← Chapters

သူတော်စင် အကြီး အကဲ၏ နောက်ခံ။

Vol. 124 Ch. 1726

သူတော်စင် အကြီး အကဲ၏ နောက်ခံ။

Vol. 124 Ch. 1726

“ ပန်းချီကား ထဲကို ... ၊ ဘယ်လို လုပ် ရောက်သွား တာလဲ။ ”

မုရွယ်လင် စကားကြောင့် ယွံဝေဝေမှာ အံ့အားသင့် သွား၏။ မျက်လုံးများ မှေးစင်းပြီး၊ ပျော်ရွှင်မှု များနှင့် ပြည့်နှက် လာလေသည်။

မုရွယ်လင်မှ အသက် ပြင်းပြင်း ရှူလျက်၊ ကြာပန်း ကိုးပွင့် တံဆိပ်ကို ဖန်ဆင်း လိုက်၏။ အာကာသပြင် တုန်ခါ သွားပြီး၊ ကြာပန်း ကိုးပွင့် မှ၊ လင်းယွန်အား ထုတ်ပေး တော့သည်။

ရွှေကျီးကန်း ပလ္လင် ပေါ်၌၊ လင်းယွန် ပြန် ပေါ်လာ၏။ သူ့ မျက်လုံး ဖွင့်ကြည့် လိုက်သော အခါ၊ အမျိုးသမီး နှစ်ယောက်အား မြင်လိုက် ရသည်။

“ ဝှစ် ... ။ ”

သည့်နောက် လျှပ်စီး အလား သူတို့ ရှေ့သို့ ရွေ့လျား လိုက်၏။

“ သူတော်စင် အကြီး အကဲ... ၊ နတ်သမီးလေး ။ ”

လင်းယွန်က ပြုံးကာ နှုတ်ဆက်သည်။ မုရွယ်လင်မှာ လင်းယွန်အား စစ်ဆေး ကြည့် ပြီးနောက်၊ တုန်လှုပ် ခြင်းကို မဖုံးကွယ် နိုင် တော့ချေ။

“ မင်း ... သတ္တမ မြောက် သွေးလွှတ်ကြော မှာလား။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။

“ ဒသမတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့်။ ”

“ အင်း ... ။ ”

လင်းယွန်မှ ထပ်မံ ခေါင်းညိတ် ပြသည်။ ထိုတုံ့ပြန်မှုကို မြင်သော အခါ၊ ယွဲ့ဝေဝေအား လှည့်ကြည့် မိသည်။

ယွဲ့ဝေဝေက ပြုံးလျက် မျက်ခုံးပင့် ပြလာသဖြင့် မုရွယ်လင် ခမျာ သက်ပြင်းချ လိုက်ပြီး၊

“ ငါ ရှုံးတယ် ... ။ ”

-ဟု ဝန်ခံ လိုက်ရ တော့သည်။

ထို့အချိန်တွင် လင်းယွန် ခမျာ၊ နဝေ တိန်တောင် ဖြစ်နေ သဖြင့်၊ ယွဲ့ဝေဝေက ပြန်၍ ရှင်းပြ လေသည်။

“ အစ်ကိုကြီး လင်းကို ... ၊ နဝမတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာသခင် တစ်ပါး၊ ဖြစ်နိုင် မဖြစ်နိုင်၊ အစ်မနဲ့ ငါတို့ လောင်းကြေး ထပ်ထား ခဲ့တာ။ ”

“ လောင်းကြေးက ဘာလဲ။ ”

လင်းယွန်က ပြန်မေးသည်။

“ ဟီး ဟီး ... ။ ”

ယွဲ့ဝေဝေက ပြုံးပြီး ပြန် မဖြေချေ။ တစ်ဖက်တွင်မူ မုရွယ်လင်မှ၊ လှည့်ထွက် သွား တော့သည်။

လောင်းကြေးမှာ မည်သည့် အရာ ဖြစ်မှန်း မသိ သော်လည်း၊ မုရွယ်လင် တစ်ယောက် သိပ် မပျော်တော့ သည်ကို၊ မြင်နိုင် သဖြင့် လင်းယွန် က ပြုံးမိသည်။

