← Chapters

ရှဟိုဖုန်းနှင့် ရှင်းဝူဟန်။

Vol. 123 Ch. 1713

ရှဟိုဖုန်းနှင့် ရှင်းဝူဟန်။

Vol. 123 Ch. 1713

ဤပွဲသည် ကြီးကျယ် ခမ်းနားပြီး၊ ထိုင်ခုံ အားလုံး ပြည့်နေ ခဲ့သည်။ ပင်မ စားပွဲကို စင်မြင့် တစ်ခု ပေါ်တွင်၊ တည်ခင်း ထား၏။

၎င်းအောက်၌ ပြင်ပ ဂီတ သမား များနှင့် အခြားသော အထူး ဧည့်သည် များကို ရည်ရွယ် လေသည်။ ထို့အပြင် ခမ်းနား ထည်ဝါသော တောတောင် အတု အချို့ကို စားပွဲ အဖြစ် ပြောင်းလဲ ခဲ့၏။

ပင်မ စားပွဲ ထိပ်သည် လေဓား သခင် အတွက် ဖြစ်ပြီး၊ ၎င်း၏ ဘယ်မှ ညာသို့ (နာရီ လက်တံ အတိုင်း၊) ရာထူး အဆင့် အတန်း အလိုက်၊ စီစဉ်ပေး ထားသည်။

အနောက်ဘက် ဥယျာဉ်၌၊ သူတော်စင် သွေးပြန်ကြော ပါရှိသော ရေကန်ကြီး တစ်ကန် ရှိလေသည်။

ပွဲမစမီ ရေကန်ကြီး ဘေး၌၊ လှပသော အမျိုးသမီး များစွာမှ၊ ကပြ ဖျော်ဖြေ နေခဲ့ကြ၏။ အိမ်ထိန်းကြီး လျူက၊ သစ်ခွ တောင်ကြားအား၊ ဧည့်ခံပွဲ ထောင့် တစ်နေရာသို့ ခေါ်ဆောင် လာခဲ့သည်။

“ သူက ဘယ်သူလဲ ... ။ ”

ဝတ်ရုံ အပြာဝတ် လူငယ် တစ်ယောက် ရုတ်တရက် လျှောက်လှမ်း လာပြီး၊ လင်းယွန်ကို မျက်ခုံး ပင့်ကာ၊ မေးသည်။

ထိုသူသည် ထူးထူး ခြားခြား အသွင် ရှိကာ၊ အဝေးမှပင် သိပ်သည်းသော စိတ် စွမ်းအင်ကို၊ ခံစား နိုင်သည်။

လင်းယွန်၏ အကြည့် များက၊ လူငယ်၏ လက်ချောင်းများ ပေါ်သို့၊ ကျရောက် သွားသော အခါတွင်၊ အနည်းငယ် အံ့သြ သွား၏။

အကယ်၍ ထိုလက် တစ်စုံ သည်သာ၊ ဗျပ်စောင်း ကြိုးအား တီးခတ်မည် ဆိုသော်၊ ကြောက်စရာ ကောင်းမည်မှာ သေချာသည်။

“ စီနီယာ အစ်ကို ခုန်၊ သူက လင်းလေးပါ သစ်ခွ တောင်ကြားကို ရောက်တာ မကြာသေး ပါဘူး။ ”

အပြာဝတ် လူငယ်က လင်းယွန်အား တစ်ချက် ကြည့် လိုက်ပြီး၊

“ ဒါဆို သူ့ကို ဂရုစိုက်ပါ ... ၊ ဘာ အမှား အယွင်းမှ မရှိ ပါစေနဲ့၊ လေဓား သခင်က ဒီနေ့ ဂီတအိမ် တွေရဲ့၊ ပါရမီရှင် တွေကို ဖိတ်ကြား ထားတယ်၊ ရည်ရွယ်ချက်က ကောင်းကင် ရနံ့ သင်းသင်း အတွက်ပဲ။ ”

“ ဟုတ်ကဲ့ ... ၊ စိတ်မပူ ပါနဲ့၊ အဆင်ပြေ ပါလိမ့်မယ်၊ စီနီယာ အစ်ကိုခုန်က ဗျပ်စောင်းမှာ၊ အသန် မာဆုံးပဲ ... မျိုးဆက်တူ အတွင်း ပြိုင်ဘက် ကင်းပါတယ်။ ”

