ခမ်းနားသော လက်ဟန်။
Vol. 123 Ch. 1717
“ အား ... ငါ မျက်လုံး ... ။ ”
ဟွမ်ရွှမ်ရီမှာ သူ့အမြင် အာရုံများ မှောင်မိုက် သွားပြီး၊ မျက်ဝန်းမှ သေွးများ စီးကျလာ သဖြင့်၊ ထိတ်လန့် လာတော့၏။
“ အစ်ကို ဟွမ် ... ။ ”
“ ခွမ်း ... ။ ”
လေဓား သခင် လက်မှ၊ ဖန်ခွက် ပြုတ်ကျ သွားလေသည်။ ထိတ်လန့် စွာဖြင့် ချက်ချင်း ပြေးထွက်ကာ၊ ထိန်းမတ် ပေး လိုက်၏။
ပြီးနောက် စစ်ဆေး ကြည့် လိုက်သော အခါတွင်၊ ဟွမ်ရွှမ်ရီ၏ မျက်စိများ ကွယ်သွားကြောင်း၊ သိလိုက် ရသည်။
ထိုမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့် ကုန်၏။ အဖြစ် အပျက် များမှာ မြန်လွန်းသည်။ လေဓား သခင်မှ ကြောက်မက်ဖွယ် သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်အား ထုတ်ဖော် လာ၏။
“ လင်းရှောင် ... မင်း ဘယ်လိုတောင် ... သတ္တိ ရှိလိုက်လဲ၊ ငါ မင်းကို မသတ်ဝံ့ ဖူးလို့ ... ၊ ထင်နေ တာလား၊ မိတ်ဖြစ် ဆေွဖြစ် ပွဲမှာ၊ ဒီလောက်တောင် ရက်စက် ရလား။ ”
“ လေဓား သခင်၊ သူ့လို ကောင် အတွက်၊ ဒေါသတွေ ထွက်မနေ ပါနဲ့၊ သူ့ကို မင်း သတ်ရင် ကောင်းကင် ရနံ့ သင်းသင်းက ... မေးခွန်း ထုတ်နေ ပါ ဦးမယ်၊ ငါပဲ လုပ်ပါ ရစေ။ ”
ကျင်းယွီက မျက်နှာလို မျက်နှာရ မတ်တပ် ထရပ် လာသည်။
“ ဒါဆို ဦးလေး ကျင်းကိုပဲ ဒုက္ခပေး ရတော့မယ်၊ ဒီအတွက် ကြိုပြီး ကျေးဇူး တင်ပါ ရစေ။ ”
လေဓား သခင်က ဝမ်းမြောက် စွာဖြင့်၊ ဟွမ်ရွှမ်ရီအား ဖေးမကာ၊ အမြန် ထွက်ခွာ သွား တော့သည်။
ထို့နောက် စီနီယာ တစ်ယောက်နှင့်၊ ဟွမ်ရွှမ်ရီ မျက်လုံးအား ကုသ ပေးရန်၊ ညွှန်ကြား လိုက်သည်။
ကျင်းယွီသည် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ ဖြစ်သဖြင့်၊ ရောင်ဝါ ထုတ်လွှတ် သော အခါတွင်၊ ဖိအားများ ပေးစွမ်း လာ၏။
“ လင်းရှောင် ... ၊ ဟွမ်ရွှမ်ရီ ဆိုတာ၊ မြင့်မြတ် မြေရဲ့ ပါရမီရှင် တစ်ပါးပဲ၊ သူ့ မျက်စိ ကန်းသွား အောင်၊ မင်း လုပ်ဝံ့လား၊ ဂိုဏ်းနှစ် ဂိုဏ်းကြား စစ်ပွဲ ဖြစ်စေချင် နေတာလား။ ”
ကျင်းယွီက အေးစက်စွာ အော်ငေါက် လိုက်၏။
“ ကောင်းကင် ရနံ့ သင်းသင်းကို ... ၊ ဆိုးရွားတဲ့ ရည်ရွယ်ချက် တွေနဲ့၊ မင်း လာခဲ့ တယ် ဆိုတာ ... ငါ သိတယ်၊ ဒီနေ့ မင်း ... မျက်လုံးကို ဖောက်ထုတ်ပြီး၊ မင် ဂိုဏ်းထံ ပို့ရမယ်။ ”
“ သတ္တိ ရှိလား ... ။ ”
လင်းယွန်က ပြုံးလျက် စိုက်ကြည့်ကာ၊
“ မင်းက သစ္စာ ဖောက်ပဲ ... ၊ ကောင်းကင် ရနံ သင်းသင်းက ... ၊ အကြီးအကဲ တစ်ယောက် အနေနဲ့၊ ဒီလို ပွဲမျိုး လာတာ၊ မျက်နှာ ပြောင်တိုက် လွန်းရာ၊ ...
