မိတ်ဆွေဟောင်း ... ။
Vol. 123 Ch. 1716
ဟွမ်ရွှမ်ရီသည် သတ္တမ မြောက် သွေးလွှတ်ကြောတွင် ရှိသော်လည်း၊ သူ့ ရောင်ဝါသည်၊ အစောပိုင်း အပြာဝတ် လူငယ်ထက် သာလွန်၏။
လေဓား သခင်မှ အေးစက်သော အသွင်ဖြင့်၊
“ အစ်ကို ဟွမ် ... ကိုပဲ ဒုက္ခ ပေးမိပြီ။ ”
-ဟု ဆိုလိုက် လေသည်။
၎င်း၏ မျက်နှာ အမူ အရာကို ကြည့်ရုံဖြင့်၊ မည်မျှ ဒေါသထွက် နေသည်အား မြင်နိုင် သည်။ သူ ဟူသည် ကောင်းကင် မြို့တော်ရှိ၊ သခင်ငယ် လေးပါး အနက်မှ တစ်ပါး ဖြစ်၏။
“ လင်းရှောင် မင်းဘယ်လို သေချင်လဲ။ ”
ဟွမ်ရွှမ်ရီ ထံမှ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လို စိတ်တစ်ခု ထွက် ပေါ်လာ တော့သည်။
သူ့ နောက်၌ တောင်လို ပုံ နေသော လူ သေကောင်များ မှသည်၊ သွေးများ မြစ် အသွင် စီးဆင်း နေ၏။
ယင်းကြောင့် လူတိုင်း၏ ကျောရိုးများ အေးစိမ့် ကုန်သည်။ ဟွမ်ရွှမ်ရီ ဟူသည် ပင်မ နတ် ဘုရား နယ်ပယ်၌ ချန်ပီယံ ဖြစ်ပြီး၊ နာမည်ကြီး ထိုက်သူ ဖြစ်လေသည်။
၎င်းက သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့် လင်းယွန်ကို ခြိမ်းခြောက် လိုက်ခြင်း ဖြစ်သည်။
သို့သော် လင်းယွန် ဟူသည်၊ ဓားသမား တစ်ယောက် ဖြစ်သဖြင့်၊ သူ့ဓား၌ အသက်ပေး ခဲ့ သူများမှာ၊ ဟွမ်ရွှမ်ရီထက် သာလွန်သည်။
အဆုံးတွင် မဟာ သူတော်စင် ကိုပင် သတ်ပစ် ခဲ့သည်။ ထို့ကြောင့် ဟွမ်ရွှမ်ရီ၏ နည်း ဗျူဟာမှာ အချည်းနှီး ဖြစ်သွား၏။
“ ဒါနဲ့ ... ငါမင်းကို မရှင်းလို့ ... ၊ မေးစရာ တစ်ခု ရှိတယ်၊ ပန်းသင်္ချိုင်း ကြောင့် မင်း မျက်စိ ကွယ်နေတာ မဟုတ် ဖူးလား၊ အိုး သိပြီ မင်းက ခွေး မျက်လုံးနဲ့၊ အစားထိုး လိုက်တာကိုး။ ”
“ လင်းရှောင် ... မင်းကို ငါသတ်မယ်။ ”
လင်းယွန် စကားကြောင့် ဟွမ်ရွှမ်ရီမှာ အသိစိတ်များ ဆုံးရှုံး သွားသည်။ ကြောက်မက် ဖွယ် ကောင်းသော အအေးဓာတ်နှင့် အတူ၊ လူတိုင်း တုန်ယင် လာ၏။
ပန်းသင်္ချိုင်း ဟူသည် ခွန်လွန်၏ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်သည်။ ဟွမ်ရွှမ်ရီအား မျက်စိကွယ် စေခဲ့သော ဖြစ်ရပ် သည်လည်း၊ ထိုဒဏ္ဍာရီ အတွင်း ကဏ္ဍ တစ်ရပ် ဖြစ်သည်။
ဟွမ်ရွှမ်ရီက တံဆိပ် တစ်ခုအား ဖန်တီးလျက်၊ လင်းယွန်ထံ လျှောက်လှမ်း လာတော့၏။
လက်ချောင်း များ၌ လျှပ်စီးများ လက်လာပြီး၊ ခရမ်းရောင် လမင်း အဖြစ်သို့ ပေါင်းစပ် သွားသည်။
