ဓား နှလုံးသား။
Vol. 124 Ch. 1727
“ သူတော်စင် အကြီး အကဲက၊ အမည်ခံ သူတော်စင် နယ်ပယ်လေးနဲ့၊ ဘာလို့ ဒီလောက် သန်မာ နေရ တာလဲ။ ”
လင်းယွန်မှ မေးမိသည်။
“ သူတော်စင် အကြီး အကဲက၊ ကျင့်ကြံမှု မှာသာ၊ အမည်ခံ သူတော်စင် ကျန်တဲ့ အရာတွေ အကုန် လုံးက၊ ...
... သူတော်စင် ဖြစ်နေပြီ၊ မဟုတ်ရင် ကျင်းယွီက အခုလို ကြောက်လိမ့် မယ်လို့ ထင်လား။ ”
ကူကျွင့်မှ ပြုံးကာ ဖြေသည်။
“ အသက် ဘယ်လောက် ရှိပြီလဲ။ ”
“ ဘယ်လိုလုပ် သိမှာလဲ ... ၊ ငါ့ထက် ငယ်တာတော့ သိတယ်၊ မင်း ငါ့ကို စစ်မေးဖို့ မကြိုး စားနဲ့၊ သူမက ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်နေပြီ၊ ...
... ဒါက သူတော်စင် တွေနဲ့ ယှဉ်နိုင်တယ်၊ ဧကရာဇ် အသံကို ကိုးဆင့် ခွဲထားပြီး၊ သူမက တတိယ အဆင့်မှာ ရှိတယ်။ ”
“ ဒါဆို ... မင်းရဲ့ အဆင့် ကရော ... ။ ”
လင်းယွန်မှ ပြန်မေး လိုက်၏။
“ တေရသမ အဆင့် သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်။ ”
“ ဒါက မယုံနိုင် စရာပဲ မဟုတ်လား၊ ကောင်းကင် အဆင့် ဝိညာဉ်ရေးရာ ဆရာ သခင် ဖြစ်ဖို့၊ ခြေ တစ်လှမ်းပဲ လိုတော့တယ်။ ”
လင်းယွန်မှ ပြန်ပြောသည်။ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်ကို၊ အဆင့် (၁၃) ဆင့် ခွဲထားပြီး၊ ဒသမ အဆင့်သည်၊ နဝမ မြောက် သွေးလွှတ် ကြောနှင့် ညီ၏။
ကျန် (၃) ဆင့်သည် လောက နိယာမ နယ်ပယ် အဆင့် (၃) ဖြစ်၏။ သို့သော် ထိုအဆင့် (၃) ဆင့်သည် ကောင်းကင်ကို တက်သည် ထက်၊ ခက်ခဲ လေသည်။
ဘဝတွင် ကံကောင်းခြင်း မကြုံ ရပါက၊ ဒသမတန်း ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့် ၌ပင်၊ ပိတ်မိ နေမည် ဖြစ်၏။
ထို့ကြောင့် တေရသမ အဆင့်၌ (၁၃) ရှိနေသော ကူကျွင့်မှာ၊ အမည်ခံ သူတော်စင် တစ်ပါးအား ရင်ဆိုင် နိုင်ပေမည်။
“ မင်းက ... တကယ့်ကို အစိမ်း သက်သက်ပဲ။ ”
ကူကျွင့်က လင်းယွန်အား ငတုံး တစ်ယောက် ကဲ့သို့ ပြန်ငဲ့ ကြည့် ပြီးနောက်၊
“ ကောင်းကင် အဆင့်ကို ရောက်ဖို့ ဆိုတာ သူတော်စင် နယ်ပယ်ကို ခြေချ တာထက်၊ ခက်ခဲ တယ်၊ ငါ့ကိုပဲ ကြည့် ... ဒီခြေလှမ်း လှမ်းဖို့ နှစ်ပေါင်း တစ်ရာကျော် ကြာနေပြီ၊ ...