... မကျ ဖူးလား၊ အခု ... ငါ ဒီကို တစ်ယောက် တည်း လာတာလို့ ... ၊ မင်း ထင်နေ တာလား။ ”
ယခု အချိန်၌ ကူကျွင့် တစ်ယောက် ထွက်လာ သင့်ချေပြီ။ ကြည့်ရ သည်မှာ ၎င်းက ထွက်ပြေး သွားပုံ ရ၏။
အမှန် အတိုင်း ဆိုရ ပါမူ၊ ကူကျွင့် သော်မှ သူ့အား ကာကွယ် ပေးနိုင်မည့် နည်းလမ်း မရှိ ချေ။ ထို့ကြောင့် ဟန်ဖြင့် ခြိမ်းခြောက် ပစ်ခြင်း ဖြစ်သည်။
အပြစ် ရှိသူ တစ်ယောက် ဖြစ်နေ သဖြင့်၊ ကျင်းယွီမှ သူ့ကို ထိဝံ့မည် မဟုတ်ဟု ယုံသည်။ အရာ အားလုံး မျှော်လင့် ထားသည့် အတိုင်း ဖြစ်လာသည်။
ကျင်းယွီ လက်မှာ လေထဲ ရပ် သွား၏။ ဒေါသ ထွက်နေ သော်လည်း၊ လင်းယွန် ပြောခဲ့ သည့် စကားကြောင့်၊ မလှုပ်ဝံ့ တော့ချေ။
ပတ်ဝန်းကျင်၌ တစ်စုံ တစ်ယောက် ပုန်းအောင်း နေခြင်း ရှိ-မရှိကို၊ သံသယဖြင့် လှည့်ပတ် ကြည့်လေသည်။
“ ထွက်သွားစမ်း ... ရွံစရာ ကောင်း လိုက်တာ။ ”
ကျင်းယွီ တစ်ယောက် တုန့်ဆိုင်း သွား သည်ကို မြင်သော အခါတွင်၊ လင်းယွန်မှ ရင်ခုန် စွာဖြင့် တွန်းထုတ် လိုက်သည်။
သန်မာ သော်လည်း မှင်တက် နေခဲ့ သောကြောင့်၊ လင်းယွန် လက်ဖဝါးက စားပွဲ တစ်လုံးကို အပိုင်းပိုင်း ခွဲလျက်၊ ကျင်းယွီအား ပြန်၍ တွန်းထုတ် ပစ်၏။
အထွတ် အထိပ်၊ နိဗ္ဗာန် အဆင့်ရှိ ကျွမ်းကျင်သူ တစ်ယောက်သည်၊ လင်းယွန် ရှေ့၌ သနားစဖွယ် ကောင်းနေ ခဲ့သည်။
“ အဖေ၊ သူ့ကို သတ် ... ။ ”
လင်းယွန်မှ သူ့အဖေ အား ရိုက်ပစ် လိုက် သည်ကို မြင်ချိန်၌၊ ကျင်းဖုန်မှာ ဒေါသ တကြီး မတ်တပ် ထရပ် လေသည်။
သို့တိုင် ကျင်းယွီက လှုပ်ရှား ဝံခြင်း မရှိ တော့ချေ။ သူ့အား စူးစူး စိုက်စိုက် ကြည့်နေ သည့် မျက်လုံး တစ်စုံကို ခံစား လာရသည်။
ထိတ်လန့် စွာဖြင့်၊ သူ့သား စကားကို လျစ်လျူရှုကာ၊ ပတ်ဝန်းကျင်၌ သူတော်စင် အကြီးအကဲ ရှိ-မရှိ၊ လှည့်ပတ် ရှာဖွေ ကြည့်မိသည်။
“ လမင်းက ... အမျိုး သမီးရဲ့ အလှကို ပေါ်လွင် စေပြီး၊ ကျက်သရေ ရှိတဲ့ ... ခြေလှမ်း တွေက၊ ငါ့ နှလုံးသားကို လှုပ်ခါ နိုင်တယ်။ ”
