ယှဉ်ပြိုင်ခြင်း ... ။
Vol. 124 Ch. 1723
“ ဒီအခွင့် အရေးကို ... ငြင်းဆို စရာ အကြောင်း မရှိပါဘူး၊ ကျေးဇူးတင် ပါတယ်။ ”
လင်းယွန်က အလေး အနက် ဆိုသည်။ ကြာပန်းကိုးပွင့် ပန်းချီကားသည် အန္တရာယ် ရှိ သော်လည်း၊ အကျိုး အမြတ်မှာ စိတ်ကူး မယဉ်နိုင်ချေ။
“ ဘာပြန် လို ချင်လဲ။ ”
လင်းယွန်မှ မေးသည်။ လောက၌ မည်သည့် အရာမှ အလကား မရချေ။
“ ကိုးပါး ကောင်းကင် ချပ်ဝတ် သီချင်းကို ကောင်းကောင်း တီးခတ်ပြီး၊ ဂျူနီယာ ညီအစ်မ လေးရဲ့ အကကို၊ ကျွမ်းကျင်အောင် ကူညီပါ။ ”
မုရွယ်လင်မှ ပြန်ဖြေ၏။
“ ဒါပဲလား ... ၊ နိဗ္ဗာန် ပွဲတော် ... အတွက် ရော။ ”
လင်းယွန်က အံ့ဩ သွားသည်။
“ နိဗ္ဗာန် ပွဲတော်မှာ ပထမ ရရင်တော့ အကောင်း ဆုံးပေါ့၊ ဒါပေမယ့် မင်းအတွက် မျှော်လင့်ချက် သိပ် မရှိ ပါဘူး၊ ဒါကြောင့် ကြိုက်တာ လုပ်နိုင်တယ်။ ”
မုရွယ်လင်မှ သူမ အမြင်ကို အား မနာတမ်း ထုတ်ပြော လာသည်။ လင်းယွန် တစ်ယောက် ကူကယ်ရာ မဲ့စွာ ပြုံးမိ၏။
“ သူတော်စင် အကြီး အကဲက ... ၊ တကယ်ကို နားမလည် နိုင်အောင် ပါပဲ။ ”
လင်းယွန်က သူမကို တစ်ချက် ကြည့်ပြီးနောက် သက်ပြင်းချ လိုက်သည်။
“ မင်းကို ... ကြာပန်း ကိုးပါး တံဆိပ် ... ၊ အရင် သင်ပေးမယ်၊ မဟုတ်ရင် ဒီပန်းချီကားကို အသက်သွင်း နိုင်မှာ မဟုတ်ဘူး။ ”
စကားဆုံး သည်နှင့်၊ မုရွယ်လင်က သူ့ နဖူးထံ လက်ညှိုး ညွှန်ပြကာ၊ အချက် အလတ် များ ပေးပို့ ပေးသည်။
ကြာပန်း ကိုးပါး ပညာရပ်သည်၊ ကျင့်ကြံမှု နည်းစနစ် မဟုတ် သော်လည်း၊ လျှို့ဝှက် နည်း ပညာ တစ်ရပ် ဖြစ်သည်။
ထို့ကြောင့် လွယ်ကူစွာ နားလည် မိ၏။ အမှန် တကယ်တွင်၊ ကြာပန်း (၉)ပွင့် သည် အစွမ်း ထက်သော ရတနာ တစ်ခု ပေပင်။
“ ငါ မှတ်မိပြီ။ ”
များမကြာခင် လင်းယွန်မှ နိုးထ လာသည်။
“ ရွှေကျီးကန်း သူတော်စင် သွေးနဲ့ ... နတ်သွေး ဘာကွာခြားလဲ။ ”
နိုးထလာ သည်နှင့် လင်းယွန်မှ သူသိလို သည်ကို မေးလိုက်၏။ ပလ္လင်၏ မျက်နှာပြင်ကို သူတော်စင် သွေးဖြင့် ပုံဖော် ထားပြီး၊ ပန်းချီ ကားအား နတ်သွေးနှင့်၊ ဖန်တီး ထားသည်။
ထိုနှစ်ခုကြား ခြားနားချက်အား သိချင်၏။
“ ရွှေကျီးကန်း ဆိုတာ မွေးတည်းက သူတော်စင် သားရဲပဲ၊ သူက နတ်သားရဲ ဖြစ်ဖို့ ခဲရင်းတယ်၊ နတ်သားရဲ ဖြစ်လာတဲ့ ရွှေကျီးကန် သာလျှင်၊ နတ်သွေး ထုတ်ပေး နိုင်တယ်၊ ...
