← Chapters

လောင်းကြေး ... ။

Vol. 124 Ch. 1724

လောင်းကြေး ... ။

Vol. 124 Ch. 1724

ခုနစ်ရက် အကြာတွင်၊ နဂါး ဟောက်သံနှင့် ဖီးနစ် အော်မြည်သံ လင်းယွန် ခန္ဓာ အတွင်းမှ ထွက်လာသည်။

ဓားရောင်ဝါများ လှိုင်းသဖွယ် ပေါက်ကွဲ လျက်၊ အနှစ် တစ်ထောင် မီးတောက် များဖြင့်၊ သန့်စင် ထားသော ဓားတစ်လက် ကဲ့သို့ ရွှေရောင် တောက်ပ နေ၏။

နဂါး- ဖီးနစ် ကမ္ဘာ့ဖျက် ဓားကျမ်းမှာ၊ ဆဋ္ဌမမြောက် အဆင့်သို့ ရောက်ရှိ လာသဖြင့်၊ ဆေးကြိုအိုး ပေါ်တွင်၊ ရေးထွင်း ထားသော ရူရ် များမှာ၊ တစ်ထောင် မှသည်၊ နှစ်ထောင် အထိ တိုးလာ ခဲ့သည်။

ရူရ်ပေါင်း နှစ်ထောင်က မှိန်ဖျော့သော အဆင်းများ ထုတ်လွှတ်လျက်၊ သွေးဆာသည့် ခံစားချက် အချို့ ပေးစွမ်း လေသည်။

၎င်းက နဂါးမြစ်ကို ခွဲလျက် ကြွတက် လာသည်။ ထိုအဖျက် စွမ်းအားသည် ငရဲ ပန်း၏ ထိန်ချုပ်မှု အောက်မှ ရုန်းထွက် တော့၏။

“ ဒီအိုးက တကယ့်ကို ... အသွား နှစ်ဖက် ပါတဲ့ ဓားတစ်လက်ပဲ။ ”

သတ္တမ အဆင့် ရောက် သည်နှင့် ထိုဆေးကြိုအိုးအား၊ အရိယာ ဓားသုတ္တန်မှ နှိမ်နှင်းရ ခက်ခဲ မည်ကို သူ သိသည်။

ယင်းကြောင့် ထိတ်လန့်ခြင်း မရှိချေ။ ဓားပင်လယ် ထဲမှ ရွှေလူသားက တံဆိပ် တစ်ခု ဖန်ဆင်းပြီး၊ ရွှေနဂါးကို ခန္ဓာကိုယ် အတွင်း ဆင်းသက် စေသည်။

မိုးပြာ နဂါး ဝိညာဉ် ထွက်လာ သည်နှင့် သူ့ခန္ဓာကိုယ် အစိတ် အပိုင်း တိုင်းကို ပြင်းစွာ သော သတ်ဖြတ် လိုခြင်း၊ ရည်ရွယ် ချက်ဖြင့် ဖုံးအုပ် ပစ်လိုက်သည်။

သူသည် ဓားဂိုဏ်း ဝင်စ အချိန်နှင့်၊ မတူ တော့ချေ။ ကမ္ဘာဖျက် ဆေးကြိုအိုး သည်သာ သူ့အား ထိန်းချုပ် လိုက၊ သင်ခန်းစာ တစ်ခု ပေးရ ပေလိမ့်မည်။

ခန္ဓာကိုယ် အတွင်းမှ ကွဲအက် နေသော အသံများ ပဲ့တင် ထပ်လာပြီး၊ ဆေးအိုး ကြီးက၊ ကြက်သွေးရောင် အငွေ့များ ထုတ်လွှတ် လာလေသည်။

ဓားပင်လယ် အတွင်းရှိ ရွှေ လူသားက၊ မိုးပြာ နဂါး ဝိညာဉ်နှင့် အတူ၊ ၎င်းအား စောင့်ကြည့်နေ ခဲ့သည်။

ကြက်သွေးရောင် မြူများက ကိုယ်တွင်း အင်္ဂါများ၌၊ အမြစ်တွယ်ကာ၊ ထိတ်ချုပ် လိုပုံဖြင့် ရစ်သိုင်း လာတော့သည်။

