အနောက်ဘက် ဥယျာဉ် ... ။
Vol. 123 Ch. 1712
ကူကျွင့် လှုပ်ရှား လာသဖြင့်၊ လျူချန်ရှင်း ဘေးနားရှိ အဖိုးအို နှစ်ယောက်၏ မျက်နှာများ ပြောင်းလဲ သွားသည်။
အဘိုးကြီး နှစ်ယောက်က လျူချန်ရှင်း ပခုံးအား ဖမ်းဆုပ်ကာ၊ ဆွဲထုတ်ရန် ကြံရွယ် လိုက်၏။
၎င်းတို့ နှစ်ဦး စလုံးသည် နိဗ္ဗာန် အဆင့်၌ ရှိနေသဖြင့်၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားသည်။
နိဗ္ဗာန် အဆင့် ကျွမ်းကျင် သူသည် ဓားဂိုဏ်း၌ တောင်ထိပ် သခင် အဆင့် အတန်း ဖြစ်သည်။ ထို့ကြောင့် လျူမိသားစု၏ အုတ်မြစ် အပေါ်၊ အနည်းငယ် ထိတ်လန့် မိ၏။
သို့တိုင် ၎င်းတို့ နှစ်ဦး အကာ အကွယ် ကြား၌ပင်၊ လျူချန်ရှင်းမှာ ကောင်းကင်ပေါ် ပျံတက် လာသည်။ အကျိုးဆက် အနေဖြင့်၊ အဖိုးအို နှစ်ဦးက ပခုံးကိုင်လျက် ပါလာ၏။
“ တတိယ သခင်လေးကို ဂရုစိုက်ပါ။ ”
ဘယ်ဘက်ရှိ အဘိုးအိုက ဆုံးဖြတ်ချက် ချလိုက်ပြီး၊ လျူချန်ရှင်း ပခုံးပေါ်မှ သူ့ လက်ကို ဖြေလျှော့ လိုက်သည်။
သူ့ခန္ဓာ ကိုယ်သည် လှိုင်းလုံးများ ကဲ့သို့ ကွဲအက် လျက်၊ အနက်ရောင် ငွေ့ရည် အဖြစ်၊ ပြောင်းလဲ သွား၏။
အနက်ရောင် အရည် အတွင်းမှ၊ စပါးအုံး မြွေနက်ကြီး တစ်ကောင် ထွက်လာကာ၊ အဆိပ် များ ပါဝင်သော မီးလျှံဖြင့်၊ မှုတ်ထုတ် လာ သည်။
“ ဟား ဟား ဟား ... ၊ မင်းက တကယ့် သားရဲပဲ။ ”
ကူကျွင့်က ရယ်လိုက်သည်။ အနက်ရောင် အဆိပ် မီးလျှံကို လျစ်လျူရှုလျက်၊ သူ့လက်အား လျူချန်ရှင်း လက်မောင်းထံ ဆန့်ထုတ်၏။
လူတိုင်း စိတ်ရှုပ်ထွေး လာစဉ်၊ ကူကျွင့် နောက်၌ ပလွေ၊ ဗျပ်စောင်းနှင့်၊ ဗုံကို ကိုင်ထား သော ပုံရိပ် သုံးရိပ် ပေါ်လာသည်။
ထို့နောက် သုံးဦးသား တပြိုင် နက်တည်း၊ တူရိယာ များကို တီးခတ် လိုက်သော အခါတွင်၊ အဆိပ် မီးလျှံများ အနား မကပ် နိုင်တော့ဘဲ၊ ငြိမ်းသွား ခဲ့၏။
ဟန့်တား မည့်သူ မရှိ သဖြင့်၊ လျူချန်ရှင်း ခန္ဓာကိုယ် ကြီးမှာ၊ ကူကျွင့်ထံသို့ ရွေ့လျားသွား တော့သည်။
“ အား ... ။ ”
နာကျင်မှုကြောင့် လျူချန်ရှင်း မျက်နှာ ပုံပျက် သွားသည်။ လက်မောင်း တစ်ဖက် ဖြုတ် ယူခံရကာ၊ မြေပြင် ပြုတ်ကျ သွား၏။
“ ဘာ လဲ ... ။ ”
အဘိုးကြီး နှစ်ယောက် တုန်လှုပ်လျက်၊ ကူကျွင့် လက်ထဲရှိ လက်မောင်း တစ်ဖက်အား၊ လှမ်းကြည့် လေသည်။
“ နောက် တစ်ခါ ဆို ... ၊ မင်းကိုယ်မင်း ဂရုစိုက်ပါ၊ ခွေးရိုက် ချင်ရင် ပိုင်ရှင်ကို ... ကြည့် သင့်တယ်၊ ...