နတ်သွေးမှာ ... နတ်ရူရ် ဖွဲ့တည်ဖို့ ဗီဇ ပါတယ်၊ ဒါကြောင့် ပန်းချီကား မှာရှိတဲ့၊ နတ်ရူရ် တွေ အားလုံး နတ်သွေး ကနေ ရတာပဲ။ ”
မုရွယ်လင်က ရှင်းပြသည်။
“ နားလည်ပြီ ... ။ ”
ရုတ်တရက် ပယင်း နယ်ပယ်၌ မီးငှက် နတ်သွေးအား လာယူသော လီဝူယုကို ပြန်၍ သတိရ လာ၏။
“ လင်းရှောင် ... ငါတို့ အရင် သွားနှင့် ကြမယ်၊ ကြာပန်း ကိုးပွင့် ပန်းချီကား ကနေ ဘယ်လို အကျိုး ကျေးဇူး ရှိမလဲ ဆိုတာ၊ မင်း ကံကြမ္မာ ပေါ် မူတည်တယ်။ ”
မုရွယ်လင် မှ ပြောသည်။ လင်းယွန် တစ်ယောက် မည်သည့် အရာများ တွေးနေ သည်ကို၊ သူမ စိတ် မဝင် စားချေ။
“ အစ်ကိုကြီး လင်း ... ၊ မင်းကိုယ်မင်း အတင်း အကြပ် မလုပ်နဲ့၊ ဒီပန်းချီကားက အန္တရာယ် များတယ်။ ”
ယွဲ့ဝေဝေက မထွက်ခွာခင် မုရွယ်လင်အား သတိပေး ခဲ့သည်။ ထို့နောက် လင်းယွန် တစ်ဦး တည်းသာ ကျန်ရစ်ခဲ့ တော့၏။
“ ငါ အခု ... ကြိုးစား ရမယ်။ ”
အဝေးမှ ပလ္လင်ကို စိုက်ကြည့်ကာ၊ မျက်လုံးများ မှေးစင်း သွား၏။ အထူး သဖြင့် အမည်ခံ သူတော်စင် နယ်ပယ်မှ၊ အမျိုး သမီး တစ်ယောက်သည်၊ သူ့အား အထင် သေးစွာ ရှုမြင် သွားသည့် အပေါ်၊ မကျေနပ်ချေ။
ဘဏ္ဍာတိုက် အပြင် ရောက်သည်နှင့်၊ မုရွယ်လင်မှ ယွဲ့ဝေဝေကို စောင်းငဲ့ ကြည့်ကာ၊
“ သူက လင်းယွန် မဟုတ် ဖူးလား။ ”
“ လင်းယွန် ... ။ ”
ယွဲ့ဝေဝေက အံ့အားသင့် နေဟန် ပြုံးပြီး၊
“ အစ်မ ... ဘယ်သူ့ အကြောင်း ပြောနေ တာလဲ။ ”
“ နဝမမြောက် ကောင်းကင် လမ်းမှာ ... ၊ စစ်မက် နယ်မြေ ဆယ်ပါး လက်ကနေ ချန်ပီယံ ဖြစ်လာတဲ့ လူ ... ၊ သူ့ကြောင့် နတ်တောင်ပေါ် ကနေ ... ၊ မင်း ခိုးဆင်း လာတာ မဟုတ်လား။ ”
“ အစ်မ ... ဘာတွေ ပြောနေ တာလဲ။ ”
ယွဲ့ဝေဝေမှ ပြုံးပြီး ပြန်မေး လိုက်သည်။
“ အနောက် ဥယျာဉ် ထဲမှာ၊ သူ့ကို အစ်ကိုကြီး လင်းလို့ ခေါ်ခဲ့တာ ငါ ကြားတယ်၊ မလိမ်နဲ့။ ”
“ အဟဲ အစ်မ ... ငါ ရိုးသား ပါ့မယ်၊ ဒါပေမယ့် အစ်မက သူ့အတွက် အခက်အခဲတွေ ဖြစ်အောင်၊ မလုပ်ဖူး မဟုတ်လား။ ”
“ အဲဒီ တုန်းက မူးပြီး ... ၊ သီချင်း လျှောက်ဆိုနေ ထဲက ၊ သူ့ကို ငါ ခန့်မှန်းနိုင် သင့်တယ်၊ ပန်းသင်္ချိုင်းက ...