“ ပြန် သွား ... ။ ”

ကြုံးဝါး သံပြုလျက်၊ ဆေးကြို အိုးကို နဂါးမြစ် အတွင်း ပြန်လည် တွန်းထုတ်လိုက် လေသည်။

ထိုအချိန်တွင် ရွှေလူသား၏ ထိန်းချုပ် မှုကြောင့်၊ မိုးပြာ နဂါးဓား ဝိညာဉ်က ငရဲပန်း အတွင်းသို့၊ ဝင်ရောက် လာသည်။

“ ချပ် ချပ် ချပ် ... ။ ”

ငရဲပန်းမှာ ပွင့်ချပ် (၆၄)လုံး တစ်ပြိုင် နက်တည်း ပွင့်လျက်၊ ငါးပေ ရှည်သော ဓားနက် ကြီး တစ်လက် ထွက်လာ၏။

ထို့နောက်တွင် ဓားနက်ကြီးက ဆေးကြိုအိုးကို နဂါးမြစ် အတွင်းမှ ချက်ချင်း ပြန်လည် ဆွဲထုတ် တော့သည်။

“ ဝရူး ... ။ ”

ဆေးကြိုအိုးက ပြင်းစွာ ရုန်း၏။ သို့သော် လင်းယွန်မှ အလွတ် မပေးချေ။ ဤဆေးကြို အိုး ကြီးသည်၊ သူ သောက်သုံး သမျှသော စွမ်းအင် အရင်း အမြစ် များကို၊ ဝါးမျို နေသည့် ရေမြုပ်ကောင် ဖြစ်သည်။

ကြာပန်း ကိုးပွင့် ထံမှလည်း၊ မည်မျှ စုပ်ယူထား သည်ကို မသိ နိုင်ချေ။ အနည်းဆုံး ဆယ်ပုံတွင် ကိုးပုံခန့် စုပ်ယူထား နိုင်၏။

၎င်းသည် မြေခွေး တစ်ကောင် ကဲ့သို့ ကောက်ကျစ် ချေပြီ။ သူ့ထံမှ အရင်း အမြစ်ကို ဝါးမြိုကာ၊ သူ့ခန္ဓာအား အပိုင် စီးချင် နေ၏။

ယင်းကြောင့် လွယ်လွယ်နှင့် ခွင့်မလွှတ် နိုင်သည်မှာ သဘာဝ ပေပင်။ နဂါးပြာ အရိုးကို အသက်သွင်း လိုက်သော အခါတွင်၊ နဂါးမြစ်၌ နဂါး ရူရ်ပေါင်း တစ်သိန်း ပေါ်လာသည်။

၎င်းတို့မှာ ငရဲ ပန်း၏ ဓားရောင်ဝါကို အားကောင်း စေသော တပ်သား တစ်သိန်းနှင့် တူ၏။

“ ဟမ့် ... ပြန် အန်စမ်း ။ ”

လင်းယွန်က စိတ် အတွင်းမှ ဟောက် လိုက်သည်။ ဆေးကြိုအိုးမှာ မခံနိုင် တော့ဘဲ၊ အလင်း တန်းများ ထုတ်ပေး လာ၏။

၎င်းသည် နတ်ရူရ်မှ စုပ်ယူ ထားသည့် စွမ်းအင်မှ ဖြစ်ပြီး၊ ပြန်အန်ထုတ် လိုက်သော အခါတွင်၊ အလွန် သန့်စင်သော စွမ်းအင်များ ဖြစ်လာ ခဲ့၏။

ထို့ကြောင့် စိတ်ဝိညာဉ် နန်းတော် အတွင်းရှိ သူတော်စင် ရူရ်နှစ်လုံးက၊ ရူးသွပ်စွာ စုပ်ယူ တော့ သည်။

ယင်းမှာ ရွှေကျီးကန်းနှင့် ငွေဖီးနစ် ရူရ် ဖြစ်သည်။ တွင်းနက် ကြီးများ ကဲ့သို့၊ အန်ထွက် လာသော စွမ်းအင်ကို စုပ်ယူ၏။

