← Chapters

ရှေးဟောင်း နဂါး အရွတ်များ။

Vol. 124 Ch. 1729

ရှေးဟောင်း နဂါး အရွတ်များ။

Vol. 124 Ch. 1729

“ အောင်မြင် သွားတာလား။ ”

မုရွယ်လင်က လင်းယွန်ကို ကြည့်ပြီး၊ မြည်းမြီး အသွင် ချည်ထားသော သူမ၏ ဆံပင် ရှည်ရှည် များကို၊ ကိုင်လိုက် မိသည်။

လင်းယွန် ရင်ဘတ်ရှိ တောက်ပ နေသော အလင်းရောင် များက၊ မီးတောင် တစ်လုံး ကဲ့သို့ ရဲရဲနီ လာသည်။

ဤသည်မှာ ဓားနှလုံး သားကို နားလည် သွားသည့် လက္ခဏာ ဖြစ်၏။ မြန်ဆန် လွန်းလှ သဖြင့်၊ သူမပင် မယုံကြည် နိုင်ချေ။

ဓားနှလုံးသား ဟူသည် ဆုပ်ကိုင်ရ ခက်ခဲသော အရာ ဖြစ်သည်။ ကောင်းကင် အမိုး ဓား ရည်ရွယ် ချက်ကို၊ ပိုင်ဆိုင်သည့် သူတော်စင် တိုင်း ပင်လျှင်၊ နားမလည် နိုင်ချေ။

ဓား နှလုံးသားကို ဆုပ်ကိုင် ထားနိုင် မှသာ ဓားနယ်မြေ ဖွဲ့စည်း ပြီးနောက်၊ ဓား သူတော်စင် တစ်ပါး ဖြစ်လာ နိုင်ပေမည်။

လက်ရှိ ဓား နှလုံးသားကို ရရှိ ထားသော လင်းယွန်သည်၊ အရှေ့ဘက် ပျက်စီးမြေ၏ ဓား သူတော်စင် သုံးပါး နေရာ၌၊ နေရာ ယူလာ နိုင်တော့မည် ဖြစ်သည်။

“ နောက်ဆုံးတော့ သူက ဓားသမား ပါပဲ။ ”

ဂီတတွင် အရည်အချင်း ရှိသောကြောင့် ၎င်းအပေါ်၊ အများကြီး မျှော်လင့် မိခဲ့သည်။ သူ သည်သာ အလုပ် ကြိုးစား ပါက၊ နတ်နဂါး အသံ ကိုပင်၊ ဆုပ်ကိုင် နိုင်ခြေ မြင့်မား၏။

“ သူတော်စင် အကြီး အကဲ ... ၊ ငါ အောင်မြင်ပြီ။ ”

လင်းယွန်က မျက်လုံး ဖွင့် လိုက်ရာ၊ ရင်ဘတ်ရှိ အလင်းရောင်က၊ သူ့ နှလုံးသား ဆီသို့၊ ပြန်ဆုတ် သွားသည်။

မျက်ဝန်းများ အတွင်း ကလေးငယ် တစ်ယောက် ကဲ့သို့ စိတ်လှုပ်ရှားမှု များဖြင့် ပြည့်နှက် နေ၏။

မျက်နှာ ပေါ်ရှိ ရွှင်လန်းမှုသည်၊ ခွက်ထဲမှ လျှံကျ လာသော ရေစက် အလား၊ မုရွယ်လင် ထံ ကူးစက် လာသည် ။

“ ဓား နှလုံးသားကို ... ဆုပ်ကိုင် နိုင်လိုက် တာက၊ ပထမ ခြေလှမ်းပဲ ရှိသေးတယ်၊ ကြိုးစား ပါ၊ သတ္တမတန်း ဓားရည်ရွယ်ချက် ရရင်၊ ဓား နယ်မြေကို မင်း ဖွဲ့စည်း နိုင်မယ်၊ ဒါကို ... ။ ”

“ စာအုပ်တွေ ထဲမှာ ... ရေးထားတယ်။ ”

မုရွယ်လင် စကား မဆုံးခင် လင်းယွန်မှ ပြုံးကာ ဝင်ပြော လိုက်လေသည်။

“ ဟုတ်တယ် ... ၊ စာအုပ်တေွ ထဲမှာ ရေးထားတယ်။ ”