... ဒီလောက်မှ ကျက်သရေ မရှိရင်၊ သူ့အတွက် မင်းက နတ်တောင်ပေါ် ကနေ ဘာလို့ ခိုးဆင်း လာမှာလဲ။ ”
မုရွယ်လင်က ကောင်းကင် ရနံ့ သင်းသင်း ဘဏ္ဍာ တိုက်ထံသို့ ပြန်လှည့် ကြည့်ပြီး၊
“ သူ့အတွက် အခက် တွေ့အောင် ... ၊ ငါမလုပ် ပါဘူး၊ ဒါပေမယ့် သူက မင်းနဲ့ သဟ ဇာတ မဖြစ်လို့၊ ဝေးဝေး နေဖို့ပဲ သတိ ပေး ချင်တယ်၊ ...
... ရွှေခေတ် မကြာခင် ... ရောက်လာ တော့မယ်၊ ဒါကြောင့် ခွန်လွန်မှာ ပြင်းထန်တဲ့ လှိုင်းတွေ ထလာ လိမ့်မယ်၊ သူ့မှာ ရတနာ တစ်ပါး ပိုင်ဆိုင် ထားလို့၊ လုံလောက်တဲ့ ...
... ခွန်အားမျိုး မရှိရင်၊ မင်း အဖေရဲ့ အသိအမှတ် ပြုမှုကို၊ ရဖို့ မပြောနဲ့ သူ့ကိုယ်သူ တောင်၊ ကာကွယ် နိုင်မှာ မဟုတ်ဘူး။ ”
-ဟု ဆက်ပြော လိုက် တော့သည်။
“ ဒါနဲ့ အစ်မက ကြာပန်း ကိုးပွင့် ပန်းချီကားကို၊ ဘာလို့ ဖွင့်ပေးခဲ့ တာလဲ။ ”
ယွဲ့ဝေဝေမှ မေး၏။
“ ဘာလို့လဲ ... လူတိုင်း ... ၊ ဒီကြာပန်း ကိုးပွင့် ပန်းချီကားကို၊ အသက် သွင်းနိုင် မယ်လို့ ထင်နေလား၊ သူတော်စင် မီးတောက် တွေက ထောင်စုနှစ် တစ်ခု နီးပါး၊ ...
