နတ်တောင် ... ။
Vol. 123 Ch. 1721
တစ်ဖက်တွင် အနောက် ဥယျာဉ် ဧည့်ခံ ပွဲသည်၊ လျူ မိသားစုအား အရှုပ် အထွေး ဖြစ် စေခဲ့သည်။
ဧည့်သည်များ အားလုံး ထွက်ခွာ သွား ကြပြီး၊ လျူမိသားစု ဝင်များ သည်သာ ကျန်ရစ် တော့၏။
“ ဘိုးဘေး ... အဲဒီ မုရွယ်လင်က ... ၊ အင်ပါယာ နဂါး အမိန့်ကို ဘယ်လိုများ ရသွား တာလဲ၊ အဓိပ္ပါယ် မရှိဖူးလို့ မထင် ဖူးလား။ ”
သူတော်စင် အကြီးအကဲ တစ်ဦးက မေးမြန်းသည်။ အခြား သူများ၏ မျက်ဝန်း များ ၌လည်း၊ မယုံကြည်မှု များနှင့် ပြည့်နှက် နေ၏။
သူတော်စင် လျူက မျက်မှောင် ကြုံ့လျက်၊ ယနေ့ ဖြစ်ပျက် ခဲ့ သမျှအား ပြန်လည် သုံးသပ် နေ မိသည်။
အင်ပါယာ နဂါး အမိန့်ကို မြင်သော အခါ၊ ခံစား ရသော ထိတ်လန့် မှုသည်၊ အခြား သူများ ထက် ပိုသည်။
ထိုတံဆိပ်သည် နတ်နဂါး အင်ပါယာ အာဏာစက် အောက်ရှိ၊ လူတိုင်း၏ အသက်နှင့် သေခြင်းကို ဆုံးဖြတ်ရန် အခွင့် အာဏာ ရှိသည်။
၎င်းသည် ခွန်လွန်၌ တစ်ပါး တည်းသော တံဆိပ် ပေပင်။ တုပ၍ မရ သလို၊ မူပွားလည်း မရှိချေ။
သူ့ နားလည်မှု အရ၊ ဧကရီကို ကိုယ်စား ပြုရုံသာ မက၊ နတ်နဂါး အင်ပါယာ၏ ဘဏ္ဍာ တိုက် အမျိုးမျိုးကို ဖွင့်လှစ် နိုင်၏။
“ နည်းနည်းတော့ ထူးဆန်း နေတယ်။ ”
သူတော်စင် လျူမှ သက်ပြင်းချ လိုက်သည်။
“ ကျင်းယွီ ပြော တာတော့ ... ၊ သူက ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်က လာတာတဲ့ ... ။ ”
လေဓား သခင်မှ ဝင်ပြော၏။
“ နတ်တောင် ... ။ ”
သူတော်စင် လျူမှာ သူ့သား စကား ကြောင့်၊ မျက်ဝန်းများ မှေးစင်း သွားလေသည်။
“ ဒါဆို နဂါးပြာ မှတ်တမ်း နဲ့များ ပတ်သက်နေ မလား။ ”
“ နဂါးပြာ မှတ်တမ်း။ ”
လေဓား သခင် အပါ အဝင် လူတိုင်း ရှုပ်ထွေးလာ တော့သည်။ မုတ်ဆိတ်မွေးကို ပွတ်လျက် သူတော်စင် လျူမှ၊
“ နတ်နဂါး အင်ပါယာက ... နတ်ဘုရား ရတနာ တစ်ခုကို၊ အပြည့် အဝ ထိန်းချုပ် နိုင် ခြင်း မရှိ ခဲ့ဘူး၊ ...
