ချစ် ခရီး ... ။
Vol. 123 Ch. 1710
ကောင်းကင် ဒုက္ခများ အနက်၊ ဒုတိယမှာ အန္တရာယ် အရှိဆုံး ဖြစ်ခဲ့သည်။ တတိယ ဒုက္ခ အတွက်မူ ရိုးရှင်းပြီး၊ စတုတ္ထသည် အစ်ကိုကြီး ကျန့်လင်းကြောင့်၊ ချောမွေ့ လှ၏။
ယင်းမှာ ဒုက္ခများ အားနည်း ခြင်းကြောင့် မဟုတ်ဘဲ၊ နဂါးပြာသွေး အာနိသင်မှ၊ ကိုယ်လုံး ကိုယ်ပေါက်ကို သိသိ သာသာ အားကောင်း စေခဲ့ သောကြောင့် ဖြစ်သည်။
အန်းလျူယွင် ထွက်သွား ပြီးနောက်၊ သူ့ ဒုက္ခကို စတင် ရင်ဆိုင် ခဲ့သည်။ အနန္တ ပန်းဝိုင် နှင့်၊ ပျက်စီးခြင်း နန်းတော်မှ၊ ရရှိ ထားသော အကျိုး အမြတ် များက၊ သူ့အား ချောမွေ့စွာ ဖြတ်ကျော် နိုင်စေ ခဲ့သည်။
လေးနာရီကြာ ပြီးနောက်၊ သူ့ ကိုယ်လုံး ကိုယ်ပေါက်သည် ကြောက်မက်ဖွယ် ကောင်း သော မီးတောက် များနှင့်၊ လျှပ်စီး တဖျပ်ဖျပ် ခတ်လာ၏။
မြေကြီးပေါ် လဲကျ သွားပြီး၊ ခန္ဓာကိုယ်၌ အသား လုံးဝ မကျန် တော့ချေ။ အသိ စိတ်ပင် မှိန်ဖျော့ သွားသည်။
နှလုံးသား ခုန်နေ သေးသော ကြောင့်သာ၊ အသက်ရှင် နေခြင်း ဖြစ်ချေ၏။ နဂါးပြာ အရိုးမှ သွေးသား စွမ်းအင်များ ထုတ်ပေး လာ သဖြင့်၊ နဂါး ရူရ်များ၊ အသစ်သစ် ဖြစ်ပေါ် လာသည်။
များမကြာခင် ကြံ့ခိုင် ပြီးပြည့် စုံသည့်၊ အသွင် အပြင်နှင့် ထရပ် လာသည်။ ခန္ဓာကိုယ် ထဲ၌ အကန့် အသတ်မဲ့ စွမ်းအင်များ၊ စီးဆင်း နေချေ၏။
မျက်လုံးဖွင့် လိုက်သော အခါ ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင် အလင်းများ၊ ထွက်ပေါ် လာသည်။
ပြီးနောက် တင်ပျဉ်ခွေ ထိုင်လိုက်ရာ၊ နဂါး ငါးကောင် သူ့နောက်၌ ပေါ်လာပြီး၊ သူတော်စင် ရောင်ဝါအား ထုတ်လွှတ် လာသည်။
ယင်းက အနန္တ ပန်းဝိုင် အာနိသင် ပေပင်။ ကျေနပ် အားရ စွာဖြင့် လက်သီးဆုပ် မိသည်။ လမ်းတစ်လျှောက် သည်တစ်ကြိမ် ဒဏ်ရာ များမှာ၊ အဆိုး ရွားဆုံး ဖြစ်သည်။
လောက နိယာမ နယ်ပယ်၊ သူတော်စင် သခင်နှင့် မဟာ သူတော်စင် သခင်ကို သတ်ပြီး၊ ထျန်ရွှမ်ဇီ ကိုပင်၊ ရိုက်နှက် ခဲ့သည်။
တိုက်ပွဲ တိုင်းတွင်၊ သူ့ အသက်အား၊ ကြိုးတန်း ပေါ်တင် ခဲ့သည်။ အကယ်၍ နောက် တစ်ကြိမ် တိုက်ပွဲ ဝင်ရမည် ဆိုက၊ ထိုသို့ သတ္တိ ရှိနေနိုင် ဦးမည်လား၊ အာမ မခံ နိုင်ချေ။
