သူတို့ကို ကောင်းကင် ရနံ့ သင်းသင်းဆီ လာခိုင်းလိုက်။
Vol. 123 Ch. 1719
မုရွယ်လင်အား မြင်သည်နှင့် ကျင်းယွီ တစ်ယောက် မျက်နှာ ဖြူဖျော့ သွား၏။ ၎င်းနှင့် အတူ လိုက်ပါ လာသော မိန်းကလေးသည် နတ်သမီး ဖြစ်နိုင်ချေ ရှိသည်။
လျူ မိသားစုမှ သူ့သား ဒဏ်ရာကို ကုသပေးခဲ့ သဖြင့်၊ ယနေ့ ပွဲသို့ တက်ရောက် လာခြင်း ဖြစ်ကာ၊ သစ္စာ ဖောက်သည့် လုပ်ရပ်မျိုး လုံးဝ မလုပ်ရ သေးချေ။
လေဓား သခင်နှင့် အစောပိုင်း ပြောဆိုရာ တွင်လည်း၊ ကောင်းကင် ရနံ့ သင်းသင်း အပေါ် စော်ကားခြင်း မရှိဘဲ၊ လင်းရှောင် ကိုသာ ပစ်မှတ် ထားခဲ့သည်။
ဆိုလို သည်မှာ လင်းရှောင်ကို သတ်ရန်၊ လေဓား သခင်၏ ခွန်အား ငှားသုံး မိခြင်း ဖြစ် လေသည်။
မုရွယ်လင်မှ ထိုလင်းရှောင် အပေါ်၊ တန်ဖိုးထား သည်ကို သိသော်လည်း၊ ဤပွဲသို့ ယခု ကဲ့သို့ ကိုယ်တိုင် ဆင်းသက် လာလိမ့် မည်ဟု မထင်ထား သည်မှာ အမှန် ပေပင်။
တစ်ဖက်တွင်၊ အစ်ကိုကြီး လင်းဟု ခေါ်သံကြောင့်၊ လင်းယွန်မှာ ဖျတ်ခနဲ နိုးကြား လာသည်။
ကောင်းကင် လမ်း၌ သူ့ကြောင့် စစ်မက် နယ်မြေ များမှ၊ သူမအား ဖမ်းစီးသည့် ဖြစ်ရပ် မျိုး၊ ထပ် မလိုချင် တော့ချေ။
ထို့စဉ် မုရွယ်လင်က ပလွေ တစ်လက်အား ထုတ်ကာ တီးမှုတ် တော့သည်။ ဤတစ်ကြိမ်၌ သေမျိုး ကမ္ဘာသို့ ဆင်းသက် လာသော၊ နတ် ဘုရားမ တစ်ပါး အလား၊ ထင်မှား စေသည်။
ယင်းသည် ဧကရာဇ် အသံ ဖြစ်၏။ ခမ်းနားသော ရောင်ဝါသည် အိပ်မက် တစ်ခု အလား၊ လေထဲ ပျံ့ကား လာသည်။
“ ဧကရာဇ် အသံလား ... ။ ”
ရှင်းဝူဟန်၊ ခုန်ရင်နှင့် ရှဟိုဖုန်းမှာ ထိတ်လန့် သွားသည်။ ဧကရာဇ် အသံကို ဆုပ်ကိုင် ထားနိုင် သူအား၊ ရှေးခေတ်က ကောင်းကင် ပုရောဟိတ် ခေါ်ကြသည်။
ဧကရာဇ် အသံသည် ကောင်းကင်နှင့် ဆက်သွယ် နိုင်ပြီး၊ ဧကရာဇ် ကိုပင် သတ်နိုင် သည့်၊ ဖြစ်စဉ်များ ဆင့်ခေါ် နိုင်၏။
ထို့ကြောင့် ဧကရာဇ် တစ်ပါးပင်၊ ၎င်းအား ပေါ့ပေါ့ တန်တန် ဆက်ဆံ ဝံ့မည် မဟုတ်ခေျ။ အထူး သဖြင့် နတ်နဂါး ခေတ်တွင် ထိုအဆင့် ပညာ ရှင်မျိုး များများ စားစား မရှိချေ။
ယင်းကြောင့် ဧကရာဇ် အသံ ဖန်တီး နိုင်သူအား၊ အင်ပါယာ မှပင် လေးစားရ လေ သည်။
