အောင်မြင်မှု ... ။
Vol. 124 Ch. 1728
“ သူတော်စင် အကြီးအကဲ၊ ဓား နှလုံးသားကို မင်း သိတာလား။ ”
လင်းယွန်က မုရွယ်လင်အား ကြည့်ကာ မေးလိုက်သည်။
“ မသိဘူး ... ၊ ဒါပေမယ့် ပါရမီရှင်တွေ ချန်ထား ခဲ့တဲ့၊ စာအုပ်တွေ ထဲမှာ ဖတ်ဖူးတယ်၊ အခု မင်းကို ဓား နှလုံးသားနဲ့ တူတဲ့ အရာ ငါပြပေးမယ်၊ တကယ်တော့ ... မင်းက မျက်နှာပြင်ကို၊ ထိတွေ့ နေပါပြီ။ ”
“ တကယ်လား ... ဒါကို ဘာလို့ ... ကျွန်တော် ကိုယ်တိုင် မသိရ တာလဲ။ ”
လင်းယွန်မှာ လေသံပြောင်း သွား၏။
“ မင်း မသိ နိုင်တဲ့ အခြေ အနေတွေ အများကြီး ရှိတယ်၊ ဓား နှလုံးသားကို ဆုပ်ကိုင် ဖို့ဆိုရင်၊ ကောင်းကင် အမိုးဓား ရှိနေဖို့ လိုတယ်၊ ဓားသမား တွေက ... သူတော်စင် ဖြစ်လာခဲ့ ရင်တောင်၊ ဓား နှလုံးသား မရှိရင်၊ ဓား သူတော်စင် ဘွဲ့ ခံယူလို့ မရဘူး၊ ...
... ဒါကြောင့် ဓား နှလုံးသားကို နားလည်ထား မှသာ ဓားသမားလို့ တရားဝင် သတ်မှတ် ကြတယ်၊ ပိုးစုန်းကြူး နတ်ဓားက အစွမ်း ထက်တယ်၊ မင်း ဆရာက ကိုယ်တိုင် သင် မပေး နိုင်တော့၊ ...
... မင်းကို သင်ပေးနိုင်တဲ့ အခြား တစ်ယောက်ကို ရှာခိုင်းတယ် မဟုတ်လား၊ မဟုတ်ရင် ... ၊ မင်းရဲ့ အုတ်မြစ်ကို ထိခိုက် သွားလိမ့်မယ်။ ”
“ ဒါကို ... သူတော်စင် အကြီး အကဲ သိတယ်လား။ ”
လင်းယွန်မှ မေးလိုက် မိ၏။ ဆရာ သခင်မှ၊ သူ့အား ကောင်းကင် တာအို ဂိုဏ်းသို့ သွားခိုင်း ပြီး၊ အစ်ကိုကြီး ထံမှ သင်ယူရန် မှာကြား ခဲ့သည်။
“ စာအုပ်တွေ ဖတ်ရင် ... ၊ သိနိုင် ပါတယ်၊ မင်း လက်ပေး။ ”
လင်းယွန် လက်အား ကိုင်လျက် မုရွယ်လင်မှ၊ လေထဲ ပျံသန်း လိုက် လေသည်။ မမြင် ရသော အလွှာ တစ်ခုကို ဖြတ်သန်း သွား သည်ကို၊ ခံစား လိုက်ရ၏။
အမြင် အာရုံ ပြန်လည် ရရှိလာ ချိန်၌၊ နှင်းလွင်ပြင် ပေါ်တွင် ရောက်ရှိ နေကြောင်း၊ သိလိုက် သည်။
ဤအရပ်သည် ယွဲ့ဝေဝေ အက လေ့ကျင့် နေသော နှင်းတောင်ထိပ် ထက်ပင်၊ ပို၍ အေး ချေ၏။
“ ဒါ ... နှင်းရေခဲ လျှို့ဝှက် နယ်မြေပဲ၊ ပြင်ပကမ္ဘာနဲ့ အဆက် အသွယ် မရှိဘူး၊ ဓား နှလုံးသားကို ဆုပ်ကိုင်ဖို့ ... ၊ ဒီနေရာမှာ လေ့ကျင့် ရအောင်။ ”
