← Chapters

အင်ပါယာ နဂါး အမိန့်။

Vol. 123 Ch. 1720

အင်ပါယာ နဂါး အမိန့်။

Vol. 123 Ch. 1720

ထိုတံဆိပ်တွင် နတ်နဂါးခေတ် တစ်ခေတ် လုံး၏ ကံကြမ္မာနှင့် မိုင်တစ်သောင်း တိုင်အောင်၊ ဖြန့်ကျက် နိုင်သော ဝိညာဉ် စွမ်းအင်များ ပါ၀င်သည်။

သူတော်စင် နယ်ပယ် အောက်ရှိ လူတိုင်း အပေါ်၊ ကြီးမားသော ဖိအားများ ပေးစွမ်းနိုင် ၏။

သို့တိုင် တံဆိပ်သည် သူတော်စင် များ၏ အသက်နှင့် သေခြင်းကို ဆုံးဖြတ် နိုင်လေသည်။ သူတော်စင် လျူခမျာ၊ ထိတ်လန့် သွား၏။

မုရွယ်လင်သာ စိတ် မကြည် ပါက၊ လျူ မိသားစု တစ်ခုလုံးကို၊ လူမျိုးတုန်း ပေျာက်ကွယ် သွားအောင် လုပ်ပစ် နိုင်သည်။

“ မဖြစ် နိုင်ဘူး ... ။ ”

ခုန်ရင်၊ ရှင်းဝူဟန်နှင့် ရှဟိုဖုန်း တို့က အကြည့်ချင်း ဖလှယ် လိုက်ကြ၏။ လင်းယွန် သည်လည်း ချွင်းချက် မရှိချေ။

တံဆိပ်မှ နတ်နဂါး ရောင်ဝါကို ခံစား မိသည်။ သို့သော် နဂါးပြာ အရိုးအား ပိုင်ဆိုင် သောကြောင့်၊ ဖိအား များစွာ မခံစား ရချေ။

ကောင်းကင် အမိုးဓား မှာမူ၊ နတ်နဂါး ရောင်ဝါ ဖိအား အောက်၌၊ ငုပ်လျှိုး နေကြောင်း သတိ ထား မိသည်။

တံဆိပ် အတွင်းရှိ၊ နတ်နဂါး အငွေ့ အသက်သည် နဂါးပြာ အရိုးထက် အဆ တစ်ရာ ပို၍ သိပ်သည်း၏။

သိုသော် နတ်နဂါး ရောင်ဝါ ဟူသည်၊ နတ်နဂါး အရိုး မှလည်း ထုတ်လွှတ် နိုင်သဖြင့်၊ နဂါးပြာ အရိုးသည်၊ နဂါး တံဆိပ်အား မကြောက် ခဲ့ချေ။

“ ဒီတံဆိပ်ကို သိလား ... ။ ”

မုရွယ်လင်က တစ်ဖက်လူ အပေါ်၊ နာမ်စားပင် အသုံးပြုခြင်း မရှိချေ။ သူတော်စင် လျူ မျက်နှာမှာ ဖြူဖျော့လျက်၊ အသံများ တုန်ယင် လာသည်။

“ န ... နဂါး အမိန့် ... ၊ ဘယ်လိုလုပ် ရထားတာလဲ၊ ဒါက အင်ပါယာ နဂါး တံဆိပ်ပဲ၊ ဒီတံဆိပ်ကို မြင်ရင်၊ ဧကရီကို မြင်တာနဲ့ အတူတူပဲ ... ။ ”

ထို့နောက် အသိဝင် လာပြီး၊ အသံမှာ တဖြေးဖြေး ပျောက်ကွယ် သွား ပြီးနောက်၊ မြေပြင်ပေါ် ဒူးထောက် ကျသွားသည်။

လျူ အိမ်တော်၏ ကျန်သူများ မှလည်း၊ လိုက်ပါ ဒူးထောက် ကုန်၏။ မျက်နှာ အသွင် အပြင်မှာ၊ ဖြူရော် နေကြသည်။

“ ဧကရီကို လေးစား ပါတယ်၊ ဧကရီ သက်တော် ရာကျော် ရှည်ပါစေ။ ”

“ ဧကရီ သက်တော် ရာကျော် ရှည်ပါစေ။ ”

“ ဧကရီ သက်တော် ရာကျော် ရှည်ပါစေ။ ”

၎င်းတို့၏ အပြု အမူကြောင့်၊ အခြား သူများကလည်း ဒူးတစ်ဖက် ထောက်ကာ၊ အသိ အမှတ် ပြုရုံ၊ အရို အသေ ပေးလိုက် ကြ၏။