ယွင်ရှက ချီးကျူးစကား ဆိုလိုက်သည်။ ထို့ကြောင့် အပြာဝတ် လူငယ်က ပြုံးရယ်လာ တော့၏။

သူသည် ဂီတ ပညာရှင် တစ်ဦး ဖြစ် သောကြောင့်၊ နိဗ္ဗာန် ပွဲတော်သို့ သဘာဝ အတိုင်း ပါဝင် လိုခဲ့သည်။

သို့သော် ခွဲတမ်းသည် ဂီတအိမ် လေးလုံး လက်ထဲတွင် ရှိနေသည်။ အခြားသော ဂီတအိမ် သုံးလုံးမှာ၊ ပြဿနာ မရှိချေ။

ကောင်းကင် ရနံ့ သင်းသင်း သည်သာ၊ ခွန်အားများ ကျဆင်း နေ သောကြောင့်၊ ၎င်း၏ ခွဲတမ်းအား စွန့်လွှတ် စေလိုသည်။

အပြာဝတ် လူငယ်မှာ ယွင်ရှနှင့် စကား စမြည် ပြောနေစဉ်၊ လေဓား သခင်၏ အစေခံမှ သူ့အား ပင်မ စားပွဲနှင့် အနီးဆုံး နေရာသို့ ခေါ်ယူ သွားသည်။

ဤအရာသည် အပြာဝတ် လူငယ် အပေါ်၊ မျှော်လင့်ချက် ကြီးစွာ ထားရှိကြောင်း မြင်သာ စေ၏။

“ သူက ... ဘယ်သူလဲ။ ”

ထို့ကြောင့် လင်းယွန်မှ မေးမိသည်။

“ စီနီယာ အစ်ကို ခုန်ရင်လေ ... ဟား ဟား ဟား ... ၊ နင်က တကယ့်ကို လူသစ်ပဲ၊ ငါတို့ရဲ့ သစ်ခွတောင် ကြားက တပည့်ကြီး ကိုတောင်၊ မသိ ဖူးကိုး။ ”

ယွင်ရှမှ ပြန်ဖြေသည်။ ယင်းကြောင့် အထောက် အထားအား ထုတ်ဖော်မိ လုနီးပါး ဖြစ်လာ သဖြင့်၊ လင်းယွန်မှ ရှက်ပြုံး ပြုံးလိုက် မိ၏။

သို့သော် ယွင်ရှမှာ၊ သူ့အား သံသယ ဝင်ပုံ မရချေ။ ထို့ကြောင့် အခြား မည်သူမျှ သူ့ အပေါ်၊ အာရုံ မထား တော့ဘဲ၊ ပွဲကိုသာ ဆက်လက် အာရုံစိုက် နေကြသည်။

နှစ်ဦးသား စကား စမြည် ပြောဆို နေ ကြစဉ်၊ တင့်တယ်သော အသွင်နှင့် လူငယ် တစ်ယောက်၊ ဥယျာဉ်ထဲ ဝင်လာ၏။

အသက် အရွယ် အရ ထိုလူသည် ငယ်ရွယ်သေး သော်လည်း၊ ကြီးမြတ်သော ရောင်ဝါကို ပေးစွမ်း နေသည်။

ဂုဏ်သိက္ခာ ရှိပြီး၊ ဖော်ရွေသော အသွင် အပြင်မျိုး ပိုင်ဆိုင် ထားသည်သာမက၊ မျက်ဝန်း ၌၊ လွှမ်းမိုး နိုင်စွမ်း ရှိချေ၏။

“ လေဓား သခင်။ ”

သူ ရောက်လာသော အခါ၊ လူတိုင်း လက်ဝှေ့ယမ်းလျက် နှုတ်ဆက် လိုက်ကြသည်။ လူငယ်က ခေါင်းညိတ် ပြပြီး၊

“ အစ်ကို ဟွမ် ... ။ ”

-ဟု ခေါ်လျက် သူ့ညာဘက်မှ လူငယ်ကို၊ အသိ အမှတ်ပြု လိုက်သည်။

“ သူက ... မင် တာအို ဂိုဏ်းရဲ့ ကိုယ်စား လှယ်ပဲ၊ သတင်းကြီး နေတာ တွေထက် ပိုကြည့် ကောင်းတယ်။ ”

