အောင်မြင်မှုများ။
Vol. 124 Ch. 1725
လင်းယွန် တစ်ယောက် ကြာမျိုး ကိုးပါး ရေကန်၌ ကြာပန်း တစ်ပွင့်ချင်း စီဖြင့်၊ ငြိမ်းချမ်း စွာ အပြန် အလှန် အကျိုး အမြတ်များ စားသုံး နေမိသည်။
၎င်းတို့၏ နတ်ရူရ် စွမ်းအင်ကို စုပ်ကာ၊ ကြာပန်း များက သူ့သွေးသား စွမ်းအင်အား အလှည့်ကျ စားသုံး သည်။
နှစ်ဦး နှစ်ဖက် အကျိုးရှိ ချေ၏။ သို့သော် ကျင့်ကြံမှုသည် ထင်ထား သလောက် မြင့်မား လာခြင်း မရှိ သဖြင့်၊ နတ်ဘုရား အသွေးတော် သစ်သီး၏၊ အရွက် ခြောက်ရွက်အား သတိ ရလာသည်။
မဆိုင်း မတွဘဲ တစ်ရွက်ကို ထုတ်ယူ မျိုချ လိုက်သည်။ ဒဏ်ရာမှ ပြန်လည် ကောင်းမွန် လာပြီးနောက်၊ ၎င်းအရွက် များကို သန့်စင်မိ သည်မှာ၊ ယခု တစ်ကြိမ် ပထမဆုံး ဖြစ်သည်။
ဤနေရာရှိ ဝိညာဉ် စွမ်းအင် များမှာ၊ အောင်မြင်မှု ရယူရန် သူ့အတွက် မလုံလောက် နိုင်ချေ။ ဤအရွက်များ ရှိနေ သည်မှာ ကံကောင်း ပေသည်။
တစ်ရွက် မလောက်သော် နှစ်ရွက်၊ နှစ်ရွက် မလောက်သော် လုံလောက်သည် အထိ စားသုံး ရ ပေမည်။
အတိတ်တွင် ဒဏ်ရာ များကြောင့် အရွက်အား၊ ကူသခြင်း အတွက်သာ သုံးနိုင် ခဲ့လေသည်။
ယခုမူ ဓား ရည်ရွယ်ချက်ကို အမီ လိုက်နိုင်ရန်၊ သူ့ကျင့်ကြံမှုအား အရှိန် အဟုန်နှင့် မြှင့်တင် ရပေမည်။
ဆဋ္ဌမ မြောက် သွေးလွှတ်ကြော နယ်ပယ်သည်၊ ကောင်းကင် အမိုးဓား စွမ်းအား ကို၊ အပြည့် အဝ ထုတ်မပေး နိုင်ချေ။
ပြိုင်ဘက် တိုင်းသည် မိတ်ဖြစ် ဆွေဖြစ် တိုက်ခိုက် လာကြမည် မဟုတ် သောကြောင့်၊ ကျင့်ကြံမှု မြင့်မား သူနှင့် ဆုံက သေပေမည်။
မျက်စိ တစ်မှိတ် အတွင်း နှစ်လ ကြာ သွားသည်။ ကြာပန်းကိုးပွင့် ပန်းချီကား ပြင်ပ တွင် ကျင့်ကြံ ခဲ့သော တစ်လနှင့် ပေါင်းသော် သုံးလနီးပါး ရှိနေပြီး ဖြစ်သည်။
ထိုရက်များ အတွင်း၊ မုရွယ်လင်က စာအုပ် ဖတ်ခြင်း သို့မဟုတ် ယွဲ့ဝေဝေအား ကခုန် ရာ၌ ကြပ်မတ် ပေးခြင်း၊ စသည့် အရာ များကို ပြုလုပ် နေခဲ့သည်။
သို့သော် ကိုးပါး ကောင်းကင် ချပ်ဝတ် အကူအညီ မပါ သဖြင့်၊ ယွဲ့ဝေဝေမှာ တိုးတက်မှု နည်းပါး လာသည်။
