ရွှေကျီးကန်း ပလ္လင်။
Vol. 123 Ch. 1722
ကောင်းကင် ရနံ့ သင်းသင်း ရတနာ သိုက်သည်၊ တားမြစ် နယ်မြေ ဖြစ်လေသည်။ မုရွယ်လင်မှ ဘဏ္ဍာ တိုက်ကို ဖွင့်ပြီးနောက်၊ လင်းယွန်နှင့် ယွဲ့ဝေဝေထံ လှည့်ကြည့်၏။
“ ဒီနေရာက ဘာလဲ ... ။ ”
“ ရှေးဟောင်း တူရိယာ တွေနဲ့ ... တေးသီချင်း တွေကို သိမ်းဆည်း ထားတယ်၊ ပြီးတော့ ရှေးဦးခေတ်ရဲ့ နတ်ရူရ်တွေ ရောပဲ၊ ဒါက ကောင်းကင် ရနံ့ သင်းသင်းရဲ့၊ ...
... ရတနာ သိုက် ဖြစ်တာကြောင့်၊ အစ်ကိုကြီး လင်းကို၊ အစ်မက လေ့ကျင့် ပေးဖို့ ရည်ရွယ် ထားပုံ ရတယ်။ ”
ယွဲ့ဝေဝေမှ ပြန်ဖြေသည်။
“ မင်း ထွက်သွားလို့ ရပြီ။ ”
မုရွယ်လင်မှ ယွဲ့ဝေဝေအား ကြည့်ကာ ပြောလိုက်သည်။
“ အစ်မကြီး ... ၊ ငါ့လည်း လိုက်ချင်တယ်။ ”
ယွဲ့ဝေဝေ အပြုံးများ ပျောက်ကွယ်လျက်၊ အေးစက်သော လေသံဖြင့် ပြန်ပြော လေသည်။ ထို့ကြောင့် မုရွယ်လင်မှ ထပ်မပြော တော့ချေ။
“ ဒါဆို ... ဝင်လာခဲ့။ ”
ဘဏ္ဍာတိုက် အတွင်း၊ တိတ်ဆိတ်စွာ လိုက်ဝင် လာခဲ့သည်။ လမ်းတစ်လျှောက် နံရံ များတွင် ကျောက်စိမ်းပြား များစွာကို ချိတ်ဆွဲ ထားသည်။
၎င်း အပေါ်၌ ရှေးဟောင်း ရူရ်များ ရေးထွင်းထား ချေ၏။ ရှုပ်ထွေး သည်ဟု ထင်ရ သော်လည်း၊ နားလည် နိုင်သည်။
ရူရ် တစ်လုံး စီသည်၊ ရှေးဟောင်း နရီ များဖြင့် ပြည့်နှက် နေသော၊ သူတော်စင် ရူရ် များ ဖြစ်လေသည်။
“ ဒီပန်ချီကား တွေကို ကျောက်စိမ်းနဲ့ ထုလုပ် ထားတယ်၊ ရူရ်တွေ အားလုံးက ဂီတ နုတ်တွေပဲ၊ အများစုမှာ မပြည့်စုံ တာကြောင့် ဒီလိုပဲ ထိန်းသိမ်း ထားရတယ်။ ”
မုရွယ်လင်က လျှောက်လှမ်း နေလျက်မှ၊ ရှင်းပြသည်။
“ ဂီတ နုတ်တွေ အပြင် ... ၊ သူတို့ ထဲမှာ စိတ်စွမ်းအင် ကျင့်ကြံမှု နည်းစနစ် အချို့လည်း ရှိတယ်။ ”
မုရွယ်လင်က ကျောက် လှေခါး နောက် တစ်ဆင့်သို့၊ နင်းတက် လိုက်သည်။ ဤအရာ သည်သာ စစ်မှန်သော ရတနာများ ထားရာ အရပ် ဖြစ်၏။
ပတ်ဝန်း ကျင်၌ တူရိယာ များစွာ ရှိပြီး၊ အားလုံးက အဖြူရောင် အဆင် အသွေး များနှင့်၊ လေပေါ် မျောနေ ကြသည်။
