← Chapters

မျိုးဆက်တူ အတွင်း ... မည်သူ မဆို စိန်ခေါ် နိုင်တယ်။

Vol. 123 Ch. 1715

မျိုးဆက်တူ အတွင်း ... မည်သူ မဆို စိန်ခေါ် နိုင်တယ်။

Vol. 123 Ch. 1715

လင်းယွန် အသံသည်၊ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ ဧည့်ခံပွဲ တစ်ခုလုံး တိတ်ဆိတ်သွား စေသည် အထိ၊ လုံလောက် လေသည်။

ဤမတိုင်မီ လင်းရှောင် ဟူသည် လူ့အညစ် အကြေးဟု ခေါ်ဆို နေကြပြီး မနက်ဖြန်၌ သူ့ကို ကိုင်တွယ်ရန် အစီစဉ် ဆွဲနေခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် ယနေ့ ပွဲသို့ တက်ရောက် လာသည်ကို တွေ့လိုက် ရသော အခါ၊ တုန်လှုပ် ကုန်သည်မှာ သဘာဝ ပေပင်။

သည့်တင်မက ၎င်း ကစား ခဲ့သော ရှေးဟောင်း နုတ်ကို မည်သူမျှ မသိ ကြချေ။ လေဓား သခင် ကြောင့်သာ သူ ခိုးဝင် နေ သည်ကို၊ သတိထား မိခြင်း ဖြစ်သည်။

တစ်ဖက်တွင် ယွင်ရှမှာ လင်းယွန်ကို ကြည့်ပြီး၊ ထိတ်လန့် သွားသည်။ ၎င်းအား ပါး (၃)ချက် ရိုက်မည်ဟု ပြောထားဖူး သဖြင့်၊ အဆင်မပြေ ဖြစ်လာသည်။

အရေး အကြီး ဆုံးမှာ လင်းရှောင်သည် ကောလာ ဟလ အတိုင်း၊ လူဆိုး တစ်ယောက် ၏ စရိုက် လက္ခဏာမျိုး မရှိ ခဲ့ချေ။

“ သူက လင်းရှောင်လား၊ နည်းနည်းတော့ ရဲရင့်တယ်။ ”

“ တကယ်ပဲ အနောက်ဘက် ဉယျာဉ်ကို ဝင်လာရဲ တယ်လား၊ သူ ဘာလုပ်ချင် လို့လဲ။ ”

လူ အများက ရေရွတ် ကုန်ကြပြီး၊ လင်းယွန်အား စိတ်ဝင်စားစွာ ကြည့်လာ ကုန် လေသည်။

ရှတောင်ဖေးနှင့် လန်ဟောင်ယန်မှာ၊ ဝိုင်ခွက်ကို လွှတ်ချလု နီးပါး ထိတ်လန့် သွား၏။ ကောင်းကင် ရနံ့ သင်းသင်း၌၊ ရိုက်နှက်ခံ ထား ရ သည်ကို၊ မမေ့ နိုင်ကြ သေးချေ။

လင်းယွန်အား ‘ရက်စက် ကြမ်းကြုတ်သူ’ အဖြစ်သာ ခေါင်းစဉ်ပေး ခဲ့ပြီး၊ တားမြစ် နုတ်ကို အသုံး ပြုသော်မှ၊ အနိုင် မယူ နိုင်ခဲ့ သည်အား၊ ထုတ်မပြော ခဲ့ချေ။

ယင်းက အရှက် ရဖွယ် ဖြစ်သည်။ လန်ဟောင်ယန် အတွက်မူ၊ အကြောက် တရား များသာ ရှိ၏။ လင်းယွန်ကို မြင်ချိန်၌ ပါးပြင် အနှံ့ စပ်ဖျင်းဖျင်း ပင်၊ ခံစား လာရသည်။

သို့သော် ဤနေရာသည် အနောက်ဘက် ဥယျဉ် ဖြစ်မှန်း သတိ ဝင်လာပြီး၊ အနည်းငယ် စိတ် သက်သာရာ ရသွားသည်။