မုရွယ်လင်မှ ထိုင်ရန် နေရာ ရှာ လိုက်ပြီး လင်းယွန်အား ပြောလိုက်သည်။
“ သူတော်စင် အကြီး အကဲ ... ၊ ဓားနှလုံးသား ဆိုတာ ... ဘာလဲ ပြောပြ ပါ။ ”
လင်းယွန်က စိတ်ဝင်စား လာ၏။
“ စကားလုံး တွေနဲ့ ဖော်ပြဖို့ ခက်တယ်၊ ဒီကိုလာ ... ။ ”
မုရွယ်လင်က လင်းယွန် နဖူးအား လက်ချောင်းဖြင့် တို့ထိ လိုက်သည်။ အအေး ဓာတ်က နဖူး အတွင်း ဝင်ရောက် လာကာ၊ အမြင် အာရုံများ မှောင်မိုက် သွား၏။
ယင်းက အာရုံ ငါးပါးကို ချိတ်ပိတ် လိုက်ခြင်း မည်၏။ မမြင်နိုင်၊ မကြားနိုင်၊ မသိနိုင် ဖြစ်သွား လေသည်။
များမကြာခင် သူ့ကမ္ဘာကြီး တစ်ခုလုံး မှောင်မိုက် နေရာမှ၊ နှလုံးခုန် သံများ ကိုသာ ပြန်ကြား လာရ၏။
ထိုအချိန်တွင် အလွန် လှပသော အသွင် မျိုးဖြင့် မုရွယ်လင်အား မြင်လိုက် ရ လေသည်။ ၎င်းသည် မြင်နေကျ ပုံစံမျိုး မဟုတ် သဖြင့်၊ အံ့ဩ သွားမိ၏။
နှင်းနတ်သမီး တစ်ပါး အလား ထင်မှား စေသည်။ ထိုအချိန်တွင် စွမ်းအား တစ်ခုက သူ့ ခန္ဓာအား ရိုတ်ခတ် လာရာ၊ လွင့်စဉ် လျက် မြေပြင်ပေါ်၊ လဲကျ သွားသည်။
ချက်ချင်းပင် မုရွယ်လင်အား ပြန်မော့ကြည့် လိုက်မိ၏။ လှသော်လည်း၊ အစောပိုင်း မြင်ကွင်း လောက် မလှ တော့ချေ။ ဆိုလို သည်မှာ သူမ ရုပ်ဖျက် ထားခြင်း ဖြစ်လေသည်။
“ ငါ့ကို မကြည့်နဲ့ ... ။ ”
မုရွယ်လင်မှ အေးစက်စွာ သတိပေး လာသည်။
“ ဒါက ဓား နှလုံးသားလား။ ”
လင်းယွန်က ထရပ်ပြီး မေးမိသည်။
“ ဟုတ်တယ် ... ဒါပေမယ့် အစစ်တော့ မဟုတ်ဘူး၊ ငါမင်းကို တုပ ပေးလိုက်တာ။ ”
“ ဒါဆို ... မျက်နှာပြင်ကို ထိတွေ့ နေပြီ ဆိုတာ ဘာကို ပြောတာလဲ။ ”
“ ကောင်းကင် အမိုးဓားကို ဆုပ်ကိုင်တဲ့ အချိန် တုန်းက မင်း မသိစိတ် ကနေ အန္တရာယ် တွေကို၊ ရှောင်ရှား ခဲ့တာမျိုး ... ဖြစ်ဖူးတယ် မဟုတ်လား။ ”
“ ဟုတ်တယ် ... ၊ ဒါနဲ့ သူတော်စင် အကြီးအကဲက ဘယ်လိုလုပ် သိနေ တာလဲ။ ”
“ စာအုပ်တွေ ထဲမှာ ရေးထားတယ်။ ”
“ စာအုပ် နာမည် ဘာလဲ ... ၊ ဖတ်ကြည့်လို့ ရမလား။ ”
“ ဓားတာအို ပေါင်းချုပ် ... ၊ နတ်တောင် ပေါ်မှာ ရှိတယ်၊ ဒါကြောင့် ... မင်းကို ငှားလို့ မရဘူး။ ”