ကကြိုးကို အဆုံးသတ် ပြီးနောက်၊ သူတော်စင် ရောင်ဝါများ လွှမ်းခြုံလျက် မုရွယ်လင် အနား ရောက်လာသည်။
“ အစ်မ ... ၊ နင့်ရဲ့ သူတော်စင် မူလက အရင်ထက် အများကြီး ပိုသန့်စင် လာပါလား၊ သူတော်စင် ဖြစ်ဖို့ မကြာ တော့ဖူး ထင်တယ်။ ”
မုရွယ်လင် တစ်ယောက် အမည်ခံ သူတော်စင် နယ်ပယ် ရောက်နေ သည်မှာ ကြာပြီ ဖြစ်သည်။
သူတော်စင် တာအို အပေါ်၊ အတိုင်း အတာ တစ်ခု အထိ ဆုပ်ကိုင် ထားပြီး၊ အချိန် အနည်း ငယ်သာ လိုအပ် နေခြင်း ဖြစ်သည်။
တိမ်လွှာ မွှေးရနံ့ ခန်းမတွင်၊ မူးမူးဖြင့် ဖျော်ဖြေ ခဲ့သော လင်းယွန်၏ သီချင်း များက သူမ၏ သူတော်စင် ဖြစ်ရန် အချိန်ကို၊ သိသိ သာသာ တိုတောင်း စေသည်။
“ မင်း ... တကယ် စိတ်ရှည် တယ်နော်၊ လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက၊ မင်း ငါ့ကို လာရှာမယ် ထင်ထားတာ။ ”
မုရွယ်လင်က ယွဲ့ဝေဝေ စကားအား လျစ်လျူရှု ပြီး၊ သူမ ခေါင်းပေါ်ရှိ နှင်းပွင့် များကို၊ ဖယ်ရှား ပေးလိုက်သည်။
“ အဟီး ... အစ်မ၊ အခု ရှုံးနိမ့် တာကို ... နင်ဝန်ခံ တော့မို့လား။ ”
ယွဲ့ဝေဝေက ရယ်သည်။ စိတ်ပူခြင်း မရှိချေ။
“ သေသွားမှာ စိတ် မပူ ဖူးလား၊ နဂါးပြာ အရိုး ရှိနေ ရင်တောင် ... သူ့ ကန့်သတ်ချက်ကို ရောက်သင့် နေပြီ။ ”
သတ်မှတ် ထားသော အမြင့်သို့၊ ရောက် ပြီးနောက်၊ နတ်ရူရ် များ၏ စွမ်းအင်ကို၊ စုပ်ယူ ရန်၊ များစွာ မလွယ်ချေ။
“ အစ်ကိုကြီး လင်းကို ... ယုံတယ်၊ သူ လုပ်နိုင်တယ်။ ”
ယွဲ့ဝေဝေမှ ပြုံးကာ ထပ်ပြော သည်။ ထိုယုံကြည်မှုက မုရွယ်လင်အား အံ့အားသင့် စေ၏။
ယွဲ့ဝေဝေ တစ်ယောက် ဤသို့ ခိုင်မာ နေစေရန်၊ နှစ်ယောက်သား မည်သည့် အရာများ တွေ့ကြုံ ခဲ့ရ သည်ကို၊ သူမ သိချင် လာသည်။
“ လက်ရှိ ... အောင်မြင်မှု တွေကို ရယူ နိုင်တယ် ဆိုထဲက ... သူမှာ အရည်အချင်း ရှိတာ လက်ခံ ပါတယ်၊ ဒါပေမယ့် ကြာပန်း ကိုးပွင့် ပန်ချီကား ဆိုတာ ... ၊ မင်း ထင်ထား သလောက် မရိုးရှင်းဘူး၊ ...