ပြီးနောက် နေမင်းကြီး တစ်စင်းလည်း ထွက်ပေါ် လာ၏။ နေနှင့်လ ပေါ်လာသော အခါ အလင်းများ ဖြာကျ လာသည်။
ထိုနေနှင့်လ တို့သည် လင်းယွန် အနား ရောက်ချိန်၌၊ ‘မင်’ ဟူသော စကားလုံး အဖြစ် ပေါင်းစပ် သွား၏။
ထိုမင်တွင် ရှေးဟောင်း ရောင်ဝါများ ထုတ်လွှတ် ထားသည့်၊ အနန္တ သူတော်စင် ရူရ် တစ်လုံး၊ ပါဝင် သည်။
ဤသည်မှာ မင် ဂိုဏ်း၏ အလင်း ဖျက်ဆီးခြင်း အစီရင် ဖြစ်သည်။ ၎င်းသည် ပြိုင်ဘက်၏ ကျင့်ကြံမှုနှင့် လှုပ်ရှားမှုကို ကန့်သတ်ထား နိုင်၏။
ထူးခြားချက် အနေဖြင့်၊ တိုက်ပွဲဝင် စွမ်းအား များကိုပင်၊ ထုတ်ပေး နိုင်သည်။
“ ဘန်း ... ။ ”
လင်းယွန်က ၎င်းနှင့် ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ခြေသုံးလှမ်း ဆုတ်ခွာ လိုက် ရသည်။ နတ်အလင်း ဖျက်ဆီးခြင်း ပညာရပ် ၏၊ အလင်း ဖျက်ဆီးခြင်း အစီရင် ဖိအား အောက်တွင်၊ ဟွမ်ရွှမ်ရီမှာ သူ့စွမ်းအားကို အပြည့် အဝ ထုတ်လွှတ်နိုင် ခဲ့သည်။
“ ဟမ့် ... အလင်းမဲ့ နေနှင့်လ ... ။ ”
ဟွမ်ရွှမ်ရီက သူ့ လက်အား၊ တွန်းထုတ် လိုက်ပြီး နေနှင့်လ အဖြစ်၊ ပေါင်းစပ် နေသော မင်က၊ မင် အဖြစ် ပြန်လည် ဖွဲ့တည်ကာ၊ ကောင်းကင်မှ၊ ဆင်းသက် လာသည်။
‘မင်’ ဟူသော စကားလုံး ဆင်းသက် လာသည်နှင့်၊ ကောင်းကင်ကြီး မှောင်သွား၏။ ထိုမင်သည် ချွန်ထက်သော လက်နက် တစ်ခု အလား၊ ပျံသန်း လာသည်။
လူတိုင်း၏ အမြင် အာရုံမှာ၊ တဖြည်းဖြည်း မည်းမှောင် သွား၏။
“ အလင်း လိုတယ်။ ”
အမှောင်ထုက သူ့အား ဝါးမြို ခါနီးတွင်၊ လင်းယွန်မှ ပြုံးပြီး၊ လက်ဝှေ့ယမ်း လိုက်လေ သည်။
သူ့နောက်၌ သူတော်စင် ရောင်ဝါ အနည်းငယ် ဖုံးလွှမ်းသော နဂါး ငါးကောင် ပေါ် လာ၏။
“ ဟိတ် ... ။ ”
၎င်းပေါ်လာ သည်နှင့်၊ ပဉ္စမ မြောက် သွေးလွှတ်ကြော နယ်ပယ်အား ဖြတ်ကျော်ကာ၊ မင်ကို လက်သီးဖြင့် ထိုးချ ပစ်လိုက် တော့သည်။
“ ဝုန်း ... ။ ”
လက်သီးက ‘မင်’ဖြင့် ထိမိ သွားသော အခါတွင်၊ မင်သည် နေနှင့်လ အဖြစ် ကွဲထွက် သွား တော့သည်။
သို့တိုင် ဟွမ်ရွှမ်ရီမှာ ထိတ်လန့် သွားခြင်း မရှိချေ။ သူ့လက်ကို ဝှေ့ယမ်းလျက် နေအား ပြန် ယူ လိုက်သည်။
ထိုနောက် အဆိုပါ နေမင်းဖြင့်၊ လင်းယွန် ထံသို့ ပစ်လွှတ်လိုက်၏။ ယင်းမှာ မဟာ နေမင်း သူတော်စင် တံဆိပ် ဖြစ်သည်။
ဤတိုက်ခိုက်မှုကြောင့် လေဟာနယ်တွင် အက်ကြောင်းများ ပေါ်လာ သဖြင့်၊ လူတိုင်းကို ထိတ်လန့် သွားစေ ခဲ့သည်။
