← Chapters

ဘယ်သူ ထိဝံ့လဲ ... ကြည့်မယ်။

Vol. 123 Ch. 1718

ဘယ်သူ ထိဝံ့လဲ ... ကြည့်မယ်။

Vol. 123 Ch. 1718

ရှေးဟောင်း နုတ်နှစ်ခု တပြိုင်နက် တည်းထွက်ပေါ် လာသော အခါတွင်၊ ဖြစ်စဉ် များ ပြောင်းလဲ သွား၏။

သူတော်စင် အသံအား၊ ဆုပ်ကိုင် ထားနိုင် သူများသည်၊ ပါရမီရှင်များ ဖြစ်သည်။ သို့သော် လင်းယွန် ကဲ့သို့၊ ဘီလူး တစ်ကောင်နှင့် ရင်ဆိုင် ရသော အခါတွင်၊ လိုက် မမီ တော့ချေ။

မီးလွင်ပြင် ထဲမှ ဖီးနစ်နှင့် လိုက်လျော ညီထွေ ဖြစ်ကာ၊ ဖြေရှင်းရန် နည်းလမ်း ရှာဖွေ နေစဉ် မှာပင်၊ သီချင်းက ပြောင်းသွားသည်။

ထို့ကြောင့် ရှင်းဝူဟန် တို့၏ အသံလှိုင်း သုံးခုသည်၊ လင်းယွန်အား ရိုက်ခတ် ခါနီး အချိန် ၌၊ ကိုးပါး ကောင်ကင် ချပ်ဝတ်က ဖျက်ဆီး လိုက်သည်။

ထို့ကြောင့် ၎င်းအား နားလည်အောင် ကြိုးစား နေစဉ်၊ တေးသွားမှ ပြောင်းလဲသွား ပြန်၏။

ဖြစ်စဉ် တစ်လျှောက်၊ သူတို့ သုံးဦး၏ ပေါင်းစည်းမှု များကို အကြိမ်ကြိမ် ဖျက်ဆီး ခံခဲ့ ရသည်။

ကြောက်မက်ဖွယ် ကောင်းသော ငွေကြယ်ရောင် အလင်းများ ပေါက်ကွဲ လာပြီး၊ ငွေမြစ် အသွင် ဖွဲ့တည် လာ၏။

ထို့နောက် ငွေမြစ်သည် ခုန်ရင်၊ ရှဟိုဖန်နှင့်၊ ရှင်းဝူဟန် ဆီသို့၊ ကြယ် အလင်းများ တဖျပ်ဖျပ် ခတ်လျက်၊ စီးဆင်း လာတော့သည်။

သုံးယောက်သား တုန်လှုပ် ခြောက်ခြား သွား၏။ ပလွေ တီးမှုတ် နေသော ရှဟိုဖုန်းနှင့် ရှင်းဝူဟန်က လေထဲ ချက်ချင်း ခုန်တက် ပစ်သည်။

ခုန်ရင်က ဗျပ်စောင်း အစွန်းအား လက်ဖဝါးဖြင့် ရိုက်ကာ၊

“ ကူ ညီ ဦး ... ။ ”

-ဟု အော်ဟစ်လျက်၊ နောက်ပါးမှ လိုက်ပါ လာခဲ့သည်။

ငွေမြစ် အနား မရောက်မီ၊ လက်ဖဝါး ရိုက်ချက်ကြောင့်၊ သူနှင့် အတူ၊ လေထဲ ပျံတက် လာသော ဗျပ်စောင်းကို၊ ဖမ်းယူ လိုက်၏။

“ ကျီး ... ။ ”

တစ်ချိန် တည်း မှာပင် ရှင်းဝူဟန်နှင့်၊ ရှဟိုဖုန်းက ခေါင်းညိတ်လျက်၊ ဖီးနစ်နှင့် ငွေမြစ် တို့ကို ဟန့်တားရန်၊ ပလွေများ စတင် တီးမှုတ် တော့သည်။