မုရွယ်လင်မှ လေးလေး နက်နက် ပြန်ဖြေ လာသဖြင့်၊ လင်းယွန် တစ်ယောက် အတွေးနက် သွား လေသည်။
“ ဓား နှလုံးသားကို မြန်မြန် ဆန်ဆန် ဆုပ်ကိုင် နိုင်အောင် ... ၊ မင်းကို ငါ ကူညီပေး နိုင်တယ်၊ အခု မင်းရဲ့ အာရုံ ခြောက်ပါးနဲ့ ဓား ရည်ရွယ်ချက်ကို၊ ချိပ်ပိတ် ရအောင်။ ”
“ ဘာ အတွက်လဲ။ ”
“ လိုအပ် လို့ပဲ။ ”
“ ကောင်းပြီ ... သူတော်စင် အကြီးအကဲ ဆက်လုပ်ပါ။ ”
“ သေချာလား ... ၊ ဒါက ဖြတ်လမ်း ပဲ။ ”
“ သေချာတယ် လုပ် ... ။ ”
သည် မလာခင်၊ ခွန်အားကို တတ်နိုင် သမျှ၊ မြန်မြန် ကြီးထွားလာ စေရန် ရည်ရွယ် ခဲ့သည်။ သူ့ ဆရာ သက်တမ်းမှာ၊ နှစ်နှစ်ခွဲ သို့မဟုတ် နှစ်နှစ် မျှသာ ကျန်ရှိ တော့မည်ဟု ထင်၏။
ရုတ်တရက် အမြင် အာရုံများ မှောင်မိုက် သွားပြန်သည်။ များမကြာခင် အာရုံ ခံစားမှုများ ထပ်မံ ဆုံးရှုံး သွား၏။
ဓား ရည်ရွယ်ချက်မှာ အနီးနားတွင် ရှိနေ သော်လည်း၊ စိတ်ဝိညာဉ် နန်းတော် အတွင်း၌၊ ပိတ်လှောင် ခံထား ရသည်။
“ ကဲ ... စမယ်။ ”
မုရွယ်လင်က သူမ ပလွေရှည်အား ထုတ်ယူကာ၊ ပြောလိုက်သည်။
“ ရွှီး ... ။ ”
အေးစက်သော ဓား(၁၀) လက်သည် ပလွေသံ အတွင်း၊ ပုန်းကွယ်လျက် လျင်မြန်စွာ တိုးဝင် လာသည်။
ယင်းကို သူ မသိချေ။ သူသိ သည်မှာ မီးရထား စက်ခေါင်းကြီး တစ်ခုလို နှလုံးခုန်သံ မြန်လာပြီး၊ အလိုလို ရွေ့လျား လိုက်မိခြင်း ဖြစ်သည်။
အသံလှိုင်း များက ဓား အလား၊ သူ့အား ဖြတ်ကျော် သွားသည်။ ချက်ချင်း နဂါး မူလကို၊ ထုတ်ဖော် လိုက် သော်လည်း၊ အချည်းနှီး ပေပင်။
“ ရွှပ် ... ။ ”
ထို့နောက်တွင် ဓားရောင်ခြည် ဆယ်စင်း အဖျားခတ် ထိမှန် လာကာ၊ သူ့ တစ်ကိုယ်လုံး တုန်ခါ သွားသည်။
ယင်းက မုရွယ်လင် တစ်ယောက် အမှန်တကယ် လုပ်ဆောင် နေကြောင်း အသိ ဝင်လာကာ၊ ထိတ်လန့် သွားတော့၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် နှလုံးခုန်သံ အတိုင်း လိုက်ပါ ရွေ့လျားလျက်၊ ဆက်လက် ရှောင်တိမ်း နေရ လေသည်။
ခြောက်နာရီ ကုန်လွန် ပြီးနောက်၊ တစ်ဖက်သတ် ခုတ်ဖြတ်ခြင်း ခံနေရ သဖြင့်၊ သူ့ တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်း လာသည်။
“ ရပ် မယ်။ ”