စိတ် ဝိညာဉ် တစ်ခုလုံး အေးခဲ လုနီးပါး နှင်းများ ကျဆင်း လာသည်။ မျက်စိ တစ်မှိတ် အတွင်း၊ သတ္တမ အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ပါး ဖြစ်လာသည်။

ထို့နောက် ပိတ်ဆို့မှု များကို အလွယ်၊ ဖြတ်ကျော်ကာ အဋ္ဌမ အဆင့်သို့ ရောက်ရှိ သွားခဲ့၏။

သူတော်စင် ရူရ် နှစ်လုံးက၊ ထိုစွမ်းအင် များကို ပြိုးပြက် လင်းလက် နေသော ကြယ် ရှစ်ပွင့် အဖြစ် ပေါင်းစပ် ပစ်သည်။

“ ဒီကောင် ... ။ ”

ထိုမြင်ကွင်း အရ လွန်ခဲ့သည့် ခုနှစ်ရက် အတွင်း သူ စုပ်ယူ ခဲ့သော၊ နတ်ရူရ် စွမ်းအင်၏ (၉၉) ရာခိုင် နှုန်းကို ဆေးအိုးကြီးမှ စုပ်ယူ ထားမှန်း သိလိုက် ရ၏။

ယင်းကြောင့် ကျိန်ဆဲ မိခြင်း ဖြစ်သည်။

“ ထပ် ... အန်စမ်း ။ ”

လင်းယွန်မှ အော်ငေါက် လိုက်၏။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးက နဂါးမြစ် အတွင်း ဆင်းပြေးရန် ကြိုးစား တော့သည်။

သို့သော် နဂါး ရူရ်များ ကောင်းကင်မှ ဆင်းသက် သက်လာပြီး၊ သူ့အား တုပ်နှောင်၏။ ငရဲပန်းမှ တဆင့် ဓား ရည်ရွယ်ချက်များ ထွက်ပေါ် လာကာ၊ စုပ်ယူ ထားသော စွမ်းအင် များကို၊ ပြန်လည် အန်ချစေ လိုက်သည်။

ဆေးကြို အိုးကြီးမှာ တုန်ခါ လျက်၊ အလင်းများ ပွက်ခနဲ - ပွက်ခနဲ လျှံထွက် လာ တော့၏။

ယင်းက အရက် သမား တစ်ယောက် အစာများ၊ ပြန်လည် အန်ထုတ် နေခြင်း မျိုးနှင့် တူသည်။

အချိန် အတော် ကြာ ပြီးနောက်၊ အိုး အတွင်းမှ အလင်းတန်း နှစ်သွယ် ထွက်ပေါ် လာ၏။ ၎င်းသည် ကောင်းကင် နဂါးနှင့် နတ် ဖီးနစ် ဖြစ်သည်။

ဤသည်မှာ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားသုတ္တန်ကို ကျင့်ကြံ ခဲ့သည့် ကာလ အတွင်း၊ စုစည်း နိုင်ခဲ့သော အစစ် အမှန် စွမ်းအား ပေပင်။

ယခု တစ်ကြိမ်တွင်၊ ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် တို့မှာ၊ ယခင် အကြိမ် များထက် ပို၍ တောက်ပ နေ၏။

ကောင်းကင် နဂါးနှင့် နတ် ဖီးနစ်က၊ နဂါးမြစ် အထက်သို့ ပျံတက် လာရာ၊ မြစ်က လှိုင်းထန် ပျံ့ကား လာတော့သည်။

ရွှင်မြူး သွားပြီး၊ ဆေးကြို အိုးအား ပြန်၍ လွှတ်ချ လိုက်သည်။ အဆုံးတွင် ဆေးကြိုအိုးမှာ နဂါးမြစ် ကြမ်းပြင်သို့ ပြန်၍ နစ်မြုပ်သွား တော့သည်။

ငရဲပန်းသည် ဆေးကြိုအိုးကို လုံးလုံး လျားလျား မထိန်းချုပ် နိုင်သော်လည်း၊ နောင်၌ သူ့ဓား အကူ အညီဖြင့်၊ ကိုင်တွယ်ရန် နည်းလမ်း ရပြီ ဖြစ်သည်။

“ ဆက် လုပ် မယ် ... ။ ”

