← Chapters

ငွေကြယ်ရောင် ကောင်းကင်နှင့် ကောင်းကင်ဘုံ ကိုးပါး ဖီးနစ် အက။

Vol. 123 Ch. 1714

ငွေကြယ်ရောင် ကောင်းကင်နှင့် ကောင်းကင်ဘုံ ကိုးပါး ဖီးနစ် အက။

Vol. 123 Ch. 1714

ယွင်ရှက ရှဟိုဖန်နှင့် ရှင်းဝူဟန်ကို တွေ့သော အခါတွင် မျက်လုံးများ တောက်ပစွာ လင်းလက် လာသည်။

“ အဲဒါ ဘယ်သူ တွေလဲ ... ။ ”

လင်းယွန်မှ မေးသည်။

“ ပလွေရှည် နဲ့က ... ရှဟိုဖန် ... ၊ ပလွေတိုက ရှင်းဝူဟန် ... ၊ ငါတို့ရဲ့ စီနီယာ အစ်ကိုက ဗျပ်စောင်း၊ သူတို့ သုံးယောက်လုံး သူတော်စင် အသံကို ဖန်တီး နိုင်တယ်။ ”

ယွင်ရှ မျက်နှာ နီမြန်းပြီး ပြုံးကာ ပြန်ဖြေသည်။ ထိုအဖြေ အတွက် အံ့သြခြင်း မရှိချေ။

ခရမ်းငယ်၏ လမ်းညွှန်မှု အောက်တွင် သူသည်ပင်၊ သူတော်စင် အသံကို ဆုပ်ကိုင်ထား နိုင် သောကြောင့်၊ အခြား သူ များလည်း လုပ်နိုင် ပေမည်။

အမှန်တွင် အချိန် တိုလေး အတွင်း၊ လင်းယွန် တစ်ယောက် သူတော်စင် အသံကို ဆုပ်ကိုင် ထားနိုင် ခြင်းသည်၊ ဘီလူး အဖြစ် သတ်မှတ် နိုင်၏။

“ မင်းတို့ နှစ်ယောက် ... အတူတူ လာတာလား။ ”

လေဓား သခင်မှ ပြုံးကာ နှုတ်ဆက် ၏။

“ ငါတို့ လမ်းမှာ ... ဆုံလာတာ ... ။ ”

ရှဟိုဖန်မှ ပြုံးကာ ပြန်ဖြေသည်။ ၎င်းအား လေညှင်းများ ဖြတ်တိုက် သွားရာ၊ ကောင်းကင် သားတော် တစ်ပါး ကဲ့သို့၊ သိမ်မွေ့သော ကျက်သရေမျိုး ပေးစွမ်း ချေပြီ။

တစ်ဖက်တွင် ရှင်ဝူဟန် မှလည်း သူနှင့် ယှဉ်နိုင်သော ရောင်ဝါအား ထုတ်လွှတ် ထား လေသည်။

နှစ်ဦး စလုံးသည် သူတော်စင် အသံကို ဆုပ်ကိုင် ထားပြီး၊ ၎င်းတို့မှ ထုတ်လွှတ် သော ရောင်ဝါမှာ၊ အခြား ဂီတ သမား များထက် သာလွန် ၏။

ဧည့်သည်များ အားလုံး စုံပြီး ဖြစ်သော ကြောင့်၊ ဧည့်ခံပွဲ စတင်သည်။ ရယ်မော သံများ နှင့် စကား စမြည် ပြောဆို သံများ ညံလာ၏။

ခေါင်းစဉ်သည် ကောင်းကင် ရနံ့ သင်းသင်းနှင့်၊ ခမ်းနားသော ရုံးတော်၏ စိန်ခေါ်ပွဲ အကြောင်း ဖြစ်သည်။

“ မကြာ သေးမီက ကောင်းကင် ရနံ့ သင်းသင်းမှာ၊ မာန ထောင်လွှားသူ တစ်ယောက် ပေါ်လာ တယ်လို့ ငါ ကြားတယ်၊ အစ်ကို ရှ ဒဏ်ရာ ရသွား ခဲ့တယ် မဟုတ်လား။ ”

တစ်စုံ တစ်ယောက်၏ မေးခွန်းကြောင့် အကြည့် များက ရှတောင်ဖေး ပေါ်သို့ ကျရောက် သွားသည်။