တစ်ဖက်တွင် ကျင်းယွီနှင့် ကျင်းဖုန်မှာ၊ အံ့အားသင့် နေ၏။ ကျင်းဖုန်မှ ကြောက်ရွံ့ လာ ခဲ့ပြီး၊ ခြေထောက်များ တုန်ယင် လာသည်။

“ အဖေ ... ၊ ငါတို့ ဘာလုပ်သင့် သလဲ။ ”

-ဟုပင် ပြန်မေး လိုက်မိသည်။

“ ဘာလို့ ... သူ့ကို ကြောက်နေ ရတာလဲ၊ စိတ်မပူနဲ့ ဒါက လျူ အိမ်တော် ... ၊ သူမှာ အခွင့် အရေး မရှိဘူး။ ”

ကျင်းယွီမှ နှစ်သိမ့် လိုက်၏။

“ တော်တော် စွဲမက်စရာ ကောင်းတဲ့ ဗျပ်စောင်း အသံပဲ ...၊ မင်းမှာ အရည်အချင်းတွေ ရှိ ရဲ့နဲ့ ... ၊ ဘာလို့ ဒီလို ခိုးဝင် ရတာလဲ။ ”

လေဓား သခင်က အေးစက်စွာ မေးခွန်း ထုတ်လိုက်သည်။ တစ်ဖက်လူ ရောက်ရှိ လာပြီ ဖြစ်သဖြင့်၊ သူ့အား အခက်တွေ့ စေ၏။

သည်အရေးကို ကောင်းမွန်စွာ ဖြေရှင်း နိုင်ခြင်း မရှိသော်၊ ဂုဏ်သိက္ခာ ထိပါးရ ပေတော့ မည်။

“ စိတ်ဝင်စား စရာပဲ ... ၊ အမှန်တော့ ... ငါ့ကိုယ်ငါ ထုတ်ဖော်ဖို့ ... ရည်ရွယ်ချက် မရှိဘူး၊ ဒါပေမယ့် ... မင်းက ငါ့ ကွယ်ရာမှာ၊ ...

... ငါ့ကို စိန်ခေါ်ဖို့ ... လုပ်နေမှန်း သိလိုက် ရပြီ ဆိုတော့ ... ၊ မနက်ဖြန်ကို ဘာလို့ စောင့်နေ ရဦး မှာလဲ။ ”

လင်းယွန်မှ တည်ငြိမ်စွာ ပြန်ဖြေပြီး၊ ပတ်ဝန်းကျင်ရှိ လူတိုင်းကို လှောင်ပြုံးဖြင့်၊ ဝေ့ကြည့် လိုက်သည်။

ထို့ကြောင့် လူအုပ်မှာ၊ အဆင် မပြေ ဖြစ်လာ၏။ သူတို့ အားလုံးသည် ဤလူငယ် အကြောင်း၊ အမှန်ပင် နောက်ကွယ်၌ အတင်း အဖျင်း ပြောနေ မိခြင်း ဖြစ်ချေပြီ။

“ လေဓား သခင်ရဲ့ အနောက် ဉယျာဉ် ဧည်ခံပွဲ ဆိုတာ ... ဘာလဲ သိချင် စိတ်နဲ့ လာခဲ့ တာ ... အခုတော့ ငါ့ ကွယ်ရာမှာ၊ ...

... ငါ့ကို ထပ်ခါ ထပ်ခါ စော်ကားဖို့ စုစည်းထားတဲ့ ပွဲပဲ၊ ဘာတဲ့ ငါက နိမ့်ကျတဲ့ အရိုင်း အစိုင်း၊ ဟုတ်လား ...

... ဒီလို ပြောရအောင် မင်းတို့ ထဲက ဘယ်သူများ ငါ့ကို မြင်ဖူး လို့လဲ၊ ငါ့ အကြောင်း ဘယ်သူများ သိထားလဲ၊ ဘယ်သူမှ မသိပဲနဲ့ ... ငါ့ မကောင်း သတင်း ပြောနေ ကြတယ်၊ ...

... မင်းတို့ကိုယ် မင်းတို့ လွန်တယ်များ မထင်ဖူးလား ... ၊ ပုရွက်ဆိတ် တောင်မှ ... သူ့ ဂုဏ်သိက္ခာနဲ့ သူ ရှိတယ်၊ အခု ငါက အရည် အချင်း မရှိ ဖူးပဲ ဆိုပါတော့၊ ...