ယွင်ရှ အပါဝင် သစ်ခွ တောင်ကြား၏ တပည့်မ များမှာ၊ မျက်နှာ နီရဲလျက် ထိုအစ်ကို ဟွမ် ဆိုသူထံ၊ ကြည့်လိုက် ကြသည်။

ယွင်ရှက အကြည့်အား မခွာ နိုင်သေးဘဲ၊

“ သူက ... ၊ ပင်မ နတ်ဘုရား နယ်ပယ် အဆင့် သတ်မှတ် ချက်မှာ ... ၊ အချိန် အတော် ကြာ၊ ပထမ ရထား ဖူးတယ်၊ အရှေ့ဘက် ပျက်စီး မြေရဲ့ ဟွမ်ရွှမ်ရီ ဆိုရင်၊ ...

... မသိသူ မရှိဘူး၊ အခု နဂါး သွေး လွှတ်ကြော နယ်မြေ ရောက်သွား တာတောင်၊ ကျော်ကြား နေတုန်းပဲ၊ တစ်ချိန်မှာ လေဓား သခင်လို ဩဇာ ကြီးမားတဲ့ ... လူငယ် တစ်ယောက် ဖြစ်လာ နိုင်မယ်။ ”

-ဟု ချီးကျူး စကား ဆိုလာ တော့သည်။

ဤလူငယ်သည် သူ့ကြောင့် မျက်စိကွယ် သွားသော်လည်း၊ ယခုမူ ပြန်လည် ကောင်းမွန် နေ သဖြင့်၊ လင်းယွန်မှ ခေါင်းညိတ် မိသည်။

မင် တာအို ဂိုဏ်းသည်၊ မြင့်မြတ်မြေ တစ်ခု ဖြစ်ရန်၊ အမှန်တကယ် ထိုက်တန် ပေ၏။ နတ် နဂါး ခေတ်တွင်၊ ဆေး သူတော်စင် တစ်ပါး ပိုင်ဆိုင်ရန်၊ မလွယ် လှချေ။

ထို့ကြောင့် လေဓား သခင်သည် လူများစွာ အနက်မှ ဟွမ်ရွှမ်ရီ အပေါ်၊ ဖော်ရွေစွာ စကား ပြောနေခြင်း ဖြစ်သည်။

မင်တာအို ဂိုဏ်း၏ ဩဇာ လွှမ်းမိုးမှုသည် ရှေးဟောင်း ပျက်သုဉ်းမြေရှိ တန်ခိုးကြီး ဂိုဏ်း (၈) ဂိုဏ်းထက်၊ ပိုမို အားကောင်း နေချေ၏။

ယခင်က ဓားဂိုဏ်း သည်လည်း၊ မြင့်မြတ် မြေ ဖြစ်သည်။ ထို့ကြောင့် မြင့်မြတ်မြေ အဖြစ် ပြန်လာ နိုင်ရန်မှာ၊ ဓားဂိုဏ်း၏ တပည့်တိုင်း အတွက်၊ တာဝန် ရှိပေသည်။

ရုတ်တရက် ဆရာ သခင်အား သတိ ရလာသည်။ ထျန်ရွှမ်ဇီ ကြောင့်သာ မဟုတ် သော်၊ ဆရာ သခင်မှာ အသက် ဘေးနှင့် နီးခဲ့မည် မဟုတ်ချေ။

“ လင်းလေး ... ဘာဖြစ်လို့လဲ။ ”

လင်းယွန် အမူ အရာမှာ၊ တစ်စုံ တစ်ရာ အဆင်မပြေ ဖြစ်နေကြောင်း၊ သတိပြု မိလိုက် သဖြင့်၊ ယွင်ရှမှ မေးသည်။

“ ဘာမှ မဖြစ်ပါဘူး။ ”

လင်းယွန် တစ်ယောက် သတိ ပြန်ဝင် လာသည်။

“ ဒါဆို ဘာလို့ လက်ထဲက ခွက်ကို၊ ချေပစ် လိုက်တာလဲ။ ”