... အဲဒီ ရတနာရဲ့ ... မူလ ပိုင်ရှင်က နတ်တောင်ပဲ၊ ဒါကြောင့် သူ့ကို အသက်သွင်း ချင်ရင်၊ သတ်မှတ် ထားတဲ့ အချိန်နဲ့၊ သတ်မှတ် ထားတဲ့ လူကို လိုအပ်တယ်။ ”
-ဟု ပြန်လည် ပြောပြ လိုက်သည်။
“ ဒါဆို မုရွယ်လင်က အဲဒီ နတ်ဘုရား ရတနာကို အသက် သွင်းဖို့၊ နတ်တောင်ပေါ် ကနေ ... ၊ ဆင်းလာတဲ့ လူပေါ့။ ”
“ မပြော တတ်ဖူး၊ ဒါက ငါ့ ထင်ကြေး တစ်ခုပဲ၊ ငါကိုယ်တိုင် နတ်နဂါး အင်ပါယာကို ခရီး ထွက်မယ်၊ လောလောဆယ် ကောင်းကင် ရနံ့ သင်းသင်းကို မထိ နဲ့ဦး၊ သွားကြ ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
လေဓားသခင် အပါအဝင် လူတိုင်း ထွက်ခွာ လာကြသည်။ လေဓား သခင်က သူနေ ထိုင်ရာ နန်းဆောင်သို့ ဦးတည် လာခဲ့၏။
နန်းဆောင် ထဲ၌ လူလေးဦး စောင့်မျှော် နေ၏။ ၎င်းတို့မှာ ဟွမ်ရွှမ်ရီ၊ ခုန်ရင်၊ ရှဟိုဖုန်းနှင့် ရှင်းဝူဟန် တို့ဖြစ်သည်။
အရေးပေါ် ကုသမှု ခံယူ ပြီးနောက်၊ ဟွမ်ရွှမ်ရီ၏ မျက်ဝန်း များကို အဝတ် ဖြူဖြင့်၊ ပတ်ပေး ထား၏။
“ အစ်ကို ဟွမ်၊ ငါ တာဝန် ယူတယ်၊ မင်း မျက်လုံး တွေကို ကုသဖို့ ... နည်းလမ်း သေချာ ပေါက်၊ ရှာပေးမယ်၊ ကောင်းကင် မြို့တော်မှာ နဂါးပြာ တံတွေး မရှိ ဖူးဆိုတာ မယုံဘူး။ ”
လေဓား သခင်မှ လှမ်းပြောသည်။
“ အလျင် လိုနေ စရာ မလို ပါဘူး၊ မျက်စိ ကွယ်ခြင်း ကနေ အကျိုး အမြတ်တွေ ငါ ရဖူး တယ်၊ အရင် တစ်ခေါက် တုန်းကလည်း၊ နတ် အလင်း ဖျက်ဆီးခြင်း ပညာရပ်ကို သတ္တမ အဆင့်ကို ရောက်ခဲ့တယ်၊ ဒါကြောင့် ...
... ဒီတစ်ကြိမ်လည်း နဝမ အဆင့်ကို ရောက်နိုင် မလား ဆိုတာ၊ စမ်းကြည့် ရမယ်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ ... ၊ အမြင် အာရုံ ဆုံးရှုံး တာက၊ သိပ် စိုးရိမ်စရာ မလို ပါဘူး။ ”
ဟွမ်ရွှမ်ရီ၏ အကောင်းမြင် စိတ်ထား ကြောင့်၊ လေဓား သခင်မှ အံ့အားသင့် သွားခဲ့ လေသည်။
ထိုအချိန်တွင် ခုန်ရင်က၊
“ လေဓား သခင် ... ၊ ဒီကောင်ရဲ့ ... နောက်ခံက ဘာလဲ၊ သူလို လူမျိုး ကောင်းကင် ရနံ့ သင်းသင်းမှာ ပေါ်လာတာ ထူးဆန်းတယ်၊ ဂီတ အဆင့် အတန်း မြင့်မား ပေမယ့်၊ ဂီတ သမားနဲ့ မတူဘူး။ ”
“ ဟုတ်တယ် ... ၊ သူရဲ့ သူတော်စင် ဂီတ အသံက၊ အရိုင်း ဆန်တယ်၊ ဂီတ သက်သက်ဘဲ ဆက်ပြိုင် ကြရင်၊ ဒီလို ရလဒ်မျိုး မထွက်ဘူး၊ အမှန်တော့ ...