... ဘာပဲ ဖြစ်ဖြစ် ... နောက် သုံးရက် နေပြီးရင် ... သူ့ကို ထုတ်ယူ ရမယ်၊ မဟုတ်ရင် အခြေခံ အုတ်မြစ်ကို ပျက်စီး သွားလိမ့်မယ်။ ”
မုရွယ်လင်မှ ခေါင်းယမ်းကာ ပြောသည်။
“ မဟုတ်ဘူး ... ၊ အစ်ကိုကြီး လင်း လုပ်နိုင်တယ်။ ”
ယွဲ့ဝေဝေက စိတ်ချ လက်ချ ပြုံးနေဆဲ ဖြစ်သည်။ သုံးရက် အကြာတွင် ကြာပန်း ကိုးပွင့် ပန်းချီကား အတွင်း၌ ရွှေရောင် အဆင်းများ ဖုံးလွှမ်းလျက်၊ လင်းယွန် ထိုင်နေသည်။
ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်က သူ့ဘယ်ဘက်နှင့် ညာဘက်တွင် ရှိနေသည်။ နောက်တွင် ပေတစ်ရာကျော် ရှည်သော နဂါး သေွးကြောများ ထင်ဟပ် နေ၏။
ဆိုလို သည်မှာ သူ့ ကျင့်ကြံမှုသည် သတ္တမမြောက် သွေးလွှတ်ကြော နယ်ပယ်သို့ ရောက်ရှိ သွားပြီဟု အဓိပ္ပါယ် ရသည်။
ကြာပန်း ကိုးပွင့်လုံးက အလင်းတန်း ကိုးသွယ်ဖြင့် သူ့ခန္ဓာ ကိုယ်ထံ ချိတ်ဆက်ထား လေသည်။
လွန်ခဲ့သည့် ဆယ်ရက် အတွင်း၊ ကြာပန်း များရှိ နတ်ရူရ် ရောင်ဝါမှာ သိသိ သာသာ ပါးလျ လာသည်။ ပြန်လည် ကောင်းမွန်ရန် အချိန် အတော်ကြာ ခဲ့၏။
ထို့ကြောင့် ကျင့်ကြံမှု အောင်မြင် သွား ချိန်တွင်၊ ၎င်တို့ လိုအပ်သော သွေးသား စွမ်းအင် များကို၊ လုံလောက်စွာ ထုတ်ပေး မိသည်။
အဆင့် ချိုးဖြတ် ပြီးနောက်၊ ခန္ဓာကိုယ် အတွင်း သွေးသား စွမ်းအင်များ တိုးပွား လာပြီး၊ နဂါးပြာ အရိုးမှ တစ်ကြိမ် ထုတ်ပေး ရုံဖြင့်၊ အချိန် အတော်ကြာ စားသုံး နိုင်ပေမည်။
ရုတ်တရက် မျက်ဝန်းများ ဖွင့်ကြည့် လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ တဟုန်ထိုး လှိုင်းထ လာ၏။
စိတ် ဝိညာဉ် နန်းတော် အတွင်းရှိ သူတော်စင် ရူရ် နှစ်လုံး အထက်တွင် ကြယ် (၁၀) ပွင့် လင်းလာပြီ ဖြစ်သည်။
ဤသည်မှာ ဒဿမ အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်သည်။ အသက် ရှူသွင်း လိုက် ချိန်တိုင်း၊ ကြယ်များ တောက်ပ လာ၏။
“ အပြင် ထွက်ဖို့ အချိန် ကျပြီ။ ”
လင်းယွန်မှ ပြောသည်။ လွန်ခဲ့သော ဆယ်ရက် အချိန်မှ စကာ၊ စိတ် ပိုင်းဆိုင်ရာ တိုးတက်မှုမှာ၊ နှေးကွေး သွားသည်။
ယင်းကြောင့် ထိုစဉ် ကပင်၊ သူ ထွက်သွား သင့်ပြီ ဖြစ်သည်။ သို့သော် အောင်မြင်မှုကို ရရှိ ပြီးနောက်၊ သတ္တမ သွေးလွှတ် ကြောအား တည်ငြိမ်အောင် လုပ်ယူ နေရ၏။
ဆဋ္ဌမ သွေးလွှတ်ကြော ရောက်ရှိရန် အတွက်၊ အသွေးတော် အရွက် (၂) ရွက်နှင့် သတ္တမ သွေးလွှတ်ကြော ရောက်ရန်၊ အရွက် (၄) ရွက်ကို အသုံးပြု ခဲ့ရသည်။
နတ်ဘုရား အသွေးတော် သစ်သီး သက်သက် သည်သာ ကျန်ရှိ တော့၏။ လောက နိယာမ နယ်ပယ် ရောက်မှသာ ၎င်းအား အသုံး ပြုနိုင် ပေမည်။
