စျေးပြော ... ။
Vol. 123 Ch. 1711
ဧည့်ခန်းထဲ ရောက်သည်နှင့်၊ လင်းယွန်က လက်ဖက်ရည် တစ်ငုံသောက် လိုက်ပြီး၊
“ လျူချန်ရှင်း အကြောင်း သိချင်တယ်။ ”
-ဟု မေးလိုက်သည်။
“ သခင်လေး လင်းက ငါ့ကို သူတို့ လက်စားချေမှာ စိုးရိမ် နေတာလား၊ အဲဒါကို စိတ်ပူ နေစရာ မလိုဘူး၊ လျူယွင်က ကြယ် ခန်းမရဲ့ တာဝန်ခံ ဖြစ်သလို၊ ...
... နတ်မိစ္ဆာ တံခါးရဲ့ တံခါး မှူးပဲ၊ ဒီတော့ လျူချန်ရှင်းက ... တံခါး သခင် တစ်ယောက်ကို၊ ဘာများ လုပ်နိုင် မှာလဲ ... ။ ”
ထိုသို့သော နောက်ခံကို မေ့နေမိ သောကြောင့် လင်းယွန်မှ တိတ်ဆိတ် သွားခဲ့ သည်။ အန်းလျူယွင်သည် နူးညံ့ ဖော်ရွေ သော်လည်း၊ မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ ဖြစ်သည်။
နတ်မိစ္ဆာ တံခါး ဂိုဏ်း၌ ရာထူး တစ်ခု ရရှိ ရန်မှာ၊ လူများစွာကို သူမ လက်ဖြင့် သတ်ဖြတ် ရပေမည်။
ဖြောင့်မတ်သော ဂိုဏ်းများ အတွင်း ပြိုင်ဆိုင်မှုသည် ပြင်းထန် ရက်စက် သော်လည်း၊ သတ်ဖြတ် ခြင်းများ မပါဝင်ချေ။
အချို့သော မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ များသည်၊ ကလေးငယ် များကိုပင်၊ ခွန်အား အတွက်၊ သတ်ပစ် ရသည်။
“ လျူချန်ရှင်းမှာ ... ၊ အထင်ကြီး လောက်စရာ အရည်အချင်း မရှိဘူး၊ ဒါပေမယ့် သူ့အစ်ကို ကတော့၊ ...
... မီးငှက် ပြည်နယ် မှာတင် မက၊ ကောင်းကင် နယ်မြေ အထိပါ၊ ကျော်ကြားတဲ့ လူငယ် တစ်ယောက်ပဲ။ ”
အန်းလျူယွင်က လင်းယွန် အတွက် လက်ဖက်ရည် ဖြည့်ပေး လိုက်ပြီး၊
“ သခင်လေး လင်း၊ သခင် လေးပါး အကြောင်း ကြားဖူးလား။ ”
“ မကြားဖူးဘူး။ ”
လင်းယွန်က စိတ်ဝင်စား လာသည်။
“ သူတို့ကို လေဓား သခင်၊ နှင်းဦး သခင်၊ ဆောင်းဦး တောင်တန်း သခင်နဲ့၊ ရေခဲပြာ သခင် တေွလို့ ခေါ်တယ်၊ ...
... တော်ဝင် မိသားစု ... ၊ ခွန်လွန်ရဲ့ ထက်မြက်တဲ့ လူငယ် မျိုးဆက် သစ်တွေ အပေါ်၊ သခင် ဆိုတဲ့ ဘွဲ့တွေ ပေးအပ် ကြတယ်၊ ဒီဘွဲ့ကို အမွေ ဆက်ခံခြင်း ပြုနိုင် သလို၊ မျိုးနွယ်စုဝင် တွေကိုလည်း၊ ...
... အင်ပါယာရဲ့ ဂုဏ်ထူးဆောင် ဘွဲ့မျိုး ထပ်မံ ချီးမြှင့် ထောက်ပံ့ ပေးတယ်၊ ကောင်းကင် ပိုင်နက် ငရဲ ပင်လယ်မှာ၊ ဒီလို ဘွဲ့အပ်နှင်း ထားတဲ့၊ မျိုးနွယ်စု လေးခု ရှိတယ်၊ ...