ထို့စဉ် သီချင်းသံ တစ်သံက ရုတ်တရက် ထွက်ပေါ် လာပြီး၊ လူတိုင်း၏ အာရုံကို စွဲဆောင် သွားတော့သည်။ စိတ်နှလုံး များမှာ လရောင် ခြုံနေ သကဲ့သို့၊ ငြိမ်းချမ်း လာ၏။
“ ဒါ ... သူတော်စင် တေးသွားပဲ။ ”
သီချင်း ထဲရှိ၊ အနု ပညာ သဘော တရား များကို ချက်ခြင်း ခံစား နိုင်ကြ၏။ လှည့်ကြည့် လိုက်တော့ အခါ၊ သစ်ခွ တောင်ကြား၏ တပည့် ကြီး ခုန်ရင်မှ၊ ဗျပ်စောင်း တီးခတ် နေသည်ကို တွေ့လိုက် ရသည်။
အဝတ် အစားများ၊ လေ အဝှေ့၌ တဖျပ်ဖျပ် ခတ်နေပြီး၊ သပ်ရပ် ကြော့ရှင်း သော အသွင်ဖြင့်၊ လင်းယွန်အား မော့ကြည့် လာတော့သည်။
“ ဟိတ် ... ။ ”
လင်းယွန်က လေထဲ တစ်ပတ် လှည့်ကာ၊ အသံလှိုင်း များကို ရှောင်၏။ ပြီးနောက် လေထု အလယ် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနေ စဉ်၊ အကြွင်းအကျန် အသံ လှိုင်းများက၊ ဆံပင် အချို့ကို ဖြတ်တောက် သွားသည်။
“ သူမ ထွက်ခွာ သွားတော့ ... မိုးမခပင်တွေက ငိုတယ်၊ ကောင်းကင်ကြီး ကတောင် နှင်းတွေကို မိုးအဖြစ် ရွာချ ပေးတယ်။ ”
သံချင်းသံနှင့် အတူ၊ နောက်ထပ် အသံ လှိုင်းများက၊ မိုးမခပင်၏ အကိုင်း အခက်များ အလား၊ ထင်ရှား လာတော့သည်။
အကိုင်း အခက် များက၊ လင်းယွန်ထံ ဦးတည် တိုးဝင် လာသည်။ လမ်း တစ်လျှောက် လေဟာနယ်တွင် အက်ကြောင်းများ ထင်ဟပ် လာတော့၏။
“ ဝှစ် ... ။ ”
လင်းယွန်မှ နေနတ်သားအား ဖမ်းစီးခြင်း ပညာရပ်ကို ကန့်သတ်ချက် အထိ တွန်းပို့ကာ၊ ထိုသစ်ကိုင်း များကို ရှောင်လိုက် ရသည်။
သို့တိုင် အဖျားခတ်ပြီး၊ ခန္ဓာ ကိုယ်၌ ဒဏ်ရာများ ရရှိ သေး၏။ ခုန်ရင်၏ လက်ချောင်း များကို မြင်တည်း ကပင်၊ ဗျပ်စောင်း ကြိုးသာ တီးခတ် ပါက၊ ကြောက်စရာ ကောင်းမည်ကို၊ သူ မျှော်လင့် ထားပြီး ဖြစ်သည်။
နောက်ထပ် အသံလှိုင်းများ အနည်းငယ် ရိုက်ခတ်ခြင်း ခံရ ပြီးနောက်၊ သူရပ် နေရာသို့ ပြန်ရောက် သွား၏။