... သူက ကောင်းကင် ရနံ့ သင်းသင်းရဲ့၊ သူတော်စင် အကြီးအကဲ တပည့်ပဲ၊ ဒါကြောင့် ဒီလက်မောင်း တစ်ဖက်ကို၊ ...
... ငါ ယူလိုက်မယ်၊ မင်း ... မျိုးနွယ်စုက စီနီယာ တစ်ယောက်ကို ... ၊ ကောင်းကင် ရနံ့ သင်းသင်းမှာ၊ လာ ယူခိုင်း လိုက် ... ။ ”
ကူကျွင့်မှ ခပ်တည် တည်ဖြင့်၊ ပြောလာ သောကြောင့်၊ လင်းယွန်က မျက်လုံး ပြူးပြီး၊ ပြန်ကြည့် မိသည်။
“ ငါ့ လက် ... ။ ”
လျူချန်ရှင်းက လက်မောင်းကို ပြန်ယူရန်၊ တွားသွားလို သော်လည်း၊ အဘိုးအို နှစ်ယောက် မှ၊ သူ့အား တားလိုက်သည်။
“ သွား ရ အောင် ... ။ ”
၎င်းတို့က ကူကျွင့်အား အနိုင် မယူ နိုင်မှန်း သိသဖြင့်၊ လျူချန်ရှင်းကို ခေါ်လျက် ပြတ်ပြတ် သားသား ထွက်ခွာသွား တော့သည်။
ကောင်းကင် မြို့တော်၌၊ ဤအဆင့် ကျွမ်းကျင် ပညာရှင် ရှားချေ၏။ သူတော်စင် မပေါ် သရွေ့၊ ကူကျွင့်မှာ အသန် မာဆုံး ဖြစ်သည်။
လူတိုင်း ထွက်ခွာ သွား ပြီးနောက်၊ အေးခဲနေသော လက်မောင်း အား ကြည့်ကာ လင်းယွန်မှ၊
“ ဒီလက်မောင်းကို တော်ဝင် သူတော်စင် ဆေးလုံးနဲ့၊ လဲမလို့ ... မဟုတ်လား။ ”
-ဟု မေး လိုက်သည်။
သူ့အတွေး များကို ဖော်ထုတ် ခံလိုက်ရ သဖြင့်၊ ကူကျွင့် မျက်နှာ နီရဲ လာပြီး၊
“ ငါ့ကို မဟုတ်တာ မပြောနဲ့၊ ငါ ... မင်းအတွက် လက်စားချေ ပေးတာ။ ”
-ဟု ငြင်းဆန်၏။
“ ဒါဆို ခွေးရိုက် ချင်ရင် ... ပိုင်ရှင်ကို ကြည့် ဆိုတာရော။ ”
လင်းယွန်မှ အေးစက်စွာ ပြန်မေးသည်။
“ ဒါက တိုက်ဆိုင် သွားတာပါ၊ အဟွတ် ... အဟွတ်။ ”
ကူကျွင့် တစ်ယောက် ဟန်လုပ် ချောင်းဆိုးကာ၊
“ သွား ရ အောင်၊ ဒီနေရာက မလုံခြုံ တော့ဘူး၊ လျူ မိသားစုက လူတွေ ဒီနေရာကို အချိန် မရွေး ရောက်လာ နိုင်တယ်။ ”
-ဟုပြောကာ၊ ဦးဆောင် ထွက်ခွာ လာခဲ့သည်။
မားမကြာမီ မြစ်တစ်စင်းကို ဖြတ်ကူးပြီး ချိန်၌၊ ဧရာမ ခြံဝင်း ကြီးအား တစ်ခုအား မြင် လိုက်ရသည်။
ကောင်းကင် ရနံ့ သင်းသင်းတွင် တောင်ပေါင်း (၃၆)လုံး ရှိကာ၊ ခြံဝင်းပေါင်း (၄၀) ကျော် ရှိသည်။
ထိုခြံဝင်း များကို တံတိုင်းကြီး တစ်ခုဖြင့် ကာရံ ထားပြီး၊ မြစ် တစ်စင်း ပတ်ခွေ စီးဆင်း နေသည်။
ထိုကဲ့သို့ပင် ဤခြံဝန်း တွင်လည်း မြေဧက များစွာ ကျယ်ပြီး၊ မြစ်ဆိပ်၌ လှေအများ အပြား ဆိုက်ကပ် နေသည်။ လှေပါ်မှ လူ များစွာက၊ ခြံဝင်း ဆီသို့၊ ဦးတည် နေကြသည်။
ခြံဝင်း တစ်ခုလုံး ခမ်းနား ထည်ဝါကာ၊ ပတ်ဝန်းကျင်နှင့် လုံးလုံး လျားလျား ပေါင်းစပ် နိုင်အောင်၊ ဤမြစ်အား သူတော်စင် တစ်ပါးမှ ဖန်တီး ထားခြင်း ဖြစ်ချေသည်။
“ ဒီခြံက ... ၊ ဘယ်သူ ပိုင်တာလဲ။ ”
“ လျူ မိသားစု ... ။ ”
“ ဘာနေ့မို့ လူတွေ အများကြီး လာရ တာလဲ ။ ”
“ လေဓား သခင်ရဲ့ ... ၊ အနောက်ဘက် ဉယျာဉ် ပွဲတော်ပဲ ... ၊ ဧကရီက လေဓား သခင် ဘွဲ့ကို၊ ပေးပြီးတဲ့ အချိန်တိုင်း နှစ်စဉ်၊ ဒီအချိန် ရောက်ရင် ပွဲခံတယ်၊ ဒီတစ်ကြိမ်တော့ ...