“ ဖောင်း ... ရှူး ... ဖောင်း ... ။ ”
ပလွေသံက လျူအိမ်တော်မှ ချမှတ် ထားသည့် ဝိညာဉ် ရေးရာ အစီရင် အားလုံးကို၊ မီးရှူး မီးပန်း အလား ပေါက်ကွဲ စေသည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် သူတော်စင် သခင် သုံးပါးက၊ မုရွယ်လင်အား တားဆီးရန် ကောင်းကင်ပေါ်၊ ပျံတက်လာသည်။
သို့သော် မုရွယ်လင် နဖူးမှ သူတော်စင် ရောင်ဝါ ထွန်းလင်းလာပြီး တေးသွားကို နောက် တစ်ဆင့် မြှင့်တင် လိုက်ရာ၊ မြင့်မားသော သစ်ပင်ကြီး တစ်ပင်၊ ထင်ရှား လာ၏။
ပလွေ သံက အမြစ်များ သဖွယ်၊ ထို သစ်ပင်နှင့် ချိတ်ဆက် သွားသည်။ သည့်နောက် ပန်းများ ပွင့်လာကာ၊ သူတော်စင် ရောင်ဝါများ၊ တောက်ပ လာ တော့သည်။
မျက်စိ တစ်မှိတ် အတွင်း၊ အကိုင်း အခက်များက ပေတစ်ထောင် အထိ မြင့်တက် လာပြီး၊ ထိပ်ဖျား၌ နေမင်းကြီး တစ်စင်း ဖြစ်တည် လာသည်။
၎င်းမှ နေရောင်ခြည်များ ဖြာထွက် လာ၏။ ယင်းသည် သူတော်စင် ရောင်ဝါဖြင့် ဖန်တီးထား သော နေမင်း ဖြစ်သည်။ နေကိုးစင်း တိတိ ချက်ချင်း ပေါ်လာ၏။
နေကိုးစင်း ဖြစ်ပေါ် လာ ချိန်၌၊ ပျံတက် လာသော သူတော်စင် သုံးပါးကို၊ အလဲလဲ အကွဲ ကွဲဖြင့်၊ လွင့်စဉ် သွားစေသည်။
“ မြင့်မြတ်သော ပိုးစာပင် ... ။ ”
သူတော်စင် သုံးပါး၏ မျက်နှာများ ပြောင်းလဲသွားကာ၊ မျက်ဝန်း၌ ကြောက်ရွံ့ခြင်း များ ပြည့်နှက် လာ၏။
မုရွယ်လင်က ယွဲ့ဝေဝေ နှင့်အတူ၊ ဥယျာဉ်တော် အတွင်း၊ တည်ငြိမ်စွာ ဆင်းသက် လာသည်။ သူမ အသွင် အပြင်သည် ငယ်ရွယ် လွန်း သော်လည်း၊ လျူ အိမ်တော်မှ သူတော်စင် သုံးပါး ထက်ပင်၊ တည်ဝါ နေ၏။
၎င်းထံမှ ဤကမ္ဘာနှင့် မသက် ဆိုင်သော အသရေမျိုး ပေးစွမ်းသည်။ တန်ခိုးရှင် ဟူသည် ဤသို့ဟု ပြောပြ နေရာ ရောက်၏။
“ လေဓား သခင် ... ၊ မင်း ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ မင်းရဲ့ အနောက် ဥယျာဉ် မှာ၊ လင်းရှောင်ကို အနိုင်ကျင့် နေတာလား။ ”
မြေပြင်ပေါ် ရောက်သည်နှင့် ယွဲ့ဝေဝေက အေးစက်စွာ မေးခွန်း ထုတ်သည်။ လူတိုင်း၏ အကြည့် များက မုရွယ်လင် မှသည် သူမ ထံသို့ ပြောင်းလဲ သွားသည်။