... လာ ... ငါ့ကို သင်ကြား ပေးကြ၊ မင်း တို့မှာ ... ဘယ်လောက် အရည် အချင်း ရှိကြလဲ၊ ငါ သိချင်တယ်။ ”

အဖြူရောင် ၀တ်စုံကို ၀တ်ဆင် ထားပြီး၊ တက်ရောက်လာ သူတိုင်း အပေါ် ဝေ့ကြည့်ကာ၊ လင်းယွန်မှ စိန်ခေါ် လိုက်လေသည်။

သူ့အသံသည် ကျယ်လောင် လှသဖြင့်၊ မိုးခြိမ်းသံ ကဲ့သို့ လူတိုင်း၏ နားစည်ကို ရိုက် ခတ် သွားတော့၏။

“ မင်း ... ဘယ်လို ပြိုင်ချင်လဲ။ ”

လေဓား သခင်မှ အဆင် မပြေသော အမူ အရာဖြင့် မေးသည်။

“ မျိုးဆက်တူ အတွင်း၊ သိုင်းတာအို၊ ဂီတ တာအို ... ကြိုက်ရာ ရွေးကြ၊ ဘာမဆို ငါ အဆင် ပြေတယ်။ ”

လင်းယွန်မှ ပြုံးပြီး ပြန်ဖြေ လိုက်၏။ ထိုအဖြေကြောင့် လေဓား သခင်မှာ ပြုံးလိုက် မိလေသည်။

“ အနောက်ဘက် ဉယျာဉ်မှာ၊ ခွေးလေ ခွေးလွင့် တစ်ကောင် လာဟောင် နေတာပဲ၊ မင်း ငါ့ကို မမြင် ဖူးလား၊ ငါ ဟွမ်ရွှမ်ရီက မင်းကို စိန်ခေါ် ပါရစေ၊ ဟား ဟား ဟား ... ။ ”

ဟွမ်ရွှမ်ရီက ဝိုင်ခွက်ကို လှည့်လျက်မှ၊ ရယ်မောကာ စကား ဝင်ပြော လာလေသည်။ ပြီး လင်းယွန်ကို စိုက်ကြည့်လျက်၊

“ မင်းက မင်းကိုယ်မင်း ... လူရိုင်းလို့ သတ်မှတ်ထား မှတော့ ... ၊ ငါတို့ ဘာလို့ ယဉ်ကျေး နေရ ဦးမှာလဲ။ ”

“ ဟုတ်တယ် အစ်ကို ဟွမ် ... သူ့ကို ရိုက် ... ။ ”

“ အစ်ကို ဟွမ် ... ၊ မင်းကိုယ်တိုင် လှုပ်ရှား စရာ မလို ပါဘူး၊ မင်းက သန့်ရှင်းသော မြေရဲ့ ပါရမီရှင် တစ်ယောက်ပါ၊ သူ့လို လူကို ငါပဲ တာဝန်ယူ လိုက်ပါမယ်။ ”

အပြာဝတ် လူငယ် တစ်ဦးက၊ သူရဲကောင်း ဆန်စွာ လှမ်းထွက် လာသည်။ သတ္တမ မြောက် သွေးလွှတ် ကြောတွင် ရှိသော၊ နာမည်ကျော် ဓားသမား တစ်ယောက် ဖြစ်၏။

“ မင်း စကားက အဓိပ္ပါယ် ရှိတယ်။ ”

ဟွမ်ရွှမ်ရီက ပြုံးကာ ခေါင်းညိတ်ပြ လိုက်သည်။

“ သူ့ရဲ့ ကျင့်ကြံမှုက၊ မင်းထက် အဆင့် နှစ်ဆင့် မြင့်တယ်၊ ဒါကြောင့် လက်မခံ နိုင်ရင် အခု ထွက်သွားပါ၊ မနက်ဖြန် မင်းကို စိန်ခေါ်ဖို့ ကောင်းကင် ရနံ့ သင်းသင်းကို ငါ ကိုယ်တိုင် လာခဲ့မယ်။ ”