မုရွယ်လင်က ခေါင်းညိတ် ပြ၏။ ဤသို့ အလေး အနက် ပြောနေ ချိန်တွင်၊ ချစ်စရာ ကောင်းကြောင်း၊ ခံစား လာရ သဖြင့်၊ လင်းယွန်မှ ပို၍ ပြုံးမိသည်။

“ သူတော်စင် အကြီး အကဲ၊ မင်းရဲ့ ရုပ်သွင်ကို ဘာလို့ ဖုံးကွယ် ထားတာလဲ။ ”

လင်းယွန်က မနေနိုင် တော့ဘဲ မေးလိုက် မိ၏။ ဓားနှလုံးသားကို ဆုပ်ကိုင်နိုင် ပြီးနောက် ရုပ်ဖျက် ထားမှု များအား မြင်လာ နိုင်သည်။

“ ငါ မလုပ်ဘူး … ။ ”

“ အိုး … မင်း လုပ်ထား ပါတယ်။ ”

“ ကြာပန်း ကိုးပွင့် တံဆိပ်ကို ... ၊ ငါ သင်ပေးမယ်၊ ပန်းချီကားက မင်း နောက်ကို၊ လိုက်ချင် နေရတဲ့ အကြောင်း ရင်းကို၊ ငါ သိပြီ၊ မင်းရဲ့ သေွးသား စွမ်းအင်က၊ သူတို့ကို ဆွဲဆောင် ထားပုံပဲ၊ ...

... ဒါက ကောင်းမွန်တဲ့ အရာပါ၊ ကြာပန်း တွေသာ အောင်မြင်မှု ရခဲ့ရင်၊ ရေကန်ရဲ့ အရည် အသွေးပါ၊ ပြောင်းလဲ သွားလိမ့်မယ်။ ”

မုရွယ်လင်က စကား လမ်းကြောင်း ပြောင်းကာ၊ ပြီးပြည့် စုံသော ကြာပန်း တံဆိပ် ကို၊ သင်ကြား ပေးလာသည်။

တစ်နာရီကြာ ပြီးနောက်၊ အချက် အလတ်များကို အလွတ် ရလာ၏။ သေွး အဆီ အနှစ်အား ပန်းချီကား ထဲသို့၊ ချလိုက်သော အခါ၊ ပန်းချီကားက သူ့ခန္ဓာကိုယ် ထဲသို့ ဖြည်းညှင်းစွာ စီးဝင် လာ၏။

ထို့နောက်တွင် ပန်းချီကားက၊ သူ့နောက်ကျောရှိ ရွှေကျီးကန်း နတ်ရူရ် အနားတွင် ရပ်တန့် သွား၏။

“ အစွမ်း ထက်တဲ့ သူတော်စင် သားရဲ သွေးကို ... မင်း သန့်စင် နိုင်ခဲ့ရင်၊ သူတော်စင် ကြာပန်းတွေ အတွက်၊ အကျိုးရှိ လိမ့်မယ်။ ”

မုရွယ်လင်က ဆက်ရှင်း ပြသည်။

“ ကောင်းပြီ ... အခု မင်း လက်ထဲမှာ ကြာပန်း ကိုးပွင့် ပန်းချီကားကို ... ၊ ငါ ထားခဲ့ လိုက်မယ်။ ”

“ သူတော်စင် အကြီး အကဲ ... ၊ ဒါက အဆင် မပြေဖူး ထင်တယ်။ ”

လင်းယွန်က တုံ့ဆိုင်း သွားသည်။ အလွန် အကျွံ လက်ခံခြင်း အတွက်၊ စိတ် မသက် မသာ ခံစား လာရ၏။ မုရွယ်လင်မှာ သူ့ အပေါ် ကောင်းလွန်း နေသည်။

“ မင်း အခု သွားအနား ယူလို့ ရပြီ၊ ပိုးစုန်းကြူး နတ်ဓားရဲ့ ပထမ ဓားကို ဆုပ်ကိုင် နိုင်တဲ့ အခါ၊ ပြန်လာခဲ့ ... ၊ ကောင်းကင် ဘုံက ပိုးစာပင်ကို၊ ငါ လမ်းညွှန် ပေးမယ်။ ”