အတွင်းပိုင်း ပြိုင်ဘက်ကို ကိုင်တွယ် ပြီးနောက်၊ ကြာပန်း ကိုးပွင့်ထံ မျက်လုံး ဖွင့် ကြည့် လိုက်သည်။

ဤကြာပန်းများသည် ခုနစ်ရက် ခုနစ်ည တိုင်တိုင်၊ သူ့အား ခြောက်သွေ့ သေဆုံးအောင် သွေးသား စွမ်းအင်များ စုပ်ယူ ခဲ့၏။

သူ့နှလုံးသား ထဲရှိ နတ်ရူရ်၏ စွမ်းအင် ကြောင့်သာ ကံကောင်း နေခြင်း ဖြစ်သည်။ ၎င်း တို့၏ မျက်လုံး ထဲတွင်၊ သူ ဟူသည်မှာ စားမြိန်ဖွယ် အာဟာရ ဖြစ်၏။

အဆတ် မပြတ် ပံပိုးပေး နေသော နဂါးပြာ အရိုးမှ သွေးသား စွမ်းအင်သည် တပ်မက်ဖွယ် ဖြစ်လေသည်။

တစ်ဖက်တွင် (၇)ရက် တိုင်တိုင်၊ သူ့ သွေးသား စွမ်းအင် များကို၊ စားသုံး ပြီးနောက် ကြာပန်းများ သည်လည်း ကန့်သတ်ချက်သို့ ရောက်ရှိ လာသည်။

ထို့ကြောင် လင်းယွန်အား ဆေးကြိုအိုး ကြီးဖြင့် သူတို့ စွမ်းအင်များကို၊ နောက်တစ်ကြိမ် စုပ်ယူခြင်း မပြုရန်၊ ဆက်သွယ် တောင်းဆို လာတော့၏။

“ သနားခံ နေတာလား ... ၊ စိတ်မပူ ပါနဲ့ မင်းတို့ အားလုံးက၊ ငါ့ရဲ့ သွေးသား စွမ်းအင်ကို တစ်ခါတည်း စုပ်ယူဖို့ မကြိုးစား သရွေ့ ... ငါ ထပ် မလုပ် တော့ဘူး။ ”

လင်းယွန်မှ ပြန်လည် ပြောကြား လိုက်သည်။ ကြာပန်း ကိုးပွင့်မှ နားလည် ဟန်ဖြင့် ယိမ်းထိုး ပြကြ၏။

ထို့နောက် ပလ္လင် ပေါ်ရှိ သူ့အား ဖုံးလွှမ်း နေသော မီးတောက် များမှာ၊ တဖြည်းဖြည်း အားနည်း လာသည်။

လှိုင်းပုတ် သံများ ကြားလာ ရပြီး၊ ကြာပန်းများ ပေါက်နေသော ရေကန် အတွင်း သို့၊ တဖြည်းဖြည်း ဆွဲသွင်း ခံနေရ သည်ကို၊ သတိထား မိလာ၏။

ကြာပန်း ကိုးပွင့်က သူ့အပေါ် စေတနာ ရှိသွားပုံ ရသည်။ ပန်းချီကား အတွင်း၌ ကျင့်ကြံ ရခြင်းသည် ပလ္လင်ပေါ်၌ ကျင့်ကြံရ သည်ထက် ပို အဆင်ပြေ ၏။

“ မင်းက ... ငါ့ကို ဒီမှာ ကျင့်ကြံ စေချင် တာလား။ ”

လင်းယွန်က ကြာပန်း ကိုးပွင့်ကို ကြည့်ပြီး၊ မေးလိုက်သည်။ ကြာပန်း ကိုးပွင့်က လှုပ်ယမ်း သွား၏။

“ ကောင်းပြီ ... ဒါဆို ဘယ်သူ အရင်လာ မလဲ။ ”

သူ့ မေးခွန်းကြောင့် ကြာပန်းများ အချင်းချင်း ဆွေးနွေး နေဟန်၊ စုရုံး လှုပ်ခါ လာကြသည်။

များ မကြာခင် ကြာဖြူက ရှက်ရွံ့သော မိန်းကလေး တစ်ဦး ကဲ့သို့၊ သူ့ရှေ့ တိုးထွက် လာသည်။