ယွင်ရှက လင်းယွန် လက်ထဲမှ ခွက် အပိုင်းအစ များထံ၊ မေးငေါ့ ပြလိုက် လေသည်။

“ ဟွမ်ရွှမ်ရီကို ... အရင်က တွေ့ဖူးတယ်၊ ပန်းသင်္ချိုင်း လက်မှာ ခံစား နေရတုန်းက သူတို့ အနားမှာ ကျွန်တော် ရှိခဲ့တယ်၊ ဒါကြောင့် နည်းနည်း စိတ်လှုပ်ရှား လာလို့ပါ။ ”

“ ပန်းသင်္ချိုင်း ... အိုး၊ နင်တကယ် ပန်းသင်္ချိုင်းကို တွေ့ဖူး တာလား။ ”

ယွင်ရှက လင်းယွန်ကို မနာလို စိတ်ဖြင့် လှည့်ကြည့်ကာ မေးသည်။ လင်းယွင်က ခေါင်း ညိတ်ပြ လိုက်၏။

“ သိလို့လား ... ။ ”

ယွင်ရှမှာ သူ့ ပရိသတ် ဖြစ်နေ သဖြင့်၊ လင်းယွန်မှ ပြုံးပြ လိုက်သည်။

“ သိတာပေါ့ ... ။ ”

“ ဒါဆို ပန်းသင်္ချိုင်းနဲ့ ဟွမ်ရွှမ်ရီ ... နှိုင်းယှဉ်ရင် ဘယ်သူသာ မလဲ။ ”

“ ပန်းသင်္ချိုင်း သာတာပေါ့။ ”

“ လင်းရှောင်နဲ့ ဆိုရင်ရော ... ။ ”

“ သူ့ကိုတော့ စိတ်မဝင် စားဘူး ... ၊ မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့် ဖို့ပဲ သတ္တိ ရှိတဲ့ ကောင်ပါ၊ အစ်မ လန်ကို ရိုက်လိုက် ထဲကိုက၊ အထင် မကြီး တော့တာ၊ ...

... ဒီကောင်က အရမ်း ရိုင်းတယ်၊ ငါ့ ရှေ့မှာ သူလာရပ် ခဲ့ရင်၊ ပါးသုံးချက် လောက် ပြန်ပေး မိမှာ အသေ အချာပဲ။ ”

“ လုပ်ဝံ့ လို့လား ။ ”

လင်းယွန်မှ ပြုံးပြီး မေးလိုက်၏။

“ ဘာလို့ ... မလုပ် ဝံ့ရ မှာလဲ ... ။ ”

ယွင်ရှမှ မျက်မှောင် ကြုတ်လျက်၊ အနည်းငယ် တုန့်ဆိုင်း သွားပြီး၊ ရှက်ရွံ့စွာ ပြန်ဖြေ လေသည်။

“ ဟား ဟား ဟား ... ၊ ဟုတ်ပါပြီ ... သူ လာတဲ့ အခါကျရင် ... ၊ အစ်မ ယွင်က သူ့ကို သုံးခါ ရိုက်ပါ။ ”

ယွင်ရှ၏ အမူ အရာမှာ ချစ်ခင် စရာ ကောင်းနေ သောကြောင့်၊ လင်းယွန်မှ ရယ်မော လိုက်မိ တော့သည်။

“ လေဓား သခင် ... ။ ”

လေဓား သခင်အား လူ အများက၊ သွားရောက် နှုတ်ဆက် ကြ၏။ ထိုအထဲတွင် လင်းယွန် သိသော လူတစ်စု ပါသည်။ ယင်းက ခမ်းနားသော ရုံးတော်မှ ရှတောင်ဖေးနှင့် လန်ဟောင်ယန် ဖြစ်သည်။

“ အစ်ကို ရှ ... ။ ”

လေဓား သခင်က တခြား လူများကို နှုတ်ဆက်ပြီး၊ ရှတောင်ဖေးအား ကြိုဆို လေ သည်။

“ ဒဏ်ရာက ဘယ်လိုလဲ၊ အဆင်ပြေ ရဲ့လား။ ”

“ လေဓား သခင် ပေးတဲ့ ... ၊ သူတော်စင် ဆေးလုံးကြောင့် သက်သာလာ ပါပြီ။ ”