“ ဒါဆို ... နိဗ္ဗာန် ပွဲတော်မှာ အစွမ်းကုန် ကြိုးစားပေး ပါ့မယ်။ ”

လင်းယွန်မှ လေးလေး နက်နက် ပြောပြီး ဦးညွှတ်ကာ၊ လျှို့ဝှက် နယ်မြေမှ ထွက်ခွာလာ မိသည်။

“ လင်းယွန် ... ၊ ခွန်လွန်ရဲ့ ရွှေခေတ် ရောက်လာ တော့မယ်၊ ဒါကြောင့် မင်း နာမည် ကို၊ နဂါးပြာ မှတ်တမ်းမှာ ... ၊ မြင်ရ လိမ့် မယ်လို့၊ ငါ မျှော်လင့် ပါတယ်။ ”

မုရွယ်လင် စကားက နောက်ကျောမှ လိုက်ပါလာ သဖြင့်၊ ပြန်လှည့် ကြည့်လိုက် သော် ငြားလည်း၊ မမြင် ရသော အတား အဆီးမှ၊ မြင်ကွင်းကို ကာလိုက်ပြီ ဖြစ်သည်။

အဘိုးကြီး ကူကျွင့် ပြောခဲ့ သည်မှာ မှန်ချေပြီ။ မုရွယ်လင်သည် နဂါးပြာ မှတ်တမ်း နှင့် ပတ်သက်မှု ရှိနေ ပေ၏။

ယင်းက သူ့အတွက် နားမလည် နိုင်စရာ ပေပင်။ နဂါးပြာ မှတ်တမ်း ဟူသည် နတ်နဂါး အင်ပါယာမှ ပိုင်သော ရတနာ ဖြစ်သည်။ ထို့ကြောင့် မုရွယ်လင် သည်လည်း၊ အင်ပါယာနှင့် ပတ်သတ်မှု ရှိနိုင်၏။

နှင်းရေခဲ လျှို့ဝှက်နယ်မြေမှ ထွက်လာ ပြီးနောက်၊ မုရွယ်လင် အကြံ ပြုသည့်အတိုင်း အနားယူခြင်း မရှိချေ။ ဓား နှလုံးသားနှင့် ရင်းနှီးအောင် လုပ်ယူ နေမိသည်။

ဓား နှလုံးသားသည် အစစ် အမှန်နှင့် အတုအယောင် နယ်နိမိတ် ကြားတွင် တည်ရှိ သောကြောင့်၊ ထူးခြား ခေျ၏။

၎င်းကို အသုံး မပြုသော အခါတွင် သတိပြုမိမည် မဟုတ်ချ။ အသက် မသွင်း ပါက၊ အချင်းဝက် မီတာ ငါးဆယ် မျှသာ၊ ခံစား နိုင်ပေမည်။

အသက်သွင်း လျှင်မူ၊ ခံစား ရသော အကွာအဝေးမှာ၊ သုံးဆမှ ငါးဆ အထိ တိုးလာ မည် ဖြစ်သည်။

သို့သော် အကျိုးဆက် အနေဖြင့် ဓား ရည်ရွယ်ချက် သည်လည်း လျင်မြန်စွာ ကုန်ဆုံး သွား ပေမည်။

“ ဆရာ ပြောတာ မှန်ပါတယ်၊ ငါက ဓား နှလုံးသားကို အပေါ်ယံ ထိတွေ့ နေတာ ကြာပြီ ပဲ။ ”

ဤအခြေ အနေသည် ကောင်းကင် အမိုးဓားကို နားလည် စဉ်က၊ ခံစားခဲ့ ရသော သူ့ အခြေ အနေဖြင့် တူညီ နေသည်။

ဦးခေါင်း အနောက် ဘက်တွင် မျက်ဝန်း တစ်စုံ ပေါက်လာခြင်း ဖြစ်၏။ ယခင်က ၎င်းကို မထိန်းချုပ် နိုင်ချေ။

အန္တရာယ်နှင့် ကြုံမှ သာလျှင်၊ ဗီဇ အသိစိတ်မျိုး ပုံစံဖြင့်၊ အလို အလေျာက် အသက် ဝင်လာခြင်း ဖြစ်သည်။

