုံး ရတော့မယ့် ... အဖြစ်မျိုး တွေးမိတိုင်း၊ အဆင် မပြေဘူး။ ”

“ ဒါဆို လုံလောက်ပြီ။ ”

အန်းလျူယွင်မှ မျက်ရည်များ ဝဲလျက်၊

“ လုံလောက် ပါပြီ ... လူတိုင်း အမြင် အရတော့ ... ၊ လျူယွင် ဆိုတာ မိစ္ဆာပဲ၊ သူတို့က လျူယွင်ကို မျက်စိကျ နေကြ ပေမယ့်၊ တန်ဖိုး မထား ကြဘူး၊ သခင်လေး လင်းက၊ နဂါး အကြွင်း အကျန် ကြယ်နယ်မြေမှာ၊ ...

... လျူယွင်ကို ကယ်ပြီး၊ နဂါးဖြူ အရိုးပေး ခဲ့တယ်၊ သခင်လေး အနားမှာ အမျိုး သမီးတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ လျူယွင် ဂရု မစိုက်ဘူး၊ ...

... သူတို့ နဲ့လည်း မပြိုင် ချင်ဘူး ... ၊ ဒီလျူယွင် အတွက် တိုက်ပွဲဝင် ပေးတာ နဲ့တင်၊ ကျေနပ် ပါပြီ။ ”

-ဟု ဆိုကာ၊ လင်းယွန် လက်အား ပြန်၍ ဆုပ်ကိုင်ပြီး၊ ရေကန်ထဲ ဆင်းလိုက် တော့သည်။

“ မင်း ... နောင်တ မရ ဖူးလား။ ”

“ သခင်လေးနဲ့ ပတ်သတ်ရင် ... ၊ ဒီလျူယွင်က ဘယ်တော့မှ နောင်တ ရမှာ မဟုတ်ဘူး။ ”

ထိုအဖြေက လင်းယွန်ကို၊ သက်တောင့် သက်သာ ဖြစ်စေသည်။ လျူချန်ရှင်း၏ ယုတ်မာ သော အတွေးကို မြင်ချိန်၌၊ သူအား မပေး နိုင်ကြောင်း သိရှိ ခဲ့သည်။

“ ဒါဆို ... ။ ”

လင်းယွန်က စကား ပြောတော့မည့် အချိန်တွင်၊ အန်းလျူယွင်မှ၊ နှုတ်ခမ်း နှစ်လွှာကို လက်ဖဝါးဖြင့် အုပ်ကာ၊

“ ဒီလောက် အထိ ... ပြောနေ စရာ မလိုပါဘူး၊ လျူယွင်ကို နှလုံးသားမှာ နေရာ တစ်ခု ပေးထား ရင်ပဲ ကျေနပ် ပါတယ်၊ ကတိတွေ ပေးမနေ ပါနဲ့၊ ...

... ဒါက လျူယွင် အတွက် ... ၊ ပထမဆုံး အကြိမ်မို့၊ သခင်လေး လင်း ဘက်က၊ ညင်သာ လိမ့်မယ်လို့ ... မျှော်လင့် ပါတယ်။ ”

စကားဆုံး သည်နှင့်၊ သူမ မျက်နှာ နီရဲ လာသည်။ ပြီးနောက် ခေါင်းငုံ့ကာ သူမ ဝတ်ရုံ ကို၊ တစ်လွှာခြင်း ဖယ်ထုတ် လိုက်၏။

ယင်းက သူမ ခန္ဓာ ကောက်ကြောင်းကို ရှင်းလင်းစွာ မြင်လာရ လေသည်။ ပြုံးလျက် လင်းယွန်အား ကြည့်ပြီး၊ အနား တိုးလာ တော့၏။

အန်းလျူယွင် အတွက် ပထမ အကြိမ် ဖြစ်သော်လည်း၊ ၎င်း၏ ဗဟုသုတ များသည် လင်းယွန်အား တံခါးပွင့် စေသည်။

တစ်ချိန်တည်း မှာပင်၊ လင်းယွန်၏ ဒဏ်ရာများ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာခဲ့သည်။

အန်းလျူယွင်က ကောင်းကင် နတ်မိစ္ဆာ ကျမ်းအား လှည့်ပတ်ကာ၊ လင်းယွန် ခန္ဓာကိုယ် အတွင်း၊ စွမ်းအင်များ ပေးပို့ လာ၏။