... တောက်လောင် နေခဲ့တာ ... မလွယ် ပါဘူး၊ အမှန်တော့ ငါလည်း နည်းနည်းတော့ တစ်ကိုယ်ကောင်း ဆန်မိ ခဲ့တယ်။ ”
“ ဘာကို တစ်ကိုယ်ကောင်း ဆန် တာလဲ။ ”
“ လျှို့ဝှက်ချက် ... ။ ”
မုရွယ်လင်က ကောင်းကင် ရနံ့ သင်းသင်း ဘဏ္ဍာ တိုက်မှ သူမ၏ အကြည့်ကို ပြန်ရုတ်ကာ ပြောလိုက် လေသည်။ သို့သော် ယွဲ့ဝေဝေမှ ပြုံးပြီး၊
“ နဂါးပြာ မှတ်တမ်း မဟုတ်လား။ ”
-ဟု မေးလိုက်၏။
“ ဒီလောက်လည်း မျှော်လင့် မနေနဲ့၊ သူ အသက် ရှင်အောင် အရင် လုပ်ပါစေ၊ လက်ရှိ ခွန်အား အရ ဆိုရင်၊ အထဲမှာ ကြာကြာ ခံနိုင် မယ် မထင်ဘူး၊ ပျင်းပြတဲ့ စိတ်ဆန္ဒ မရှိရင် ပိုခက်ခဲ လိမ့်မယ်။ ”
မုရွယ်လင်မှ ငြင်းဆန် သည်လည်း မဟုတ်၊ ဝန်ခံ သည်လည်း မဟုတ်သော စကား များဖြင့် ပြန်ပြော လာခဲ့သည်။
“ အစ်ကိုကြီး လင်း လုပ်နိုင် ပါတယ်။ ”
“ ဒါဆို စောင့်ကြည့် ရအောင် ... ၊ အခု ပလ္လင်ပေါ် သူ မတက် ရသေး ပါဘူး၊ ပလ္လင်ပေါ် တက်ပြီး ခဲ့ရင်၊ ကြာပန်း ကိုးပွင့် ပန်းချီကားက သူ့ကို အံ့သြစေ လိမ့်မယ်။ ”
“ အစ်မ ... ငါ စိတ်တို လာပြီနော်၊ အစ်ကိုကြီး လင်းက သေချာပေါက် လုပ်နိုင် လိမ့်မယ်လို့၊ ပြောနေတယ် မဟုတ်လား။ ”
ယွဲ့ဝေဝေက မကျေ မနပ်ဖြင့် ပြောသည်။ သူမ၏ တုံ့ပြန်မှုသည် မုရွယ်လင်အား ပြုံးသွား စေ၏။
သူမ ညီမလေးသည် လင်းယွန် အပေါ်၊ အမှန်ပင် အလေး အနက်ထား နေပြီ ဖြစ်သည်။ တစ်စုံ တစ်ဦးအား၊ ဤသို့ အာရုံစိုက် မှုမျိုး မမြင်ဖူး ခဲ့ချေ။
ရွှေကျီးကန်း ပလ္လင် ရှေ့တွင် ရပ်နေ ရုံဖြင့်၊ လင်းယွန် နဖူး၌ ချွေးများ ဖုံးလွှမ်း လာခဲ့သည်။ ပလ္လင်ပေါ်ရှိ သူတော်စင် မီးတောက် အရှိန်မှာ၊ ပြင်းပျ လွန်း၏။
ထိုဖိအား အောက်တွင် နဂါးပြာ အရိုး သည်ပင်၊ ရုန်းကန် နေရသည်။ ထို့ကြောင့် မိုးပြာ နဂါး ခန္ဓာကိုယ် ကိုသာ၊ အားကိုး လိုက်ရ၏။
အသက် ပြင်းပြင်း ရှူလျက်၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာ ရပ်အား၊ ဖြန့်ကျက်ပြီး၊ နဂါး ရူရ် တစ်သိန်းကို ခေါ်ယူ မိသည်။
နှလုံးသားများ တုန်ခါ လျက်၊ သွေးသား စွမ်းအင်များ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်း လာတော့သည်။
“ ဟိတ် ... ။ ”