“ ဟမ့် ... ။ ”
ချက်ချင်းပင် မိုးကြိုး မုန်တိုင်း ဗျပ်စောင်းအား ထုတ်ယူကာ၊ လက်ချောင်း များကို၊ ညင်သာစွာ တင်လိုက်သည်။
ထိုအချိန်၌ ခုန်ရင် လက်ချောင်း များမှ သူတော်စင် အသံများ အဆက်မပြတ် ထွက်ပေါ် လာပြီ ဖြစ်သည်။
လမ်းကြောင်း အသီးသီးမှ ပြေးလွှား လာသော မြင်းအုပ်ကြီး အလား၊ ကြောက်စရာ ကောင်းချေ၏။ ရှေးဟောင်း ရောင်ဝါ များပင် ထုတ်လွှတ် လာသည်။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန်က ခေါင်းရမ်း လျက်၊ လက်ကောက်ဝတ် ဝတ်ရုံအိုးကို ဟန်ပါပါ ရုတ် သိမ်းပြီး၊
“ မင်းရဲ့ သီချင်းက စိတ်ပျက်စရာပဲ ... ။ ”
-ဟု ဆိုလိုက် တော့၏။
“ အိုး ... ဖြူစင်တဲ့ မြင်းကလေး ... မင်း ငါ့ဆီကို လာမှာလား။ ”
ခုန်ရင်က ဂရု မစိုက်ဘဲ သီချင်းကို ဆက်ဆိုသည်။ ဂီတ သံကြောင့် ပြေးလွှား လာနေသော မြင်း ဖြူဖြူ များမှ၊ ကြောက်မက်ဖွယ် ရောင်ဝါများ ထုတ်လွှတ် လာ၏။
“ ဒင် ... ။ ”
“ ကျီး ... ။ ”
ရုတ်တရက် လင်းယွန်က ဗျပ်စောင်း ကြိုးအား ခတ်လိုက် တော့သည်။ ဖီးနစ် အော် မြည်သံ ချက်ချင်း ထွက်ပေါ် လာ၏။
လက်ခတ်သံ တစ်ချက် တည်း ကပင်၊ ရက်စက် ခြင်းများ ပြည့်နှက် နေပြီး၊ လူတိုင်း၏ နားစည်သို့ ပြင်းစွာ ရိုက်ခတ် တော့၏။
“ ဒင် ... ။ ”
ထို့နောက်တွင် လက်ချောင်းများ ပြေးလွှား လူးလွန့်လျက်၊ ဂီတ သံများ မြိုင်ဆိုင်စွာ ပျံ့လွင့် လာလေသည်။ ယင်းက ခုန်ရင်ထက် သာလွန် နေကြောင်း ပြသရာ ရောက်၏။
“ ဒင် ... ။ ”
ထိုအသံ အောက်တွင် ပြေးလွှား လာနေသည့်၊ မြင်းဖြူဖြူ များမှာ၊ သနား စရာ ကောင်းသော မြည်ကြွေး သံနှင့် အတူ၊ ပေါက်ကွဲသွား ကုန်သည်။
အားလုံးက ပါးစပ် အဟောင်း သားနှင့် လင်းယွန်ထံ ပြန်ကြည့်၏။ ယင်းမှာ သူတော်စင် အသံ ဖြစ်သည်။ ယုံနိုင် စရာ မရှိချေ။
လင်းရှောင် ကဲ့သို့ လူရိုင်းအား၊ ဂီတ ကျွမ်းကျင်သူ အဖြစ်၊ မည်သို့မျှ တွဲဆက် ပုံဖော် နိုင်ခြင်း မရှိကြောင်း လူတိုင်း ပြောနိုင်သည်။