မုရွယ်လင်က အသံအား စိတ်ထဲ ပို့လွှတ် လိုက်ပြီး၊ ပလေွရှည် တီးမှုတ် နေသည်ကို၊ ရပ် ပစ်သည်။
အမြင် အာရုံများ တဖြည်းဖြည်း ပြန်၍ ကောင်းမွန် လာ၏။ သို့သော် ပင်ပန်း နွမ်းနယ် မှုကြောင့်၊ မျက်နှာ ဖြူဖျော့ နေသည်။
ထို့ကြောင့် မုရွယ်လင်အား ပြန်ကြည့်ကာ၊
“ နှလုံး ဗီဇက ... အသုံး မဝင်ဖူး ထင်တယ်၊ ဒီနည်းလမ်းက တကယ်ရော အလုပ် ဖြစ်ပါ့ မလား။ ”
“ နှလုံး၊ လည်ပင်း၊ နဖူး၊ မျက်လုံးနဲ့ ... ၊ တခြား သေစေ နိုင်တဲ့ အစိတ် အပိုင်း တွေကို ကြည့် ... ၊ သူတို့မှာ ဒဏ်ရာ ရှိလား။ ”
မုရွယ်လင်မှ ပြန်ဖြေသည်။ သူမ မေးခွန်းကြောင့် လင်းယွန်မှာ ထိတ်လန့်သွား တော့၏။
သူ့၌ ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေ သော်လည်း၊ ၎င်း အစိတ် အပိုင်း များမှာ၊ အန္တရာယ် ကင်း နေသည်။
“ ဒါက ... ။ ”
ထိတ်လန့်စွာ အော်ဟစ် လိုက်မိသည်။
“ ဟုတ်တယ် ... ၊ ငါ မင်းရဲ့ သေစေ နိုင်တဲ့၊ အစိတ် အပိုင်း တိုင်းကို တိုက်ခိုက် နေတာ၊ မင်း ရှောင်နိုင်တယ် ဆိုတော့၊ ဓားနှလုံးသား ရဖို့ မဝေးတော့ ပါဘူး။ ”
ပေါ့ပေါ့ ပါးပါးပင် မုရွယ်လင်မှ ဝန်ခံ လိုက်လေသည်။
“ သူတော်စင် အကြီး အကဲ ... ၊ မင်းက တကယ် ရက်စက်တာပဲ၊ ငါ မရှောင်နိုင် ခဲ့ရင် ဘယ်လို လုပ်မလဲ။ ”
လင်းယွန်က အသက် ပြင်းပြင်း ရှူပြီး အန္တရာယ် များလွန်းခဲ့သော အခြေ အနေကို ပြန်တွေး မိလာသည်။
“ မသေ ပါဘူး ... ၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာရပ်က တတိယ အဆင့်ကို ရောက်နေပြီ ဆိုတော့၊ နှလုံးသားကို ထိုးဖောက် သွားရင်တောင်၊ မင်း ချက်ချင်း မသေ နိုင်ဘူး၊ ကယ်တင်ဖို့ အချိန်မီ သေးတယ်။ ”
“ ဒါ ... ။ ”
“ စာအုပ်တွေ ထဲမှာ အတိအကျ ရှင်းပြ ထားတယ်။ ”
ထိုအဖြေကြောင့် လင်းယွန်မှာ ပါးစပ်ပိတ် သွားသည်။ အဆုံးတွင် ဒဏ်ရာ များကို ကုသရန် နဂါးပြာ အရိုးအား အသက်သွင်း လိုက်မိ၏။
“ ..... ။ ”
မုရွယ်လင်က ကောင်းကင် ဓားဖြင့် နှစ်ခြင်း ခံရန် ဟူသော တေးသွားကို တီးမှုတ် ပေးလာခဲ့ လေသည်။
အသံလှိုင်း တိုင်းသည်၊ သူ့ခန္ဓာ ကိုယ်နှင့် နှလုံးသား ထဲသို့၊ အဝါရောင် လှိုင်းများ အဖြစ်၊ ပြောင်းလဲ ဝင်ရောက် လာ၏။