... တကယ် လို့သာ ... ၊ ဧကရာဇ် အသံ ဖန်တီး နိုင်တဲ့၊ ငါတို့ရဲ့ သူတော်စင် အကြီး အကဲ ကို သတ်ချင်ရင်၊ မဟာ သူတော်စင်ရဲ့ ခွန်အား လိုတယ်။ ”
-ဟု နှာခေါင်း ရှုတ်ကာ ပြောပြ လာ တော့သည်။
ထိုစကားကြောင့် လင်းယွန် မျက်နှာ ပြောင်းလဲ သွား၏။ မုရွယ်လင် မည်မျှ သန်မာ နေကြောင်း၊ သိလိုက် ရပြီ ဖြစ်သည်။
သူမကို လှည့်စား စဉ်က၊ အသတ် မခံခဲ့ ရသည်မှာ၊ ကံကောင်း သွားမှန်း နားလည် လာ တော့၏။
“ ဟား ဟား ဟား ... ၊ မင်း အခု ကြောက်သွား ပြီလား၊ မင်း အရင် သူတော်စင် အကြီး အကဲကို လှောင်ပြောင် နေတုန်းက၊ ...
... ငါတို့ ဘယ်လောက် အထိ ... ၊ ကြောက်သွား တယ်လို့ ထင်လဲ၊ မင်း သတ္တိက တကယ့်ကို ...
... လေးစား စရာ ... ၊ မီးလွင်ပြင် ထဲက ဖီးနစ်ကိုတောင် မကြောက် မလန့်နဲ့ သင်ပေး လိုက် သေးတယ်၊ ကံကောင်းတယ်၊ ငါက မင်း အသတ်ခံ ရပြီ ထင်နေတာ၊ ။ ”
ငယ်လွန်းသော အသက် အရွယ်ကြောင့်၊ သူမ၏ ခွန်အား အပေါ် လျစ်လျူရှုကာ သေမင်း ခံတွင်း ဝသို့၊ အကြိမ်ကြိမ် ဖြတ်လျှောက် နေမိ ခဲ့ကြောင်း၊ လင်းယွန် နားလည် လာသည်။
မုရွယ်လင် ခွန်အားမှာ၊ ဓားဂိုဏ်း၏ ဂိုဏ်းချုပ် မူရွှမ်ကောင်နှင့် ညီသည်။ ဓားဂိုဏ်း၌ မူရွှမ်ကောင် အပေါ်၊ မထီ မဲ့မြင် ပြုခဲ့သော်၊ သူ့ကို သေသည် အထိ၊ ရိုက်နှက် ကြပေ လိမ့်မည်။
အသက် ပြင်းပြင်း ရှူလျက်၊
“ ဒါဆို ငါက သေမင်း နှုတ်ခမ်း ဝကို အကြိမ်ပေါင်း များစွာ ဖြတ်လျှောက်၊ နေမိ ခဲ့ တာပေါ့၊ ဟူး ... ဒါနဲ့ ... သူမက ဘယ်လိုလုပ် အင်ပါယာ နဂါး တံဆိပ် ပိုင်နေရ တာလဲ။ ”
-ဟု သတိ တရ မေးလိုက် မိသည်။
“ မသိဘူး ... ။ ”
ကူကျွင့် မျက်နှာ ပြောင်းလဲ သွားပြီး၊ မုတ်ဆိတ် မွေးကို ဟန်ပါပါ ရိုက်ကာ၊ ချက်ချင်း ငြင်းဆန် လေသည်။
“ မင်းမှာ ထင်ကြေး တွေတော့ ရှိမှာပါ။ ”
“ နဂါးပြာ မှတ်တမ်းနဲ့ ဆက်စပ်မှု ရှိနိုင်တယ်။ ”
ကူကျွင့် ထင်ကြေးကြောင့်၊ လင်းယွန်မှာ မျက်နှာ မူအရာ၊ အပြောင်း အလဲ မရှိသော် ငြား လည်း၊ စိတ်လှုပ်ရှား လာတော့၏။
“ ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်က၊ အရမ်း လျှို့ဝှက် ဆန်းကြယ်ပြီး၊ ဧကရာဇ် ကိုးပါး ပေါင်းရင်တောင် ခြေမချ ဝံ့ဘူး။ ”
ကူကျွင့်မှ သက်ပြင်းချကာ လျှို့ဝှက်ချက်ကို ပြောပြသည်။
