တပည့်ကြီး ... ။
Vol. 124 Ch. 1730
ကူကျွင့်က သေတ္တာ ထဲမှ နူးညံ့သော ကြိုးနှစ်ချောင်းကို ထုတ်ယူ နေသည်အား၊ စောင့်ကြည့် နေမိသည်။
ကြိုး များမှ အလင်း ရောင်များ ထုတ်လွှတ်နေပြီး၊ နဂါး အရွတ် ဖြစ်ကြောင်း၊ သဲလွန်စ မကျန် ခဲ့ချေ။
ကောင်းကင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ပါးမှ၊ နဂါး အရွတ်၏ အနှစ် သာရကို ထိန်းသိမ်းကာ၊ အလင်း ကြိုးများ အဖြစ် သန့်စင် ပေးခဲ့ခြင်း ဖြစ်သည်။
သူ မှာထားသည့် ပုံကြမ်း အတိုင်း အလင်းကြိုး များ၏ အရွယ် အစားမှာ၊ ချိန်ခွင် လျှာထက်၊ ပို၍ အပြားကြီး ပေးထား၏။
“ တကယ့် ရှေးဟောင်း နဂါးရဲ့ အရွတ် တွေပဲ။ ”
လင်းယွန်မှ ပြောလိုက်သည်။ နဂါးပြာ အရိုးနှင့်၊ မိုးပြာ နဂါး ခန္ဓာ ကိုယ်ကို လေ့ကျင့် ထားသောကြောင့်၊ ယင်းအား ခံစား နိုင်၏။
နဂါး အရွတ် များသည်၊ ထိန်းသိမ်းရ ခက်ခဲလှပြီး၊ နဂါး အရိုး များထက် ရှားချေ၏။ ၎င်းဘေးရှိ ဘိုးတံကို သတိ ထားမိ သွားသော ကူကျွင့် တစ်ယောက်၊ ရှုပ်ထေွး လာသည်။
“ ဒါ ... နတ်နဂါး သစ်သားပဲ၊ ဘာလုပ် ဖို့လဲ။ ”
ကူကျွင့်အား လင်းယွန်မှ ပြန် မဖြေချေ။ အဲဟူကို ထုတ်ကာ အလင်း ကြိုးများ တပ်ဆင် လိုက်သည်။
နတ်နဂါး သစ်သား၏ တန်ဖိုးကို နတ် ပိုးစားပင် သစ်သားနှင့် နှိုင်းယှဉ်၍ မရ နိုင်သော် ငြားလည်း၊ အဖိုးတန် နတ်သစ်သား ဖြစ်နေ ဆဲ ဖြစ်သည်။
“ ဒီကောင်မလေး ဘာကြောင့် ... ကြာနေ ရတာလဲလို့ တွေးနေတာ၊ သူက မင်း တောင်းဆို သမျှကို၊ အကောင်း ဆုံးတွေ ပေးမို့၊ လုပ်ဆောင် နေခဲ့ တာကိုး။ ”
ကူကျွင့်က လင်းယွန် လုပ်ဆောင် သမျှကို စိုက်ကြည့်ပြီး၊ အန်းလျူယွင် အပေါ် သုံးသပ် နေ ခဲ့သည်။ မည်မျှ ကြိုးစား စေကာမူ၊ ကြိုးတပ်၍ မရသေးခေျ။
“ ပေး ... ၊ မင်း လက်တွေက ... ဓားကိုင်ဖို့ အတွက်ပဲ သင့်တော်တယ်။ ”
ကူကျွင့်မှ အထင် အမြင် သေးစွာဖြင့် နှာခေါင်းရှုံ့ကာ၊ အဲဟူနှင့် အလင်းကြိုး များကို၊ လုယူ လိုက်သည်။
“ ရော့ ဒီမှာ ... ရပြီ၊ ဒါပေမယ့် ဒါက ရှေးဦးခေတ် ကတည်းက ပျောက်သွား ခဲ့တဲ့၊ ဂီတ အမျိုး အစားပဲ ... ၊ ကြာ နေပြီ၊ ဘယ်လို ကစားရ မလဲ ဆိုတာ၊ ...