ယခုမူ အလို ရှိသည့် အချိန်တိုင်း၊ ၎င်းကို ဓားနယ်မြေ အသွင် ဖြန့်ကျက် အသုံးပြု နိုင်ပြီ ဖြစ်၏။

ဂိုဏ်းချုပ် မူရွှမ်ကောင်သည် ငရဲ နတ်ဘုရား မိသားစု ဘိုးဘေးကို သတ်ရန်၊ ဓားနယ်မြေအား အသုံးပြု ခဲ့ဖူးသည်။

ထျန်ရွှမ်ဇီ သည်လည်း သဘာဝ ဒြပ်စင် ငါးပါး နယ်မြေကို ဖန်တီးကာ၊ ပြိုင်ဘက်ကင်း လာခဲ့သည်။

“ ရွှပ် ... ။ ”

နှစ်ရက် အကြာ၌ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်ရာ၊ ခြံဝင်း အတွင်း နေမင်းကြီး ကဲ့သို့၊ ဓားအလင်းများ တောက်ပ သွားသည်။

“ ဝှစ် ... ။ ”

သို့သော် ဓားရေး ကစားသော အချိန်၌၊ သူ့လှုပ်ရှားမှု များမှာ ဓားဆွဲထုတ်စဉ် ကထက်၊ များစွာ နှေးကွေး လာသည်။

ဓားသွားရာ အာကာပြင် အတွင်း မမြင် နိုင်သော လေစီးကြောင်း တစ်ခု လိုက်၍စီးဆင်း လာတော့၏။

လှိုင်း အတက် အကျမှာ၊ အားနည်းပြီး သာမန် မျက်စိဖြင့် မမြင် နိုင်ချေ။ ဓား နှလုံးသား ရှိနေသော သူများ သာလျှင်၊ ရှင်းရှင်း လင်းလင်း ခံစားနိုင် ပေမည်။

ထိုအချိန်တွင် သူထုတ်လွှတ် ထားသော အလင်းများမှာ၊ ချက်ချင်း မှိန်ဖျော့ လာသည်။ ဓား ရည်ရွယ်ချက်မှ ထိုအလင်းများ အားလုံးကို စုပ်ယူ လိုက်ခြင်း ဖြစ်၏။

ယင်းက နားမလည် နိုင်စရာ ပေပင်။ ခြံဝင်း တစ်ခုလုံး မှောင်ကျ လာကာ၊ ဓား ရည်ရွယ်ချက် သုံးပုံ-နှစ်ပုံခန့် ကုန်ဆုံး သွားသည်။

ကြယ်ရောင် များပင် မှိန်ကျ ကုန်၏။ ဓား ရည်ရွယ်ချက် ကုန်ဆုံးလု နီးပါး အချိန်၌၊ လုံးဝ မှောင်မိုက် သွားတော့သည်။

တစ်စုံ တစ်ယောက်မှ ဤအမှောင်ထု အတွင်း၊ စိတ် စွမ်းအင် လွှတ်ကာ စမ်းသပ်ရန် ကြိုးစား ခဲ့ပါက၊ အာကာသ တွင်းနက်ကြီး တစ်ခု ကိုသာ ခံစား ရမည် ဖြစ်သည်။

ထိုအနက်ရောင် ကမ္ဘာကြီး အတွင်း သူ တစ်ဦး တည်းသာ ကျန်ရှိ နေ၏။ သူ့အား ဗဟို ပြုလျက်၊ မီတာ (၁၅၀) ပတ်လည် အမှောင် ကမ္ဘာကြီး ဖြစ်ချေပြီ။

“ ..... ။ ”

ထိုအချိန်တွင် အမှောင် ကမ္ဘာကြီး အတွင်း၌၊ ပိုးစုန်းကြူး တစ်ကောင် ရုတ်တရက် ပေါ်ထွက် လာသည်။

“ ဝုန်း ... ။ ”

သည့်နောက် နှစ်ကောင်၊ သုံးကောင် စသည်ဖြင့် တိုးပွား လာပြီး၊ ဓား ရည်ရွယ်ချက် ရုတ်ချည်း ပေါက်ကွဲ သွား၏။

အဆိုပါ ပေါက်ကွဲမှုကြောင့်၊ အာကာပြင် ပြိုကျလျက်၊ ပတ်ဝန်းကျင် တစ်ခုလုံး ကမောက် ကမ ဖြစ်ကုန်သည်။