... သူတို့က နတ်နဂါး အင်ပါယာရဲ့ လက်တံတွေပဲ၊ ဒါကြောင့် မြင့်မြတ်တဲ့ အဆင့် အတန်း ရှိတယ်။ ”
“ လာပြန်ပြီ နတ်နဂါး အင်ပါယာ ... ၊ ခွန်လွန်မှာ ဘယ်သွားသွား နတ်နဂါး အင်ပါယာ လက်က မလွတ် ပုံပဲ။ ”
လင်းယွန်မှ ညည်းတွား လိုက်သည်။
“ လေဓား သခင် အမည်က လျူချန်းဖုန်၊ လျူချန်ရှင်းရဲ့ အစ်ကို ကြီးပဲ၊ ခွန်အားက နဝမ မြောက် သွေးလွှတ်ကြော ... ၊ နဂါး သွေးလွှတ် ကြော အဆင့် သတ်မှတ်ချက် မှာဆို၊ ...
... တစ်ရာ အတွင်း ဝင်တယ် ... ၊ ကောင်းကင် ပြည်နယ်မှာ၊ သူ့ အမည်ကို မသိသူ မရှိ တော့ဘူး ။ ”
လင်းယွန် အတွက်၊ လက်ဖက်ရည် ဖြည့် ပေးပြီး၊ နောက်ကျောသို့ သွားကာ၊ ပခုံးအား နှိပ်နယ် တော့၏။
သူမ လက်ချောင်း များမှာ နူးညံ့ သိမ်မွေ့ လှ၏။ တစ်ခါ တစ်ရံတွင် ကျောပြင်သို့ နွေးထွေး သော၊ အရာများ လာရောက် ထိတွေ့သည်။
“ သခင်လေး လင်း ... ခန့်မှန်းထား သလိုပါပဲ၊ ဒီနိဗ္ဗာန် နန်းတော်က ... ၊ မိုးပြာ နဂါး မျိုးရိုးနဲ့ ဆက်စပ် နေနိုင်တယ်၊ လွန်ခဲ့တဲ့ နှစ်တွေက မိုးပြာ နဂါးကို၊ ...
... နိဗ္ဗာန် နန်းတော်မှာ ... ၊ တစ်စုံ တစ်ယောက်က မြင်ခဲ့ ဖူးတယ်၊ နန်းတော် သခင် ကလည်း၊ နဂါး မျိုးရိုး သိုင်းပညာကို တတ်ကျွမ်း ထားတယ်၊ ဒါကြောင့် ...
... သူတို့က နဂါး တံခါး နဲ့တောင် ... ဆက်နွယ် နေနိုင်တယ် ဆိုတဲ့၊ ကောလ ဟာလ တွေလည်း ရှိတယ်။ ”
အန်းလျူယွင်၏ သတင်း စကားကြောင့်၊ လင်းယွန် မျက်လုံးများ တောက်ပ လာခဲ့သည်။
“ ဂီတအိမ် လေးလုံး အကြောင်း ပြောပြ ပါဦး။ ”
“ နှင်းပျံ စံအိမ်က ... လက်နက် ကျွမ်းကျင်တယ်၊ နန်းတော် ခုနစ်လုံးက အက၊ ပန်း ပင်လယ်က ဗျပ်စောင်းနဲ့ ဓား ကျွမ်းကျင်တယ်။ ”
“ ကောင်းကင် ရနံ့ သင်းသင်း ကရော။ ”
“ ကောင်းကင် ရနံ့ သင်းသင်းက ... ၊ ဂီတ အိမ် လေးလုံးမှာ နောက်ဆုံး အဆင့်ပဲ၊ သူတို့မှာ မြင့်မြတ်သော နတ်သမီးကို မမွေးဖွား နိုင်တာ နှစ်ပေါင်း ရာဂဏန်း ရှိနေပြီ၊ ...
... ဒါကြောင့် သူတို့ကို ... ၊ ဂီတအိမ် လေးလုံးထဲ ကနေ၊ ထုတ်ပယ်ဖို့ ကြိုးစားလာ ကြတယ်။ ”
“ နတ်သမီးက ကောင်းကင် ရနံ့ သင်းသင်း အတွက်၊ အရေးကြီး လို့လား။ ”
“ အရေး ကြီးတယ်၊ ကောင်းကင် ရနံ့ သင်းသင်းက၊ နတ်သမီး အကကို အမွေ ဆက်ခံ ထားတယ်၊ ဒါကြောင့် နတ်သမီး ကသာ၊ ကောင်းကင်ဘုံ ကိုးပါး ကကြိုး ဆိုတဲ့၊ ...