ကြာပန်းများ ဆီသို့ တစ်ချက် လှည့်ကြည့်ကာ ပြုံးလျက် လက်ဝှေ့ ယမ်းပြီး၊
“ ကျေးဇူး တင်ပါတယ် ... ။ ”
-ဟု နှုတ်ဆက် လိုက်သည်။
ဤကြာပန်း များမှာ၊ နှစ်လ အတွင်း သတ္တမ သွေးလွှတ်ကြော နယ်ပယ်နှင့်၊ ဒဿမ အဆင့်ရှိ ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်ရာ ရသည့် အဓိက အကြောင်း အရင်း ပေပင်။
အတွေး တစ်ချက်ဖြင့် ပန်းသင်္ချိုင်း ဓားကို သိုလှောင် လက်ကောက် အတွင်းမှ ဆင့်ခေါ် မိ သည်။
ယခင် အချိန် များ၌၊ ပန်းသင်္ချိုင်းအား ဤသို့သော အာကာသ နေရာ လွတ်များ ပစ္စည်း အတွင်း၊ မသိမ်းဆည်း နိုင်ခဲ့ချေ။
၎င်းကို သူတော်စင် အဆင့်သို့ မြှင့်တင် ပြီးမှသာ ထိုကန့်သတ်ချက် ပျက်ပြယ်လျက် သိမ်းဆည်း နိုင်ခြင်း ဖြစ်သည်။
“ ပန်းသင်္ချိုင်း ... ငါတို့ မတွေ့တာ ကြာပြီနော်။ ”
လင်းယွန်က နှုတ်ဆက် လိုက်သည်။ နာကျည်းမှုများ ပြည့်နှက် နေဟန်ဖြင့်၊ ပန်း သင်္ချိုင်း ဓားက ပြန်၍ တုန်ခါ ပြသည်။
အရှေ့ဘက် စစ်မြေပြင်၌ တိုက်ပွဲများ ပြီးနောက်၊ ၎င်းအား သိမ်းဆည်း ထား သည်မှာ၊ နှစ်ဝက် နီးပါး ရှိပြီ ဖြစ်သည်။
“ ဟား ဟား ဟား ... ၊ အဲဒီ အတွက် တောင်းပန် ပါတယ်။ ”
လင်းယွန်က ရယ်သည်။ ထို့နောက် ဓား ဆွဲကာ၊ ကောင်းကင် ရေကန် ဓား၊ တိမ်လွှာ ဓား (၁၃) ကွက်၊ အပူပင် ကင်းသော ဓား(၉) ကွက် နှင့်၊ ကောင်းကင်ဘုံ (၃)ပါး စသည့် ဓားရေး များကို၊ ပြန်လည် လေ့ကျင့် ခဲ့သည်။
အချိန် အတော်ကြာ သည့်တိုင်၊ ပစ်ပယ် ထားခဲ့သော သခင့်ဓား ကိုပင်၊ ပြန်လည် ကစား မိသည်။ ကစား နေစဉ် တစ်လျှောက်လုံး စိတ်လှုပ်ရှား နေခဲ့၏။
ဤကာလ အတွင်း ဂီတ အပေါ်၊ လုံးလုံး လျားလျား အာရုံစိုက် နေခဲ့ရ သောကြောင့် ဓား အပေါ်၊ လွမ်းဆွတ် မိသည်။
“ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း။ ”
ကြုံးဝါးလျက် ဓားသုတ္တန်ကို ဖြန့်ဝေ လိုက်သည်။ ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်တို့ ပေါ်ထွန်း လာသော အခါ၊ သူ့ ဓားရောင်ဝါက၊ ရုတ်တရက် ခမ်းနား လာ၏။
“ ဝှစ် ... ။ ”
ဓားကို လွှဲလိုက် ချိန်တိုင်း ကောင်းကင် နဂါးက ဟောက်ပြီး၊ နတ်ဖီးနစ်က အော်မြည် လေသည်။
ဆယ်ပေ ရှည်သော ဓား ရောင်ခြည်မှာ၊ ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာ၏။ ယင်းက အာကာပြင် ကိုပင် ခွဲပစ် နိုင်လေသည်။
“ ဘယ်လို တောင် ... ကြီးစိုး လိုက်တဲ့ စွမ်းအား မျိုးလဲ။ ”