ထိုကြောင့် ခုန်ရင်က ဗျပ်စောင်းကို ပိုက်လျက်၊ လင်းယွန်ရှေ့ ဆင်းသက်ခွင့် ရသွား သည်။ မြေပြင်ပေါ် ခြေချပြီး သည်နှင့် ထိုင်ကာ၊ ဗျပ်စောင်း တီးရန် ပြင်လိုက် တော့သည်။

အဆုံးတွင် သုံးယောက်သား ပြန်၍ ပေါင်းစည်း မိသွားသည်။ ခုန်ရင်၏ ရောင်ဝါများ၊ တစ်ဖန် ပြန်လည် မြင့်တတ် လာပြီး၊ အမျိုး မျိုးသော ဖြစ်စဉ်များ ထွက်ပေါ် လာ၏။

“ ဝှစ် ... ။ ”

ထောင်ပေါင်း များစွာသော နတ်သမီးများ ကခုန် လာ သဖြင့်၊ ရှင်းဝူဟန်နှင့် ရှဟိုဖုန်းက ပလွေ အား သိမ်းဆည်လျက်၊ လင်းယွန်ကို ရိုက်နှက်ရန် ကြံစည် လိုက်လေသည်။

ဤမြင်ကွင်းကြောင့် လူတိုင်း စိတ်လှုပ်ရှား လာ၏ ။

“ သတိ ထား ... ။ ”

သစ်ခွ တောင်ကြားမှ ယွင်ရှက အော်ဟစ် သတိပေး လိုက်သည်။ လင်းယွန်က ခေါင်းညိတ် ပြီး ပြုံး၏။

ရှင်းဝူဟန်နှင့် ရှဟိုဖုန်းသည် ဆဋ္ဌမ သွေးလွှတ်ကြော၌ ရှိသည်။ ၎င်းတို့၏ ကျင့်ကြံမှု သည် ဟွမ်ရွှမ်ရီအား မမီခဲ့ သော်လည်း၊ လက်ရှိ အချိန်တွင် လင်းယွန်ကို ရိုက်နှက်ရန် လုံလောက် ချေ၏။

“ မင်းတို့ နှစ်ယောက် ဘာလုပ်ဖို့ ကြိုးစား နေတာတုန်း။ ”

လင်းယွန်က ပြုံးပြီး မော့ကြည့်သည်။

“ မင်း အသက်ကို ယူမလို့ ... ။ ”

ရှင်းဝူဟန်မှ အေးစက်စွာ ပြန်ဖြေ၏။

“ ဟား ဟား ဟား ... ၊ မင်းတို့က ဂီတနဲ့ အနိုင် မယူနိုင် တာနဲ့ပဲ၊ ရှေးရိုး အတိုင်း လိုက် မလို့ လား၊ သနား စရာပဲ၊ လာခဲ့ ... မင်းတို့ ဆန္ဒကို ဖြည့်စည်း ပေးမယ်။ ”

အဆုံးတွင် ဗျပ်စောင်း အစွန်းကို လက်ဖဝါးဖြင့် ပုတ်လျက်၊ သူနှင့် အတူ လေထဲ မြှောက်တက် လာအောင်၊ လင်းယွန်မှ ပြုလုပ် လိုက်၏။

ရုတ်တရက် လင်းယွန်မှ ဗျပ်စောင်း တီးခြင်းကို ရပ်လိုက်ရာ၊ လူတိုင်း အံ့အားသင့် ကုန်သည်။

လင်းယွန်မှ သူတော်စင် မိုးပြာ နဂါး ခန္ဓာကိုယ်ကို၊ လေထု အလယ် အသက်သွင်း လိုက်၏။ နဂါး ရူရ်ပေါင်း တစ်သိန်း အထိ၊ ထွက်ပေါ် လာသည်။

“ ဂျိန်း ... ။ ”

မိုးခြိမ်း သံများ တဟုန်ထိုး မြည်ဟည်း လျက်၊ လင်းယွန်၏ လက်သီး များက ရှဟိုဖုန်း နှင့် ရှင်းဝူဟန်ထံ၊ သက်ဆင်း သွားသည်။

“ ဝေါ့ ... ။ ”