... နိဗ္ဗာန် ပွဲတော်နဲ့ ... နီးစပ်တဲ့ အတွက် ရိုးရှင်းမယ် မထင်ဘူး၊ မီးငှက် ပြည်နယ်ရဲ့ ဂီတ အိမ် အားလုံးကို ဖိတ်ကြား ထားတယ်၊ မြင့်မြတ် မြေ ခြောက်ပါးက ပါရမီရှင် တွေတောင် ပါနိုင် တယ်လို့ ကြားထားတယ်။ ”
“ ကောင်းကင် ရနံ့ သင်းသင်းကို မဖိတ် ဖူးလား။ ”
“ မဖိတ်ဘူး ... ၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့၊ နေရာကို အစား ထိုးချင် နေတဲ့ နောက်ကွယ်က လူတွေ ထဲမှာ၊ ...
... သူလည်း ပါတယ်၊ ခမ်းနားသော ရုံးတော်ကို ကြိုးဆွဲ နေတာ သူတို့ပဲ၊ ဒါကြောင့် ဒီပွဲမှာ ရှတောင်ဖေး တို့တောင် ... ရောက်နေ နိုင်တယ်။ ”
“ ဘာ ဓိပ္ပါယ်နဲ့ ... သူတို့က ပစ်မှတ် ထားတာလဲ။ ”
“ ငါတို့ရဲ့ နတ်သမီးလေး အတွက်ပဲ၊ နတ် သမီး လေးကို ချစ်ရေး ဆိုခဲ့ ပေမယ့် ... ၊ အကြိမ် ပေါင်း များစွာ ငြင်းပယ် ခံခဲ့ ရအတွက်၊ လက်စားချေ ချင်နေတာ။ ”
ကူကျွင့်မှ ပြုံးလျက် ပြန်ဖြေ၏။
“ သူ့လို အရည် အချင်း ရှိတဲ့ ... ၊ လူ တစ်ယောက်က အမျိုးသမီး တစ်ယောက်နဲ့ ပတ်သတ်ပြီး၊ ဒီလိုတွေ လုပ်စရာလား။ ”
“ အမှန်တော့ ... ၊ ဒါက ပထမ အကြောင်း ပြချက် တစ်ခုပဲ ... ၊ အဓိက အကြောင်း ပြချက် က ... ၊ ဂီတအိမ် လေးလုံးထဲ ကနေ၊ ငါတို့ကို ထုတ်ချင်တာ၊ ...
... ငါ့တို့ နေရာမှာ အစားထိုး နိုင်ရင်၊ နိဗ္ဗာန် ပွဲတော်ရဲ့ ခွဲတမ်းတွေ ရမယ် မဟုတ်လား၊ ဒါဆို သူ့ကို ပံ့ပိုးပေး နေတဲ့ ... ၊ အင်ပါယာ အတွက်၊ အကျိုးဆောင် တဲ့အခါ၊ ...