ဤသို့ လူသိရှင်ကြား မေးမြန်း ခံရ ခြင်းသည် ရှတောင်ဖေးအား အဆင် မပြေသော အနေ အထားသို့ ရောက်လာ စေသည်။

သူ့ အနားရှိ လန်ဟောင်ယန် မျက်နှာမှာ ပျက်ယွင်း လာတော့၏။

“ အစ်ကိုရှ ပွင့်ပွင့် လင်းလင်း ပြောလို့ ရပါတယ်၊ ဒီမှာ အပြင်လူ မရှိဘူး။ ”

လေဓား သခင်က ဖော်ရွေသော အပြုံးဖြင့် ပြောလာ၏။

“ မှန်ပါတယ် ... သူရဲ့ ဂီတ တာအို အပေါ်၊ နားလည် နိုင်စွမ်းက၊ အံ့အားသင့် စရာ ပါပဲ၊ ရှေးဟောင်း ရစ်သမ် တွေနဲ့၊ ဆန်းကြယ်တဲ့ လက်ချောင်း လှုပ်ရှားဟန် ရှိတယ်၊ ...

... အထူး ခြားဆုံး ကတော့၊ ဒီလူက သိုင်း ပညာကို၊ ဂီတ တာအိုနဲ့ ပေါင်းစပ် ထားနိုင်တာ ပဲ၊ ဒါပေမယ့် ... သူ့ အကျင့် စရိုက်က ယုတ်ညံ့ တယ်၊ ရက်စက် ကြမ်းကြုတ်ပြီး၊ ငါ့ညီမကို ရက်ရက် စက်စက် ရိုက်ခဲ့တယ်။ ”

ရှတောင်ဖေးမှ ပြုံးကာ ဖြေလိုက်၏။

“ ခွေးရူး တစ်ကောင်ပဲ။ ”

လန်ဟောင်ယန်က အေးစက်စွာ ဝင် ပြောသည်။ ထိုစကားကြောင့်၊ လူတိုင်းက ကျင်းယွီထံ ကြည့်လိုက် မိသည်။

ကျင်းယွီက သူ့ ဝိုင်ခွက်ကို တစ်ငုံ သောက်လိုက် ပြီးနောက်၊

“ ဟုတ်တယ် ... ၊ အဲဒီကောင်က ခွေးရူး တစ်ကောင်ပဲ၊ အရမ်း ရိုင်းတယ်၊ ငါ့သားရဲ့ နဂါး သေွးလွှတ်ကြောနဲ့ ... ၊ လက်ဆယ် ချောင်းကို လည်း၊ ဖျက်ဆီး ခဲ့တယ်။ ”

-ဟု ဝင်ပြော လိုက်၏။

သို့မှသာ လူတိုင်း အသက်ရှူ ချောင်သွား လေသည်။ ဤသို့ဆိုက လင်းရှောင်မှာ အမှန်ပင် ရက်စက် လွန်းချေ၏။

“ ဒါတင် မကဖူး၊ ပထမဆုံး နေ့မှာတင် သူတော်စင် အကြီးအကဲကို ... အဝတ် အစား ချွတ်ပြပြီး၊ မဖွယ် မရာ လုပ်ပြ ခဲ့တယ်။ ”

ကျင်းယွီမှ အေးစက်စွာ ဆက်ပြော လိုက်သည်။

“ ကြည့်ရတာ ဒီလူက ရမ္မက် ကြီးတဲ့ ခွေးရူး တစ်ကောင် ထင်ပါတယ်။ ”

လေဓား သခင်မှ ပြုံးကာ မှတ်ချက်ပြု လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

အခြား လူများက ထိုမှတ်ချက် အပေါ်၊ ရယ်မော ကုန်ကြသည်။ သိုသော် ယွင်ရှမှ မျက်မှောင် ကြုတ် လိုက်၏။

လင်းရှောင်သည် အမှန် တကယ် ဆိုးသွမ်းနေ သည်လော။ ကောင်းကင် ရနံ့ သင်းသင်းမှ မဟာ အကြီးအကဲ အပါအဝင်၊ လူတိုင်းက သူ့ အကြောင်း မကောင်း ပြောနေ သည်မှာ၊ ထူးဆန်း ချေပြီ။

ယင်းသာ အမှန် ဖြစ်ခဲ့သော်၊ ကောင်းကင် ရနံ့ သင်းသင်းသည် အဘယ့်ကြောင့် ၎င်းအား လက်ခံထား သည်နည်း။