သူတို့သည် လျူ မိသားစု မဟုတ်ချေ။ လျူအိမ်တော်၏ အဆောင် အယောင် များသည် ဧကရီမှ အပ်နှင်း ထားသော အထောက် အပံ့များ ဖြစ်၏။

ထို့ကြောင့် ၎င်းတို့ သည်သာ ထိုအမိန့် ပြားနှင့် အကြွင်းမဲ့ သက်ဆိုင်သည်။ အဆုံးတွင် ကောင်းကင် နယ်မြေ ငရဲ ပင်လယ် ဟူသည် ရှေးဟောင်း ပျက်သုဉ်းမြေ ကဲ့သို့ပင်၊ နတ်နဂါး အင်ပါယာကို ကြောက်ရွံ့ခြင်း မရှိချေ။

“ ထ ... ။ ”

မုရွယ်လင်က လူတိုင်း ထရပ် စေလိုက်သည်။

“ ကျင်းယွီ ... ။ ”

ဤတစ်ကြိမ်၌ မည်သူမျှ သူမအား ဟန့်တား ဝံ့ခြင်း မရှိ တော့ဘဲ၊ ကျင်းယွီမှာ ခေါင်း ငိုက်စိုက် ကျသွား တော့သည်။

မုရွယ်လင်က လျူ မိသားစုအား၊ တစ်ချက်ပင် လှည့် မကြည့်ဘဲ၊ လင်းယွန်နှင့် ယွဲ့ဝေဝေကို ခေါ်ကာ၊ လှည့်ထွက် သွား၏။

အနောက် ဥယျာဉ် ဧည့်ခံ ပွဲသည်၊ ဤနည်းဖြင့် ပြီးဆုံး ခဲ့သည်။ လေဓား သခင်၏ အစီစဉ်မှာ၊ ပြက်လုံး တစ်ပုဒ် ဖြစ်လာ၏။

လျူ မိသားစုသည် ၎င်းတို့ အစွယ်အား ကောင်းကင် ရနံ သင်းသင်းထံ ဆန့်ထုတ်ချင် လိုသော်၊ နှစ်ကြိမ် စဉ်းစားရ ပေမည်။

တစ်ဖက်တွင် လျူ အိမ်တော်မှ ထွက်လိုက် သည်နှင့်၊ ခြံဝတွင် ဝိုင်သောက် နေသော ကူကျွင့် အား၊ မြင်လိုက် ရသည်။

ယင်းကြောင့် ကူကျွင့်သည် တစ်ချိန်လုံး ဤနေရာ၌ ရှိနေကြောင်း ထင်ရှား ခေျသည်။ လင်းယွန်မှာ မဲ့ပြုံး ပြုံးမိ၏။

“ မင်း တချိန်လုံး ... ၊ ဒီမှာ ပုန်းနေတာ မဟုတ်လား။ ”

မကျေမနပ်ဖြင့်၊ မေးခွန်း ထုတ်လိုက်သည်။

“ ငါသာ သူတော်စင် အကြီး အကဲကို အကြောင်း မကြားရင်၊ လျူ အိမ်တော် ကနေ မင်း အခုလို ထွက်လာ နိုင်မယ် ထင်လား။ ”

ကူကျွင့်က သူ့အား ဂရုမစိုက် ဟန်နှင့်၊ ပြန်လည် မေးခွန်း ထုတ်ပြီး၊ ကျင်းယွီထံ လှည့် ကြည့်ကာ၊

“ မဟာ အကြီးအကဲလည်း ရောက်နေ တာလား။ ”

-ဟု ဆက် မေးလိုက်သည်။

“ ငါ ရှိနေတယ် ဆိုတာ ... ၊ မင်းသိပြီး သားပါ။ ”

ကျင်းယွီက အေးစက်စွာ ပြန်ဖြေ၏။

“ သွား ရ အောင် ... ။ ”

မုရွယ်လင်မှ နှစ်ယောက် စလုံးကို လျစ်လျူရှုကာ ကောင်းကင်ပေါ်၊ ပျံတက် သွား လေသည်။

လေးနာရီ ကြာပြီးနောက်၊ ကောင်းကင် ရနံ့ သင်းသင်းထံ ပြန်၍ ရောက်လာ၏။ မုရွယ်လင် က ခန်းဆောင်ထဲ မဝင်ခင်၊ လင်းယွန်နှင့် ယွဲ့ဝေဝေအား၊

“ မင်းတို့ နှစ်ယောက် အရင် သွားနှင့်ကြ ... ။ ”