ဓား ရောင်ခြည်၏ အဖျက် စွမ်းအားကို ခံစားလိုက် ရသော အခါ လင်းယွန် စိတ်လှုပ်ရှား သွားသည်။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းသည် ဆဋ္ဌမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ အသွင် ပြောင်းသွား ခဲ့၏။
ထိုအကြောင်းကို တွေးမိ လေလေ၊ ဆေးကြိုအိုး ကြီးအား အန်ထွက်အောင် ရိုက်နှက်ဖို့ လိုအပ် လေလေဟု သိမြင် လာသည်။
“ ကောင်းကင် နဂါး ... ။ ”
ကောင်းကင်ပေါ် ခုန်တက်ကာ ဓားကို လွှဲလိုက်၏။ ကောင်းကင် နဂါးသည် ဓားထဲသို့ ဝင်ရောက် လာပြီး၊ ကြောက်မက်ဖွယ် အငွေ့ အသက်ကို လွှတ်ထုတ် ပေး၏။
ပန်း သင်္ချိုင်း ဓားမှာ၊ ပေ အနည်းငယ် ရှည်ထွက် လာပြီး၊ ငွေရောင် ဓားတစ်လက် အဖြစ်၊ ထင်ရှား သွားသည်။
ဓား ကိုယ်ထည်တွင် ရှေးဦးခေတ်နှင့် သက်ဆိုင်သော ရောင်ဝါ အချို့ တောက်ပ နေသည့်၊ နဂါး ရူရ်များ ပေါ်လာသည်။
ဓား ရောင်ခြည်များ တဖျပ်ဖျပ် ခတ်သွားသော အခါ၊ နဂါး ဟောက်သံက အဆက် မပြတ် ပဲ့တင်ထပ် နေသည်။
“ နတ် ဖီးနစ် ... ။ ”
ထို့နောက် နတ်ဖီးနစ် သည်ပါ၊ ဓားထံ လာရောက် ပေါင်းစပ် လိုက်ချိန်၌၊ အနီရောင် ပြောင်းသွားပြီး၊ လွှဲလိုက် ချိန်တိုင်း ကြက်သွေး ရောင် မီးတောက်များ ထွက်ပေါ် လာသည်။
“ နဂါး-ဖီးနစ် ... ။ ”
ဓားကို လေထဲ တစ်ပတ် လွှဲခုတ်ကာ ကောင်းကင်ပေါ်၊ ထိုးညွှန် လိုက်လေသည်။ ကြက်သွေးနှင့် ငွေရောင် ဓားရောင်ခြည်များ ပေါင်းစပ်လျက်၊ ဓားရောင်ခြည် တစ်စင်း ပြေးထွက် သွား၏။
ဓား ရောင်ခြည် ထိပ်တွင်၊ အနက်ရောင် လေစုပ်ဝဲများ ပေါ်လာပြီး၊ မိုးကြိုး မုန်တိုင်း အစ ပျိုးလာ တော့သည်။
ဤအခိုက်တွင်၊ မိုးပြာ နဂါး ဓား၏ ရည်ရွယ်ချက်က၊ အဖျက် စွမ်းအားများ ထုတ်ပြ လာလေသည်။
မိုးပြာ နဂါး ခန္ဓာ ကိုယ်တွင်၊ ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် တို့ကို ပေါင်းစပ် ပြီးနောက်၊ ရရှိ လာသော တွေ့ရှိမှု ပေပင်။
ထာဝရ မိုးပြာ နဂါးဓား ရည်ရွယ်ချက် ဖြစ်၏။ ဖန်တီး ထားသော ဖြစ်စဉ်ကို ကြည့်ကာ လင်းယွန် တစ်ယောက် မှင်တတ် နေမိသည်။
ထိုအချိန်တွင် ပလ္လင် အနားသို့၊ ယွဲ့ဝေဝေနှင့် မုရွယ်လင် ရောက်ရှိ လာတော့ သည်။
“ အစ်ကိုကြီး လင်း ... ဘယ်မှာလဲ။ ”
လင်းယွန်အား မည်သည့် နေရာ တွင်မှ မမြင်ရ သောကြောင့်၊ ယွဲ့ဝေဝေမှ မေးမြန်း လိုက် မိသည်။
ထိုအချိန်တွင် မုရွယ်လင်မှာ ပြန်မဖြေ နိုင်သေးဘဲ၊ ရွှေကျီးကန်း ပလ္လင်ကို ထိတ်လန့် တကြား စိုက်ကြည့် နေ၏။
လင်းယွန် တစ်ယောက်၊ ကြာပန်း ကိုးပွင့် အတွင်းသို့၊ မည်သို့ မည်ပုံ ဝင်ရောက် နိုင်ခဲ့သည် ကို၊ သူမ နားမလည် နိုင်တော့ချေ။
***