“ သွား အနားယူ တော့မယ် ... ၊ ဒီအချက် အလက် တွေကို သုံးသပ်ဖို့၊ ငါ့ အတွက် အချိန် လိုတယ်၊ ဟမ့် ... နေဦး နဂါး အရွတ်ကြော နှစ်ချောင်း လိုနေတယ်၊ အရည် အသွေး မကောင်းလည်း ရတယ်။ ”
လင်းယွန်က မထွက်ခွာခင် ကူကျွင့်အား ပြောလိုက်၏။ နတ်ပိုးစာ သစ်သားဖြင့် ထွင်းထု ထားသော အဲဟူမှာ၊ အစွမ်းထက် သောကြောင့်၊ တီးခတ် နိုင်ပါက၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်း ထက်၊ ပိုမို အားကောင်း ပေမည်။
၎င်းအား ဝှက်ဖဲ အဖြစ် သုံးရန်၊ စဉ်းစား ထားသည်။ ညဘက်တွင် ကြယ်များ လင်းလက် လာချိန်၌၊ လင်းယွန်က ခြံဝင်း အတွင်း ဓားကို ထုတ်ဖော် လိုက်သည်။
ကောင်းကင် အမိုးဓားသည် ကြယ်ရောင် အောက်၌ ကြောက်မက်ဖွယ် ကောင်းလောက် အောင်၊ ထက်ရှ လာ၏။
“ ဟိတ် ... ။ ”
လုံးလုံး လျားလျား အာရုံ စိုက်လျက်၊ သူ့ဓားအား ရုတ်တရက် လွှဲခုတ်ချ ပစ်သည်။ ကြယ်ရောင် အောက်၌ ပိုးစုန်းကြူးများ တလက်လက် ဖြစ်ပေါ် လာသည်။
“ အောင်မြင် ပြီလား။ ”
လင်းယွန်က ဝမ်းသာ အားရဖြင့် ကောင်းကင်ပေါ် ပျံတက် နေသော ပိုးစုန်းကြူး များထံ၊ မော့အကြည့် အတွင်၊ ဖန်အိမ် တစ်လုံး ကဲ့သို့ ကွဲကျေကာ၊ ဓားရောင်ဝါ ပြိုကျ သွား၏။
“ ဝေါ့ ... ။ ”
မျက်နှာ ဖြူဖျော့ သွားပြီး၊ သွေး တစ်လုတ် အန်ထုတ် လိုက်ရသည်။
“ ဘယ်လောက် တောင် ... ခက်လိုက်လဲ ... ။ ”
နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး၊ မျက်နှာ ညှိုးကျ သွားသည်။ သို့သော် ထပ်ကာ၊ ထပ်ကာနှင့် အကြိမ်ပေါင်း များစွာ၊ လေ့ကျင့် နေမိ၏။
သတ္တမ သွေးလွှတ်ကြော နယ်ပယ်၊ အထွတ် အထိပ်နှင့် ကောင်းကင် အမိုးဓားမှာ၊ ဤဓားရေး အား လေ့ကျင့်ရန်၊ အရည် အချင်း မီပုံ မရချေ။
( ဆရာ အမှား လုပ်မိ တာလား၊ ဒါမှ မဟုတ် ငါလား။ )
မြေပြင်ပေါ် ကျောခင်း လိုက်ပြီး၊ ကောင်းကင်မှ ကြယ်များကို လှမ်းကြည့်ကာ၊ အတွေး ပွားနေ မိသည်။
ဓားဂိုဏ်း၌ ဆရာ သခင်နှင့် အပူပင် ကင်းသော ဓားရေးကို ကစား နေသည့် ပုံရိပ် များ၊ ပြန် မြင်ယောင် လာ၏။ ဓားဂိုဏ်းတွင် ဆိုက ဤမျှလောက်၊ စိတ်ပူပင် စရာ ရှိမည် မဟုတ်ချေ။
ခွန်လွန်တွင် အိမ် တစ်လုံး ရှာတွေ့ရန် ခက်ခဲချေ၏။ အရာ အားလုံးသည် ထျန်ရွှမ်ဇီ ကြောင့် ဖြစ်သည်။
“ ဒုန်း ... ။ ”