-ဟု ဆိုလိုက် တော့သည်။

ထို့ကြောင့် ကျင်းယွီမှာ တုန်လှုပ် သွားခဲ့သည်။

“ သူတော်စင် အကြီး အကဲ၊ လုပ်စရာ လေးတွေ ရှိနေ သေးတယ်၊ ငါ အရင် သွားလို့ ရမလား။ ”

အဆိုပါ မေးခွန်းကြောင့် ကူကျွင့်က ကျင်းယွီထံ လှမ်းကြည့်ကာ ဝိုင်အိုးအား တစ်ငုံ မော့သောက် လိုက် လေသည်။

“ မရဘူး ... ။ ”

မုရွယ်လင်မှ ပြန်ဖြေ၏။ သူမ၏ မျက်နှာ အမူအရာမှာ၊ တည်ငြိမ် နေသဖြင့်၊ ကျင်းယွီအား စိတ် မသက် မသာ ဖြစ်စေသည်။

လင်းယွန်နှင့် ယွဲ့ဝေဝေမှာ၊ မုရွယ်လင် မြင်ကွင်းမှ၊ လျင်မြန်စွာ ထွက်ခွာ လာခဲ့သည်။ အခန်းလွတ် တစ်ခု ထဲသို့၊ ယွဲ့ဝေဝေမှ ခေါ်ယူ လာပြီး၊ နောက်ကျောမှ နေ၍ တွယ်ဖက် တော့သည်။

“ အစ်ကိုကြီး လင်း၊ ဘယ် အချိန်ထိ ဖုံးကွယ် ထားဦး မှာလဲ။ ”

“ ဘယ်တုန်းက သိတာလဲ။ ”

လင်းယွန်က အလိုက်သင့် နေရာမှ ပြန်မေး လိုက်သည်။

“ ဝေဝေ အတွက် ကိုးပါး ကောင်းကင် သီချင်းကို ပထမဆုံး လာ ကစား ပေး ကတည်း ကပါ။ ”

ပြုံးပြီး ကေျာပြင်၌ သူမ ပါးကို အပ်ထား လိုက်သည်။

“ အစ်ကိုကြီး လင်း၊ မင်း ငါ့ကို တွေ့ဖို့ လာတာ မဟုတ်လား။ ”

တိုး၍ ဖက်ကာ မေးတော့သည်။ ဖက်ထားသော လင်းယွန် ခန္ဓာကိုယ်မှာ၊ အနည်းငယ် လှုပ်ရှား လာသဖြင့်၊

“ ဟုတ်တယ် လို့ပဲ ဖြေပါ။ ”

-ဟု လမ်းကြောင်း ပေးသည်။

“ အင်း ... ။ ”

လင်းယွန်က ငြင်းဆန်ခြင်း မပြု တော့ဘဲ၊ ခေါင်းညိတ် လေသည်။

“ ဟီး ... အစ်ကိုကြီး လင်း၊ မင်းက တကယ် ကောင်းတဲ့ လူပါ။ ”

ယွဲ့ဝေဝေက လင်းယွန်နှင့်၊ မျက်နှာ ချင်း ဆိုင်ပြီး၊ ပြုံးလျက် နှုတ်ခမ်းကို ဖျစ်ကိုက်လိုက် လေသည်။

“ အစ်ကိုကြီး လင်းရဲ့ ... ၊ ဂီတက မယုံနိုင် စရာ ပါပဲ။ ”

“ ဒါဆို ဘာလို့ ... အခုမှ ထုတ်ဖော် တာလဲ။ ”

လင်းယွန်က စိတ်ဝင် တစား မေးသည်။

“ ဒါက နည်းနည်း စိုးရိမ်ရ သေးတယ်၊ နတ် ကျောက်စိမ်း ဝါးပလွေကို မထုတ် မချင်း အစ်ကို လင်းလို့ မယုံ ရဲဘူး၊ တော်ကြာ လူမှားပြီး နမ်း မိရင် ... ၊ အစ်ကိုကြီး လင်းက မနာလို ဖြစ်မှာ မဟုတ်လား။ ”

ယွဲ့ဝေဝေက ပြန်ဖြေသည်။ ယင်းမှာ အဓိပ္ပါယ် ရှိလှ သဖြင့်၊ လင်းယွန်မှ ဆက်မမေး တော့ချေ။

“ အစ်ကိုကြီး လင်း ... ၊ ဝေဝေ့မှာ ... အစ်ကိုကြီး လင်းကို ပြောစရာတွေ အများကြီး ရှိတယ် သိလား။ ”