ထို့ကြောင့် နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကာ ပြုံးနေစဉ်၊ မုရွယ်လင်မှ ရုတ်တရတ် လှည့်ကြည့် လာတော့သည်။

သို့သော် မုရွယ်လင်မှာ၊ သူတို့အား ကြည့်ချင်းမျိုး မဟုတ်ဘဲ၊ ပလ္လင် ထံသို့ ကြည့် လိုက်ခြင်း ဖြစ်သည်။

ယင်းကို သတိထား မိလိုက်သော လင်းယွန်နှင့် ယွဲ့ဝေဝေမှာ၊ ပြန်လှည့် ကြည့်မိ ၏။

ကြာပန်း ကိုးပွင့် ပန်းချီကားသည် ပလ္လင်ပေါ်မှ ဆင်းကာ၊ သူတို့ နောက်သို့ လိုက် လာခြင်း ဖြစ်လေသည်။

“ ဝှစ် ... ။ ”

မုရွယ်လင်က လက်ဝှေ့ ယမ်းလျက် ပလ္လင်ပေါ် ပြန်လှည့်စေ လိုက်သည်။ သို့သော် လမ်းတစ်ဝက် မှာပင် ရပ်သွားပြီး၊ လင်းယွန် အနားသို့ ပျံသန်း လာ ပြန်၏။

သုံးကြိမ် တိုင်တိုင်၊ ဖြစ်ပျက် နေသဖြင့်၊ မုရွယ်လင်မှ စိတ်မရှည် တော့ဘဲ၊ တံဆိပ် တစ်ခု ပြုလုပ် ထုတ်ဖော်ကာ၊ သူမထံ ခေါ်ယူ လိုက်သည်။

ပန်းချီကားက ပျံသန်းလျက် သူမ လက်ထဲ ကျဆင်း လာ၏။ ၎င်းအား ဖမ်းယူပြီး၊ လင်းယွန် ကို စိုက်ကြည့် ပစ်သည်။

“ သူတော်စင် အကြီး အကဲ၊ ဒါ ငါနဲ့ မဆိုင်ဘူး၊ ပန်းချီကားကို အပိုင် သိမ်းဖို့ စိတ်ကူး ... တကယ် မရှိ ပါဘူး။ ”

လင်းယွန်က အဆင် မပြေသော အမူ အရာဖြင့် ပြောလိုက်သည်။ ဤပန်းချီကားသည် တန်ဖိုး မဖြတ် နိုင်သော ရတနာ ဖြစ်သဖြင့်၊ နားလည်မှု လွဲခြင်း၏ အကျိုး ဆက်အား မခံယူ လိုချေ။

တန်ဖိုး အရ၊ ကောင်းကင် မူလ ကြေးမုံထက်၊ မနိမ့် ကျကြောင်း ပြောနိုင်သည်။ ရုတ်တရက် ယွဲ့ဝေဝေက

“ ကြာပန်း ကိုးပွင့် ပန်းချီကားက ... ၊ အစ်ကိုကြီး လင်း နောက်ကို လိုက်ချင် နေတာ ဆိုတော့ ... ခဏ ငှားလိုက်ပါ၊ တစ်ချိန် ပြန်ပေး မယ်လို့ ငါ ယုံတယ်။ ”

-ဟု မုရွယ်လင်အား ကြည့်ကာ၊ ပြောလိုက် လေသည်။

ထိုစကားကြောင့် လင်းယွန်မှ၊ ထိတ်လန့် သွားသည်။ လေသံ အရ သူတော်စင် အကြီး အကဲကို၊ အမိန့် ပေးနေခြင်း မည်၏။

အဆုံးတွင် ကြာပန်း ကိုးပွင့် ပန်းချီကား ဟူသည် နတ်ရူရ် များဖြင့် ဖန်တီး ထားသော သူတော်စင် ပန်းချီကား တစ်ချပ် ဖြစ်သည်။