... ပိုထိ ရောက် နိုင်မယ်၊ ဘာလို့ လဲဆို နတ်နဂါး အင်ပါယာက နိဗ္ဗာန် နန်းတော်ကို စိတ်ဝင်စား နေလို့ပဲ။ ”
ကူကျွင့် စကား များကြောင့်၊ လင်းယွန်မှာ အနည်းငယ် ငြိမ်သက် သွားသည်။ ခွန်လွန်တွင် မည်သည့် နေရာ သွားသွား၊ အင်ပါယာ လက်မှ လွတ်ရန် ခက်ခဲ နေပုံ ရသည်။
“ ဒီကို ရောက်နေပြီ ဆိုတော့ ... သွားကြည့် ရအောင်။ ”
“ မင်း သေချင် နေတာလား၊ ဒါက လျူ အိမ်တော်ပဲ၊ သူတို့က ရှေး သူတော်စင် မိသားစု တွေ ... ၊ အထဲမှာ မင်းကို ငါ ကာကွယ် နိုင်မှာ မဟုတ်ဘူး။ ”
ကူကျွင့်မှ ထိတ်လန့်သွားသည်။
“ သရုပ်ဆောင် နေတာကို ရပ်လိုက် ... ၊ မင်းငါ့ကို ဒီကို ခေါ်လာ ရတဲ့ အကြောင်း ရင်းက၊ အဲဒီကို သွားစေ ချင်လို့ မဟုတ် ဖူးလား။ ”
“ ဘယ်တော့ သွားမလဲ။ ”
“ ည ... ။ ”
ဤလင်းရှောင်သည် သူ့ ရည်ရွယ်ချက် များကို အလွယ် တကူ မြင်နိုင် သောကြောင့်၊ ကူကျွင့်မှ ပခုံးတွန့် လိုက်မိသည်။
ယင်းကို သိသော်မှ တည်ငြိမ် နေသဖြင့်၊ လင်းရှောင် နောက်ခံသည် ရိုးရှင်းမည် မဟုတ် ကြောင်း၊ မှန်းဆ နိုင်၏။
ညရောက်သော အခါ၊ မြစ်ကို ဖြတ်ပြီး ဂိတ်ပေါက်သို့ လျှောက်လှမ်း လာမိသည်။ ခြံထဲ ၌ ဧည့်သည် များနှင့် စည်ကား နေ၏။
မြင့်မြတ်မြေ (၆)ပါးမှ ပါရမီရှင်များ အပြင်၊ ထူးချွန်သူ များစွာလည်း ပါရှိ နေသည်။ ယင်းက လေဓား သခင် တစ်ယောက် အဘယ်ကြောင့်၊ ကောင်းကင် ရနံ သင်းသင်းကို၊ အန်တုရန် ကြံရွယ် နိုင်ကြောင်း နားလည် စေသည်။
ထို့ကြောင့် ဂီတ သမား တစ်ယောက် အသွင်ရန်၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းအား ထုတ်လွယ်လျက်၊ လူအုပ်နှင့် ရောနှော လိုက်သည်။
“ သူတို့ အားလုံး ... သစ်ခွ တောင်ကြားက လူတွေပဲ ဟုတ်-မဟုတ် သေချာ စစ် ... ။ ”
“ မင်း ရူးနေလား ... ၊ အနောက်ဘက် ဉယျာဉ် ဧည်ခံပွဲကို၊ ဘယ်သူက ပြဿနာ လာ ရှာရဲ မှာလဲ ... စစ် မနေနဲ့ ပေးဝင်လိုက်။ ”
ထိုကဲ့ သို့ပင် လင်းယွန် တစ်ယောက် ဧည့်ခံပွဲအတွင်း၊ ချောမွေ့စွာ ဝင်ရောက် နိုင်ခဲ့ လေသည်။
“ မင်းက ... ဘယ်သူ့ ဂျူနီယာလဲ၊ မင်းကို ငါမတွေ့ ဖူးဘူး။ ”
ရုတ်တရက် သစ်ခွ တောင်ကြားမှ အမျိုးသမီး တစ်ဦးက၊ လင်းယွန်အား မေးမြန်း လာလေသည်။
“ စီနီယာ အစ်မ ယွင်ရှ ... ၊ မင်း ငါ့ကို မသိတာ မစမ်း ပါဘူး၊ ငါကတော့ မင်းကို အဝေး ကနေ မြင်ဖူး ပါတယ်၊ ငါ့ကို လင်းလေး လို့ ခေါ်ပါ၊ ငါ သစ်ခွ တောင်ကြားကို ရောက်တာ ခြောက်လပဲ ရှိပါ သေးတယ်။ ”