... ဘယ်သူမှ မသိ ကြဘူး၊ ပွဲတော်မှာ ... ဝှက်ဖဲ အဖြစ် သုံးဖို့ ... စိတ်ကူး နေရင်တော့ အလကား ဖြစ်မှာ သေချာတယ်။ ”
ကူကျွင့်က အဲဟူအား ပြန်ပေးပြီး ပြုံးလိုက်သည်။
“ သေချာ လို့လား။ ”
လင်းယွန်က ဘိုးတံကို ကြိုးများပေါ် တင်ကာ၊ ဘယ်ညာ တစ်ချက် ပွတ်ဆွဲ ပစ်လိုက် လေသည်။
“ အု ... အူ .... ... ၊ အူ ..... ။ ”
ထူးခြားသော လေသံများ အဲဟူ ထံမှ ထွက်ပေါ် လာ၏။ အသံမှာ ငိုကြွေးသံ ကဲ့သို့ အည်ပြီး ထွက်လာခြင်း ဖြစ်သည်။
ထိုအသံမျိုး တစ်ကြိမ်မျှ မကြားဖူး သဖြင့်၊ ကူကျွင့် တစ်ယောက် တုန်သွား၏။ ထို့နောက် ချိုအီသော အသံ ဆက်၍ ထွက်ပေါ် လာသည်။
၎င်းမှာ မကြား ဖူးသော တေးသွား တစ်ပုဒ်ဖြစ် နေသည်။ ယုံနိုင်ဖွယ် မရှိချေ။ ကြား ရသူ တိုင်းကို ဝမ်းနည်း သွားစေ နိုင်သည်။ ဤ တူရီယာ အတွက် သီးသန့် ရေးဖွဲ့ ထားသော တေးသွား ဖြစ်ပုံ ရသည်။
“ တကယ် အလုပ် လုပ်တာပဲ။ ”
ဘိုးတံဖြင့် ကြိုးများကို ထိန်းကာ၊ လင်းယွန်မှ ပြုံးသည်။
“ အဲဒီ သီချင်းက ဘာ သီချင်းလဲ ... ၊ ဒီတူရိယာနဲ့ ပတ်သတ်တဲ့ တေးသွားတွေ .. နုတ် တွေက ပျောက်နေတာ ကြာပြီ မဟုတ် ဖူးလား၊ မင်းက ဘယ်လိုလုပ် တီးတတ် တာလဲ။ ”
ကူကျွင့် ထံမှ မေးခွန်းများ တရစပ် ထွက်လာ၏။
“ လရောင် အလင်း ပြန်ခြင်း ... ။ ”
လင်းယွန်က ပြန်ဖြေသည်။ ထိုသီချင်းကို ယခင် ဘဝ၌ နားထောင် ဖူးပြီး၊ မမှတ်မိ ခဲ့ချေ။ ဂီတကို သင်ယူ ပြီးနောက် မှသာ၊ ကြားဖူးသော သီချင်း အမျိုးမျိုး အပေါ်၊ နားလည် လာခြင်း ဖြစ်သည်။
မပြည့်စုံသော နုတ်အချို့ ကိုပင်၊ သူ့ နားလည်မှုဖြင့် ဖြည့်စွက် လာနိုင်၏။ ဤသီချင်း သည် လက်ရည် စမ်းခြင်း မျှသာ ပေပင်။
အဲဟူအား နတ်ပိုးစာပင် သစ်သားဖြင့် ပြုလုပ်ထား သောကြောင့်၊ ကောင်းကင် ဘုံက ပိုးစာပင်ကို၊ ‘ကစား’ ချင်သည်။
“ မင်းက ဉာဏ်ကြီးရှင်ပဲ။ ”
ကူကျွင့်မှ ချီးကျူး လိုက်သည်။
“ ဒါက မလုံလောက် သေးဘူး၊ ဂီတ တာအိုမှာ၊ ငါ့ရဲ့ အုတ်မြစ်က အရမ်း နိမ့်ပါးတယ်၊ တခြား ကျွမ်းကျင်သူ တွေနဲ့ ယှဉ်ရရင်၊ အားနည်း ချက်တွေ ရှိတယ်။ ”