လေဓား သခင်မှ ဝင်ပြော၏။

“ စကား မများနဲ့ ... မျိုးဆက်တူ အတွင်း ကြိုက်တဲ့သူ လာခဲ့လို့ ငါပြော ပြီးပြီ ... ။ ”

လင်းယွန်က ပြန်ပြောသည်။

“ ကောင်း လိုက်တာ ... ။ ”

ဓားသမား လူငယ်က လှမ်းတက် လာ၏။

“ မင်းတို့ ကြိုက်သလို တိုက်နိုင်တယ်၊ ဒီနေရာ ပျက်စီး မှာကို စိတ် မပူနဲ့၊ ငါ့ရဲ့ လျူ မိသားစုက ဒါကို ကိုင်တွယ် နိုင်တယ်။ ”

လေဓား သခင်က ပြုံးရွှင် စွာဖြင့်၊ ဝိုင်ခွက်အား မြောက်ပြ လိုက်သည်။ အပြာဝတ် လူငယ်မှ စတင် လှုပ်ရှား လာ၏။

သူသည် လျင်မြန်ပြီး ကြောက်မက်ဖွယ် ကောင်းသော လှုပ်ရှားမှု ပညာရပ်ကို ထုတ်ဖော် လာခြင်း ဖြစ်သည်။

“ ဝှစ် ... ။ ”

လင်းယွန်ထံ ပြေးဝင် လာစဉ်၊ သူ့ဓားကို ဆွဲထုတ် လိုက်သော အခါ၊ ဓား ရည်ရွယ်ချက်မှာ လေနှင့် လုံးလုံး လျားလျား ပေါင်းစပ် သွားပြီး၊ တုန်ခါသံ ပြုလာ၏။

သူ့အမြန် နှုန်းသည် လူတိုင်း မြင်နိုင် သည်ထက် သာလွန်သည်။ ကျယ်လောင်သော လေလှိုင်းများ ပျံ့ကား လာကာ၊ အာကာပြင် ကွဲအက် သွား၏။

ဤလူငယ်သည် ဓား ရည်ရွယ်ချက်နှင့် လေကို အပြည့် အ၀ ပေါင်းစပ်ထား နိုင်ကြောင်း၊ လူတိုင်း ပြောနိုင်သည်။

ထို့ပြင် အာကာသ တာအို၏ မျက်နှာပြင် ဖြင့်ပင် ထိတွေ့ နေသည်။ ယင်းက ပြိုင်ဘက် အသက်အား၊ အလွယ် တကူ နုတ်ယူ နိုင်၏။

“ မင်း ရှုံးပြီ ... ။ ”

အပြာဝတ် လူငယ်က ဓားကို ဆွဲထုတ် လိုက်ပြီး ကတည်းက၊ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပြီး ဖြစ်သည်။

သို့သော် ဓားသည် တစ်ဖက်လူ နဖူးထံ ထိခါနီးတွင်၊ လက် နှစ်ချောင်းက ဓားဖျားအား၊ ညှပ်ယူ ဟန့်တား လာသည်။

စူးရှ တောက်ပသော အလင်း တန်းများ ထွက်ပေါ်လျက်၊ ဓားက တုန်ခါလာ သော်လည်း၊ ရှေ့မတိုး နိုင်ခဲ့ချေ။

အပြာဝတ် လူငယ်မှ ခေါင်းမော့ ကြည့် လိုက်သော အခါ၊ ထူးထူး ခြားခြား မြင်ကွင်း တစ်ရပ် ပေါ်လာသည်။

သူ့ ဓားသည် သမုဒ္ဒရာထဲ ပြုတ်ကျ သွားသကဲ့သို့၊ ထင်မြင် လာသည်။ လင်းယွန်က ထိုသမုဒ္ဒရာကို စောင့်ကြပ် နေသည့် နတ်သား အလား သူ့ထံ ပြန်ကြည့် နေ၏။

မည်မျှပင် ကြိုးစား စေကာမူ၊ ဓားကို မရုတ်သိမ်း နိုင်ချေ။ ဓားကိုယ်ထည်ရှိ ထောင်နှင့် ချီသော သူတော်စင် ရူရ်များကို၊ အသက် သွင်း လိုက်သော အခါတွင်၊ မီးနဂါး တစ်ကောင် တိုးထွက် လာ၏။