“ ကောင်းကင် ရနံ့ သင်းသင်းက၊ အရမ်း ရက်စက်တဲ့ လူကို ထုတ်ပယ်ဖို့ ဆန္ဒ ရှိပုံ မရဘူး၊ သူတို့က ဂီတအိမ် လေးလုံး ထဲကနေ၊ ထွက် ပေးသင့် နေပြီ။ ”

“ မှန်တယ် ... ၊ ဒီလို စက်ဆုပ် ရွံရှာဖွယ် ကောင်းတဲ့ လူတစ်ဦးကို လက်ခံ ထားမှတော့၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ အဆင့် အတန်းကို၊ ပြရာ ရောက်တယ်။ ”

“ ဒီလောက် အထိလည်း ... စိတ်လှုပ်ရှား နေဖို့ မလို ပါဘူး၊ ဂီတအိမ် လေးလုံးကို နိဗ္ဗာန် နန်းတော်က ဆုံးဖြတ်တာ၊ ငါတို့ ဆုံးဖြတ်လို့ မရဘူး၊ ...

... ဒါပေမယ့် ဒီလင်းရှောင် ကတော့ တော်တော် များလွန်းတဲ့ အတွက် ... ဖယ်ပစ် သင့်ပါတယ်။ ”

ကောင်းကင် ရနံ့ သင်းသင်း မဟုတ်ဘဲ လင်းရှောင် အပေါ်သာ ပစ်မှတ် ထားလိုက်သော လေဓား သခင် စကားကြောင့်၊ ကြားရ သူတိုင်း အတွက်၊ နားဝင် ချိုလေသည်။

လန်ဟောင်ယန်က အဖြစ် အပျက်ကို ပြန်သတိ ရလာသော အခါတွင်၊ ဒေါသထွက် လာပြီး၊

“ လေဓား သခင် ကူညီပါ ... ၊ အဲဒီ လင်းရှောင်က ကောင်းကင် ရနံ့သင်းသင်းကို နောက်ခံ ပြုထားတော့၊ ဟောင်ယန်လို အမျိုး သမီး တစ်ယောက် ကိုတောင်၊ အနိုင်ကျင့် ဝံ့လာပြီ။ ”

-ဟု တောင်းဆို လိုက်တော့သည်။

ရှတောင်ဖေး တစ်ယောက် မျက်လုံးများ မှေးစင်းလျက်၊ လေးဓား သခင်၏ အတွေးအား တွက်ဆ နေမိ ၏။

လေဓား သခင်မှ၊ ကောင်းကင် ရနံ့ သင်းသင်းကို ပြဿနာ ရှာရန်၊ အကြောင်း ပြချက် တစ်ခု ရှာနေပုံ ရသည်။

လင်းရှောင်သည် ယင်းအတွက် အကောင်းဆုံး အကြောင်းပြချက် ဖြစ်နိုင် လေသည်။

“ ငါ့ရဲ့ ညီမလေး အတွက် ... ၊ တရား မျှတမှုကို ရယူပေးဖို့၊ လေဓား သခင်ထံ အကူ အညီ တောင်းပါတယ်၊ သူ့လို လူမျိုးက ကောင်းကင် မြို့တော်မှာ၊ မရှိသင့် ပါဘူး။ ”

ရှတောင်ဖေးက ဒူးတစ်ဖက် ထောက်ချကာ၊ ပြောလိုက်သည်။

“ ကျေးဇူး ပြုပြီး ထပါ၊ မင်း ... ငါ့ကို ဒူးထောက် စရာ မလို ပါဘူး။ ”

လေဓား သခင်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။ ဟွမ်ရွှမ်ရီက သူ့ လက်ထဲရှိ ဝိုင်ခွက်ကို လှုပ်ခါ ကစားပြီး၊

“ သူ့လို ခွေးရူး တစ်ကောင် အတွက်၊ လေဓားသခင် မလို ပါဘူး၊ မင်းတို့က သူ့ကို အထင် ကြီးလွန်း နေပြီ၊ သူက သူ့ကိုယ်သူ လူရိုင်းလို့ ခေါ်ရတာ၊ ...