တူရိယာ တိုင်းသည် ထူးခြားသော အသွင် သဏ္ဍာန်မျိုး ဖြစ်ကာ၊ ရှားပါး စာရင်း ဝင်ကြ၏။ မုရွယ်လင် သည် တူရိယာတိုင်း အပေါ်၊ နားလည် သည်။
ထို့ကြောင့် ၎င်းတို့ တစ်ခုချင်း စီအား၊ လင်းယွန်ကို ပြန်၍ ရှင်းပြ ပေးနိုင်၏။ စိတ်လို လက်ရ ဖြစ်လာ ချိန်၌၊ တီးခတ် ကစား ပြခြင်း ကိုပင်၊ ပြုလုပ် ပြသည်။
တူရိယာ များတွင်၊ ကိုယ်ပိုင် နရီ ရှိသည်။ အနုပညာ အယူအဆ တစ်ခုသည် တူရိယာများ အပေါ် မူတည်ကာ၊ ပြောင်းလဲမှု လုပ်နိုင်သည်။
ဥပမာ အားဖြင့် နေနှင့်လကို မိုးကြိုး မုန်တိုင်း ဗျပ်စောင်းဖြင့် ကစားပါက၊ ယွဲ့ဝေဝေ ပေးသော နတ်ကျောက်စိမ်း ပလွေကို တီးမှုတ် သကဲ့သို့၊ ပြီးမြောက်မည် မဟုတ်ချေ။
ရုတ်တရက် ရင်းနှီးသော တူရိယာ တစ်ခုကို တွေ့လိုက် ရသည်။ သို့သော် ဟောင်းနွမ်း နေပြီး မျက်နှာပြင်မှာ မှိန်ဖျော့ နေ၏။
အခြားသော သူတော်စင် တူရိယာ များနှင့် နှိုင်းယှဉ်သော်၊ အသွင်အပြင်သည် သာမန်မျှသာ ဖြစ်သည်။
ပေါင်တူ အကြီးစား ပုံစံ အသံအိုး ရှိပြီး၊ လက်တံ အရှည် အဖျား၌ ဒေါင်လိုက် သစ်သား တံ နှစ်ချောင်း ပါရှိသည်။
သို့သော် ကြိုးတစ်ချောင်းမှ မရှိချေ။ အချိန် အတော်ကြာ စဉ်းစားနေ သည့်တိုင်၊ ဤတူရိယာ အမည်အား မမှတ်မိဘဲ ဖြစ်နေသည်။
“ ဒါက နတ်ပိုးစာ သစ်သားနဲ့ သွန်းလုပ် ထားတဲ့ တူရိယာပဲ၊ သူ့မှာ ရွှေကျီးကန်း သွေးနဲ့ ရေးထွင်း ထားတဲ့ နတ်ရူရ် တစ်လုံး ပါတယ်၊ အဲဒါ တစ်ခုတည်း နဲ့တင် အခြား တူရိယာ အားလုံးထက် ပိုတန်ကြေး ကြီးတယ်။ ”
မုရွယ်လင်က နှမျောသော အသွင်ဖြင့်၊ ထိုတူရိယာအား ကြည့်သည်။ ပြီး သက်ပြင်းချ လျက်၊
“ ဒါပေမယ့် ဒီတူရိယာက ပျက်စီး နေပြီ၊ တီးခတ်နည်းကို မသိဘူး၊ သူ့နဲ့ ပတ်သတ်တဲ့ နုတ် တွေလည်း ပေျာက်ကုန်ပြီ။ ”
-ဟု ဆက်၍ ရှင်းပြ လာသည်။
“ အစ်မ ... ၊ ကြိုး တစ်ချောင်းမှ မရှိဘူး။ ”
ယွဲ့ဝေဝေမှ ပြော၏။
“ ဟုတ်တယ် ... ကြိုးတွေ ရှိရင်တောင် အသုံးမဝင် တော့ပါဘူး၊ ဘယ်လို ကစားရ မလဲ ဆိုတာမှ မသိ ကြတာ။ ”
မုရွယ်လင်မှ ပြန်ဖြေသည်။