“ ဒင် ... ။ ”

နှစ်ယောက်သား သွေး အန်ကာ၊ လွင့်စဉ် သွားသည်။ ထိုအချိန်တွင် ခုန်ရင်၏ လက်ဖျားမှ မုန်တိုင်း တစ်စင်း၊ ထွက်ပေါ် လာ၏။

မုန်တိုင်းကြောင့် မိုးကြိုး မုန်တိုင်း ဗျပ်စောင်းအား၊ ပြန်လည် ဖမ်းယူ နေသော လင်းယွန်မှာ မအောင်မြင် ခဲ့ချေ။

အဝတ် အစားများ လေဓားဖြင့်၊ အပိုင်းအပိုင်း စုတ်ဖြဲခြင်း ခံလိုက် ရ၏။ ဗျပ်စောင်း သည်းလည်း၊ လွင့်စဉ် သွား တော့သည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် နေနတ်သား ဖမ်းဆီးခြင်း ပညာရပ်ကို ထုတ်ဖော်လျက်၊ မြင့်မြင့်သို့ ထပ်မံ ခုန်တက် လိုက်ရ၏။

သို့သော် ခုန်ရင်၊ ဖန်တီး ထားသော နတ်သမီးများ ကောင်းကင်မှ ဆင်းလာပြီး၊ သူ့ကို ဝိုင်းလာ သဖြင့်၊ မလွတ်မြောက် တော့ချေ။

ချက်ချင်း နတ်ကျောက်စိမ်း ပလွေအား ထုတ်ယူပြီး၊ ရာနှင့် ချီသော ဂီတ နုတ် များကို တီးမှုတ် လိုက်ရသည်။

ပလွေ သံနှင့် အတူ၊ ကြက်သွေးရောင် နေမင်း တစ်စင်း၊ သူ့ နောက်၌ ပေါ်လာ၏။ နေမင်း ကြီးက နတ်သမီး ပုံရိပ် များကို ချက်ချင်း လောင်မြိုက် တော့သည်။

အသံလှိုင်း သွားရာ၊ လမ်း တစ်လျှောက်၊ မရေမတွက် နိုင်သော စားပွဲများ၊ ပစ္စည်းများ၊ အသုံး အဆောင်များ၊ အက်ကွဲ ကုန်၏။

“ ထောင်း ... ။ ”

ခုန်ရင် သည်ပင်၊ ဗျပ်စောင်း ကြိုးများ ပြတ်တောက်လျက်၊ လွင့်စဉ် သွားတော့သည်။ ပါးစပ်မှ သွေးများ စီးကျ လာပြီး၊ မျက်နှာ ဖြူဖျော့ သွား၏။

“ ဝှစ် ... ။ ”

ရှင်းဝူဟန်နှင့် ရှဟိုဖုန်းက သူ့ဘေးသို့ ချက်ချင်း ဆင်းသက်ကာ၊ ဖေးမ လိုက်ပြီး၊ ပြန် မော့ကြည့် သည်။

လင်းယွန် သည်လည်း နဖူး၌ ချွေးများ သီးကာ၊ မျက်နှာ ဖြူဖျော့ နေသည်ကို မြင်လိုက် ရ၏။ တိုက်ပွဲမှာ မြင်သလောက် မလွယ်ကူ ခဲ့ချေ။

တစ်ဖက်တွင် ကျွမ်းကျင်သူ သုံးပါးနှင့် ရင်ဆိုင် ခဲ့ရ သဖြင့်၊ နောက်ဆုံးသော တေးသံမှာ၊ လင်းယွန်၏ စိတ်စွမ်းအင် များစွာကို ကုန်ဆုံး သွားစေသည်။

ဂီတ ဖြင့်သာ ဆက်၍ တိုက်ပွဲ ဝင်ရမည် ဆိုသော်၊ ဤမျှ လွယ်မည် မဟုတ်ချေ။ ယခုမူ သိုင်းပညာကို သုံးလာကြ သောကြောင့်၊ သူ ကံကောင်း သွားခြင်း ဖြစ်သည်။