ယင်းသည် လျှို့ဝှက် ကျင့်ကြံမှု နည်းစနစ် ဖြစ်ချေပြီ။ ၎င်းဖြင့် တစ်ဖက် လူအား ပထမဆုံး အကြိမ်၊ ကုသ ပေးခြင်း ဖြစ်သည်။

လင်းယွန်သာ ကျင့်ကြံ ထားက၊ ပို၍ မြန်သော အဟုန်ဖြင့်၊ ဒဏ်ရာများ သက်သာ ပေျာက်ကင်း လာနိုင်၏။

အနမ်း များက တစ်ဖက် လူထံမှ၊ တစ်စုံ တစ်ရာကို၊ အရသာ ခံနေ သကဲ့သို့၊ ကြမ်းတမ်း မြန်ဆန် လာပြီး၊ ရေ မျက်နှာပြင်၌ လှိုင်းများ ထလာ တော့သည်။

ဤသည်မှာ လောကီ သုခ ပေပင်။ အချိန် ကာလ အားဖြင့်၊ တစ်ကမ္ဘာ ကြာညောင်း ချေပြီ။ သတိ ပြန်ဝင် လာချိန်၌၊ ကြည်နူးမှု ပီတိ အဟုန်ကို ခံစားလာ ရ၏။

လင်းယွန်က အန်းလျူယန်ထံ ငုံကြည့် သည်။ အန်းလျူယွင်မှ လင်းယွန်အား ပြန်မော့ ကြည့်၏။ မောပန်း နွမ်းနယ် သော်လည်း၊ စိတ်အား တက်ကြွ နေဆဲ ပေပင်။

“ သခင်လေး လင်း၊ ဒဏ်ရာကို စစ်ဆေး ကြည့်ပါဦး။ ”

နဂါး သွေးလွှတ်ကြော လေးခုလုံး၊ ပြန်၍ ကောင်းမွန်လာကာ၊ ယခင် အချိန်ထက် ပိုသော အဟုန်ဖြင့်၊ သွေးများ စီးဆင်း နေသည်။

“ ဒီသူတော်စင် ရောင်ဝါက ဘယ်က လာတာလဲ။ ”

သွေးလွှတ်ကြော များမှာ၊ အထွတ် အထိပ်သို့၊ ရောက်ရှိ နေ သဖြင့်၊ လင်းယွန်မှ ဇဝေ ဇဝါ ဖြစ်သွား သည်။

သို့သော် အနန္တ ပန်းဝိုင်ကို ရုတ်တရက် သတိရပြီး၊ အဖြေထွက် သွား၏။ နှစ်တစ်ထောင် သူတော်စင် ရောင်ဝါသည်၊ သူ့ဆဲလ် တိုင်းကို အာဟာရ ဖြည့်ပေး နေခြင်း ဖြစ်သည်။

“ ငါ လုံးဝ ပြန်ကောင်း လာပြီ။ ”

လင်းယွန်က စိတ် လှုပ်ရှားစွာ ဆိုသည်။ ယင်းကြောင့် အန်းလျူယွင် သည်လည်း ဂုဏ်ပြု အနမ်း ပေးလိုက် မိ၏။

လင်းယွန်၏ ဒဏ်ရာ များကို ကြား ပြီးနောက်၊ များစွာ စိတ်ပူ ခဲ့သည်။ ကောင်းကင် မြို့တော် ရောက်သည်နှင့်၊ ကောင်းကင် နှင်း ကြာပန်း ကိုသာ၊ အာရုံစိုက် ရှာဖွေ မိ၏။

“ ဒီမှာ အောင်မြင်မှု ယူလို့ ရမလား။ ”

လင်းယွန်က မေးသည်။ ပန်းဝိုင်၏ အာနိသင်သည် သူ့အား များစွာ အကျိုးထူး စေခဲ့၏။ မုရွယ်လင် ညာပုံ မရချေ။

“ အဆင်ပြေ ပါ့မလား။ ”

အန်းလျူယွန်မှ စိုးရိမ်သော လေသံဖြင့် မေးသည်။

“ အဆင်ပြေ ပါတယ် ... ၊ မိုးပြာ နဂါး သခင်က၊ ငါ့ကို နဂါးပြာ သွေးတစ်စက် ပေးခဲ့ တယ်၊ ပြီးတော့ ငါ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက်က ပိုသန်မာ လာပြီ၊ စိတ်ပူ မနေ ပါနဲ့။ ”

လင်းယွန်မှ ပြန်ဖြေ လိုက်၏။

***

All Chapters