လင်းယွန်က ခေါင်းခါ လိုက်သည်။ ဤအဲဟူအား ဝှက်ဖဲ အဖြစ်သာ သုံးနိုင်ကြောင်း နားလည် ထားသည်။
ထို့ကြောင့် ၎င်းအပေါ် အရာ အားလုံး မမီခိုနိုင်ချေ။ သေချာမှု ရှိစေ လိုသော် နတ်ဖီးနစ် အတွေ့ကို၊ နောက်တစ်ဆင့် ချိုးဖြတ် ရပေမည်။
ပွဲ ကျင်းပရန် အချိန်များ လိုအပ် နေသေး သောကြောင့်၊ ကူကျွင့် နေအိမ်၌ပင် လေ့ကျင့်ရန် ဆုံးဖြတ် လိုက်သည်။
ကောင်းကင် ဘုံက ပိုးစာပင်အား၊ ဗျပ်စောင်းဖြင့် ဦးစွာ တီးခတ်ပြီး၊ ကူကျွင့် ထံမှ အကြံဉာဏ် တောင်းခံ မိသည်။
သူတော်စင် အသံတွင် အဆင့် (၃)ဆင့် ရှိသည်။ ၎င်းမှာ သူတော်စင်၊ မဟာ သူတော်စင် နှင့် သူတော်စင် ဘုရင် တို့ ဖြစ်သည်။
(ကျင့်ကြံမှု ကိုမူ၊ သူတော်စင် သခင်၊ သူတော်စင် ဘုရင်နှင့် မဟာ သူတော်စင် ဟူ၍ ခွဲခြား ထားသည်။ )
အဆင့် တိုင်းသည် ခက်ခဲ လှသဖြင့်၊ ကွာခြားချက်မှာ ကွာပြား လွန်းသည်။ ကူကျွင့် သည် သူတော်စင် ဘုရင် အသံကို ရရှိ ထား သည်မှာ၊ ကြာပြီ ဖြစ်သည်။
ဧကရာဇ် အသံ ရရန်၊ ခြေ တစ်လှမ်းသာ လိုတော့၏။ သို့သော် အချိန် ကြာမြင့်စွာ၊ ပိတ်မိ နေခဲ့သည်။
နှစ်ယောက်သား အပြန် အလှန် တီးခတ် ခြင်းဖြင့်၊ များစွာ သင်ယူ နိုင်ခဲ့ပြီး၊ အဲဟူနှင့် ပို၍ ရင်းနှီး လာခဲ့သည်။
“ အဖိုးကြီး ကူ ... ၊ မဟာ သူတော်စင် အသံ ဆိုတာ ဘာလဲ။ ”
လင်းယွန်မှ မေးသည်။ ကူကျွင့်က အဲဟူ ထိုးခြင်းကို ရပ်လိုက်ကာ၊ ငုံ့ကာ နမ်းရှုံ့လျက် ပြုံးသည်။
“ သူတော်စင် အသံ ဆိုတာ ... ၊ ကမ္ဘာ တစ်ဝှမ်း၊ လေထဲ ပျံ့လွင့် နေတဲ့ အသံ တွေကို၊ ဂီတနဲ့ ထင်ရှားအောင် ပြသ ရတာပဲ၊ နုတ် တွေက ဖြစ်စဉ်ကို ပံ့ပိုး ပေးတယ်၊ ဒါကြောင့် သူတော်စင် လေ လိုလည်း ခေါ်တယ်၊ ...
... မဟာ သူတော်စင် အသံ ... ဆိုတာ ကတော့၊ ဘဝ တစ်ခုလုံးရဲ့ အသံ တွေပဲ၊ နုတ် တစ်ခု စီမှာ ဝိညာဉ် ရှိတယ်၊ ဂီတ ရပ်လိုက် ရင်တောင်၊ ဆက်ပြီး တည်နေ နိုင်တယ်၊ ...