“ အရင်က ... ဒီတူရိယာကို နဂါးပြာ ဘိုးဘေးက ကစားခဲ့ ဖူးတယ်၊ အချိန် ကြာလာ တာနဲ့ အမျှ၊ ဒါကို ဘယ်လို ကစား ရမလဲ ဆိုတာ၊ မသိကြ တော့ဘူး။ ”
ယွဲ့ဝေဝေက သူ မှတ်မိ သမျှကို ဝင်ပြောသည်။
“ ဟုတ်တယ် အဲဒါနဲ့ ပတ်သက်ပြီး ... ၊ ဒီလိုမျိုး ကောလ ဟာလတွေ ထွက်နေတာ တော့ ... အမှန် ပါပဲ။ ”
မုရွယ်လင်က ယွဲ့ဝေဝေ စကားကို ထောက်ခံသည်။ သို့သော် ဤတူရိယာ အပေါ်၊ ထိုထက် ပို၍ စိတ်မဝင် စားချေ။
( အဲဟူ ... ။ )
ရုတ်တရက် တူရိယာ၏ အမည်ကို၊ လင်းယွန်မှ သတိရ လာသည်။ မည်သူမျှ မတီး ခတ်နိုင် သည်မှာ၊ အဆန်း မဟုတ်ချေ။
အဲဟူ ကို ကစားရန်၊ ကြိုးနှင့် ဘိုးတံ လိုချေ၏။ ယင်းအား ပြောပြ တော့မည့် အချိန်၌ မုရွယ်လင်မှ၊ ဆက်လျှောက် သွားပြီ ဖြစ်သည်။
“ မင်း ... အဲဒါကို စိတ်ဝင်စား မနေနဲ့ ... ၊ မင်းရဲ့ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းက ဒီမှာ ရှိတဲ့ ဂီတ တူရိယာ အများစုထက်၊ ပို အားကောင်း ပါတယ်။ ”
မုရွယ်လင်သည် မိုးကြိုး မုန်တိုင်း ဗျပ်စောင်း၏ မူလကို သိရှိ နေသဖြင့်၊ အဲဟူ အကြောင်း မေ့သွားကာ၊ လင်းယွန် ခမျာ ထိတ်လန့်သွား မိသည်။
တတိယ အဆင့်သို့၊ ထပ်မံ လှမ်းတက် လိုက်သော အခါတွင်၊ သူတို့သုံး ဦး၏ အမြင် အာရုံများ ရှင်းလင်း လာ၏။
ဤနေရာသည် သီးခြား တည်ရှိပြီး၊ ကျယ်ဝန်းသော ခန်းမ ဖြစ်သည်။ အဆုံးတွင် အခန်း အလယ်၌ ပလ္လင် တစ်လုံး ရှိ၏။
ထိုပလ္လင် ပေါ်တွင်၊ မီးလျှံများ တောက်လောင် နေကာ၊ ပန်းချီကား တစ်ချပ် ပျံဝဲ နေသည်။
မီးတောက် များမှ၊ ရွှေရောင် အဆင်းများ ထုတ်လွှတ်လျက်၊ ခန်းမ တစ်ခုလုံး သူတော်စင် ရောင်ဝါများ ဖုံးလွှမ်း စေ၏။
ဤအကွာ အဝေး မှပင်၊ သူ့တို့အား တွန်းထုတ် သဖြင့်၊ မုရွယ်လင်က ၎င်းရောင်ဝါကို ခွဲပြီး၊ ဆက်သွား နိုင်ရန် ကူညီ ပေးလာသည်။
ရွှေမီးတောက် များထက် ပန်းချီကားမှာ၊ စိတ်ဝင် စားစရာ ပိုကောင်း ချေ၏။ ပန်းချီကား သည် မီးလျှံများကို ဂရုစိုက်ပုံ မပြချေ။
“ အဲဒါက သူတော်စင် ရွှေကျီးကန်း မီးတောက်ပဲ၊ ဒီပလ္လင်မှာ မဟာ နေမင်းကြီး အစီရင်ကို ခင်းထားတယ်၊ အနှစ် တစ်သောင်း တိုင်တိုင် ဒီမီးတောက်ကို ...