... ကြိုက်တယ် မဟုတ်လား၊ ဒါဆို ငါ သူနဲ့ ဆက်ဆံ ပါရစေ၊ ငါက ခွေးရိုက် ရတာ ဝါသနာ ပါတယ်။ ”

-ဟု ဝင်ပြော လာတော့၏။

လေဓား သခင်က ခေါင်းညိတ်လျက်၊ ရှဟိုဖုန်း၊ ရှင်းဝူဟန်နှင့် ခုန်ယင် တို့ထံ လှမ်း ကြည့်သည်။

ထိုသုံးယောက်သည် ဤပွဲရှိ ဂီတသမားများ အနက်၊ အထူးချွန်ဆုံး ဖြစ်သည်။ ယင်းကြောင့် ၎င်းတို့အား အလေး အနက် ထားချေ၏။

“ ဗျပ်စောင်းနဲ့ ယှဉ်ပြိုင်ဖို့ ... သူ့မှာ ဆန္ဒ ရှိတယ် ဆိုရင် ... ၊ ငါ သူနဲ့ ကစားဖို့ ... ဆန္ဒ ရှိပါ တယ်။ ”

ခုန်ရင်မှ စပြောသည်။

“ ဟား ဟား ဟား၊ ကောင်းကင် ရနံ့ သင်းသင်းမှာ၊ မျက်နှာ မပြဝံ့တဲ့ နတ်သမီး ဆိုသူ နဲ့ ... ၊ လူရိုင်း တစ်ယောက် တကယ် ရှိနေ တာလား၊ စိတ်ဝင်စား စရာပဲ။ ”

ရှင်းဝူဟန်က ဝိုင်ကို ငုံ့သောက်ပြီး ပြောလာ၏။ ထို့ကြောင့် လေဓား သခင်၏ အကြည့်မှာ၊ ရှဟိုဖုန်းထံ ရွေ့သွားသည်။

“ ငါ ... သူ့ကို စိတ်မဝင် စားဘူး၊ အစ်ကို ခုန်နဲ့ လုံလောက် ပါတယ်၊ သူ့ထက် နတ်သမီး လေးကို၊ ပို စိတ်ဝင်စားတယ်။ ”

ရှဟိုဖုန်း ထံမှ သဘော တူညီချက် ရသည်နှင့်၊ လေဓား သခင်က ပြုံးကာ ဆိုလိုက် တော့သည်။

“ ကောင်းပြီ ... ဒါဆို မနက်ဖြန် မနက် ကောင်းကင် ရနံ့ သင်းသင်းကို သွားလည် ကြစို့။ ”

“ ကျေးဇူး တင်ပါတယ်၊ လေဓား သခင်။ ”

လန်ဟောင်ယန်နှင့် ရှတောင်ဖေးမှာ၊ စိတ်လှုပ်ရှား စွာဖြင့်၊ ထရပ် လိုက် တော့သည်။

“ တကယ်တော့ ... လင်းရှောင်က သူတော်စင် အကြီးအကဲ အတွက်၊ အလွန် အရေး ပါတယ်၊ သူ့ကို ခေါ်ထုတ်ဖို့ ဆိုတာက မင်းတို့ အတွက် ရိုးရှင်းမှာ မဟုတ် ဘူး။ ”

ကျင်းယွီမှ ဝင်ပြော၏။

“ အဲဒီ ... သူတော်စင် အကြီးအကဲက၊ ကောင်းကင် ရနံ့ သင်းသင်းကို ရောက်တာ မကြာသေး ပါဘူး၊ ဝါစဉ် အရ ... ဦးလေး ကျင်းကို၊ ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ၊ ...

... မနက်ဖြန် ငါတို့က လင်းရှောင် ကိုပဲ၊ ပစ်မှတ် ထားပြီး၊ ကျန်တဲ့ ဒီကိစ္စ တွေကို ဦးလေး ကျင်းက စီမံပါ။ ”

“ အဆင်ပြေ ပါတယ်။ ”

လေဓား သခင် စကားကို၊ ကျင်းယွီမှ ပြုံးကာ ခေါင်းညိတ် ပြလိုက်သည်။

“ လူကြီးမင်း တို့ရော ဘယ်လို ထင်လဲ။ ”

လေဓား သခင်က ပရိသတ်ထံ ဝေ့ကြည့်ကာ ဆန္ဒ တောင်းခံ ပြန်၏။

“ ဒီလို အညစ် အကြေးကို မြို့တော် ကနေ၊ ဖယ်ရှား ဖို့က သဘာဝ အတိုင်း၊ ငါတို့ အားလုံးရဲ့ တာဝန် ပါ။ ”