ထိုအချိန်၌ ဆရာ သခင်နှင့် ဓားဂိုဏ်း အတွက်၊ သူ့အသက်အား စွန့်စားမည် ဟူသော အတွေး မျိုးသာ ရှိချေသည်။
“ ထျန်ရွှမ်ဇီ ... ၊ ငါ ပြန်လာမယ်။ ”
လင်းယွန် အသွင်မှာ၊ ချက်ချင်း အေးစက် သွားသည်။ သူ ကြုံထားရ သမျှကို မည်သည့် အခါမျှ မေ့မည် မဟုတ်ချေ။
ထျန်ရွှမ်ဇီ ကြောင့်သာ မဟုတ်က၊ ဤသို့ သူ့အမည် ကြားသည်နှင့် အမဲ လိုက်ချင် သူများ ရှိလာမည် မဟုတ်ကြောင်း ပြောနိုင်သည်။
မတ်တပ် ထရပ် လိုက်ပြီး၊ အဓိပတိ နဂါး လက်သီးကို လေ့ကျင့်ရန်၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်း ခြင်းအား၊ ဖြန့်ကျက် မိသည်။
တံဆိပ် သုံးခုကို အသက်သွင်း လိုက် သည်နှင့်၊ နဂါး အော်သံများ ခန္ဓာ ကိုယ်၌ ပဲ့တင် ထပ်လာ၏။
အဓိပတိ နဂါး တံဆိပ်ကို၊ ဖွဲ့စည်း လိုက်သော အခါ၊ ရောင်စဉ် (၇)သွယ် တောက်ပ လျက်၊ အဖျက် စွမ်းအားများ စုရုံး လာသည်။
“ ကျာ့ ... ။ ”
ကျယ်လောင်စွာ ကြုံးဝါး သံနှင့် အတူ၊ ခရမ်းရောင် နန်းတော် အတွင်းမှ၊ နဂါး မြစ် ပေါက်ကွဲ လာသည်။
၎င်းက သူ့လက်ထဲ စီးဝင် လာပြီး၊ ပဉ္စမမြောက် သွေးလွှတ်ကြော နယ်ပယ်၏ ကန့်သတ်ချက် များကို ထိုးဖောက် ပစ်သည်။
ဆဌမနှင့် သတ္တမကို ဖြတ်ကျော် သွား ပြီးနောက်၊ နဝမမြောက် သွေးလွှတ် ကြော ရောက်သော အခါ၊ ရပ်တန့် သွား၏။
တံဆိပ်သည် စွမ်းအင်များ ပြည့်နှက် နေသော အိုး တစ်လုံးနှင့် တူပြီး၊ နဂါး မြစ်သည် သူ့ ခန္ဓာ ကိုယ်ကို၊ အားပြည့် ပေးသည်။
“ နတ်နဂါး ပျံသန်းခြင်း။ ”
လင်းယွန်မှ ကြုံးဝါး လိုက်ရာ၊ နဂါးများ ထောင်ပေါင်း များစွာ၊ သူ့ခန္ဓာ ကိုယ်မှ ပျံထွက် သွားသည်။
၎င်းတို့ အနက်မှ ရာဂဏန်း နီးပါးသည် ကောင်းကင်ပေါ် ပျံတက် သွား၏။ ထိုအချိန်တွင် သူသည် နဂါး ဘုရင်နှင့် တူပြီး၊ နတ်ဘုရား၏ ဂုဏ်သိက္ခာမျိုး ပိုင်ဆိုင် နေသည်။
“ ကြည့်ရတာ နည်းနည်းတော့ အားနည်း နေသေးတယ်။ ”
ရေရွတ်ပြီး နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်းကို ဖြန့်ကျက် လိုက်သည်။ နဂါး ရူရ် တစ်ထောင်က၊ နဂါးများထံ ပေါင်းစပ် သွားသည်။
နဂါး တစ်ကောင်ချင်း စီ၏၊ မျက်ဝန်း ၌ မီးလျှံများ တောက်လောင်ကာ၊ ကောင်းကင်နှင့် မြေကြီးပင်၊ ရုတ်တရက် သေးငယ် လာ၏။
“ ဘန်း ... ။ ”
လက်သီးကို ထိုးချ လိုက်သော အခါ၊ နဂါးများက ဝုန်းဒိုင်း ကျဲလျက် ပတ်ဝန်းကျင် အနှံ၊ ပြေးလွှား သောင်းကျန်း တော့သည်။