... ထိန်းသိမ်း ထားနိုင်တယ်၊ ... ပလ္လင် မျက်နှာပြင်ကို၊ နှစ်တစ်သောင်း ဝန်းကျင် ရှိတဲ့၊ သူတော်စင် ရွှေကျီးကန်း သွေးနဲ့၊ သန့်စင် ပေးထားတယ်၊ ဒါက ...
... ကောင်းကင် ရနံ့ သင်းသင်းရဲ့ လျှို့ဝှက်ချက်တွေ ထဲက ... ၊ လျှို့ဝှက်ချက် တစ်ခုပဲ။ ”
မုရွယ်လင်က ခြေလှမ်းကို ရပ်ကာ ရှင်းပြ သည်။
“ အဲဒီ ပန်းချီကားက ဘာလဲ။ ”
လင်းယွန်မှ သူမ ဘေးတွင် ရပ်လိုက်ပြီး မေး၏။
“ မင်းကို ဒီခေါ် လာရတဲ့ အကြောင်း အရင်းက သူ့ကြောင့်ပဲ၊ သူတော်စင် အသံကို ဆုပ်ကိုင်ထား နိုင်ပေမယ့်၊ မင်းရဲ့ စိတ် စွမ်းအင်က အားနည်း နေသေးတယ်၊ ...
... စွမ်းအားကို၊ အပြည့် အဝ မထုတ် နိုင်ဘူး၊ ဥပမာ ကောင်းကင် အမိုးဓားရဲ့ ရည်ရွယ်ချက်နဲ့ ဆင်တူတယ်၊ အင်ပါ ရီယန် နယ်ပယ်နဲ့၊ သူ့ စွမ်းအားကို အပြည့် ထုတ်နိုင် ပါ့မလား။ ”
ထိုမေးခွန်းက လင်းယွန်အား အံ့အားသင့် သွားစေသည်။ အကြောင်း တစ်ခု ခုကြောင့် သူမ မေးခွန်းတွင် အဓိပ္ပါယ် အချို့ ဝှက်ထားမှန်း ခံစား မိ၏။
သို့သော် သူမက သူ့အား စိတ်မဝင် စားဘဲ၊ ရွှေကျီးကန်း ပလ္လင်ကို ကြည့်နေသည်။
“ ကောင်းကင် အမိုး ဓားကို ... ၊ ပင်မ နတ်ဘုရား နယ်ပယ် မပြောနဲ့၊ နဂါး သွေးလွှတ် ကြော နယ်ပယ် နဲ့တောင်၊ နားလည်ဖို့ မလုံလောက် ပါဘူး။ ”
“ ဟုတ် လား ... ။ ”
မုရွယ်လင်မှ သူ့အား ပြန်လှည့် ကြည့်လာ သဖြင့်၊ လင်းယွန် တစ်ယောက် ကျောရိုး အနှံ့၊ အေးစက် သွားသည်။
“ ဒါပေမယ့် ... ဒီကမ္ဘာကြီးမှာ၊ နဂါး သွေးလွှတ်ကြောနဲ့၊ ကောင်းကင် အမိုးဓားကို ပြီးမြောက် ထားတဲ့ ပါရမီရှင်တွေ ရှိတယ်၊ ...