ထို့ကြောင့် မည်သူမှ ၎င်းအား ချေးငှား ချင်မည် မဟုတ်ချေ။ ချေးငှားခဲ့ လျှင်ပင်၊ သုံးရန် မဝံ့နိုင်။

“ ဒါက မဖြစ် နိုင်ဘူး ... ၊ ရွှေကျီးကန်း ပလ္လင်ရဲ့ သူတော်စင် မီးတောက်တွေ ကသာ ကြာပန်းတွေ အတွက်၊ အာဟာရ ဖြည့်ပေး နိုင်တာ၊ ဒါကြောင့် ...

... အပြင်မှာ ဆိုရင်၊ မီးတောက် မရှိလို့၊ နတ်ရူရ် တွေရဲ့ စွမ်းအင်ကို၊ ဆက်ထိန်း ထားဖို့ ခက်လိမ့်မယ်။ ”

“ ဒါကို ပြောတာလား ... ။ ”

မုရွယ်လင် စကားကြောင့်၊ လင်းယွန်က သူ့လက်ဖဝါးကို ဖြန့်ပြပြီး၊ ရွှေမီးတောက်အား ဆင့်ခေါ် ပြလိုက်သည်။

၎င်းသည် ပလ္လင် ပေါ်ရှိ သူတော်စင် မီးတောက်နှင့် ယှဉ်နိုင်ခြင်း မရှိ သော်လည်း ရွှေကျီးကန်း အငွေ့ အသက်များ ပါဝင် နေသည်။

“ ရွှေကျီးကန်း သူတော်စင် မီးတောက်ပဲ၊ နည်းနည်း အားနည်း ပေမယ့် ... သန့်စင်တယ်၊ မင်း ဘယ်က ရလာခဲ့ တာလဲ။ ”

မုရွယ်လင်မှ မေးသည်။ လင်းယွန်က စကားဖြင့် ပြန်မဖြေဘဲ၊ ရွှေကျီးကန်း တောင်ပံ များကို၊ ဆင့်ခေါ် ပြ လိုက်၏။

တောင်ပံ တစ်စုံသည် ပေ (၂၀) နီးပါး ရှည်လျားပြီး၊ သူတော်စင် ရူရ် (၂၀၀၀၀) ကျော် ရေးထွင်း ထားသည်။ တောင်ပံ၏ ဗဟို၌ ရွှေကျီးကန်း ရူရ် (၁) လုံး ပါရှိ၏။

ထို့ကြောင့် ရွှေကျီးကန်း တောင်ပံ များမှာ၊ ထိပ်တန်း အဆင့် သူတော်စင် လက်ရာ များနှင့် ယှဉ်နိုင် ခဲ့၏။

“ မင်း ကံက ... နည်းနည်းတော့ ကြောက်စရာ ကောင်းတာပဲ၊ နေ နတ်သားအား ဖမ်းစီးခြင်း ပညာ ရပ်ကို၊ လေ့ကျင့် နေတာ မဟုတ်လား။ ”

ထိုစကားကြောင့် လင်းယွန်မှာ ထိတ်လန့် သွားပြီး၊

“ မှန်ပါတယ် ... ၊ သူတော်စင် အကြီး အကဲက၊ ငါ ဘယ်သူလဲ ဆိုတာ ... သိပြီး ဖြစ်ပုံ ရတယ်။ ”

-ဟု ပြန်မေး လိုက်သည်။

မုရွယ်လင်မှ ခေါင်းညိတ် ပြလာ၏။

“ ဒါဆို ... ။ ”

လင်းယွန်က ရွှေကျီးကန်း တောင်ပံ များကို၊ ပြန်သိမ်းပြီး မေးသည်။

“ မင်း ဘယ်သူ ဖြစ်ဖြစ် ... ငါ စိတ်မ၀င် စားဘူး၊ ကောင်းကင် မူလ ကြေးမုံမှာ ... မင်းက လင်းရှောင် ဖြစ်နေတဲ့ အတွက်၊ လင်းရှောင်ပဲ။ ”