... နတ်သမီး အကကို အောင်မြင်ရင်၊ မျိုးဆက် တစ်ဆက် တည်းမှာ ရှိတဲ့၊ ကချေသည် အားလုံးကို နှိမ်နှင်း နိုင်ပြီး၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ရတနာသိုက် ကိုပါ ဖွင့်နိုင် လိမ့်မယ်၊ ဒါပေမယ့် ...
... လေ့ကျင့် ရတာ ခက်တယ်၊ ကိုးပါး ကောင်းကင် ချပ်ဝတ် သီချင်းနဲ့ တွဲဖက် ရမယ် လို့ ကြားတယ် ... ။ ”
“ နားလည်ပြီ ... ။ ”
လင်းယွန်မှ ခေါင်းညိတ်၏။
“ သခင်လေး လင်း၊ ဒါကို ကြည့်စမ်း။ ”
အန်းလျူယွန်က နံရံ တစ်ချပ် ထံသို့ လျှောက်သွားပြီး၊ ရှုပ်ထွေးသော ဝိညာဉ် ရေးရာ အစီရင်ကို ဖွင့်ကာ၊ စာအုပ် တစ်အုပ် ထုတ်ယူ လျက် ကမ်းပေး လာသည်။
“ ဒါက ... ။ ”
အန်းလျူယွင်မှာ ရုတ်တရက် မျက်နှာ နီရဲလျက်၊
“ သခင်လေး လင်း ... ၊ ကိုယ်တိုင် ကြည့်ပါ ... ။ ”
-ဟု ခေါင်းငုံ့ကာ ဖြေလေသည်။
ထို့ကြောင့် စာအုပ် ခေါင်းစဉ်ကို ငုံကြည့်ပြီး၊ ဖွင့်ဖတ် လိုက်သော အခါတွင်၊ အဘယ်ကြောင့် အန်းလျူယွင် မျက်နှာပျက် နေရ သည်ကို သိလိုက် ရသည်။
စာအုပ် အမည်မှာ၊ “ သဟဇာတ ” ဖြစ်ပြီး၊ ကောင်းကင် နတ်မိစ္ဆာ ကျမ်း— ဟန်ချက် ညီညီ မှ၊ ထုတ်နုတ် ထားခြင်း ဖြစ်သည်။
“ ယင်နဲ့ ယန်က အချင်းချင်း အားဖြည့် ပေးတာကြောင့်၊ တစ်ယောက်ထဲ လေ့ကျင့်ရင်၊ ပြဿနာ ရှိနိုင်တယ်၊ သူ့ကို ကျင့်ကြံဖို့ လိုအပ် ချက်က၊ စုံတွဲ တစ်တွဲ ဖြစ်နေ ဖို့ပဲ၊ သခင်လေး လင်း၊ စမ်းကြည့် ချင်လား။ ”
“ စမ်းကြည့်မယ် ... ။ ”
လင်းယွန် အဖြေကြောင့်၊ အန်းလျူယွင်မှ ပြုံးလျက် ခေါင်းငုံ့ သွား၏။ ထို့နောက် ဟန်ချက် ညီညီကို တစ်ညကြာ လေ့ကျင့် ကြ ပြီးနောက်၊ မနက်လင်း ချိန်၌၊ နှစ်ယောက်သား အခန်း ထဲမှ ထွက်ကာ၊ ကူကျွင့်နှင့် တွေ့ဆုံ လိုက်သည်။
အိမ်ဖော် လေးယောက်မှ၊ ကူကျွင့်အား နှိပ်နယ် ပေးနေ၏။ ၎င်းတို့က လင်းယွန် ဝင်လာ သော အခါ၊ ထွက်ခွာ သွားကြသည်။
ကူကျွင့်က သူ့လက် ထဲရှိ သူတော်စင် အသီးကို ချလိုက်ပြီး၊ လျှို့ဝှက်ချက် တစ်ခုကို ရှာဖွေ တွေ့ရှိ ထား သကဲ့သို့၊ လင်းယွန်ထံ ကြည့်ကာ ပြုံးသည်။