လင်းယွန်က ထိကြည့်ရန် လက်လှမ်း လိုက်သော အခါ၊ ကြာဖြူက ထိတ်လန့်လျက်၊ ချက်ချင်း ပြန်ဆုတ် သွားသည်။

“ ကောင်းပြီ ... ကောင်းပြီ၊ ငါ မင်းကို မထိတော့ဘူး၊ မကြောက်နဲ့။ ”

သို့သော် ကြာဖြူက သူ့စကားကို မယုံ ဟန်ဖြင့်၊ ဖြည်းညှင်းစွာ သတိထား ချဉ်းကပ် လာဆဲ ဖြစ်သည်။

“ စိတ်ဝင် စားစရာပဲ ... ။ ”

လင်းယွန်မှ ပြုံးမိ၏။ ဤနေရာ၌ ကျင့်ကြံ ခြင်းသည် သူ ထင်ထား သည်ထက် ပို၍ အကျိုး သက်ရောက်မှု ရှိချေပြီ။ ရေကန် အတွင်း၌၊ နတ် ရူရ် စွမ်းအင် များဖြင့်၊ ပြည့်နှက် နေ၏။

၎င်းသည် စိတ်စွမ်းအင်ကို၊ အားကောင်း စေသည်သာ မက၊ ကိုယ်လုံး ကိုယ်ပေါက်နှင့် ခွန်အား ကိုလည်း၊ ကြီးထွား စေသည်။

မျက်စိ တစ်မှိတ် အတွင်း လဝက် ကုန်လွန် သွား၏။ နှင်းတောင် တစ်နေရာ၌ မုရွယ်လင်နှင့် ယွဲ့ဝေဝေ ထိုင်နေသည်။

“ အစ်မ ... အစ်ကိုကြီး လင်း နေနိုင် တယ်နော်၊ အခုထိ အထိမှာ ရှိနေ တုန်းပဲ။ ”

မုရွယ်လင်က စာအုပ်ဖတ် နေရာမှ မော့ မကြည့်ဘဲ၊

“ ရွှေကျီးကန်း ပလ္လင်ပေါ် တက်ဖို့ ရက် အနည်းငယ် အချိန်ယူ ရတယ်၊ ကြာပန်း ကိုးပွင့် နယ်မြေထဲ ဝင်ချင်ရင်၊ နောက်ထပ် ရက် နည်းနည်း ထပ်လိုမယ်၊ ...

... အခုချိန် ပလ္လင်ပေါ် တက်နိုင်ရုံပဲ ရှိပါဦးမယ်၊ ဒါမှ မဟုတ် ပလ္လင်ပေါ် မတက်နိုင် တာလည်း ဖြစ်နိုင်တယ်။ ”

-ဟု ပြန်ဖြေသည်။

“ ဟုတ်ပါ့ မလား ... ။ ”

“ မဟုတ်ဘဲ ပြောမလား၊ နောက်ဆယ် ရက်အတွင်း သူ ထွက်လာ လိမ့်မယ်၊ ကြာပန်း ကိုးပွင့် ဖိအားကို လူတိုင်း ခံနိုင်ရည် ရှိတာ မဟုတ်ဘူး။ ”

စာအုပ်ကို နှိမ့်ချလျက် ယွဲ့ဝေဝေထံ မုရွယ်လင်မှ ကြည့်၏။

“ ဒါဆို ငါတို့ လောင်းမလား။ ”

“ ဘာကြေးလဲ၊ ကောင်းပြီ ... မင်း ရှုံးရင် နာခံမှု ရှိရှိနဲ့၊ သန့်ရှင်းသော သမီးတော် အဖြစ်၊ နတ်တောင်ကို ပြန်ပါ။ ”

“ အဆင်ပြေတယ် ... ၊ အစ်ကိုကြီး လင်းကို ငါယုံတယ် ... ။ ”

“ ဒါဆို ပွဲဖြစ်ပြီ။”

မုရွယ်လင်က ပြုံးလျက် အလောင်း အစားအား သဘောတူ လိုက်၏။ သူမ ရှုံးမည် မဟုတ် ကြောင်း ယုံကြည် လေသည်။

***

All Chapters