မုရွယ်လင် အဖြေကြောင့်၊ လင်းယွန်မှ သက်ပြင်း တစ်ချက် ချလိုက် မိ၏။ သူမအား သူ ကြောက် သော်လည်း၊ ၎င်း၏ စကား များကို သံသယ မရှိချေ။

“ အစ်မ မု ... ၊ ငါ့စကားကို ပြန်မဖြေ သေးဖူးနော်။ ”

ယွဲ့ဝေဝေမှ ပြုံးကာ ထပ်မေး လိုက်သည်။

“ ယူသွား ... ။ ”

မုရွယ်လင်က ပေါ့ပေါ့ ပါးပါးပင် ပြန်ဖြေ လာသဖြင့်၊ လင်းယွန် တစ်ယောက် မျက်လုံးပြူး သွားသည်။

အဆုံးတွင် ၎င်းမှာ၊ နတ်ရူရ် များဖြင့် ပုံဖော်ထားသော သူတော်စင် ပန်းချီကား တစ်ချပ် ဖြစ်သည်။

သက်ရောက်မှု အရ၊ ပထမ အကြိမ် ကဲ့သို့ ထိရောက်ခြင်း ရှိတော့မည် မဟုတ် သော်လည်း၊ ပန်းချီကား အတွင်း ကျင့်ကြံ နေသမျှ၊ စိတ် စွမ်းအင်မှာ သန့်စင် လာပေမည်။

တိုက်ပွဲများ တွင်လည်း အသုံးချ နိုင်၏။ ထိုအချိန်၌ မည်မျှ အစွမ်းထက် မည်ကို စိတ်ကူး မယဉ် နိုင်ချေ။

ယင်းသည် အုပ်စိုးရှင် သူတော်စင် ပစ္စည်း ဖြစ်သော၊ မိုးပြာ နဂါး နေ-လ ထီးထက် နိမ့်ကျ မည်၊ မဟုတ် ကြောင်း ပြောနိုင်သည်။

“ မလိုချင် ဖူးလား။ ”

မုရွယ်လင်က ငြိမ်သက် သွားသော လင်းယွန်အား ကြည့်ကာ လှည့်မေးသည်။

“ မဟုတ်ဘူး ... ၊ လိုချင် ပါတယ်။ ”

-ဟု ဆိုလျက် လင်းယွန်မှ ချက်ချင်း သိမ်းယူ လိုက်သည်။

“ ခစ် ခစ် ခစ် ... အစ်မ မု၊ ကောင်းကင် ဘုံက ပိုးစာပင် နုတ်ရော ဘယ်လိုလဲ။ ”

ယွဲ့ဝေဝေက ရယ်ပြီး ထပ်မေးသည်။ ယင်းသည် သူတို့၏ လောင်းကြေး ဖြစ်၏။ သူမ သည်သာ ရှုံးနိမ့် ပါက၊ နတ်တောင် ပေါ်သို့ နာခံမှု ရှိရှိ ပြန်သွား ရပေမည်။

ကောင်းကင် ဘုံက ပိုးစာပင်။ ထိုအမည် ကြောင့် လင်းယွန် နှလုံးသား တုန်လှုပ် သွား လေသည်။

ဤသည်မှာ အနောက်ဘက် ဥယျာဉ်သို့ လာရာ၌၊ မုရွယ်လင် တီးမှုတ် ခဲ့သော၊ သီချင်း ပေပင်။ ထိုသီချင်း ဖြင့်၊ သူတော်စင် သခင် သုံးပါးအား၊ အနိုင်ယူ ထားသည်။

မုရွယ်လင်မှ ပြန် မဖြေဘဲ၊ လှည့်ထွက် သွား၏။ ထို့ကြောင့် သူတို့ နှစ်ဦးမှာ သူမ နောက် သို့သာ၊ လိုက်လာ မိတော့သည်။

ဂီတ တူရိယာများ သိုလှောင် ထားသည့် အဆင့်ကို ဖြတ်သန် လာစဉ်၊ လင်းယွန် အကြည့် များက၊ နတ်ပိုးစာ သစ်သားဖြင့် ပြုလုပ် ထား သော အဲဟူ ပေါ်၊ ကျရောက် သွား၏။