သူမ အမူ အရာမှာ၊ အေးစက်နေ သော်လည်း၊ အပြစ် အနာ ကင်းသော အလှကို ဖော်ကြူး နေသည်။
ခမ်းနား ထည်ဝါသော ကြွေရုပ်ကလေး နှင့်တူ၏။ စွဲမက်ဖွယ် ကောင်းကာ၊ မျက်လုံး မလွှဲ နိုင်ချေ။
“ မြင့်မြတ်တဲ့ နတ်သမီးလေး၊ မင်း ဘယ်လိုများ ပြောလိုက် တာလဲ၊ ငါ မေးပါ ရစေ၊ လင်းရှောင်နဲ့ မင်း ဘယ်လို ပတ်သတ်လဲ။ ”
လေဓား သခင်က မျက်ဝန်းများ မှေးစင်းလျက် မေးသည်။ ယွဲ့ဝေဝေကို ပထမ ဆုံး အကြိမ်၊ တွေ့ဖူး ခြင်းမျိုး မဟုတ် သော်မှ တေွ့ဆုံ ချိန်တိုင်း၊ စိတ်လှုပ်ရှား ရမြဲ ဖြစ်၏။
သို့သော် သူ ဟူသည် ရည်မှန်းချက် ကြီးမားပြီး၊ အမျိုးသမီး တစ်ယောက် အတွက် အရာရာ စွန့်လွှတ်မည့် လူ မဟုတ်ချေ။
ယွဲ့ဝေဝေက လင်းယွန်အား လှည့်ကြည့်ပြီး၊
“ သူက ငါ့ရဲ့ စီနီယာ အစ်ကို ... ။ ”
-ဟု သူ့မေးခွန်းကို ပြန်ဖြေ ပေးလာသည်။
ထိုအဖြေကြောင့် မုရွယ်လင်က လှည့်ကြည့်၏။ သူမ၏ ညီမသည် အမှန်ပင် ပြဿနာ အတုံး အခဲ ဖြစ်သည်။
လင်းရှောင် ကဲ့သိုသော ဂျူနီယာ တစ်ယောက် သူမ၌ ရှိ-မရှိ ပြန်လည် တွေးတော လာမိသည်။
“ ငါ သိပြီ ... ။ ”
လေဓား သခင်က ပြုံးလျက် ခေါင်းညိတ် လိုက် သော်လည်း၊ သဘာဝ အတိုင်း မယုံချေ။
“ ဘာပဲ ဖြစ်ဖြစ် လင်းရှောင်ကို ငါပေး လိုက်လို့ မရဘူး၊ ဒါက ငါ့အဖေ ဆုံးဖြတ်ချက် လိုပါတယ်။ ”
လေဓား သခင်သည် မုရွယ်လင်ကို မြင်သော်မှ၊ ဂရုစိုက်ပုံ မပြ သဖြင့် လင်းယွန်မှာ အံ့သြ သွားသည်။
ဤလေဓား သခင်တွင် မာန ရှိချေ၏။ ထို့ကြောင့်လည်း ယနေ့ ကဲ့သို့သော ကြီးကျယ် ခမ်းနားသည့် ပွဲမျိုး၊ ကျင်းပ နိုင်ခြင်း ပေပင်။
“ ငါတို့ အလျင် မလို ပါဘူး ... ။ ”
မုရွယ်လင်က လေဓား သခင်အား တည်ငြိမ်စွာ ကြည့်ပြီး၊ ဖိအား အနည်းငယ် ပေးလိုက်သည်။
သူ့ဘေးတွင် သူတော်စင် သုံးပါး ရှိနေ သည့်တိုင်၊ ထိုဖိအားကို ပယ်ဖျက် နိုင်ခြင်း မရှိ ခဲ့ချေ။ ထို့ကြောင့် အနည်းငယ် မျက်နှာ ပျက်ယွင်း ကုန်သည်။
“ ဝှစ် ... ။ ”
မုရွယ်ချင်းမှ ကြက်ပေါက် များကို၊ ကာကွယ်ပေး နေသော ကြက်မ တစ်ကောင် ကဲ့သို့၊ လင်းယွန်နှင့် ယွဲ့ဝေဝေအား လက်ဝှေ့ ယမ်းကာ၊ ဆွဲယူ လိုက်သည်။