“ မင်း ... ကြည့်ရတာ ... ၊ ကောင်းကင်ဘုံ ကြယ်ခန်းမ တာဝန်ခံနဲ့ ... နက်ရှိုင်းတဲ့ ဆက်ဆံ ရေး ... ရှိပုံ ရတယ်။ ”
“ အဲဒီ မဟုတ်ရင် ... ဒီမှာ နေပြီး အခုလို မင်းဇိမ်ခံလို့ ရမယ်များ ထင်နေလား၊ တကယ် အရှက် မဲ့တဲ့ အဖိုးကြီးပဲ။ ”
တော်ဝင် သူတော်ဝင် ဆေးလုံး ဆယ်လုံး၊ နဂါး မူလ ပုလဲ၊ သူတော်စင် အသီး အနှံများကို၊ စားသုံး ထားကြောင်း၊ အန်းလျူယွင်မှ စာရင်း ပြခဲ့ သဖြင့်၊ လင်းယွန်က ဆိုလိုက်ခြင်း ဖြစ်သည်။
“ ငါ ချေးတာပါ။ ”
ကူကျွင့်က လင်းယွန်၏ ဆိုလိုရင်းကို သိကာ၊ ငြင်းဆန်၏။
“ ဒါဆို ပြန်ပေးဖို့ မမေ့နဲ့။ ”
လင်းယွန်မှ ကူကျွင့်အား ပြောပြီး၊ ထထွက်လာ ခဲ့သည်။ ပြန်ပေး ရမည် ဆိုသော ကြောင့်၊ ကူကျွင့် တစ်ယောက် စိတ်ပျက် သွား ကာ၊ လင်းယွန်နောက် ထလိုက် လာသည်။
ဤအကြောင်း အရာ များကို၊ သူတော်စင် အကြီးအကဲထံ ပြန်ပြော ခဲ့လျှင်ပင်၊ လင်းယွန်မှ ဂရုစိုက်မည် မဟုတ် သဖြင့်၊ ခြိမ်းခြောက်ရန် စိတ်ကူးအား စွန့်လွှတ် လိုက်သည်။
“ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ... အထွတ် အထိပ် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ ဒုတိယ အကြီး အကဲ တစ်ယောက် အနေနဲ့ ဒီလောက် အထိ၊ သရုပ် မပျက် သင့်ဘူး။ ”
လမ်း၌ လင်းယွန်မှ စကား ဆိုသည်။
“ ငါက အခုလို ချေးငှား ချင်နေတယ်များ မင်းထင်လား၊ ကောင်းကင် ရနံ့ သင်းသင်းကို၊ သူတော်စင် အကြီး အကဲ ရောက်လာ ပြီးတဲ့ အချိန်က စပြီး၊ အရာ အားလုံး ပြောင်းလဲ သွားတယ်၊ ...
... ဆေးခန်းမက ... ခုဆို သူတော်စင် အကြီးအကဲ စကားပဲ နားထောင် တော့တယ်၊ ဘယ်သူ့ကိုမှ ချေးငှား တာတွေ မလုပ်ဘူး။ ”
ကူကျွင့်က သက်ပြင်းချလျက် ပြန်လည် ဖြေရှင်း လာသည်။
“ ဒါဆို အကြီးအကဲ တေွကို ... ၊ ပြဋ္ဌာန်း ထားတဲ့ စည်းမျဉ်း ဥပဒေ အပေါ်၊ ဖောက်ဖျက် လိုက်တာပဲ။ ”
“ ဟမ့် ... မင်း ဘာသိလဲ ... ၊ လူတိုင်းက မင်းလို ကံကောင်းမယ်များ ထင်လား၊ တော်ဝင် သူတော်စင် ဆေးလုံးနဲ့၊ နဂါး မူလ ပုလဲ တွေက အရမ်း အဖိုး တန်တယ်၊ ...