“ ဒါ ... ။ ”
ရှတောင်ဖေး နှင့် လန်ဟောင်ယန်မှာ မျက်နှာများ ဖြူဖျော့ လာ၏။ အထူး သဖြင့် လန်ဟောင်ယန် ဖြစ်သည်။
ဤလူရိုင်းသည် ကျွမ်းကျင်သူ ဖြစ်နေ သည်မှာ၊ အဓိပ္ပါယ် မရှိချေ။ တစ်နေ ရာရာ၌၊ တစ်စုံ တစ်ရာ၊ မှားယွင်း နေပုံ ရသည်။
သူမ၏ စီနီယာ အစ်ကို ရှတောင်ဖေး သည်ပင်၊ အရိယာ အသံမျှသာ ဖန်တီး နိုင်၏။
“ ထောင်း ... ။ ”
ရုတ်တရက် အငိုက်မိ သွားသဖြင့်၊ ခုန်ရင် တစ်ယောက် ဗျပ်စောင်း ကြိုးများ ပြတ်တောက် သွားလေသည်။ အန္တရာယ် ရှိသော အနေ အထား ဖြစ်၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် လေဓား သခင်မှ၊ ဗျပ်စောင်း တစ်လက်ကို ထုတ်ယူကာ၊ ပစ်ပေး လာသည်။
“ အစ်ကို ခုန်၊ ငါ့ ဗျပ်စောင်းကို သုံး ... ။ ”
တစ်ချိန်တည်း မှာပင်၊ ပလွေသံ နှစ်သံ သည်လည်း၊ ထွက်ပေါ် လာ၏။ တစ်သံသည် သာမန် ပလွေသံ ဖြစ်ပြီး၊ ဒုတိယ အသံသည် ပလွေရှည် အသံ ဖြစ်သည်။
ပလွေသံ နှစ်သံ ပေါင်းစပ် သွားသော အခါတွင်၊ သူတော် အသံအား ပြန်လည် ခုခံ လာနိုင်သည်။
“ ဒင် ... ။ ”
ခုန်ရင်က လေဓား သခင် ဗျပ်စောင်းကို ဖမ်းယူကာ၊ ရှေ့တွင် နေရာ ချပြီး၊ တစ်ချက်ခတ် ကြည့် လိုက်သည်။
“ ကောင်းလိုက်တဲ့ ဗျပ်စောင်း။ ”
ဗျပ်စောင်းအား ချီးကျူးလျက်၊ စတင် တီးခတ် တော့သည်။ ဤတစ်ကြိမ်တွင် သူ့အသံ ကို ပလွေသံဖြင့်၊ ပူးပေါင်း ပစ်၏။ ထို့ကြောင့် ဂီတ သံမှာ၊ ပို၍ ခံ့ညား လာသည်။
ပတ်ဝန်းကျင် တစ်ခုလုံး၊ အသံ လှိုင်းများ ပြည့်နှက် သွားကာ၊ ခမ်းနားသော ဖြစ်ရပ်ဆန်း တစ်ခု၊ ပေါက်ပွား လာ၏။
ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်သော ဂီတသံသည်၊ လှိုင်းလုံးကြီး သုံးလုံး အသွင်ဖြင့် လင်းယွန် ထံသို့၊ ပြေးဝင် တော့သည်။
“ ကျီး ... ။ ”
ကြက်သွေးရောင် ဖီးနစ်မှာ၊ ထိုလှိုင်း ဒဏ်ကြောင့် ငိုကြွေးလျက်၊ အပိုင်းပိုင်း ကွဲထွက် သွားတော့သည်။
“ မဆိုးဘူး ... ။ ”