“ သူတော်စင် အကြီး အကဲ ... ဒီတူရိယာကို ငှားလို့ ရမလား။ ”

လင်းယွန်မှ မေးသည်။

“ ဒီတူရိယာက ပျက်နေတာ ကြာပြီ၊ ဘာအတွက် လိုချင် တာလဲ ... ၊ မင်းရဲ့ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းနဲ့ ယှဉ်ရင် ... ၊ ဒါက အသုံး မဝင် ပါဘူး။ ”

မုရွယ်လင်မှ နားမလည် နိုင်သော အကြည့်ဖြင့် ပြန်ဖြေသည်။

“ လေ့လာချင် လို့ပါ ... ။ ”

“ ဒါဆို ယူသွား ... ငါ စိတ်မ၀င် စားဘူး၊ ဒါပေမယ့် ... ဒီတူရိယာက နတ်ပိုးစာ သစ်သား နဲ့၊ လုပ်ထား တာမို့၊ အခြား တူရိယာ တွေထက် ဆယ်ဆ ပိုတန်ကြေး ရှိတယ်။ ”

“ ကျေးဇူး တင်ပါတယ် သူတော်စင် အကြီးအကဲ။ ”

နောက်ရက် များတွင်၊ လင်းယွန်မှာ ပုံမှန် အတိုင်း၊ လည်ပတ် နေ၏။ ကိုးပါး ကောင်းကင် ချပ်ဝတ်အား တီးခတ်ကာ၊ ယွဲ့ဝေဝေ အကကို ကူညီပေး ခဲ့သည်။

သည်အတော အတွင်း၊ သူ့ ကျင့်ကြံမှုကို တည်ငြိမ် စေရန်၊နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓား ကျမ်းအား လေ့ကျင့် ခဲ့၏။

ပြီးနောက် ပိုးစုန်းကြူး နတ်ဓား ကိုလည်း လေ့ကျင် ဖြစ်သည်။ ၎င်းမှာ နဂါးပြာ ဘိုးဘေး နှင့် ယှဉ်ပြိုင် နိုင်သော၊ ကျန့်ဘိုးဘေးမှ ဖန်တီး ထားသည့်၊ ဓားရေး တစ်ရပ် ဖြစ်၏။

အစွမ်းထက် ချေပြီ။ ဓား သူတော်စင် များစွာမှ လေ့ကျင့် ခဲ့သည်။ သို့သော် ၎င်းတွင် မြင့်မားသော အဆင့် မှတ်သတ်မှတ်ချက် တစ်ခု ရှိသည်။

သူ့အား လေ့ကျင့်ရန် အနိမ့်ဆုံး လိုအပ် ချက်မှာ၊ လောက နိယာမ နယ်ပယ် ကျင့်ကြံမှု ဖြစ်၏။ ဓား ရည်ရွယ်ချက် တွင်လည်း အရိယာ ကောင်းကင်ဓား အဆင့် လိုအပ် သည်။

သူသည် ကျင့်ကြံမှုတွင် အားနည်း သော်လည်း၊ ကောင်းကင် အမိုးဓား ရည်ရွယ် ချက်ကို ဆုပ်ကိုင် ထား၏။

ထို့ကြောင့် ယုတ္တိ ဗေဒများ အရ၊ သူ လေ့ကျင့်၍ ရသင့်သည်။ သို့သော် တံခါးဝ သို့ပင်၊ မတက်လှမ်း နိုင်ခဲ့ချေ။

ဤအဖြစ်မျိုး ကြုံရ သည်မှာ၊ ပထမဆုံး အကြိမ် ဖြစ်သည်။ အတင်း အကြပ် ကြိုးစား မိသော အခါတွင်၊ ဓား ရည်ရွယ်ချက်မှာ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာ၏။

“ အမှန်ဆို ... ငါ ဒါကို လေ့ကျင့် နိုင်သင့်တယ်။ ”