... ကောင်းကင် ရနံ့ သင်းသင်းရဲ့၊ အထွတ် အထိပ် အချိန်မျိုး မှာတောင်၊ များများ စားစား မပေး နိုင်ဘူး။ ”
စကား စမြည် ပြောကာ၊ လမ်းလျှောက် လာစဉ်၊ ကဆုန်ပေါက် ပြေးလွှား လာ နေသော မြင်းခွာ သံများ၊ ကြားလိုက် ရသည်။
ယင်းမှာ သူတို့၏ ဦးတည် ရာသို့ ပြေးလွှားလာ နေသော သားရဲ နက်ကြီးများ ဖြစ်လေသည်။
သူတို့ ပေါ်တွင် စစ်သူရဲ ချပ်ဝတ်များ ၀တ်ဆင် ထားပြီး၊ အစွမ်း ထက်သော ရောင်ဝါ အချို့၊ ထုတ်ဖော် ထားသည့် လူတစ်စု ပါရှိ၏။
သူတော်စင် များမှ အပ ကောင်းကင် မြို့တော်တွင် ပျံသန်းခြင်းကို တားမြစ် ထား သည်။
ထို့ကြောင့် မည်သူ မဆို ၎င်းတို့၏ တောင်ပေါ် သို့မဟုတ် မြို့တော် အတွင်း သားရဲ များကို စီးနင်း လို ပါက၊ ရာထူး တစ်ခု ရှိရ ပေမည်။ လူတိုင်း လမ်းဘေး ဆင်းကာ ရှောင်တိမ်းပေး ကြ၏။
“ ဒါ လျူ မိသားစုရဲ့ ... အနက်ရောင် တပ်သား တွေပဲ၊ သူတို့ ပေါ်လာပုံ အရ ဆိုရင်၊ တစ်ယောက် ယောက်က၊ လျူ မိသားစုကို စော်ကား ခဲ့တာ ဖြစ်မယ်။ ”
အနက်ရောင် အစောင့် တပ်သား များကို တွေ့သော အခါ၊ အနီး ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားသင့် ကုန် ကြသည်။
“ သူတို့က ... ။ ”
လင်းယွန်က မျက်ခုံးပင့်ကာ မေးလိုက်၏။
“ အဲဒါ ... လေဓား သခင်ရဲ့ သီးသန့် စစ်တပ်ပဲ၊ နတ်နဂါး အင်ပါယာက ကြက်သွေး ရောင် စစ်တပ်နဲ့ အတူတူ လေ့ကျင့်ခွင့် ရထား တယ်လို့ ကြားဖူးတယ်။ ”
ရှင်းပြပြီး သော်မှ လင်းယွန် တစ်ယောက် နောက်ဆုတ် ပေးရန် ဆန္ဒ မရှိ သဖြင့်၊
“ ရှောင်ပေးလိုက် ... ။ ”
-ဟု ကူကျွင့်မှ ထုတ်ပြော လိုက်ရသည်။
“ မရဘူး၊ သူတို့က ငါ့ဆီ လာတာ။ ”
လင်းယွန်က ပြန်ဖြေ၏။ အနက်ဝတ် စစ်တပ်မှာ၊ လင်းယွန်နှင့် မီတာတစ်ရာ အကွာ၌ ရပ်တန့် သွားသည်။
တပ်ဖွဲ တစ်ခု လုံးသည် လေးလံသော ချပ်ဝတ်များ ဆင်မြန်း ထားပြီး၊ မျက်လုံးများ ကိုသာ ထုတ်ဖော် ထား၏။
ခေါင်းဆောင်မှ သူ့မျက်နှာ ဖုံးအား တွန်းတင်လျက်၊ ရှေ့လှမ်း ထွက် လာသည်။ ယင်းမှာ လျူချန်ရှင်း ဖြစ်ချေ၏။
“ ငါ မင်းကို စောင့်နေတာ ... ။ ”
လျူချန်ရှင်းက အေးစက်စက်ဖြင့် ပြုံးပြ လာသည်။ ဤရက်များ အတွင်း လင်းယွန်၏ သတင်းကို စုံစမ်းခဲ့ သဖြင့် moniker လင်းရှောင် ဟူသော အမည်ကို သိရှိ ခဲ့သည်။
“ ဒီကိစ္စ လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ် ဖူးလို့ ... မင်းကို ငါ ပြောခဲ့တာ မှတ်မိ သေလား ... လင်းရှောင်။ ”
ဤလူငယ်တွင် ကြီးမားသော နောက်ခံ ရှိမည်ဟု ထင်ခဲ့ သော်လည်း၊ ကောင်းကင် ရနံ့ သင်းသင်းမှ လူယုတ်မာ တစ်ဦး မျှသာ ဖြစ် နေသည်။