တစ်စုံ တစ်ဦး အပေါ်၊ ဤမျှလောက် မုန်းတီးမှုမျိုး တစ်ကြိမ်မျှ၊ မခံစား ခဲ့ရ ဖူးချေ။ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ လှိုင်းထ လာပြီး၊ လက်သီး ဆုပ်လျက် မြေပြင်အား ထိုးချပစ် လိုက်သည်။
“ သေချာပေါက် မင်းကို ငါ သတ်မယ်။ ”
မတ်တပ် ထရပ်ကာ၊ ကောင်းကင်ပေါ် ခုန်တက် ပစ်လိုက်သည်။ တစ်နာရီ အကြာတွင် မုရွယ်လင် နေထိုင်ရာ တောင်ခြေသို့၊ ရောက်ရှိ လာသည်။
မုရွယ်လင် နေထိုင်ရာ တောင်တန်းသည်၊ နှင်းတောင်ထိပ် ထက်ပင် နှင်းများ ထူထပ်စွာ ကျရောက် နေ၏။
ကောင်းကင် ရနံ့ သင်းသင်း အတွက်၊ တားမြစ်ဇုန် တစ်ခု ဖြစ်သည်။ ယွဲ့ဝေဝေမှ လွဲ၍ မည်သူမျှ တောင်ပေါ် မတတ် ဝံ့ချေ။
အသက်ပြင်းပြင်း ရှူကာ၊ ဆုံဖြတ်ချက် ချလိုက်ပြီး၊ တောင်ပေါ် စတက်လာ ခဲ့သည်။ တောင်တက် ရာတွင် လမ်း မရှိဘဲ၊ အထီးကျန် လွန်းချေ၏။
“ တကယ်ပဲ သူက ဒီလို နေရာမျိုးမှာ နေတာလား။ ”
အနည်းငယ် ဆိတ်ညံ နေသောကြောင့်၊ တောင်တက် နေလျက်မှ၊ လင်းယွန်က ပျင်းရိ လာသည်။
နှင်းတောင်သည် အေးသော်လည်း၊ ယွဲ့ဝေဝေ၊ လောရှုရီနှင့် လင်းဝမ်တို့ မကြာ ခဏ ဆိုသလို ရှိနေ တတ်သည်။
သူတော်စင် သွေးပြန် ကြောကြောင့် တောင်စောင်း တစ်လျှောက်၌၊ တပည့် အများ အပြား ကျင့်ကြံနေ ကြပြီး၊ အတော်ပင် စည်ကား ချေ၏။
တောင်ထိပ် ရောက်သော အခါ၊ မည်သူမျှ ရှိမနေ သဖြင့်၊ နဝေ တိန်တောင် ဖြစ်လာသည်။ ရုတ်တရက် သတိရ လာပြီး၊ တောင်ထိပ်သို့ လျှောက် လှမ်းကာ၊ ငုံကြည့် မိသည်။
ချောက်ကမ်းပါး အောက်၌၊ ရေအိုင်ငယ် တစ်ခုကို မြင်လိုက် ရသည်။ ရေတံခွန် တစ်ခုက ရေအိုင်ထဲ စီးကျ နေ၏။
ရေအိုင် အနားတွင် ပလွေရှည် တီးမှုတ် နေသော၊ အမျိုးသမီး တစ်ယောက်ကို၊ မြင်လာ ရသည်။
သူမ တီးခတ် နေသော သီချင်းသည်၊ ခမ်းနားသော ရုံးတော်၏ စိန်ခေါ် ပွဲ၌၊ တပည့်မ တစ်ဦး တီးခတ် ခဲ့သော သေမျိုး ကမ္ဘာမှ အပြုံး ဖြစ်လေသည်။
ထိုသီချင်းသည် သာမာန် သီချင်း တစ်ပုဒ် ဖြစ်သော်လည်း၊ သူမ တီးမှုတ် လိုက်သော အခါ အထီးကျန် မှုကြောင့်၊ သီချင်းက ပို၍ အေးစက် သွားလေသည်။
ယင်းကြောင့် ချောက်ကမ်းပါးထဲ ခုန်ဆင်းကာ၊ မုရွယ်လင် ပြီးဆုံးသည် အထိ၊ ငြိမ်သက်စွာ နားထောင် မိ၏။
“ မင်းရောက် လာပြီလား။ ”
သီချင်း ဆုံး သည်နှင့်၊ မုရွယ်လင်မှ လှည့်ကြည့် လေသည်။ လင်းယွန်က ခေါင်း ညိတ် ပြလျက်၊ သူ့အား စိတ်အနှောက် အယှက် ဖြစ်စေသည့်၊ အချင်း အရာကို ပြန်၍ ပြောပြ လိုက်သည်။