... ပြန်တွေး လိုက်ရင် ... ၊ ငါတို့ အမှား လုပ်မိတာ၊ သူ့က သိုင်းပညာကို ... ပို ကျွမ်းကျင် နေတယ်။ ”
ရှဟိုဖုန်းမှ ထောက်ခံ စကား ဆိုသည်။
“ ဓားသမား ... ။ ”
ရှင်းဝူဟန်က တစ်ခွန်း ဝင်ပြော၏။
“ ဘယ် ဓားသမား လဲ။ ”
လူတိုင်း သူ့စကားကြောင့် ထိတ်လန့် တကြား ပြန်ကြည့်မိ ကြသည်။ ရှင်းဝူဟန်က ခေါင်းမော့ လိုက်ပြီး၊
“ သူ ပေးလာတဲ့ ခံစားချက်က ... ဓားသမားနဲ့ ပိုတူတယ်၊ တိုက်ဆိုင်စွာ နဲ့ပဲ ... သူ့ မျိုးရိုး အမည် ကလည်း လင်း ... ၊ မိုးပြာ နဂါး ခန္ဓာ ကိုယ်နဲ့၊ ခွန်လွန်မှာ မာန အကြီးဆုံး လူတစ်ယောက်။ ”
“ ပန်းသင်္ချိုင်း ... ။ ”
ရှင်းဝူဟန် ထင်ကြေးကြောင့် လူတိုင်း စိတ်လှုပ်ရှား လာကြသည်။ လေဓား သခင်ပင် ချွင်းချက် မရှိချေ။
ပန်းသင်္ချိုင်း သည် ခွန်လွန်၌ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်၏။ သူ့အမည်ကို မကြား ဖူးသူ မရှိ ချေ။ မျိုးဆက်သစ် လူငယ်များ အကြား၊ ကြယ် တစ်ပွင့် ဖြစ်သည်။
“ ဒါတော့ ... မဖြစ် နိုင်ဘူး၊ အရင်က လင်းယွန်နဲ့ ငါ တိုက်ဖူးတယ်၊ ဒါကြောင့် သူ့ဓား ရေးကို ကောင်းကောင်း သိတယ်၊ လင်းရှောင်မှာ ဒီလို ဓားရေးမျိုး၊ အရိပ် အယောင်တောင် မတွေ့ဘူး။ ”
ဟွမ်ရွှမ်ရီက ငြင်းသည်။ အထူး သဖြင့်၊ တစ်ဖက် လူသည် ဓား မဆွဲဘဲ၊ သူ့အပေါ် အနိုင် ယူနိုင်သည် ဟူသော အချက်ကို လက်မခံချေ။
လင်းယွန်သည် ဓားဂိုဏ်း၏ ဘီလူး တစ်ကောင် ဖြစ်ပြီး၊ ၎င်း၏ ဓားရေး များသည်၊ ရင်သပ် ရှုမောဖွယ် ကောင်း ချေ၏။
ရှေးဟောင်း ပျက်သုဉ်း မြေကြီး၏ ပြိုင်ဘက်ကင်း ဓားသမား တစ်ယောက် ဖြစ် သည်။ သူ့နှင့် မည်သူမျှ မယှဉ် နိုင်ချေ။
ထိပ်တန်း အဆင့်၊ လက်နက်မဲ့ ကိုယ်ခံ ပညာများကို လေ့ကျင့်ထား သော်လည်း၊ ဓား သည်သာ၊ လေးစားဖွယ် အဆင့် ဖြစ်သည်။
လေဓား သခင်မှ ခေါင်းညိတ်သည်။ ဟွမ်ရွှမ်ရီ ပြောသည်မှာ အဓိပ္ပာယ် ရှိ၏။ မိုးပြာ နဂါး ခန္ဓာသည် ရှားပါး သော်လည်း၊ အခြား သူများ လေ့ကျင့် နိုင်ခြင်း မရှိဟု မဆိုနိုင်ချေ။
ရှေ့ဟောင်း ပျက်သုဉ်းမြေ ၌ပင်၊ အနည်းဆုံး လူသုံး ဦးခန့် လေ့ကျင့် နေကြောင်း၊ သူ ကြားသိ ထားသည်။
နတ်နဂါး အင်ပါယာနှင့် အခြားသော ရှေးဟောင်း နယ်မြေ များကိုပါ ထည့်တွက်မည် ဆိုသော်၊ ပို၍ များပြား နိုင်၏။
ထို့ကြောင့် မိုးပြာ နဂါး ခန္ဓာကိုယ် ရှိရုံဖြင့်၊ အထောက်ကူ မဖြစ်ချေ။
“ ဒီကောင်က ပန်းသင်္ချိုင်း မဟုတ်ပါဘူး၊ ကောင်းကင် ရနံ့ သင်းသင်းက ... ၊ ကောင်းကင် မူလ ကြေးမုံနဲ့ သူ့ကို စစ်ဆေး ပြီးပြီ။ ”
ကောင်းကင် မူလ ကြေးမုံ ဟူသည် သူတော်စင် တစ်ပါး အပေါ်ပင် သက်ရောက်နိုင် သည့် ရတနာ ဖြစ်သည်။
နဂါး သွေးလွှတ်ကြော နယ်ပယ်ရှိ၊ တစ်စုံ တစ်ယောက်မှ၊ လှည့်ဖျား နိုင်သော အရာမျိုး မဟုတ်ချေ။ ခုန်ရင်က ခေါင်းညိတ်၏။
“ ဟုတ်တယ် ... ပြီးတော့ ပန်းသင်္ချိုင်းက လူသိရှင်ကြား ထွက်ပေါ် လာရဲမယ်လို့၊ ငါလည်း မထင်ဘူး။ ”
“ သွေးလမင်း ဂိုဏ်းနဲ့ နတ်မိစ္ဆာ တံခါးတို့၊ ငရဲပင်လယ်ကို လာရောက် ကြပြီလို့ ကြားတယ်၊ လိပ်နက် ပင်လယ်ကွေ့မှာ၊ အာကာပြင် မငြိမ် မသက် ဖြစ်နေတယ်၊ ဒါကြောင့် ...