... သူက သူတော်စင် အသံ ကိုတောင် ဖန်တီး နိုင်ပြီး၊ ပဉ္စမတန်း ဝိညာဉ် ရေးရာ၊ ဆရာ သခင် တစ်ယောက်ပဲ။ ”
“ သူတော်စင် အကြီး အကဲ ... မင်း ဘယ်သူ့ကို ပြောနေတာလဲ၊ ငါက သတ္တမတန်း သူတော်စင် ဝိညာဉ် ရေရာ ဆရာ သခင် ဖြစ်နေ ပါပြီ။ ”
လင်းယွန်မှ ပြုံးကာ ဝန်ခံ လိုက်၏။
“ သတ္တမ တန်းလား ... ၊ အားနည်း သေးတယ်၊ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့်က၊ (၁၃) အထိ ရှိတယ်၊ နိဗ္ဗာန် ပွဲတော်မှာ တောက်ပ ချင်ရင်၊ အနည်းဆုံး နဝမတန်း ရောက်နေ ရမယ်။ ”
မုရွယ်လင်က ဆက်ပြော၏။
“ အသံမှာ ဆိုရင်တော့ ... ၊ မဟာ သူတော်စင် အသံမျိုး ဖန်တီး နိုင်ရမယ်၊ လက်ရှိ အခြေ အနေ အရဆို၊ ပွဲတော်ကို မင်းက ဝင်ခွင့် ရရုံပဲ ရှိသေးတယ်။ ”
“ အဲဒီလောက် တောင်လား။ ”
“ မဟုတ်ရင် ငါက ... လေကုန်ခံ မယ်များ ထင်နေလား၊ မင်းရဲ့ ဟိုမရောက် ဒီရောက် ဂီတ အသံက၊ သူတို့ ကိုသာ ခြိမ်းခြောက် နိုင်မယ်၊ ပညာရှင် စစ်စစ်နဲ့ တွေ့ရင် အမှိုက်ပဲ။ ”
“ ပညာရှင် အစစ် ဆိုတာ ... ဘယ်လို လူမျိုးလဲ၊ အနောက် ဥယျာဉ်ကို လာတဲ့ လူတွေ အပေါ်၊ မသတ်မှတ် ဖူးလား။ ”
“ သူတို့သာ ဉာဏ်ကြီးရှင် တွေဆိုရင်၊ လေဓားသခင် အနားမှာ ... အခုလို ဝဲနေမယ် ထင်လား။ ”
မုရွယ်ချင်မှ မေးခွန်းကို မေးခွန်းဖြင့် ပြန်ဖြေ၏။
“ မင်းသာ ပညာရှင် အဆင့် ရောက်သွား ပြီးရင်၊ မင်း အနားမှာ ဘယ်သူမှ ယှဉ်ပြီး မရပ် နိုင် တော့ဘူး။ ”
ထိုစကား ကြောင့် လင်းယွန်က ယွဲ့ဝေဝေအား လှည့်ကြည့်သည်။ ယွဲ့ဝေဝေမှ ခေါင်းခါလျက်၊
“ ဝေဝေက ကျွမ်းကျင်သူ မဟုတ်ဘူး၊ အစ်ကိုကြီး လင်းသာ ကျွမ်းကျင်သူ။ ”
-ဟု ငြင်းဆို တော့၏။
“ ဘာလဲ မယုံဖူးလား၊ အစ်ကိုကြီး လင်း ဂီတကို လေ့ကျင့်တာ တစ်နှစ် မပြည့် သေးဘူး၊ ဆယ်စုနှစ် တစ်ခုစာ ကျင့်ကြံ ကြတဲ့၊ အခြား သူတွေနဲ့ ယှဉ်နိုင် နေပြီ၊ ဒါက ကျွမ်းကျင်သူ မဟုတ်လို့ ဘာလဲ။ ”
ယွဲ့ဝေဝေက ထောက်ပြ၏။ လင်းယွန်မှ မသက် မသာဖြင့် ပြုံးလိုက် မိသည်။ ယွဲ့ဝေဝေ မမှားချေ။ မုရွယ်လင် သည်လည်း မှန်၏။
“ ပန်းချီကား ထဲမှာ ဘာပါလဲ။ ”
လင်းယွန်မှ အကြောင်းအရာ ပြောင်းလိုက်သည်။
“ ရွှေကျီးကန်း နတ်သွေး ... ၊ မင်းက ဒဏ်ရာတွေ ကနေ ပြန်လည် ကောင်းမွန်လာပြီး ဆိုတော့၊ နတ်သွေးနဲ့ သန့်စင်းခြင်း ခံပါ၊ ...