“ ဘယ်သူ လာချင် သေးလဲ၊ မျိုးဆက်တူ အတွင်း၊ သိုင်းပညာ ... ဂီတ ကြိုက်ရာနဲ့ စိန်ခေါ် နိုင်တယ်။ ”

လင်းယွန်က မြေပြင်ပေါ်၊ ဆင်းသက် လိုက်ပြီး၊ နတ်ကျောက်စိမ်း ဝါးပလွေကို သိမ်း လျက်၊ ဗျပ်စောင်းအား ပြန်ယူ လိုက်သည်။

သူ့အသံသည် ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်း ကြားရန် လုံလောက် နေ၏။

သိုင်းပညာတွင် ဟွမ်ရွှမ်ရီ၊ ဂီတ ပညာ၌ ရှင်းဝူဟန်၊ ရှဟိုဖုန်းနှင့် ခုန်ရင် စသည့် လူငယ် လေးဦးအား အနိုင်ယူ ထားသည်။

ဤပွဲ၌ ၎င်းတို့ထက် သန်မာ သူများ မရှိ တော့ချေ။ ထို့ကြောင့် အနောက်ဘက် ဉယျာဉ် တစ်ခုလုံး၊ ချက်ချင်း တိတ်ဆိတ် သွားသည်။

ပင်မ စားပွဲတွင် ထိုင်နေသော လေဓား သခင်မှာ၊ အဆိုးဆုံး ဖြစ်၏။ ယနေ့ ဖြစ်ပျက်ခဲ့ သမျှ၊ ကြီးစွာသော အမည်းစက် ပေပင်။

“ ဒါဆို မနက်ဖြန် ငါ့ကို စိန်ခေါ်ဖို့ ... ၊ ကောင်းကင် ရနံ့ သင်းသင်းကို၊ မင်းတို့ လာစရာ မလို တော့ဖူး မဟုတ်လား၊ ကျေးဇူးတင် ပါတယ်၊ ခွင့်ပြု ပါဦး။ ”

“ ဒုန်း ... ။ ”

လင်းယွန်က လေဓား သခင်ထံ ကြည့်ပြီး၊ ပြောလိုက်သည်။ လေဓား သခင်မှ ဝိုင်ခွက်ကို စားပွဲပေါ် စောင့်ချ၏။

၎င်းသည် အသက် (၃၀) မျှသာ ရှိသဖြင့်၊ လူငယ် ဟူသော ခေါင်းစဉ် အောက်၌ ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် မျိုးဆက်တူ အတွင်း၊ မည်သူ မဆို သူ့အား စိန်ခေါ် နိုင်သည် ဟူသော စကား မှာ၊ အကျုံးဝင် နေဆဲ ဖြစ်၏။

ဤအရာသည် လေဓားသခင် ကိုယ်တိုင် လှုပ်ရှား တော့မည်လော ဟုပင်၊ တွေးထင် လာ မိ ကြသည်။

သူသည် နဝမမြောက် သွေးလွှတ် ကြော တွင်ရှိပြီး၊ လင်းယွန်ထက် အနည်းငယ် မျှသာ အသက်ကြီး ချေ၏။

“ မင်း ဆန္ဒ အတိုင်း ... ၊ သွားချင်ရာ သွားလို့ ရမယ် ထင်နေလား။ ”

“ ဘာလို့လဲ ... ၊ မင်း ငါနဲ့ တိုက်မလို့လား၊ ဒါဆို လာခဲ့၊ မျိုးဆက်တူ အတွင်း ဘယ်သူ မဆို လာနိုင် တယ်လို့၊ ငါ ပြောထား သားပဲ။ ”

“ ဟား ဟား ဟား ... မင်းကိုယ်မင်း အဲဒီလောက် အထိ မျှော်လင့် မနေနဲ့ ... ၊ ငါက လောက နိယာမ နယ်ပယ်ကို၊ ခြေ တစ်လှမ်း ရောက်နေပြီ၊ မင်းကို အနိုင် ရလို့ ... ၊ ငါ့အတွက် ဘာ အကျိုး အမြတ်မှ ရမှာ မဟုတ်ဘူး။ ”