“ သရုပ်ဖော် အဆင့်ကို ... ရောက်တော့မယ်။ ”
သူ၌ အလျင် လိုစရာ မရှိချေ။ လက်ရှိ အချိန်မှာ၊ ဒဏ်ရာ များမှ ပြန်လည် သက်သာ လာ ကာစ ဖြစ်သည်။
ထို့နောက် နေနတ်သား ဖမ်းဆီးခြင်း ပညာရပ်ကို လေ့ကျင့် မိ၏။ နောက်ဆုံးတွင် ၎င်းသည် ပြိုင်ဘက် ကင်းသော ရွေ့လျားမှု ပညာရပ် တစ်ခု ဖြစ်သည်။
နဂါး သွေးလွှတ်ကြော နယ်ပယ် ပုံစံ ဖြစ်သော်လည်း၊ လျင်မြန်လွန်း သဖြင့်၊ လောက နိယာမ နယ်ပယ် အထိ၊ လုံလောက် ချေ၏။
အကြိမ် တစ်ရာ လေ့ကျင့် ပြီးနောက် ဆယ်မိုင် အကွာသို့ အသက် တရှိုက်စာ အတွင်း၊ ခွန်အား အပြည့်ဖြင့်၊ ရွေ့လျား လာနိုင်သည်။
အကြိမ် တစ်ထောင် ပြည့်ချိန်၌၊ ရွှေရောင် အလင်းတန်း များသည်၊ မီးတောက် အဖြစ်သို့ ပြောင်းလဲ သွား၏။
အကြိမ် တစ်သောင်းတွင်၊ ခြေတစ်လှမ်း လှမ်းလိုက် ရုံဖြင့်၊ ရွှေကျီးကန်း၏ ဖြစ်စဉ်များ ထင်ရှား လာသည်။
ရွှေကျီးကန်းသည် အတောင်ပံ များကို ဖြန့်ထုတ် လိုက်သော အခါ၊ ကြီးမားသော အရိပ် အဖြစ်၊ အုပ်မိုး လာသည်။
အသက်ရှု မဝသလို ဖြစ်လာပြီး၊ နဖူးမှ ချွေးများ စီးကျ လာ၏။ မည်မျှ ကြာအောင် လေ့ကျင့် နေမှန်း မသိ သဖြင့်၊ မောပန်း နွမ်းနယ် နေပြီ ဖြစ်သည်။
သို့တိုင် နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာသည်၊ တိုး၍ တိုး၍ နက်နဲ လာပြီး၊ နား မလည်နိုင် ဖြစ်ဆဲ ပေပင်။
ဤသည်မှာ ရွေ့လျားမှု ပညာရပ် မျှသာ မဟုတ်ချေ။ နေမင်း၏ စရိုက် လက္ခဏာများ ပါ ရှိသည်။ ဆက်လက် လေ့ကျင့်မည် ဆိုသော်၊ မဟာ နေမင်း တာအိုကို ဆုပ်ကိုင် ရနိုင်၏။
တစ်ရက် တည်းဖြင့်၊ အကြိမ်ပေါင်း တစ်သောင်း လေ့ကျင့် ပြီးနောက် ကျွမ်းကျင် လာခဲ့သည်။
ပြီးပြည့် စုံသော ကျွမ်းကျင်မှု ရရန်၊ ခြေ တစ်လှမ်း မျှသာ လိုပေ၏။ သရုပ်ဖော် အဆင့် အတွက်မူ၊ မမျှော်လင့် နိုင်သေးချေ။
တော်ဝင် သူတော်စင် ဆေးလုံးကို မျိုချပြီး၊ သွေးသား စွမ်းအင်များ ပြန်လည် ရယူ နေမိ၏။ ဤမတိုင်မီ လေလွင့် ခဲ့သော ရက်များစွာ အတွက်၊ အစားထိုး လေ့ကျင့် မိသည်။
နေနတ်သားအား ဖမ်းဆီးခြင်း ပညာရပ် ပြီးနောက်၊ အရိယာ ဓားသုတ္တန် အလှည့် ဖြစ် သည်။