“ ဘာလို ဓားရေး မျိုးလဲ ... ။ ”

လင်းယွန် မျက်နှာမှာ၊ ဖြူဖျော့ သွား သော်လည်း၊ ရွှင်လန်းမှု အပြည့်ဖြင့် ညည်းတွား လိုက်လေသည်။

အဆုံးတွင် ပိုးစုန်းကြူး နတ်ဓား၏ တံခါးဝသို့၊ တက်လှမ်း လာနိုင်ပြီ ဖြစ်လေ သည်။

ယခင် အချိန်များ၌၊ ဤဓားရေးကို လေ့ကျင့်၍ မရ ခဲ့သည့် အပေါ်၊ ချက်ချင်း နားလည် သွားသည်။

ဓားနှလုံးသား ကိုသာ ဆုပ်ကိုင် ထားခြင်း မရှိ ပါက၊ မမြင် ရသော ထိုလေစီး ကြောင်းကို အာရုံခံ နိုင်မည် မဟုတ်ချေ။

အမှောင် ကမ္ဘာသည် ရန်သူ၏ အာရုံ ခြောက်ပါးကို ကန့်သတ် နိုင်သည် သာမက၊ သူ့ပေါ် တွင်လည်း ချွင်းချက် မရှိ ဖြစ်၏။

( ဆိုလို သည်မှာ သူ့ဓားကို နှလုံးသားဖြင့် ခံစားကာ လွှဲရ ပေမည်။ ပိုးစုန်းကြူး ဟူသည် ဓား ရည်ရွယ်ချက်ကို ညွှန်းဆိုခြင်း ဖြစ်၏။

အစစ် အမှန် ပိုးစုန်း ကြူးများ မဟုတ်ချေ။ ဤသည်မှာ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို ရှာဖွေ တေွ့စဉ်က၊ ဖော်ပြ ခဲ့သော အလင်းမှုန် များကို တင်စားခြင်း ဖြစ်ပေမည်။ )

“ ဒါကို ... ငါ များများ လေ့ကျင့်ဖို့ လိုမယ်၊ ဒါမှ မဟုတ်ရင် တကယ့် တိုက်ပွဲမှာ အသုံး မဝင် နိုင်ဘူး။ ”

အဆုံးတွင် တိုက်ပွဲ အတွင်း၊ အရှိန်ယူ နေသော သူ့အား၊ ရန်သူမှ သဘော ကောင်းစွာ စောင့်ပေး နေမည် မဟုတ်ချေ။

အမှောင် ကမ္ဘာ မဖြစ် ပေါ်မီ၊ လျင်မြန်စွာ ဖောက်ဝင်လာ နိုင်ပါက၊ သူ ခံရမည် ဖြစ်သည်။ လက်ကျန် အချိန် များကို၊ ပိုးစုန်းကြူး နတ်ဓား နှင့် ကောင်းကင် ဘုံက ပိုးစာပင်အား၊ လေ့ကျင့် ခဲ့သည်။

အားလပ်ချိန် များ၌၊ ယွဲ့ဝေဝေထံ သွား ရောက်ကာ၊ ကိုးပါး ကောင်းကင် ချပ်ဝတ်ကို၊ တီးခတ် ပေးခဲ့သည်။

နိဗ္ဗာန် ပွဲတော် ကျင်းပရန် နီးကပ် လာ သည်နှင့် အမျှ၊ ကောင်းကင် ရနံ့ သင်းသင်း၏ လေထု သည်လည်း၊ တင်းကြပ် လာ၏။

တပည့် များ အားလုံး၌၊ ယုံကြည်ချက် ပျောက်ဆုံးကာ၊ စိတ်မချမ်း မသာ ဖြစ်နေကြ လေသည်။

လင်းဝမ်နှင့် လောရှုရီတို့ သည်ပင်၊ လေးနက်သော အမူ အရာများ ထုတ်ဖော်ကာ၊ ကြိုးစား နေကြသည်။

ဤတစ်ကြိမ်၌ နိဗ္ဗာန် ပွဲတော်ကို၊ ယခင်ထက် ခမ်းနားစွာ ကျင်းပ ပေမည်။ ဘဝ သုံးပါး သစ်ပင်အား၊ အသက် မသွင်း နိုင်ခဲ့ သည်မှာ ကြာပြီ ဖြစ်၏။