စိတ်ပျက် လက်ပျက်နှင့် ညည်းညူ လိုက်မိသည်။ ဆရာ သခင်က အနားတွင် မရှိသောကြောင့် အဖြေကို မရှာနိုင် ခဲ့ချေ။

“ ဝှစ် ... ။ ”

တစ်နေ့တွင် ကိုးပါး ကောင်းကင် ချပ်ဝတ် သီးချင်းကို တီးခတ် ပြီးသော အခါ ယွဲ့ဝေဝေက သူ့အနား ညင်သာစွာ ဆင်းသက် လာသည်။

“ အကိုကြီး လင်း၊ ဘာတွေ စိတ် အနှောင့် အယှက် ဖြစ်နေ တာလဲ။ ”

လင်းယွန်မှ သူကြုံတွေ နေရသည် များကို ထုတ်ပြော လိုက်သည်။ သူ့ စကားဆုံး သည်နှင့် ယွဲ့ဝေဝေက ပြုံးကာ၊

“ အစ်မ မုကို မေးကြည့်လိုက် ပါလား ... သူဆို သိနိုင်တယ်။ ”

“ သူက ဓားသမားမှ မဟုတ်တာ ဘယ်လိုလုပ် သိနိုင် မလဲ။ ”

လင်းယွန်က ငြင်းဆန် မိသည်။

“ အစ်ကိုကြီး လင်း ... သွား မေးကြည့်ပါ၊ အစ်မ မုက အရမ်း ထက်မြက်တယ် ... ဘာလို့ မမေး ချင်ရ တာလဲ၊ ကြာပန်း ကိုးပွင့် ပန်းချီကား ကိုတောင်၊ ...

... လိုလို ချင်ချင် သူ ပေးခဲ့ တာပဲ ... ၊ ပြီးတော့ ကောင်းကင် ဘုံက ပိုးစာပင် တေးသွား လည်း သူ့ဆီက သင်ယူ ရဦးမယ်၊ သွားပါ။

”

ယွဲ့ဝေဝေမှ တိုက်တွန်း သော်လည်း၊ လင်းယွန်က ရှက်ရွံ့နေ သောကြောင့် တုံ့ဆိုင်း နေဆဲ ဖြစ်သည်။ မုရွယ်လင် ထံမှ အကူ အညီ များစွာ သူ ရယူ ထား၏။ ထို့ကြောင့် ထပ်မံ တောင်း ဆိုရန်၊ မဝံ့ တော့ချေ။

“ တကယ်တော့ ... ကောင်းကင် ဘုံက ပိုးစာပင် တေးသွားကို နတ်တောင်ရဲ့ တပည့် တွေပဲ သင်ကြား နိုင်တယ် ... ဒါကြောင့်မို့ ရှုံး သွား ရင်တောင်၊ အစ်မ မုက လိုလို ချင်ချင် သင်ပေးမှာ မဟုတ်ဘူး။ ”

ယွဲ့ဝေဝေမှ ပြောလာသည်။

“ ငါက တကယ်လည်း နတ်တောင်ရဲ့ တပည့်မှ မဟုတ်တာ။ ”

“ ဒါပေမယ့် ... အစ်ကိုကြီး လင်းက အပြင် လူလည်း မဟုတ် ဖူးလေ။ ”

ယွဲ့ဝေဝေမှ မျက်စိ မှိတ်ပြ လာ၏။ သူမ မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ ပို၍ တောက်ပ လာ တော့၏။

ထိုစကားကို ကြားသော အခါ၊ လင်းယွန် တစ်ယောက် တိတ်ဆိတ် သွားပြီး၊ မုရွယ်လင် အား အကူအညီ တောင်းရမည် လောဟု တွေးဆ လာမိသည်။

နှင်းတောင်မှ ဆင်းသက် လာချိန် အထိ၊ ထိုမေးခွန်းနှင့် လုံးထွေး နေခဲ့သည်။ ထို့ကြောင့် ကူကျွင့် နေအိမ်ထံ၊ ဦးတည် မိ၏။