“ ဟုတ်တယ် ... ဒီလို အရိုင်းအစိုင်း မျိုးကို၊ သင်ခန်းစာ ပေးသင့်တယ်၊ ဒါကြောင့် မနက်ဖြန် ကောင်းကင် ရနံ့ သင်းသင်းကို သွားရအောင်။ ”

“ လင်းရှောင်ကို ထုတ်ပေးဖို့ ငြင်းဆန် ခဲ့ရင်တော့ သူတို့ကို ဂီတအိမ် လေးလုံး ထဲကနေ ဖယ်ရှား ရမယ်။ ”

လေဓား သခင်မှ နဝမမြောက် ရောင်ဝါကို ထုတ်လွှတ်လျက်၊

“ ဒါဆို ငါတို့ ... အစီအစဉ် အတိုင်း သွား ကြမယ်၊ ဆန္ဒ ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ၊ သူတို့ လင်းရှောင်ကို ထုတ်ပေး ရမယ်။ ”

-ဟု ကြေငြာကာ၊ စကားဝိုင်းအား အဆုံးသပ် လိုက်တော့သည်။

“ ဒင် ... ။ ”

ထိုအချိန်တွင် ချိုသာသော ဗျပ်စောင်းသံ နှင့်အတူ၊ ကချေသည်များ အားလုံး ထရပ်ကာ၊ ကခုန် လာတော့၏။

“ ဒင် ဒင် ... ။ ”

သို့သော် ကချေသည်များ အားလုံးသည်၊ ဝိညာဉ် ထုတ်ယူ ခံထား ရသော ဖုတ်ကောင်များ ကဲ့သို့၊ ထူးထူး ဆန်းဆန်း အမူအရာများ ပြသ လာကြသည်။

“ ဒင် ... ။ ”

ဤမြင်ကွင်းက လူတိုင်း၏ ဦးရေပြားကို တုန်လှုပ် သွားစေ၏။ ၎င်းတို့သည် ကြယ်တာရာ များပေါ်တွင် ကခုန် နေသော၊ ဖီးနစ် များနှင့် တူသည်။

“ ဘယ်သူ ... တီးနေ တာလဲ။ ”

လေဓား သခင်မှ အော်ငေါက် လိုက်၏။ သို့မှသာ လူတိုင်း တစ်ခုခု မှားယွင်း နေသည်ကို၊ သတိထား မိလာသည်။

တစ်စုံ တစ်ယောက်သည်၊ ကချေသည် များအား၊ ထိန်းချုပ် စေခိုင်း နေခြင်း ဖြစ်ချေ၏။ လေဓား သခင် ကြောင့်သာ၊ မဟုတ်သော် သူတို့ သတိ ပြုမိ နိုင်မည် မဟုတ်ပေ။

“ ဒင် ... ။ ”

ယင်းကြောင့် လူတိုင်း ကျောရိုးများ အေးစက် လာပြီး၊ ဗျပ်စောင်းသံ ထွက်ပေါ်ရာ အရပ်ထံ၊ လှည့်ကြည့် လိုက်မိသည်။

“ ငွေကြယ်ရောင် ကောင်းကင်နဲ့ ... ကောင်းကင်ဘုံ ကိုးပါး ဖီးနစ် ကကြိုး ... ၊ မင်း ဘယ်သူလဲ ။ ”

လေဓား သခင်က ကျယ်လောင်သော အသံဖြင့်၊ ဗျပ်စောင်းသံကို နှောက်ယှက် လိုက် လေသည်။

ဗျပ်စောင်းသံ ရပ်သွားပြီး၊ ကချေသည်များ အားလုံး မြေပြင်ပေါ် လဲကျကာ၊ သတိ မေ့ကုန် ကြ၏။

ထို့နောက် အဖြူရောင် ဝတ်ရုံဖြင့်၊ လူငယ် တစ်ယောက်က ဗျပ်စောင်း တီးခြင်းကို ရပ်ကာ၊ ပြုံးလျက် ပြန်ဖြေ လာတော့သည်။

“ မင်းတို့က တစ်ညလုံး ငါ့ အကြောင်း ပြောနေ ကြပြီး၊ ငါ ဘယ်သူလဲ ဆိုတာတောင်၊ မသိ ကြဖူးလား၊ မနက်ဖြန်ကို စောင့်နေ စရာ မလိုတော့ ပါဘူး၊ လာ အခုပဲ စရအောင် ... ၊ ငါက လင်းရှောင်ပဲ။ ”

***

All Chapters