ရှတောင်ဖေးမှ ပြန်ဖြေ၏။

“ ဒါ ... သတင်းကောင်းပဲ၊ ပွဲပြီးတဲ့ အခါ ထပ်ပြောမယ်၊ မပြည့်စုံတဲ့ နုတ်တချို့ စုဆောင်း ထားတာ ရှိတယ်၊ သူတို့နဲ့ ပတ်သက်ပြီး၊ အစ်ကို ရှနဲ့ အမြင်လေးတွေ ဖလှယ် ရအောင်။ ”

ယင်းက ရှတောင်ဖေးအား ချော့မော့ခြင်း မည်၏။ အမူ အကျင့် အရ လေဓားသခင်ကို ဤ နေရာရှိ၊ မည်သူမျှ မယှဉ် နိုင်ချေ။

ရှတောင်ဖေးနှင့် လန်ဟောင်ယန်က ပြန်လာထိုင် ပြီးနောက်၊ ဧည့်ခံပွဲမှာ ဆက်သွား နေသည်။

တက်ရောက် လာသော ဧည့်သည် အများ စုမှာ၊ မီးငှက် ပြည်နယ်မှ ကျော်ကြားသည့် ဂီတ သမားများ ဖြစ်ကြ၏။

အရိယာ အသံကို အထွတ် အထိပ် အထိ၊ ထုတ်ဖော် နိုင်သော ရှတောင်ဖေး သည်ပင်၊ ဤ ပွဲ၌ ထင်ပေါ်ခြင်း မရှိချေ။

ရုတ်တရက် လေဓားသခင်မှ ပြုံးလျက်၊

“ ဦးလေး ကျင်း ... လာပါ။ ”

-ဟု ဖိတ်ခေါ်လိုက် သဖြင့်၊ လူတိုင်း လှည့်ကြည့်ကာ၊ ထိတ်လန့် သွားလေသည်။

အနောက် ဉယျာဉ်၏ ရည်ရွယ်ချက်ကို၊ ဤနေရာရှိ လူတိုင်း သိကြ ချေ၏။ ထို့ကြောင့် ကောင်းကင် ရနံ့ သင်းသင်းမှ ကျင်းယွီ ရောက် လာသည့် အပေါ်၊ မယုံနိုင် ဖြစ်မိ လေသည်။

ကျင်းယွီ ဟူသည် ကောင်းကင် ရနံ့ သင်းသင်းမှ၊ မဟာ အကြီး အကဲ တစ်ယောက် ဖြစ်ချေ၏။

ယနေ့ ပွဲသည် ကောင်းကင် ရနံ့ သင်းသင်းအား၊ ဂီတအိမ် လေးလုံး အနက်မှ ထုတ်ပယ်ရန် ရည်ရွယ် သည်။

“ ငါ့သားရဲ့ ဒဏ်ရာတွေ သက်သာ သွားလို့၊ လေဓား သခင်ကို ကျေးဇူးတင် ရမယ် ဒါကြောင့် ဒီပွဲကို မလာရင်၊ ငါ လူမိုက်ပဲ။ ”

သူ့ ဘေးတွင် ဒဏ်ရာ များမှ အပြည့် အဝ ပြန်လည် သက်သာလာ ခဲ့သော်လည်း၊ ဖြူဖျော့ နေသော မျက်နှာဖြင့်၊ ကျင်းဖုန်က ငြိမ်သက် နေသည်။

“ ဒါက အသေး အမွှား လေးပါ ... ၊ ဦးလေးကျင်း ကျေးဇူးပြုပြီး ထိုင်ပါ၊ လွတ်လွတ် လပ်လပ် နေပါ။ ”

လေဓား သခင်မှ ကျင်းယွီ တို့အား၊ စားပွဲ တစ်လုံး၌ နေရာပေး နေစဉ်၊ လူ နှစ်ယောက် ထပ်မံ ရောက်လာ ပြန်သည်။

၎င်းတို့အား မြင်သည်နှင့် လူတိုင်း စိတ်လှုပ်ရှား လာတော့၏။ ယင်းမှာ ရှဟိုဖုန်း နှင့် ရှင်းဝူဟန်တို့ ဖြစ်လေသည်။

***

All Chapters