ထို့ကြောင့် ဂီတအိမ် လေးလုံး အပြင်၊ အရှေ့ဘက် ပျက်စီးမြေနှင့် နတ်နဂါး အင်ပါယာ မှ ဂီတ လူငယ်များ ကိုပါ၊ ဖိတ်ခေါ် ထားသည်။

သို့သော် နိဗ္ဗာန် ပွဲတော်နှင့် ပတ်သတ်ပြီး၊ ဂရုစိုက်ပုံ မပြသော မုရွယ်လင် အသွင်ကြောင့်၊ လင်းယွန်မှ နားမလည်နိုင် ဖြစ်လာသည်။

ပွင့်ပွင့် လင်းလင်း ဝန်ခံရ ပါမူ၊ နိဗ္ဗာန် ပွဲတော်သည် လင်းယွန် အတွက် အဓိပ္ပါယ် အများကြီး မရှိချေ။

ချန်ပီယံ ဆုလာဘ် များက၊ အနည်းငယ် မျှသာ ဆွဲဆောင်မှု ရှိသည်။ သူ့ ရည်ရွယ်ချက်မှာ နိဗ္ဗာန် နန်းတော်သည်၊ မိုးပြာ နဂါး မျိုးရိုးနှင့် ဆက်နွှယ်မှု ရှိ-မရှိ ရှာဖွေရန် ပေပင်။

သို့သော် ကောင်းကင် ရနံ့ သင်းသင်းမှ အထောက် အပံများ၊ အလွန့် အကျွံ လက်ခံ ရရှိ ထား သဖြင့်၊ ဤတစ်ကြိမ် အောက်ခြေ အဆင့်၌ မမြင်လို တော့ချေ။

ထို့ကြောင့် မုရွယ်လင်မှ ကောင်းကင် ဘုံက ပိုးစာပင်ကို သင်ပေးသော အခါ၊ အလေး အနက် ထားခဲ့သည်။

ထိုသီချင်းသည် ရှူပ်ထွေး လှ သဖြင့် သင်ယူရ ခက်ခဲသည်။ နှစ်လ ကြာ ပြီးနောက်၊ ကူကျွင့် ပြန်ရောက် လာ၏။

ကောင်းကင်ဘုံ ကြယ်ခန်းမ၌ ထိုကာလ အတွင်း၊ ကူကျွင့် တစ်ယောက် မည်သို့ ပြုမူခဲ့ မည်ကို မှန်းဆ နိုင်သဖြင့်၊ လင်းယွန်မှ ဒေါသ ထွက်လာသည်။

“ မင်း ... ပြန်လာ သေးတယ်နော်။ ”

“ စိတ်လျှော့ပ် ... ဒါက ငါ နေချင်လို့ ... နေတာ မဟုတ်ဘူး၊ မင်း ... လိုချင် နေတဲ့ နဂါး အရွတ်က ရှာရ ခက်တယ်၊ ဒါကြောင့် အဲဒီ ကောင်မလေးက၊ ...

... ငါ့ကို ကြယ်ခန်းမမှာ တည်းခိုပြီး၊ တစ်ခါတည်း စောင့်ယူ သွားဖို့ ... တောင်းဆို ခဲ့တာ၊ ငါ ပြန်ချင် တာတောင် ပေး မပြန်ဘူး။ ”

“ ပစ္စည်း ဘယ်မှာလဲ။ ”

“ ဟဲဟဲ ... ၊ ဒီမှာ ... ရှေးဟောင်း နဂါး အရွတ်ကို၊ ကောင်းကင် ဝိညာဉ် ရေးရာ ဆရာ သခင်က၊ သန့်စင်ပေး လိုက်တယ်၊ မင်း အတွက် အဲဒီ ကောင်မလေးက အများကြီး လုပ်ပေး ခဲ့တာပဲ။ ”

ကူကျွင့်က သေတ္တာ အရှည် တစ်လုံးကို ထုတ်ယူကာ၊ ဖြေလာ သောကြောင့် လင်းယွန်မှ အံ့သြ သွားပြီး၊ အန်းလျူယွန်အား ရုတ်တရက် သတိ ရလာ မိတော့သည်။

***

All Chapters