ထို့နောက် နဂါး ရူရ် တစ်သိန်းကို ခြေထောက်ထံ ပိုကာ၊ ကြမ်းပြင်ပေါ် အသာ ပုတ်ပြီး၊ ကောင်းကင်ပေါ် ခုန်တက် ပစ်သည်။ ပလ္လင်ထံ ဆင်းရန် ပြင်ခြင်း ဖြစ်၏။
ပလ္လင်ပေါ် ရောက်ရှိ သည်နှင့်၊ နတ်ရူရ် များက သူ့အား ချက်ချင်း ဒူးထောက် စေသည်။ ရွှေကျီးကန်း မီးတောက် သည်လည်း၊ သူ့အား လောင်မြိုက်ရန် ကြိုးစား တော့၏။
ခက်ခက် ခဲခဲဖြင့် ကြာပန်း ကိုးပွင့် ပန်းချီကားထံ ပြန်ကြည့် မိသည်။ ကြာပန်း တိုင်းတွင် မယုံနိုင်ဖွယ် စွမ်းအင်များ ပါရှိ၏။
ထို့ကြောင့် ကိုးပွင့် ပေါင်းထားသည့် ဖိအားကို ရင်ဆိုင် ရာ၌ အချိန် မရွေး ပြိုလဲ သွား တော့မည် ကဲ့သို့၊ ခံစား လိုက်ရခြင်း ဖြစ်သည်။
“ ဝူး ... ။ ”
နတ် ရူရ်၏ ရောင်ဝါများ ရုတ်တရက် သိပ်သည်း လာပြီး၊ သူ့အား ပလ္လင်ပေါ်မှ တွန်းချ တော့သည်။ ပြုတ်ကျလု နီးပါး ဖြစ်လာ သဖြင့်၊ ပလ္လင် အစွန်းအား ဖမ်းဆွဲ လိုက်ရသည်။
“ ဝှစ် ... ။ ”
ပြီးနောက် ပလ္လင် အစွန်းကို ကိုင်လျက်၊ ခန္ဓာကိုယ် လွှဲကာ၊ ပလ္လင်ပေါ် နောက်တစ်ကြိမ် ဆင်းသက် လိုက်သည်။
ကြာပန်း ကိုးပွင့်သည် သူ့အား အလို ရှိပုံ မရချေ။ ၎င်းတွင် ဉာဏ်ရည် ဉာဏ်သွေး ရှိနေ ကြောင်း၊ မြင်သာ နေ၏။
“ ငါက ဒီလောက်နဲ့ အရှုံး ပေးမဲ့ ... လူမျိုး မဟုတ်ဘူး။ ”
နဂါး ဟောက်သံများ ခန္ဓာကိုယ် အတွင်း ပဲ့တင်ထပ် လာကာ၊ ရူရ်များ ညာ လက်မောင်း၌ ဖြစ်ပေါ် လာသည်။
“ ဖရူး ... ။ ”
ဤတစ်ကြိမ်တွင် အတွေ့ အကြုံ ရှိပြီ ဖြစ်သော ကြောင့်၊ လက် နှစ်ဖက်ကို ကြက်ခြေ ခတ် သဏ္ဍာန် ဆောင်ယူလျက်၊ ရွှေကျီးကန်း တောင်ပံများ ဆင့်ခေါ် ပစ်၏။
တောင်ပံ ပေါ်ရှိ၊ သူတော်စင် ရူရ်ပေါင်း နှစ်သောင်းက သတ္တုရောင် ထုတ်ဖော်ကာ၊ တဖျပ်ဖျပ် ခတ်လာ တော့သည်။
သို့မှသာ ကြာပန်း ကိုးပွင့် ပန်ချီကား ရောင်ဝါကို ခုခံလာ နိုင်သည်။ တုံ့ဆိုင်း မနေဘဲ ပန်းချီကားအား အသက် သွင်းရန် ကြိုးစား မိ၏။
ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် ဖြစ်စဉ်သည် သူ့ဘေး တစ်ဖက် တစ်ချက် စီ၌ ထွက်ပေါ် လာသည်။
ထို့နောက် အကန့် အသတ် မရှိသော နတ်ရူရ်၏ စွမ်းအား များက၊ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက် လာတော့သည်။
နဂါး- ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား ဖြန့်ဝေ လိုက်ရာ၊ ထိုစီးဝင် လာသော နတ်ရူရ်၏ စွမ်းအင်ကို၊ လောဘ တကြီး စုပ်ယူ၏။