“ ဒါဆို ဘာလို့ ... မစမ်း ကြည့်ရ တာလဲ။ ”

လင်းယွန်က မျက်ဝန်းများ မှေးစင်းလျက် ပြောလိုက်သည်။

“ မင်း ငါ့ကို ရန်စဖို့ မကြိုးစာနဲ့၊ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ် ချက်မှာ၊ ထိပ်ဆုံး (၁၀၀) အတွင်း ဝင်တဲ့ အချိန်မှ၊ ဒီအကြောင်းကို ထပ်ပြောမယ်။ ”

စကား ဆုံးသည်နှင့်၊ လေဓား သခင်က မတ်တပ် ထရပ်ကာ၊ သူ့ရောင်ဝါအား ထုတ်ဖော် လိုက်သည်။

“ လူငယ် ဆိုတာ ... ၊ စိတ်မြန် လက်မြန် ဖြစ်တတ်တာ သဘာဝ ပါပဲ၊ ဒါကို အပြစ် ပြော လို့ မရဘူး၊ ငါ့ညီ လူမိုက်က မင်း လက်ထဲ ဒုက္ခ ရောက်ခဲ့တယ်၊ ဒါလည်း ပြဿနာ မရှိဘူး၊ ဒါပေမယ့် ... ။ ”

ထို့ကြောင့် လူတိုင်း အသက်ရှူ ကြပ်လာ တော့၏။

“ ဟွမ်ရွှမ်ရီ အတွက်တော့ ဖြေရှင်းချက် တစ်ခုလိုတယ်၊ မင် ဂိုဏ်းက အကြီးအကဲ တွေနဲ့ စကား ပြောဖို့၊ မင်း ဒီမှာ ရက်နည်းနည်း လောက် ဆက်နေပါ။ ”

“ ဟုတ်လား ... ၊ ငါ မနေဖူး ဆိုရင်ရော။ ”

“ ဟား ဟား ဟား ... စမ်းကြည့်ပေါ့။ ”

ထိုစကားကို သူ ပြောသော အခါတွင် သူတော်စင် ရောင်ဝါ တစ်ခု ပွင့်ထွက် လာပြီး၊ လင်းယွန် ပတ်ဝန်းကျင်ကို ကန့်သတ်ပစ် လေသည်။

“ ဒီမှာ ... ၊ ငါ တစ်ယောက်တည်း ရှိနေ တယ်လို့ မင်း ထင်လား။ ”

သူ့အား ကန့်သတ်လာသည့် သူတော်စင် ရောင်ဝါကြောင့် လင်းယွန်မှ ထိတ်လန့် သွား၏။ သို့တိုင် ဟန်မပျက် ပြန်လည် ခြိမ်းခြောက် လိုက်သည်။

“ ဟား ဟား ဟား ငါ့ကို ... ၊ ဦးလေး ကျင်းများ ထင်နေလား၊ ဒီနေ့ မင်းကို ဘယ်သူမှ ခေါ်သွားလို့ မရစေ ရဘူး။ ”

“ ခစ် ခစ် ခစ် ... သေချာလား၊ ဒါဆို စမ်းကြည့် ပါဦး ... ၊ ငါ့ အစ်ကိုကြီး လင်းကို ဘယ်သူ ထိဝံ့လဲ ... ကြည့်မယ်။ ”

ရုတ်တရက် အနီဝတ် အမျိုးသမီး တစ်ဦး ကောင်းကင်၌ ပေါ်လာ၏။ သူမ ဘေးနားတွင် သူတော်စင် တစ်ပါး အလား၊ အေးစက်သော အသွင်ဖြင့်၊ အဖြူဝတ် အမျိုး သမီး တစ်ဦး လိုက်ပါ လာသည်။

“ သူတော်စင် အကြီး အကဲ ... ။ ”

အဖြူရောင် ဝတ် အမျိုးသမီးကို မြင်သော အခါတွင်၊ ကျင်းယွီမှာ မျက်နှာ ပြောင်းလဲ သွား တော့သည်။

***

All Chapters