မဟာ နေမင်း သူတော်စင် တံဆိပ်ကို ကြည့်ကာ၊ နဂါး ထွက်သက်ဖြင့် ဖမ်းယူလျက်၊ ပြန်ပေးရန် လင်းယွန်မှ ပြင်မိ သည်။
သို့သော် ၎င်းကို ဟွမ်ရွှမ်ရီ အပေါ်၊ သုံးခဲ့ ဖူးသည်အား သတိ ရလာပြီး တုန့်ဆိုင်း သွား၏။ ဓားရေး သို့မဟုတ်၊ အဓိပတိ နဂါး လက်သီးကို၊ သုံးခွင့် ရသော်၊ သုံးကြိမ် အတွင်း၊ နှိမ်နင်း နိုင်ပေမည်။
“ အ ... ။ ”
ရွေးချယ် စရာ မရှိ သဖြင့်၊ လက်သီးနှင့် ပြန်လည် ထိုးနှက် ပြီးနောက်၊ ညည်းတွားလျက် ထပ်မံ ဆုတ်ခွာ ပေးလိုက် ရသည်။
“ အပြန် အလှန် ချိတ်ဆက် နေသော စကြဝဠာကြီး- မြင့်မြတ်သော နေနှင့် လ ... ။ ”
ဟွမ်ရွှမ်ရီက လေထဲ ပျံဝဲလျက်၊ လှည့် ကြည့်ရာ၊ ကောင်းကင်နှင့် မြေကြီးက၊ တိမ် ပင်လယ် အဖြစ်၊ ပေါင်းစည်း လာသည်။
ဤလောကရှိ အရာ ရာတိုင်း၊ ၎င်း၏ ခြေထောက် အောက်တွင်၊ ရှိနေ သကဲ့ သို့ပင်၊ ခံစား လာရ သဖြင့်၊ ပတ်ဝန်းကျင်ရှိ လူတိုင်းကို အလွန် တုန်လှုပ် သွားသည်။
“ ဒါ ... မြင့်မြတ်မြေ တစ်ခုရဲ့ ပါရမီရှင်လား၊ ကြောက်စရာ ကောင်းလိုက်တာ။ ”
“ လင်းရှောင် တော့ သွားပြီ၊ သူ ... ဟွမ်ရွှမ်ရီရဲ့ အနာကို ဆားပွတ် လိုက် တာကိုး။ ”
ဝေဖန် သံများ ညံလာ၏။ ကျင်းဖုန် သည်လည်း ထိုမြင်ကွင်း ကြောင့် ရွှင်မြူး သွား လေသည်။
“ ငါပြောတယ် မဟုတ်လား၊ သူ့လို လူက အနှေးနဲ့ အမြန် သေရ မယ်လို့၊ အခု ဘယ်သူမှ သူ့ကို မကယ်နိုင် တော့ဘူး။ ”
ကျင်းယွီက ပြုံးလျက် သူ့သားအား လှည့်ပြော လိုက်သည်။
“ သူ့လို ခွေးရူး တစ်ကောင်ကို ... မသတ်ခင်မှာ နှိပ်စက် ညှဉ်းပန်း သင့်တယ်။ ”
လန်ဟောင်ယန်မှ ပြောသည်။
“ စိတ်မပူနဲ့ ... ၊ ဟွန်ရွှမ်ရီက သူ့ကို ချက်ချင်း သတ်ဦးမှာ မဟုတ်ဘူး။ ”
ရှတောင်ဖေးက တိုက်ပွဲကို ကြည့်ကာ သုံးသပ် လိုက်၏။ အခြား တစ်ဖက်တွင် လေဓား သခင်မှာ၊ အပြုံးများ တောက်ပ လာသည်။
“ လင်းရှောင်၊ ဒူးထောက် ... ။ ”
လက်ဖဝါးအား တွန်းထုတ် လိုက်ရာ၊ နေနှင့်လသည် ယဇ်ပလ္လင် ပေါ်တွင် ရပ်နေသော နတ်ဘုရား တစ်ပါး အသွင် ဖြစ်ပေါ် လာသည်။
“ ခရစ် ... ။ ”
ထိုနတ် ဘုရားက၊ လင်းယွန်ထံ လက် ဖဝါးဖြင့့်၊ ရိုက်ချလာ သောကြောင့်၊ လေဟာနယ် တစ်ခုလုံး ကွဲအက် သွား၏။
လင်းယွန်က သက်ပြင်းချ လိုက်သည်။ သူ့မိတ်ဆွ ဟောင်းသည် နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက် ပြီးနောက်၊ ပို၍ သန်မာ လာချေ၏။