ထို့ကြောင့် လက်စား ချေရန်၊ အနက်ရောင် စစ်သူရဲ (၆၀)ကို ခေါ်ဆောင် လာခဲ့သည်။ အနိမ့် ဆုံးမှာ၊ ပဉ္စမ သွေးလွှတ်ကြော ဖြစ်၏။
သူ့ အနားရှိ နှစ်ယောက် မှာမူ၊ အထွတ် အထိပ် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင် ဖြစ်လေသည်။
“ အဘိုးကြီး ... ၊ အနက်ရောင် စစ်သူရဲ တွေကို မြင်တာတောင် ... ရပ်နေသေး တာလား၊ အခု ထွက်သွားစမ်း။ ”
လျူချန်ရှင်းက လင်းယွန် နောက်ရှိ၊ ကူကျွင့်၏ ကျင့်ကြံမှုကို မမြင်နိုင် သောကြောင့် မောင်းထုတ် မိလေသည်။
“ ဟား ဟား ဟား ... ဟုတ်ပါပြီ ... ဟုတ်ပါပြီ၊ ငါ အခု ထွက်သွား လိုက်ပါ့မယ်။ ”
ကူကျွင့်က ပြုံးလျက် ဦးညွှတ်ကာ ဘေးသို့ ဆုတ်ခွာ လိုက်သည်။ ယင်းက ကူကျွင့် အပေါ် များစွာ စိုးရိမ် နေမိသော လျူချန်ရှင်းအား အထင်သေး သွားစေ၏။
“ သွားစရာ မလိုဘူး။ ”
လင်းယွန်မှ လှမ်းပြော လိုက်သည်။ ဦးညွှတ်ပြီး ထွက်သွား တော့မည့် ကူကျွင့်မှာ၊ ရုတ်တရက် ခါးမတ် သွား၏။
သူက လင်းယွန်အား ပြုံးပြုံးကြီး လှည့် ကြည့်ကာ၊
“ ဒါက ဇာတ်လမ်း အသစ်ပဲ၊ ပြီးတော့ သူတို့က လေဓား သခင်ရဲ့ ... မိသားဝင် တွေမို့၊ ငါ့လို အဖိုးကြီး တစ်ယောက်က ဖြေရှင်း နိုင်တဲ့ အင်အား မရှိဘူး ။ ”
“ ဘယ်လောက်လဲ ပြော ... ။ ”
လင်းယွန်က ကူကျွင့်အား စိုက်ကြည့်ကာ မေးသည်။
“ ခွေးအိုကြီး ... ၊ ငါမင်းကို ထွက်သွားလို့ ပြောနေတာ မကြား ဖူးလား။ ”
ကူကျွင့်မှ လင်းယွန် မေးခွန်းကို၊ ဖြေ တော့မည့် အချိန်တွင်၊ လျူချန်ရှင်းမှာ စိတ် မရှည် တော့ချေ။
“ ဟား ဟား ဟား ... ၊ မင်းရဲ့ ဒီစကား တစ်ခွန်း အတွက်၊ လက်တစ်ဖက်ကို ငါ ယူလိုက် မယ်။ ”
ကူကျွင့်က လင်းယွန်ကို ပြုံးပြ နေရာမှ၊ အေးစက်သော အမူ အရာဖြင့်၊ လျူချန်ရှင်း ထံ လှည့်လာ တော့သည်။
၎င်းမှ ထုတ်လွှတ်သော ရောင်ဝါ ကြောင့်၊ အနက်ရောင် သားရဲများ အားလုံး၊ ဒူးထောက် ကျသွားသည်။
“ ထွက်သွား ... ။ ”
ကြောက်စရာ ကောင်းသော အအေးဓာတ် များက၊ အနက်ရောင် စစ်သူရဲ များ၏ ချပ်ဝတ် များကို၊ ကြေမွှ သွားစေ၏။
မတ်တပ် ပြန်မရပ် နိုင်ခင်၊ နိဗ္ဗာန် အဆင့် ရောင်ဝါ လှိုင်းလုံးကြီး များက၊ အနက်ရောင် စစ်သူရဲ များကို၊ ရိုက်ထုတ် တော့သည်။
“ လာခဲ့ ... အရိုင်း အစိုင်းလေး။ ”
ကူကျွင့်က လက်ဆန့် တန်းကာ၊ လျူချန်ရှင်း၏ လက်မောင်းကို အဝေးမှ ဖမ်းဆုပ် လိုက်သည်။
“ မကောင်း တော့ဘူး ... ။ ”
လောက နိယာမ နယ်ပယ် ကျွမ်းကျင် ပညာရှင် နှစ်ဦး၏ မျက်နှာများ ပြောင်းလဲ သွား ကာ၊ လျူချန်ရှင်း ပခုံးကို ဆွဲလျက်၊ ထွက်ခွာရန် ပြင်လိုက် ကြ တော့သည်။
***