လင်းယွန်က ပြုံးပြီး၊ လှိုင်းလုံး သုံးလုံးကို မော့ကြည့်ကာ၊ သီချင်းအား ပြောင်းလဲ တီးခတ် လိုက်သည်။
“ ဒင် ... ။ ”
ဤတစ်ကြိမ်၌ ကိုးပါး ကောင်းကင် ချပ်ဝတ်ကို တီးခတ် လိုက်သည်။ နှင်းပွင့်များ ကြွေကျ လာပြီး၊ သက်တံ့ အလင်း များက ချပ်ဝတ် သဖွယ် သူ့ကို ခြုံ လာ၏။
အပြုံး တစ်ပွင့်ဖြင့် စော့ကစား နေသည့် သူ့အသွင်မှာ၊ ပြိုင်ဘက် ကင်းသော ကျက်သရေ မျိုး၊ ပေးစွမ်း နေသည်။
“ ဒင် ... ။ ”
ဗျပ်စောင်း တီးခတ် နေသော အနေ အထားဖြင့်၊ လေထဲ ကြွတက် လာ ပြီးနောက်၊ ပြိုင်ဘက်၏ ဂီတလှိုင်း သုံးခုကို ဖြိုခွင်းရန် ကြံရွယ် လိုက်သည်။
“ အခု ... ငါ့ အလှည့်ပဲ။ ”
ဖီးနစ် အတွေ့ကို ခက်ခက် ခဲခဲဖြင့်၊ ကန့်သတ် ချက်သို့ တွန်းပို့ လိုက်၏။ ထို့ကြောင့် သူ့လက် ချောင်းများ မှုန်ဝါး သွားသည်။
ဖီးနစ် အတွေ့၏ အနှစ် သာရမှာ၊ လက်ဟန်ကို ခမ်းနား သွက်လက် မြန်ဆန် စေရန်၊ ဖြစ်သည်။
၎င်းအား ကျွမ်းကျင် ပိုင်နိုင်သွား ပါက၊ မည်သည့် သီချင်းကို မဆို၊ လှပ သေသပ်စွာ မြန်မြန် ဆန်ဆန် တီးခတ် နိုင်မည် ဖြစ်၏။
ယင်းကြောင့် အဝေးမှ ကြည့်သော် လင်းယွန်၌ လက်ပေါင်း ရာဂဏန်းခန့် ပွားများ လာ သကဲ့သို့ ထင်မှား စေသည်။
( ဤအခန်းမှ စ၍၊ ဖီးနစ် အတွေ့အား၊ သီချင်း တစ်ပုဒ် အဖြစ် မယူဆဘဲ၊ လက်ဟန် အဖြစ်၊ ပြောင်းလဲ သုံးစွဲ သွားပါမည်။ )
“ ဒီကောင် ... ။ ”
ခုန်ရင်၊ ရှဟိုဖန်နှင့် ရှင်းဝူဟန်မှာ၊ ဂီတ တူရိယာ များကို တီးမှုတ် နေလျက်မှ မျက်လုံး ပြူး လာသည်။
မည်သို့သော လက်ချောင်း လှုပ်ရှားမှု နည်းစနစ် ဖြစ်မှန်း သူတို့ မသိ ခဲ့ချေ။ ခမ်းနားကာ၊ ကြောက်မက်ဖွယ် ကောင်းလွန်း၏။
“ ဒင် ... ။ ”
ကြည့်နေဆဲ မှာပင်၊ ကြိုး၌ လျှပ်စီးများ တဖျပ်ဖျပ် ခတ်လျက်၊ ထူးခြားသော ဖြစ်စဉ် နှစ်ပါး၊ ထွက်ပေါ် လာသည်။
ယင်းက ငေွကြယ်ရောင် ကောင်းကင်နှင့် ကောင်းကင်ဘုံ ကိုးပါးမှ ဖီနစ် ကကြိုးအား တီးခတ် လိုက်ခြင်း ဖြစ်လေသည်။
***