“ ဂီတ တာအို အကြောင်း မေးမယ်လို့ ... ငါထင် ခဲ့တာ။ ”
မုရွယ်လင်က စိတ်ပျက် လက်ပျက် ပြောလာသည်။
“ ငါက ဓားသမားလေ ... ။ ”
“ အဆင် ပြေပါတယ် ... ၊ ဘယ် တာအို ဖြစ်ဖြစ်၊ နောက်ဆုံးမှာ အတူတူ ပဲမို့ ... ငါမင်းကို သင်ပေး နိုင်တယ်။ ”
မုရွယ်လင်မှ ပြန်ဖြေသည်။ ပြီးနောက် လက်ဝှေ့ယမ်း လိုက်ရာ၊ ရေကန် ထဲမှ ဓားရှည် တစ်လက် ထွက်လာ၏။
“ လင်းရှောင် ... ငါ့ကို လာတိုက် ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က တုန့်ဆိုင်း မနေဘဲ၊ ပန်း သင်္ချိုင်းဓားကို ဆွဲလျက်၊ ကောင်းကင် အမိုးဓား သွန်းလောင်းပြီး၊ လှမ်းထိုး လိုက်သည်။
“ ထန် ...။ ”
မုရွယ်လင်က သူ့ တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့်၊ ဓားအား ထိပ်တိုက် တွေ့ပေး လိုက်သည်။
သူ့ဓား ရည်ရွယ်ချက်မှာ၊ ထူးထူး ခြားခြား ဖြိုခွင်းခံ လိုက်ရ၏။ နောက်ထပ် ဓားမလွှဲ နိုင်ခင် မုရွယ်လင် ဓားက၊ လည်ပင်းပေါ် ရောက် လာသည်။
“ မင်း ရှုံးပြီ။ ”
“ နောက် တစ်ကြိမ် ... ။ ”
မုရွယ်လင်မှ ဓားရုတ် လိုက် သည်နှင့်၊ ကောင်းကင် အမိုးဓားအား ဖြန့်ထုတ်ကာ၊ ထပ်မံ တိုက်ခိုက် မိသည်။
“ မင်း ... ရှုံးပြီ။ ”
“ ..... ။ ”
“ ရှုံး ပြီ ... ။ ”
“ ..... ။ ”
“ ရှုံး ပြီ ... ။ ”
ကိုးကြိမ် တိုင်တိုင် ရှုံးနိမ့် ပြီးနောက်၊ မုရွယ်လင်မှ မယုံ သင်္ကာဖြင့် သူ့အား ပြန်ကြည့် လာ လေသည်။
“ မင်းရဲ့ ဓားရေးက ထူးခြားပုံ မပေါ်ဘူး ... တကယ်ရော သက်တံဓား သူတော်စင် တပည့် ဟုတ်ရဲ့လား။ ”
ထိုမေးခွန်းကြောင့် လင်းယွန် တစ်ယောက် ရှက်ရွံ့လာ လေသည်။ ဂီတ သမား တစ်ယောက် မှ၊ သူ့အား အထင်သေး နေ၏။
မည်မျှပင် ကြိုးစား တိုက်ခိုက် စေကာမူ၊ သူ့ဓားရေးရှိ အားနည်းချက်ကို သူမ ရှာဖွေနိုင် ခဲ့သည်။
“ စီနီယာ သက်တံဓားကို လှောင်ပြောင် နေတာ မဟုတ်ဘူး၊ မင်းရဲ့ ဓား ရည်ရွယ်ချက်က အရမ်း ထက်ရှ ပေမယ့်၊ နှလုံးသားက အားနည်း နေတယ်၊ မင်း ဘာလို့ ခုထိ၊ ဓားနှလုံးသား မရသေး တာလဲ။ ”
“ ဓား နှလုံးသား ... ဒါက ဘာလဲ။ ”
လင်းယွန်မှ နားမလည် သဖြင့်၊ ထုတ်မေး လိုက်သည်။
“ ဒါဆို ... ပြဿနာက ဒီမှာပေါ့၊ လာ ... မင်း ငါနဲ့ လိုက်ခဲ့ ... ။ ”
မုရွယ်လင်က ဓားကို ရေကန်ထဲ ပြန်၍ ပစ်ချလိုက်ပြီး၊ လှည့်ထွက် သွား တော့သည်။
***