လေဓား သခင် ခမျာ မျက်နှာ ပျက်ယွင်း သွားသည်။ ဤမတိုင်မီ လင်းရှောင်အား မည်သူ မျှ ခေါ်မသွား နိုင်ဟု သူ ဆိုထား၏။
သို့သော် မုရွယ်လင်မှ ဂရု မစိုက်ဘဲ၊ ဆွဲယူသွား သဖြင့်၊ နှလုံးသား၌ ဒေါသများ ပြည့်နှက် လာသည်။
“ သူတော်စင် အကြီးအကဲ မုကို နှုတ်ဆက် ပါတယ်။ ”
လက်ရှိ လေထုကို လူတိုင်းက မထိန်း နိုင်တော့ ချိန်၌၊ အသက် ငါးဆယ်ကျော် အရွယ် အမျိုးသား တစ်ဦး လှမ်းဝင် လာ၏။
ထိုလူသည် အပြာရောင် ၀တ်စုံဖြင့်၊ သိမ်မွေ့သော အသွင် ရှိသည်။ လျူ မိသားစု၏ လက်ရှိ ဘိုးဘေး ဖြစ်ကာ၊ လေဓား သခင်၏ ဖခင် တော်စပ်၏။
“ သူတော်စင် လျူကို ... နှုတ်ဆက် ပါတယ်။ ”
လူတိုင်း ဦးညွှတ် ကြသည်။ သူတော်စင် လျူက ခေါင်းညိတ် လိုက်ပြီး၊ မုရွယ်လင်အား ပြန်ကြည့်ကာ၊
“ မင်ဂိုဏ်းရဲ့ ပါရမီ ရှင်ကို ... ၊ ဒီလူငယ် လေးက၊ မျက်စိ ကွယ်အောင် လုပ်ထားတယ်၊ ဒါကြောင့် မင်ဂိုဏ်းရဲ့ အကြီး အကဲတွေ ရောက် လာတဲ့ အထိ၊ စောင့်နေဖို့ လိုတယ် ဆိုတာ မင်း သိမှာပါ။ ”
-ဟု ပြောလိုက် တော့သည်။
“ ဒါဆို ... ကောင်းကင် ရနံ့ သင်းသင်းကို လွှတ်လိုက်။ ”
မုရွယ်လင်က သူတော်စင် လျူကို၊ လုံးဝ ဂရုမ စိုက်ဘဲ၊ အေးစက်စွာ ပြန်ပြော လိုက်လေ သည်။
လူတိုင်း ထိတ်လန့် တုန်လှုပ် သွား၏။ ကောင်းကင် ရနံ့ သင်းသင်းသည် မည်သူ့အား ငြင်းဆန် နေသည်ကို၊ သိပုံ မရချေ။
သူတော်စင် အကြီး အကဲ ဟူသော အမျိုး သမီးသည်၊ လျူ အိမ်တော်၌ လာရောက် ကြီးစိုး နေ၏။
“ ကျင်းယွီ ဒီကိုလာ ... ။ ”
မုရွယ်လင်မှ ပြတ်သားစွာပင် ကျင်းယွီကို လှမ်းခေါ်သည်။ ဤအရာက မဟာ အကြီး အကဲ ကျင်းယွီအား တုန်ယင် သွားစေ၏။
“ သူတော်စင် အကြီးအကဲ၊ ငါ ... ။ ”
“ ဒီကိုလာ ... ။ ”
မုရွယ်လင်က ကျင်းယွီကို စကား ပြောခွင့် မပေးဘဲ၊ အေးစက်စွာ လှမ်းပြော၏။ ထို့ကြောင့် လူတိုင်း၏ ကျောရိုးများ အေးစက် သွားသည်။
တစ်ဖက် လူသည်၊ ဤမျှ ပြတ်သား လိမ့်မည်ဟု မထင် ထားသော လင်းယွန်မှာ၊ ထိတ်လန့် လာ၏။
သူမကို လှည့်စား မိသည် များအား ပြန်ပြောင်း သတိရ ပြီးနောက်၊ အနာဂတ်တွင် အပြစ် မပြု တော့ရန်၊ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