... ဒါက မင်းရဲ့ စိတ် ပိုင်းဆိုင်ရာ ကြီးထွားမှုကို၊ အချိန်တို အတွင်း တိုးမြှင့် ပေး နိုင်တယ်၊ လူတိုင်း ဒီလို ရတနာ တွေနဲ့ စိတ် ဝိညာဉ်ကို သန့်စင် ကြတယ်၊ ဒါပေမယ့် ဒီပန်းချီကား လောက် အစွမ်းထက်တဲ့ ရတနာမျိုး မရှိဘူး။ ”
လင်းယွန် စိတ်ထဲ တုန်လှုပ် သွားသည်။ ယခင်က နတ်ရူရ် အချို့ကို မြင်ဖူး၏။ ဤကဲ့သို့ နတ်ရူရ် များဖြင့် ဖန်တီး ထားသော ပန်းချီကားမျိုး မကြုံ ဖူးချေ။
နတ်ရူရ် တစ်လုံး သည်ပင် ကြောက် စရာ ကောင်းနေပြီ ဖြစ်ရာ၊ နတ်ရူရ် များဖြင့် ဖန်တီး ထားသော ပန်းချီကား တစ်ချပ်သည်၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို မတွက်ဆ နိုင်ချေ။
မုရွယ်လင်မှ လက်ကို ဝှေ့ယမ်း လိုက်သော အခါတွင်၊ သူတော်စင် ရွှေကျီးကန်း မီးတောက် အတွင်းရှိ၊ ပန်းချီကား ပွင့်လာ၏။
ပန်းချီကားသည် ကြာမျိုး ကိုးပါးဖြင့်၊ ပြည့်နှက် နေသော ရေကန်ကြီး တစ်ကန် ပုံ ဖြစ်သည်။
“ ကြာပန်း ကိုးပါး ... ။ ”
ယွဲ့ဝေဝေက အံ့သြ သွား၏။ ပန်းချီကား ပွင့်လာသော အခါ၊ နတ်ရူရ် အတွင်း ပါရှိသော စွမ်းအားများ တဖြည်းဖြည်း ပျံ့နှံ့ လာသည်။
စိတ် ဝိညာဉ် နန်းတော် အတွင်းရှိ၊ သူတော်စင် ရူရ် နှစ်လုံးက၊ ထိုနတ်ရူရ်မှ ထုတ် လွှတ်သော ရောင်ဝါကို ဝါးမြို တော့၏။
တစ်ချိန် တည်းမှာပင်၊ လင်းယွန် ခန္ဓာကိုယ် အတွင်းမှ နွေးထွေးမှု တစ်ခု ဟုန်ထိုး တက်လာ သည်ကို ခံစား လိုက်ရသည်။
များမကြာခင် မှာပင်၊ အတွင်း အင်္ဂါများ၊ သွေးနှင့် အရေပြား မီးလောင် သကဲ့သို့ ပူလောင် လာ၏။ ထိတ်လန့် စွာဖြင့် ပန်းချီကားထံ ပြန်ကြည့် လိုက်မိသည်။
“ ဘယ်လိုတောင် ထူးဆန်း လိုက်လဲ ... ။ ”
“ ဒါ ... ရွှေကျီးကန်း နတ်သွေးနဲ့ ... ၊ ဆွဲထားတဲ့ ပန်းချီကားပဲ၊ မင်း ဘာမှ မလုပ်ဖူး ဆိုရင်တောင် ... သူ့အနား ရပ်နေရုံနဲ့ ... နဂါး မူလ အပါ အဝင် ရုပ်ခန္ဓာပါ၊ အားကောင်း လာလိမ့်မယ်။ ”
မုရွယ်လင်မှ ရှင်းပြသည်။
“ ပလ္လင် ပေါ်မှာ ... ကျင့်ကြံရင်၊ အမြန် နှုန်းက ဆယ်ဆ ကနေ၊ အဆ တစ်ရာ အထိ တိုး လာမယ်၊ ဘယ်လောက် ကြာကြာ ခံနိုင် မလဲ ဆိုတာတော့ ...