... လောလော ဆယ်တော့ ... ဒီနေ့ ကိစ္စတွေကို ထားလိုက် ရအောင်၊ လေဓား သခင် မင်းရော ဘယ်လို ထင်လဲ။ ”
ဟွမ်ရွှမ်ရီက အကြောင်း အရာ ပြောင်း လိုက်သည်။
“ သဘော တူတယ် ... ၊ အင်ပါယာ နဂါး အမိန့်က နည်းနည်း ထူးဆန်း နေတာ ကြောင့် အခု ကောင်းကင် ရနံ့ သင်းသင်းကို ထိလို့ မရ သေးဘူး၊ ပြီးတော့ ...
... နတ်မိစ္ဆာ တံခါးရဲ့၊ တံခါး သခင် တစ်ယောက် ပေါ်လာ တယ်လို့ ကြားထားတယ်၊ တစ်လျှောက်လုံး သူတို့က သွေးလမင်း ဂိုဏ်းနဲ့ ပြိုင်နေတာ ဆိုတော့ ... စိတ်ဝင်စား စရာပဲ။ ”
လေဓား သခင်က ပြုံးကာ ပြန်ဖြေ၏။
“ လိပ်နက် ပင်လယ် ကွေ့က တကယ့်ကို ထူးဆန်းတယ်၊ သွေးလ ဂိုဏ်းရဲ့ သန့်ရှင်းသော သားတော် တစ်ပါးတောင်၊ စေလွှတ်လာ နိုင် တယ်လို့၊ ထင်ကြေး ပေးနေကြ တာပဲ။ ”
ခုန်ရင်က သူ ကြားသိထား သမျှအား ပြန်လည် ဝေမျှ လိုက်သည်။ ထို့ကြောင့် လူတိုင်း တိတ်ဆိတ် သွား၏။
“ ဒါသာ တကယ် ဆိုရင်တော့ ... ညီအစ်ကို လေဓားသခင် အတွက်၊ အခွင့် အရေး တစ်ရပ်ပဲ၊ ကောင်းကင် မြို့တော်မှာ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူတွေနဲ့၊ စည်ကား လာလိမ့်မယ်။ ”
ခုန်ရင်မှ လေဓား သခင်အား ကြည့်ကာ ပြောလိုက်သည်။ သူသည် ၎င်းနှင့် ကောင်းမွန် သော ဆက်ဆံရေး ရှိသဖြင့်၊ နဂါး သွေးလွှတ် ကြော နယ်ပယ်၌ ချန်ပီယံ ဖြစ်ရန်၊ ကြံရွယ် နေကြောင်း သိထား၏။
လေဓား သခင်က ပြုံးလိုက်သည်။
“ ကျန့်ကျင်းရှန်က နဂါး သွေးလွှတ်ကြော နယ်ပယ်ရဲ့ ပထမ နေရာကို၊ နှစ်ပေါင်း များစွာ သိမ်းပိုက် ထားခဲ့တယ်၊ အခု သူက ...
... လောက နိယာမ နယ်ပယ်ကို တက်လှမ်း သွားပြီ ဆိုတော့၊ ချန်ပီယံ အသစ် ရွေးရမဲ့ အချိန် ရောက်ပြီ။ ”
နယ်ပယ် သုံးပါး အနက်၊ နဂါး သွေး လွှတ်ကြော အဆင့် သတ်မှတ် ချက်သည်၊ နဂါး ပြာ မှတ်တမ်း အတွက်၊ တံခါး တစ်ချပ် ဖြစ်၏။
ကျန့်ကျင်းရှန် ထွက်သွား ပြီးနောက်၊ လူတိုင်းက ထိုနေရာကို ရယူရန် ပြင်ဆင်မှုများ ပြုလုပ် လာကြသည်။
အခွင့် အရေး ရသည်နှင့် တစ်စုံ တစ်ယောက်သည် လူသိ ရှင်ကြား ချန်ပီယံ ဘွဲ့ကို သိမ်းပိုက် လိုမည် ဖြစ်သည်။
“ ကဲ ... မင်းတို့ အားလုံး ... ၊ လျူ အိမ်တော်မှာ ဆက်နေ နိုင်တယ်၊ ဒီပွဲ မတိုင်မီ ပြင်ဆင် မှုတွေ လုပ်ကြ ရအောင်။ ”
လေဓား သခင်က ပြုံးလျက်၊ သူတို့၏ စကားဝိုင်းအား အဆုံးသတ် လိုက်တော့သည်။
***