တစ်ချိန်လုံး မုရွယ်လင် အပေါ် အာရုံစိုက် နေသော လင်းယွန်ကို ကြည့်ပြီး၊ ယွဲ့ဝေဝေက ပြုံး မိသည်။
ထို့ကြောင့် သူမ၏ မျက်ဝန်း တစ်စုံမှာ၊ လခြမ်းကွေး နှစ်စင်း အလား၊ သူမကို ချစ်စဖွယ် အသွင် အပြင်၊ ဖြစ်လာ စေသည်။
သို့သော် အားလုံးက ကျင်းယွီကို အာရုံစိုက် နေကြ သောကြောင့်၊ လူ အနည်းငယ် မျှသာ ထို အပြုံးအား မြင်လိုက် ရ၏။
ကျင်းယွီမှာ မုရွယ်လင်အား၊ မကြည့်ဝံ့ တော့ဘဲ၊ သူတော်စင် လျူထံ လှည့်ကာ၊ အကူ အညီ တောင်းသော မျက်ဝန်းဖြင့် ကြည့်သည်။
“ သူတော်စင် အကြီးအကဲ ... ၊ မင်း လင်းရှောင်ကို ခေါ်သွားလို့ ရတယ် ... ၊ ကျင်းယွီ ကတော့ ... ငါ့လျူ မိသားစုရဲ့ ဧည့်သည်မို့ ... ၊ သူဒီမှာ ရက်နည်းနည်း ဆက်နေ လိမ့်မယ်။ ”
ကျင်းယွီသည် သူတို့ အိမ်တော်နှင့် ပူးပေါင်းရန်၊ ဤပွဲသို့ လာခဲ့ခြင်း ဖြစ်၏။ ၎င်းကို မကာကွယ် နိုင်သော်၊ လျူ မိသားစု၏ ဂုဏ် သိက္ခာအား၊ ထိခိုက် စေမည် ဖြစ်သည်။
သည်နှစ်များ တစ်လျှောက် ကောင်းကင် နယ်မြေ ငရဲ ပင်လယ်၌၊ လျူမိသားစု၏ အခြေခံ အုတ်မြစ်ကို၊ ကောင်းစွာ ချထား နိုင်၏။
ထို့ကြောင့် လင်းရှောင် အစား၊ ကျင်းယွီကို ရွေးခြယ် လိုက်ခြင်း ပေပင်။ မုရွယ်လင်း အနေ ဖြင့် လည်း၊ သူ့လျူ မိသားစုအား လွန်ဆန်ရန် သတ္တိ ရှိမည် မဟုတ်ဟု၊ သူတော်စင် လျူက ယုံကြည်သည်။
သို့သော် မုရွယ်လင်မှာ၊ သူနှင့် ဘက်ပြိုင် ငြင်းခုံခြင်း မပြုဘဲ၊ တံဆိပ် တစ်ခုကို ထုတ်ယူ လိုက်သည်။ တံဆိပ် ထံမှ ရွှေရောင် အဆင်းများ ထုတ်လွှတ် လာသဖြင့်၊ သူတော်စင် လျူက မျက်လုံးကို လက်ဖြင့် ကွယ်လိုက် ရ၏။
ထို့နောက် ပြိုးပြိုး ပြက်ပြက် အလင်းများ တဖြေးဖြေး လွင့်ပါး လာပြီး၊ တံဆိပ် အသွင်ကို ပြတ်ထင်စွာ မြင်လာ တော့သည်။
တံဆိပ်ကို မြင်သည်နှင့်၊ သူတော်စင် လျူ မျက်နှာ ပြောင်းလဲ သွား၏။ လေဓါး သခင် အပါ အဝင် လျူ အိမ်တော်နှင့်၊ ပတ်သတ် သမျှ၊ လူအားလုံး အံသြ သွားသည်။
ပရိတ်သတ် များပင် အေးစက်သော လေထုကို ရှူရှိုက် လိုက်မိ၏။ ယင်းက အဓိပ္ပါယ် မရှိချေ။
မုရွယ်လင်မှ ၎င်းအား မည်သို့ ပိုင်ဆိုင်ခဲ့ သည်ကို၊ သူတို့ တွက်ထုတ် မရနိုင် သည်မှာ၊ သဘာဝ ပေပင်။
***