ဝှက်ဖဲ အချို့ကို အသုံး ပြုရန် လိုပုံ ရသည်။ အရိယာ ဓားသုတ္တန်အား အသုံး မပြုနိုင် သဖြင့်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း ကိုသာ အသက်သွင်း လိုက်ရသည်။
ထို့ကြောင့် ကမ္ဘာဖျက် ဆေးအိုးကြီးက နဂါးမြစ် ကြမ်းပြင်မှ ကြွလာ၏။ ဆေးအိုး ထွက် လာသော အခါ၊ ပတ်ဝန်းကျင်၌ အနက်ရောင် မြူများ ရစ်သိုင်း သွားသည်။
ရောင်ဝါမှာ တဟုန်ထိုး မြင့်တက်လျက်၊ အဌမမြောက် သွေးလွှတ်ကြော ထံသို့၊ ချက်ချင်း ရောက်ရှိ လာသည်။
“ ခရစ် ... ။ ”
ထို့နောက် ညာလက်ကို ထိုးချ လိုက်ရာ၊ ပျံသန်း လာသော နတ်ဘုရား လက်ဖဝါးကြီး၊ ကွဲအက် သွားလေသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ဟွမ်ရွှမ်ရီမှ အံ့သြ သွားပြီး လင်းယွန်အား၊ ကြည့်သည်။ တစ်ဖက် လူသည် သူ၏ အဆုံးစွန် သော တိုက်ခိုက်မှုကို မည်သို့ ဖြေရှင်း လိုက် သည်မှန်း၊ နားမလည် လိုက်ချေ။
“ မြင့်မြတ်သော နေမင်း ... ။ ”
“ ရွှေကျီးကန်း တောင်ပံများ ... ။ ”
လင်းယွန်က ကောင်းကင်သို့ ပျံတက် သွားစဉ်၊ ရွှေရောင် အဆင်း များက၊ မီးတောက် အဖြစ်သို့ ပြောင်းလဲ လာ၏။
ထို့နောက် ဟွမ်ရွှမ်ရီအား အခွင့် အရေး မပေးတော့ဘဲ၊ ရွှေကျီးကန်း တောင်ပံများ ဆင့် ခေါ်ကာ၊ လည်မျိုကို ဖမ်းဆွဲ ပစ်သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ဟွမ်ရွှမ်ရီ ခမျာ ထိတ်လန့် တကြား အမြန်ဆုတ်ခွာ မိသည်။ နက္ခတ်ကို ထုတ်ဖော် လျက်၊ နဂါး လက်သည်းမှ အစွမ်းကုန် ရုန်းထွက် လိုက်လေသည်။
သို့သော် ထိုအချိန်တွင်၊ ရွှေကျီးကန်း အတောင်ပံများ ပွင့်ထွက် လာပြီး အရိပ် အသွင် အုပ်မိုးလာ တော့၏။
ဤအရာက သူ့လှုပ်ရှား နိုင်စွမ်းကို၊ ကန့်သတ်လာ တော့သည်။ ထို့ကြောင့် နဂါး လက်သည်း ကြီးက သူ့လည်ပင်းကို ဖမ်းမိ သွား၏။
“ ငါ့ကို လွှတ် စမ်း ... ။ ”
“ ဝုန်း ... ။ ”
ထိတ်လန့် တကြား အသံကုန် ခြစ် အော်လျက်၊ ရုန်းကန် လိုက်သည်။ သို့သော် မလွတ် မြောက်ချေ။ ယင်းအစား မြေပြင်ပေါ် ကိုင်ပေါက်ခြင်း ခံလိုက် ရသည်။
မြေပြင် အနှံ့၊ အက်ကွဲ ကြောင်းများ ပြန့်ကျဲလာပြီး၊ ဟွမ်ရွှမ်ရီ၏ ခန္ဓာကိုယ် တစ်ဝက် မြေကြီးထဲ မြုပ်ဝင် သွားတော့သည်။
“ မင်းကို ... ငါ သတ်မယ် ... ။ ”
ဟွမ်ရွှမ်ရီမှ ချက်ချင်း ထရပ်ကာ လင်းယွန်အား ကျိန်ဆဲ တော့သည်။
“ မင်း မျက်လုံး တွေက မုန်းစရာ ကောင်းတယ်။ ”
လင်းယွန်က ရွံရှာ ဟန်ဖြင့်၊ ဟွမ်ရွှမ်ရီ၏ မျက်ဝန်း များထံ ချိန်ရွယ်ကာ၊ ဓား အလင်းများ ပစ်လွှတ် လိုက်တော့သည်။
***