... မင်း အပေါ်ပဲ မူတည်တယ်၊ လက်ရှိ ကိုယ်လုံး ကိုယ်ပေါက် အရ ဆိုရင်၊ ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး။ ”
မုရွယ်လင်၏ သုံးသပ်ချက်ကို လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။ ယင်းမှာ အမှန် ဖြစ်၏။
“ အစ်ကိုကြီး လင်း ... ၊ မင်း ဒီမှာ ကျင့်ကြံချင်တာ သေချာလား၊ ဒီရွှေကျီးကန်း ပလ္လင်မှာ မီးလောင် သေဆုံး သွားတဲ့ လူတွေ မနည်းဘူး၊ ...
... ပန်းချီကား ထဲက ... မြူတွေကို ကြည့်လိုက်၊ အဲဒါ သေသွားတဲ့ လူတွေရဲ့ အကြွင်း အကျန် ဆန္ဒ တွေပဲ။ ”
ယွဲ့ဝေဝေမှ စိုးရိမ်စွာ သတိပေး လာသည်။
“ သူပြောတာ မှန်တယ်။ ”
မုရွယ်လင်က ခေါင်းညိတ် အတည်ပြု ပေး၏။
“ နတ်ရူရ် တွေနဲ့ ... ဖန်တီး ထားတဲ့ ... လက်ရာ တွေမှာ၊ ဝိညာဉ် ရှိတယ်၊ ဒါကြောင့် မင်းက သူ့ဆီက စွမ်းအင်ကို စုပ်ယူ သန့်စင် နေချိန်မှာ၊ ...
... သူ ကလည်း သူ့ကိုယ်သူ အဆင့် မြှင့်တင်ဖို့၊ မင်းရဲ့ သွေးသား စွမ်းအင် တွေကို စုပ်ယူ နေလိမ့်မယ်။ ”
“ တခြား ရွေးချယ် စရာ ရှိလား။ ”
လင်းယွန် မျက်ဝန်းများ မှေးစင်းလျက်၊ ကြာပန်း ကိုးပွင့် ပန်းချီကားအား စိုက်ကြည့်ကာ မေးလိုက် လေသည်။
ကျင့်ကြံခြင်း ဟူသည် ရေဆန်ကို ဆန်တက်သော လှေငယ်နှင့် တူချေ၏။ ရှေ့သို့ မရွေ့ နိုင်သော်၊ ရပ်တန့် နေမည် မဟုတ်ဘဲ၊ ဆုတ်ယုတ် သွား ပေမည်။
ဒဏ်ရာရနေစဉ် အချိန်များစွာ ဖြုန်းတီး မိခဲ့သည်။ ထို့ပြင် ဆရာ သခင် ထံမှ သွန်သင်မှု မရရှိ သောကြောင့်၊ ဓားရေးများ သည်လည်း၊ နောက်ကျ ကျန်ခဲ့သည်။
ဤမျှ ပေးဆပ်ခဲ့ ပြီးနောက် ပွဲတော်၌ မထွန်းလင်း နိုင်သော်၊ အကြံ အစည် အားလုံး ပျက်စီး ရပေမည်။
အကယ်၍ သူ သည်သာ ဒဏ္ဍာရီ လာ ထိုသစ်သီး သုံးမျိုးကို ရယူနိုင် ပါက၊ အဆိုပါ အချိန် ကာလအား၊ ကာမိမည် ဖြစ်သည်။
***