မြေပြင်၌ အနက်ရောင် ပွင့်ချပ်များ ပေါ်လာသည်။ ပွင့်ချပ်များ ပြန့်ကျဲ လာသော အခါ၊ ကြောက်မက်ဖွယ် မရဏ ရောင်ဝါ ပေါ်လာ၏။
ဤသည်မှာ အရိယာ ဓားသုတ္တန်အား၊ သတ္တမ အဆင့် ရောက်ရှိ သွားသည့် လက္ခဏာ ပေပင်။
“ အပြင် ထွက်ဖို့ အချိန် တန်ပြီ။ ”
ဖြည်းညှင်းစွာ ထရပ် လိုက်၏။ သူ့၌ လုပ်စရာ များစွာ ကျန်သေး သဖြင့်၊ ဆက်ပြီး ကျင့်ကြံ နေရန်၊ မဖြစ် နိုင်ချေ။
လျှို့ဝှက် နယ်မြေမှ ထွက်လာပြီး၊ အန်းလျူယွန်နှင့် တွေ့ဆုံ လိုက်သည်။
“ အချိန် ... ဘယ်လောက် ကြာ သွားလဲ။ ”
“ သုံးဆယ့် သုံးရက် ... ။ ”
အန်းလျုယွင်မှ ပြန်ဖြေ၏။ ယခု အချိန်၌ လင်းယွန်သည် အသွင် ကူးပြောင်း လာကြောင်း ခံစား မိသည်။
ကျင့်ကြံမှုသည် ပဉ္စမ သွေးလွှတ်ကြော တွင်သာ ဖြစ် သော်လည်း၊ နက်နဲပြီး နားမလည် နိုင်သော အရိပ် အယောင် ပေးစွမ်း နေသည်။
ထုတ်လွှတ် နေသော ဖိအားသည် သတ္တမမြောက် သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များထက် ကျော်လွန်၏။
သုံးဆယ့် သုံးရက် ကုန်လွန်ခဲ့ သဖြင့်၊ လင်းယွန်မှာ အံ့သြ သွားသည်။ လဝက် အတွင်း ပြန်လာ မည်ဟု၊ မုရွယ်လင်အား သူ ပြောခဲ့ သည်။ ထို့ကြောင့် မည်မျှ ပေါက်ပေါက် ဖောက်တော့ မည်ကို၊ တွေးကြည့် နိုင်၏။
“ ကောင်းကင် ရနံ့ သင်းသင်းရဲ့ အကြီး အကဲလို့ ပြောတဲ့၊ အဘိုးကြီး တစ်ယောက်က သခင်လေး လင်းကို လာရှာတယ်။ ”
“ ကူ ကျွင့် ... ။ ”
“ ဟုတ်တယ် ... ၊ ဒါပေမယ့် သူက စိတ်ကောင်း ရှိပါတယ်၊ လျူယွင် တို့က သူ့ကို ဧည့်ခန်းဆောင် ပေးထားပြီး၊ တော်ဝင် ...
... သူတော်စင် ဆေးလုံးတွေ ပေးခဲ့တယ်၊ အခုတော့ သခင်လေး အကြောင်း ထပ် မမေး တော့ဘူး။ ”
အန်းလျူယွင် စကား အရ၊ ကူကျွင့်သည် သူ့အား လုံးဝ စိတ်ပူခြင်း၊ ရှိပုံ မရ တော့မှန်း သိ လိုက်ရ သဖြင့်၊ လင်းယွန်မှ ပခုံး တွန့်မိ သွားသည်။
“ သူ့နဲ့ တွေ့မလား။ ”
“ နေဦး ... ၊ မတွေ့ခင် ... မိန်းကလေး အန်းကို၊ မေးစရာ တစ်ခု ရှိတယ်။ ”
လင်းယွန်မှ အန်းလျူယွင်ကို ကြည့်ပြီး ပြောသည်။ အန်းလျူယွင်က ပြုံးလျက် အခန်း တစ်ခုထဲ၊ ခေါ်ဆောင် လာ၏။
နှစ်ယောက်သား ချစ်ခရီးကို အတူ လျှောက်လှမ်း ပြီးနောက်၊ ပို၍ ရင်းနှီး သွားခဲ့ သည်။
သို့သော် အန်လျူယွင်မှာ ဆက်ဆံရေး မပြောင်း လဲဘဲ၊ လင်းယွန်အား ရိုသေ လေးစား နေမြဲ ဖြစ်၏။
***