ကူကျွင့်မှာ စည်းကမ်း ထိန်းသိမ်းရေး နန်းဆောင်၏၊ မဟာ အကြီး အကဲ ဖြစ်လာပြီ ဖြစ်သည်။

၎င်းက လင်းယွန်ကို မြင်သော အခါ မျက်လုံးများ တောက်ပ လာပြီး၊

“ မင်း ... ငါ့ဆီကို မလာတာ ကြာပြနော်၊ တစ်ပွဲ တစ်လမ်းလောက် နွှဲလိုက် ရအောင်။ ”

-ဟု ဖိတ်ခေါ် လိုက်တော့၏။

သို့သော် သူတော်စင် ဆေးလုံး များကို ထပ်ပေးရန် ဆန္ဒ မရှိတော့ သဖြင့်၊ လင်းယွန်မှ လာလည် ရသည့် အကြောင်းရင်းထံ ဦးတည် လိုက်သည်။

“ ဗျပ်စောင်း ကြိုး အတွက် အကောင်းဆုံး ပစ္စည်းက ဘာလဲ။ ”

“ နဂါး အရွတ်၊ ဒါပေမယ့် နဂါး အရွတ် တွေက နဂါး အရိုးတွေ ထက်တောင် ရှားတယ်၊ ဘာလို့ ရုတ်တရက် မေးရ တာလဲ။ ”

“ နဂါး အရွတ် ... နှစ်ချောင်း လိုချင်တယ် ရှာပေးဦး။ ”

လင်းယွန်က ပြော လိုက်သည်။ သူ လေ့လာမှု အရ အဲဟူသည် ကာလ ယန္တရား၏ တိုက်စားမှု ဒဏ်သာ ရှိသည်။

အသံ အိုးတွင် ထိခိုက်မှု တစ်စုံ တစ်ရာ မရှိခေျ။ ကြိုးနှင့် ဘိုးတံကို ရှာနိုင်သော်၊ အသုံး ပြုနိုင် ပေမည်။ သို့သော် မုရွယ်လင် သည်ပင် မတီးခတ် နိုင်ရာ၊ ကစားရ ခက်ခဲ နိုင်၏။

လင်းယွန်၏ တောင်းဆိုချက်ကို ကြားသောအခါ ကူကျွင့် တစ်ယောက် လေးနက် လာသည်။

“ မင်း ငါ့ကို ခက်ခဲအောက် တမင် လုပ်နေ တာတော့ မဟုတ် ပါဘူးနော်။ ”

“ မဟုတ်ဘူး ... ၊ ကောင်းကင်ဘုံ ကြယ်ခန်းမကို သွားပါ၊ သူတို့ ကူညီ ပေးပါ လိမ့်မယ်။ ”

လင်းယွန်က ဆက်ပြောပြီး သူ ပြင်ဆင် ထားသည့်၊ ကြိုး ပုံစံငယ်ကို ထုတ်ပေး လိုက်၏။ နိဗ္ဗာန် ပွဲတော်သည် မဝေးတော့ သဖြင့် သဘာဝ အတိုင်း ကြိုတင် ပြင်ဆင်ထား ရပေမည်။

“ ဒါက ပိုအဆင် ပြေတယ်။ ”

ကူကျွင့်က ပြုံးပြီး ပုံကြမ်းကို သိမ်း လိုက်သည်။

“ သူတော်စင် အကြီး အကဲရဲ့ မူလကို သိလား။ ”

“ မင်း တစ်ခါမှ မမေး ခဲ့တော့ ... မသိချင်ယောင် ဆောင်နေ တာလို့ ... ငါ ထင် ထားတာ။ ”

ကူကျွင့်က ပြုံးသည်။ ထိုစကားကြောင့် လင်းယွန်မှ မျက်ခုံးပင့် လိုက်မိ၏။ ကူကျွင့်သည် မုရွယ်လင်နှင့် ပတ်သတ်သော တစ်စုံ တစ်ရာကို သိထားပုံ ရချေပြီ။

***

All Chapters