ယွဲ့ဝေဝေက မျက်ရည်များ ဝဲလျက် လင်းယွန်အား မော့ကြည့်ကာ ဆိုမိ လေသည်။ ဤနှစ်များ အတွင်း၊ သူမ မည်မျှ လွမ်းဆွတ် ခဲ့ရကြောင်း၊ ပြောပြ ချင်၏။

ကောင်းကင် လမ်းမှ ခွဲခွာ ပြီးနောက်၊ ငရဲ ပင်လယ်တွင် သူမ တစ်ကိုယ်တည်း ခက်ခဲစွာ ဖြတ်သန်း ခဲ့ရသည်။

အရှေ့ဘက် ပျက်စီးခြင်း နန်းတော်၏ သတင်းကို ကြားစဉ်၊ သူမ မည်မျှ စိတ်ပူ သွားရ ကြောင်း၊ ပြန်၍ ပြောပြ ချင်၏။

သို့သော် စီထား သမျှ အတွေး များမှာ၊ လင်းယွန်နှင့် တွေ့ချိန်၌၊ လုံးဝ ပေျာက်ကွယ် သွား တော့သည်။ ဝမ်းနည်းမှု အစား၊ ပျော်ရွှင်မှု များသာ ဝင်ရောက် လာတော့၏။

“ ကိုယ် သိတယ် ... ။ ”

လင်းယွန်မှ ယွဲ့ဝေဝေအား ငုံ့ကြည့်ကာ ခေါင်းညိတ် လိုက်သည်။ သူမသည် စွဲမက်ဖွယ် ကောင်းပြီး၊ ရိုးသားစွာ ပြုံးနေ၏။

မျက်နှာ ပေါ်ရှိ၊ အပြစ် ကင်းစင်မှုသည်၊ မြစ်ကမ်း နဘေးတွင်၊ ပထမဆုံး တွေ့ဆုံချိန် အပေါ်၊ ပြန် သတိရ စေသည်။

ထိုအချိန်တွင် မုရွယ်လင် ရောက်ရှိ လာ သဖြင့်၊ လက်နှစ်ဖက်ကို ခွာလျက် ယွဲ့ဝေဝေက ခပ်တည်တည် ပြင်ရပ် တော့သည်။

အစ်ကိုကြီး လင်းဟု မတော် တဆ ခေါ်ခဲ့မိသော အဖြစ်အား ပြန်သတိရ လာသဖြင့်၊ ယွဲ့ဝေဝေ တစ်ယောက် မုရွယ်လင်ထံ ခိုးကြည့် လိုက်မိသည်။

“ ငါ့နောက် လိုက်ခဲ့ ... ။ ”

မုရွယ်လင်မှ ပြောသည်။ သူတို့အား မည်သည့် အပြစ်တင် စကားမျှ မပြော သဖြင့်၊ လင်းယွန်နှင့် ယွဲ့ဝေဝေမှာ အနည်းငယ် အံ့အားသင့် သွား၏။

“ ဘယ်ကိုလဲ ... ။ ”

လင်းယွန်မှ စိတ်ဝင်တစား မေးသည်။

“ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ရတနာသိုက်၊ မင်းက သူတော်စင် အသံကို ဆုပ်ကိုင် ထားနိုင်ပြီ ဆိုတော့၊ သင်ကြားဖို့ အချိန် ကျပြီ၊ ဒီတစ်ကြိမ် နိဗ္ဗာန် ပွဲတော်က အံ့သြဖွယ် ကောင်းလိမ့်မယ်။ ”

“ အကြီးအကဲ ကျင်းရော ... ။ ”

“ သူက အသက်ကြီး နေပြီ၊ ဆက်ပြီး ကျင့်ကြံလို့ မရဘူး၊ ဒါကြောင့် ကောင်းကင် ရနံ့ သင်းသင်း ကနေ၊ အခုပဲ ထွက်သွားပြီ။

မုရွယ်လင်မှ ပေါ့ပေါ့ ပါးပါး ပြန်ဖြေ၏။ အထွတ် အထိပ် လောက နိယာမ နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦးကို၊ အမှိုက် တစ်စ ကဲ့သို့၊ စွန့်ပစ်ခဲ့သော လုပ်ရပ်သည်၊ လင်းယွန်အား ထိတ်လန့် သွားစေသည်။

ရုတ်တရက် အင်ပါယာ နဂါး တံဆိပ်ကို သတိ ရလာ သဖြင့်၊ မုရွယ်လင် ကျောပြင်အား ခိုးကြည့်ကာ၊ မေးခွန်းများ ပလုံစီ လာခဲ့၏။

***

All Chapters