လင်းယွန်က ပြုံးပြီး ပြန်ဖြေ၏။ တစ်စုံ တစ်ယောက်မှ၊ ဤအမျိုးသမီး အမည် ခေါ်သံကို ကြားထား ဖူး သဖြင့်၊ ကံကောင်း သွားသည်။
ထို့ပြင် သူ့၌ တစ်ကြိမ် ကြားရုံဖြင့်၊ တစ်သက်လုံး စွဲထင် စေသော မှတ်ဉာဏ်မျိုး ပိုင်ဆိုင် ထား ချေ၏။
“ ဟုတ်လား ... ကောင်းပြီ ... ၊ ဒီပွဲမှာ ကောင်းကောင်း စွမ်းဆောင် နိုင်ပါစေ၊ လေဓား သခင် ရှေ့မှာ၊ ငါတို့ သစ်ခွ တောင်ကြားကို အရှက် တကွဲ မလုပ်နဲ့။ ”
ယွင်ရှမှ လင်းယွန်ကို သံသယ မဝင် တော့ဘဲ၊ သတိပေး လာသည်။
“ လေဓား သခင်က ဘယ်လို လူမျိုးလဲ။ ”
လင်းယွန်မှ မေး၏။
“ လေဓား သခင်က ထူးခြားတယ်၊ သူရဲ့ အဓိက လမ်းက သိုင်းတာအို ဖြစ်ပေမယ့်၊ ဂီတ တာအို ကိုလည်း ကျွမ်းကျင်တယ်၊ ရှေးဟောင်း နုတ်တွေကို လိုက်စား တာကြောင့်၊ နှစ်တွေ ကြာလာ တာနဲ့ အမျှ၊ ...
... ဂီတအိမ် လေးလုံးမှာ၊ နောက်ဆုံး ဖြစ်နေတဲ့ ... ၊ ကောင်းကင် ရနံ သင်းသင်းကို လိုက်မီ လာတယ်၊ အခုဆို ဂီတအိမ် လေးလုံး ထဲ ကနေ၊ ကောင်းကင် ရနံ့ သင်းသင်းကို ဖယ်ထုတ်ဖို့၊ ကြံစည် နေတယ်လို့ ကြားတယ်။ ”
ယွင်ရှ စကား အရ၊ လေဓား သခင်၏ ရည်ရွယ် ချက်မှာ၊ ပေါ်ပေါ် တင်တင် ဖြစ်နေ သည်။ ထို့ကြောင့် လင်းယွန်မှ အံ့သြ သွား၏။
“ ကောင်းကင် ရနံ့ သင်းသင်းက၊ သူတို့ အပေါ်၊ အပြစ် တစ်ခုခု လုပ်ထား မိ လို့လား။ ”
“ လေဓား သခင်က ... ကောင်းကင် ရနံ့ သင်းသင်းရဲ့ ... နတ်သမီးကို တွေ့ဖို့ တောင်းဆို တာကို သူတို့က အကြိမ်ကြိမ် ငြင်းပယ်တယ်၊ ဒါက အပြစ်ပဲ မဟုတ် ဖူးလား။ ”
ထိုအဖြေကြောင့် ယွင်ရှမှာ၊ လေဓား သခင်ကို မြတ်နိုးသူ ဖြစ်ကြောင်း၊ သိလိုက် ရသည်။
ယွဲ့ဝေဝေ အတွက်မူ၊ လေဓား သခင် ဟူသည် အမှိုက် မျှသာ ဖြစ်၏။
“ ဒါပေမယ့် ... ကောင်းကင် ရနံ့ သင်းသင်းမှာ၊ စိတ်ဝင်စား စရာ ကောင်းတဲ့ လူ တစ်ယောက်၊ မကြာသေး မီက ပေါ်လာတယ်၊ ခမ်းနားသော ရုံးတော်က၊ ...
... စိန်ခေါ်ဖို့ သွားခဲ့ ချိန်မှာ၊ အဲဒီ လူက အားလုံးကို အနိုင်ယူ ခဲ့တယ်၊ သူက ဘယ်လို အသွင် အပြင်မျိုး ရှိနေလဲ သိချင်သား။ ”
ယွင်ရှ စကားကြောင့် လင်းယွန်မှ ပြုံးမိသည်။ ဤသို့ဖြင့် အကြောင်း အရာ များစွာ ကို၊ ယွင်ရှ ထံမှ ကြားသိ လာရသည်။
စကား စမြည် ပြောဆိုလျက်၊ လျှောက် လာမိသည်မှာ၊ အမွှေးတိုင် လောင်ကျွမ်းသော အချိန်၊ တစ်ဝက်မျှ ကြာပြီးနောက်၊ အနောက် ဘက် ဥယျာဉ်သို့ ရောက်ရှိ လာတော့သည်။
***