“ အေးတယ် ... ။ ”
နှလုံးသား တစ်ခု လုံးကို ရေဖြင့် ဆေးချ လိုက် သကဲ့သို့၊ ခံစား လာရသည်။ ၎င်းကြောင့် ပင်ပန်း နွမ်းနယ်မှုများ ပျောက်ကွယ် ကုန်ကာ၊ ဓားနှင့် ပတ်သတ်သော အတွေး အမြင် အချို့ကို၊ ရရှိ လာ၏။
ဤအရာက သူ့အား စိတ်လှုပ်ရှား သွား စေသည်။ အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက် ခန့် အကြာတွင်၊ ပလွေသံ ရပ်သွား သဖြင့်၊ လင်းယွန်က မျက်လုံးဖွင့် လိုက်သည်။
“ သူတော်စင် အကြီး အကဲ၊ ငါ အဆင်သင့် ဖြစ်နေပြီ။ ”
“ ကောင်းပြီ ဆက်ကြရအောင်။”
မုရွယ်လင်မှ ခေါင်းညိတ် သည်။
လင်းယွန် ကမ္ဘာသည် တစ်ဖန် ပြန်၍ မှောင်မိုက် လာပြီး၊ ဝင်လာသော တိုက်ခိုက်မှု တိုင်းကို ရှောင်ရှားရန်၊ နှလုံးသား အပေါ်၊ လုံးလုံး လျားလျား မှီခို လိုက်သည်။
ဤသည်မှာ ပျင်းရိဖွယ် ကောင်းသော၊ လုပ်ငန်းစဉ် ဖြစ်၏။ ထပ်ခါ တလဲလဲ ပြုလုပ် နေခဲ့သည်။
အကူအညီ ပေးနေသော မုရွယ်လင်ပင်၊ ခုနစ်ရက် တိုင်တိုင် အနား မယူရ သေးသဖြင့်၊ မျက်လုံးပြူး လာတော့သည်။
“ ဒီကောင် ရူးသွား တာလား။ ”
ဤရက်များ အတွင်း ပလွေ နေရာ၌ ဗျပ်စောင်းအား ပြောင်းလဲ အသုံးပြု လာရ သည်။
“ ဒင် ... ။ ”
ဂီတ သမားများ အတွက်၊ အချိန်ကြာ မြင့်စွာ တိုက်ပွဲ ဝင်ရမည် ဆိုပါက၊ ဗျပ်စောင်း သည်သာ၊ အကောင်းဆုံး ဖြစ်သည်။
မုရွယ်လင် တစ်ယောက် ပျင်းရိ လာစဉ်၊ လင်းယွန် ထံမှ ထက်ရှသော ဓားရောင်ဝါ တစ်ခု၊ ရုတ်ချည်း ထွက်ပေါ် လာသည်။
“ ဒင် .... ။ ”
ရင်ဘတ် နေရာ၌၊ တောက်ပသော အလင်း အချို့ လင်းလက် သွား၏။ ထို့ကြောင့် သူမ ထံမှ တိုက်ခိုက်မှု တိုင်းကို၊ လွတ်လွတ် ကင်းကင်း ရှောင်လာ နိုင်တော့သည်။
အလင်းများ တောက်ပ လာသည် နှင့်အမျှ လင်းယွန်၏ လှုပ်ရှားမှု များမှာ ပို၍ တည်ငြိမ် လာတော့သည်။
“ ဟိတ် ... ။ ”
နောက်ဆုံးတွင် ကောင်းကင်ပေါ် ပျံတက်သွားပြီး၊ နေမင်းကြီး ကဲ့သို့ အလင်းများ ထုတ်လွှတ် လာခဲ့သည်။
“ ထောင်း ... ။ ”
ထိုအလင်းက မုရွယ်လင်၏ ဗျပ်စောင်း ကြိုးများကို ပြတ်တောက် သွားစေခဲ့ သဖြင့်၊ ရပ်တန့် လိုက်ရသည်။
***