များမကြာခင် ခရမ်းရောင် နန်းတော် အတွင်းရှိ နဂါးမြစ်မှာ၊ ပွက်ပွက်ဆူ လာကာ၊ မြစ် ကြမ်းပြင် အောက်ရှိ အေးကြိုအိုး ကြီးက၊ တဟုန်ထိုး မြည်ကြွေး လာ၏။
ဤသည်မှာ အောင်မြင်မှု တစ်ခု ပြုလုပ် လိုသော အရိပ် အယောင် ပြသ လာခြင်း ဖြစ် လေသည်။
၎င်းအား ပဉ္စမ အဆင့်တွင် ပိတ်မိ နေခဲ့ သည်မှာ၊ ကြာပြီ ဖြစ်၏။ ထို့ကြောင့် ချက်ချင်း ဝမ်းမြောက် လာမိသည်။
“ အကျိုး သက်ရောက် မှုက မယုံနိုင် စရာ ပါပဲ။ ”
ဤနေရာ၌ တတ်နိုင် သမျှ ကြာကြာ နေရပေမည်။ သည့်စဉ် ကြာပန်း ကိုးပွင့်က၊ သူ၏ သွေးသား စွမ်းအင်အား၊ စုပ်ယူ တော့သည်။
ပြုံးလျက် ၎င်းတို့နှင့် ယှဉ်ပြိုင် ကြည့်ရန် ဆုံးဖြတ် လိုက်သည်။ ထို့ကြောင့် ဓားသုတ္တန်ကို အရှိန်မြှင့် လှည့်ပတ်ကာ၊ နတ်ရူရ် များမှ စွမ်းအင်အား တိုး၍ စုပ်ယူ မိတော့၏။
ကြာပန်းများ မှလည်း သူ၏ သွေးသား စွမ်းအင် များကို၊ တို၍ စုပ်ယူ လာသည်အား ရှင်းရှင်း လင်းလင်း ခံစား လာရသည်။
သို့သော် နဂါးပြာ အရိုး ရှိသဖြင့်၊ စိတ်ပူ မိခြင်း မရှိချေ။ အချိန် ကြာလာ သည်နှင့် အမျှ ခန္ဓာကိုယ် ပေါ်သို့၊ အရောင် ကိုးမျိုး မီးလျှံများ သိုင်းခြုံ လာတော့သည်။
ယင်းမှာ ကြာပန်း ကိုးပွင့်၏ အရောင်များ အတိုင်း ဖြစ်၏။ သူ၏ နဂါး-ဖီးနစ် ကမ္ဘာ့ဖျက် ဓားကျမ်းမှာ၊ တကယ်ပင် အားကောင်း သည်။
အိုင်းရစ်ဓား သူတော်စင် သည်ပင် ကျင့်ကြံခဲ့သော ပညာရပ် ဖြစ်သည်။ အမှန်ပင် ယုံကြည် ထိုက်၏။
ကြာပန်းများမှ ထောင်စုနှစ် တစ်ခုတိုင်၊ ကျွေးမွေး ထားသော နတ်ရူရ် များ၏ အစွမ်းမှာ၊ လျင်မြန်စွာ လျော့နည်း လာတော့သည်။
ကြာပန်း ကိုးပွင့်သည် နတ်ရူရ် ဖန်တီး နိုင်သော၊ နတ်သွေး ပိုင်ဆိုင် ထား၏။ ထို့ကြောင့် ၎င်းမှ ထုတ်သော စွမ်းအင်မှာ၊ ဆေးကြိုအိုး ကြီး အကြိုက် ဖြစ်နေသည်။
ယင်းသည် သူတို့၏ အခြေခံ အုတ်မြစ် ဖြစ်သောကြောင့်၊ ကြာပန်း ကိုးပွင့် သည်လည်း၊ ထိတ်လန့် တုန်လှုပ် လာသည်။
ဤနှုန်းဖြင့် လင်းယွန် သည်သာ နတ် အသွေးများ အကုန်အစင် စုပ်ယူ သွားပါက၊ သူတို့ နစ်နာ ရပေမည်။
ထို့ကြောင့် လင်းယွန်၏ သွေးသား စွမ်းအင်ကို တပြိုင် နက်တည်း စုပ်ယူကာ၊ ပြန်၍ ဖြည့်တင်းရန်၊ ကြိုးစား လိုက်သည်။ သို့သော် အလျင် မမီ ခဲ့ချေ။
***