“ ခရစ် ... ။ ”

သို့သော် သူတော်စင် ဓားမှာ ရုတ်တရက် အပိုင်း အစများ အဖြစ်၊ ကွဲအက် သွားတော့ သည်။

မီးနဂါး ပြိုကျပြီး၊ အပြာဝတ် လူငယ် တစ်ယောက်၊ သွေးအန်လျက် လွင့်စဉ် သွား တော့၏။

ထိုအချိန်တွင် ဘယ်လက် တစ်ဖက်ကို နောက်ပို့ ထားသော အသွင်ဖြင့်၊ လင်းယွန်မှ ရပ်ကြည့် နေခဲ့သည်။

“ ဒါက ငါ့ကို နောက်ကွယ် ကနေ ... စော်ကား နေတဲ့ ... မင်း တို့ရဲ့ ခွန်အားလား ... ၊ မင်းတို့ မှန်တယ် ... တကယ်တော့ မင်းတို့က ကိုယ်ကိုယ်ကို နဂါးလို့ ထင်နေတဲ့ အမှိုက် တွေပဲ၊ အမှိုက် ဆိုတာ ဘယ်လောက် များများ အမှိုက်ပဲ ... နဂါး ဖြစ် မလာဘူး၊ ...

... လာကြ ... ၊ မျိုးဆက်တူ အတွင်း ... သိုင်းပညာ ... ၊ ဂီတ ပညာ၊ ကြိုက်ရာ စိန်ခေါ် နိုင်တယ်၊ ဘယ်သူ မဆို ... ဘာ မဆိုပဲ။ ”

လင်းယွန်အား၊ စော်ကား ခဲ့သူများသည် ပါးရိုက်ခံ လိုက်ရ သကဲ့သို့၊ မျက်နှာများ စပ်ဖျင်း လာတော့သည်။

အနောက် ဉယျာဉ် ဧည်ခံပွဲ တလျှောက် ဤမျှ မောက်မာ ရိုင်းစိုင်းသော လူငယ်မျိုး မရှိ ခဲ့ ဖူးချေ။

ဤလင်းရှောင် ဟူသည် မနက်ဖြန် ကောင်းကင် ရနံ့ သင်းသင်းသို့၊ သွားရောက် နိုင်ရန်၊ အကြောင်း ပြချက် တစ်ခု မျှသာ ဖြစ်သည်ဟု၊ သူတို့ ထင်မိ ခဲ့ကြသည်။

သို့သော် ၎င်းသည် ပွဲအတွင်း ခိုးဝင်ကာ၊ လူတိုင်းကို ကြီးစိုးစွာ စိန်ခေါ် နေချေပြီ။ ၎င်းကို အမြင် မကြည့် ခဲ့သော ယွင်ရှ သည်ပင်၊ ထို မြင်ကွင်း ကြောင့်၊ မှင်တတ် လာ၏။

ဤလူငယ် လင်းရှောင်သည်၊ လူတိုင်းမှ အပြစ် ပြောနေသော လူညစ် တစ်ယောက်နှင့် လုံးလုံး မတူချေ။

အပြာဝတ် လူငယ်မှ တစ်ချက် တည်းနှင့်၊ ရှုံးနိမ့်လိမ့် မည်ဟု၊ မည်သူမျှ မထင်ထား သဖြင့်၊ ဧည့်ခံပွဲက ချက်ချင်း တိတ်ဆိတ် သွားသည်။

“ ဘုန်း ... ။ ”

“ မင်းက ... တကယ် မာနကြီး တာပဲ။ ”

ဟွမ်ရွှမ်ရီက လက်ဖဝါးကို စားပွဲပေါ် ရိုက်ကာ၊ မတ်တတ် ထရပ် လာလေသည်။ ဆံပင်များ တဖျပ်ဖျပ် လွင့်လျက်၊

“ ဒီနေ့ ... ငါကိုယ်တိုင် မင်းကို ဆုံးမ ပေးမယ်။ ”

-ဟု အေးစက်စွာ ဆိုလိုက် တော့၏။

***

All Chapters