... ဆင့်ခေါ် ထားတဲ့ ဖြစ်စဉ် တွေက၊ သက်ရှိအစစ် အမှန်တွေ လိုမျိုး တည်ရှိတယ်၊ ဥပမာ ... ။ ”
“ အူ ... ။ ”
ကူကျွင့်က တေးသွား အချို့အား အဲဟူဖြင့်၊ ကစားပြ လာသည်။ ဘိုးတံကို ရပ်ပြီး သည့်တိုင်၊ မိုးခြိမ်း သံများ တဟုန် ထိုးမြည်လျက်၊ လေထုအား တုန်ခါ စေတော့၏။
“ အူ ... ။ ”
၎င်းအား အာရုံစိုက် နေစဉ်၊ နောက်ထပ် တေးသွား တစ်ခု မွေးဖွား လာပြန်၏။ ဤနည်း ဖြင့် အသံများ ထပ်လာကာ၊ လင်းယွန် ခန္ဓာ ကိုယ်အား ယိမ်းထိုး သွားစေသည်။
“ ဟား ဟား ဟား ... ဒါက အရမ်း ကျေနပ်စရာ ကောင်းလိုက်တာ၊ နတ်ပိုးစာ သစ်သားရဲ့ အစွမ်းပဲ၊ ထားပါ ... သူတော်စင် ဘုရင် အသံ ဆိုတာ ဘာလဲ၊ အခု ငါပြမယ်။ ”
ကူကျွင့် ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်နေပြီး၊ အဲဟူအား စတင် ကစား တော့၏။ ဤတစ်ကြိမ်၌ အသံမှာ ပြောင်းလဲ သွားသည်။
မုန်တိုင်း တစ်စင်း ပေါ် လာပြီး၊ ကောင်းကင် နှင့် မြေကြီး တုန်ခါ လာခဲ့၏။ လင်းယွန် မျက်နှာ ပြောင်းလျက်၊ လက်နှစ်ဖက်ကို ကြက်ခြေခတ် သဏ္ဍာန် ပိတ်ဆို့ လိုက်ရသည်။
“ အူ ... ။ ”
သို့တိုင် အဲဟူမှ လာသော ရောင်ဝါမှာ၊ သူ့အား လွင့်စဉ်စေသည်။ ထို့ကြောင့် ကိုယ်ဟန် ထိန်းညှိလျက်၊ မြေပြင်ပေါ် ဆင်းသက် လိုက်ရ သည်။
တစ်ဖက်တွင် ကူကျွင့် ရောင်ဝါမှာ၊ ကြောက်မက်ဖွယ်ရာ အမြင့်သို့ ရောက်ရှိ သွား လေသည်။
သူ့နောက်၌ စစ်မြင်း တစ်ကောင် ပြေးလွှား နေပြီး၊ တေးသံက စွဲမက်ဖွယ် ကောင်း လာခဲ့၏။ ဤအဘိုးအိုအား မမြင် နိုင်မှန်း သိလိုက် ရသော ကြောင့်၊ လင်းယွန်မှ အံ့အားသင့် သွားသည်။
၎င်းသည် သာမာန် အချိန် များ၌ တော်ဝင် သူတော်စင် ဆေးလုံးအား၊ အရှက် မဲ့သော အပြု အမူ များနှင့်၊ ရယူ တတ် ပေသည်။
ယခုမူ ထိုသို့သော အဖိုးကြီး တစ်ဦး အသွင်နှင့်၊ လုံးဝ ခြားနား နေခဲ့၏။ လျူချန်ရှင်း အား လက်မောင်း ဖြုတ်ယူ ခဲ့သည့် ဖြစ်စဉ်ကို၊ ပြန်မြင် လာသည်။
အထွတ် အထိပ် နိဗ္ဗာန် အဆင့်၊ တေရ သမတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်နှင့်၊ သူတော်စင် ဘုရင် အသံကို၊ ပိုင်ဆိုင် ထားသည့်၊ ပညာရှင် တစ်ယောက်အား၊ သူ အထင်သေး ရှုမြင် နေမိ ခဲ့ကြောင်း၊ သိမြင် လာတော့သည်။
သာမာန် သူတော်စင် သခင် ပင်လျှင်၊ ကူကျွင့်အား နှိမ်နှင်း နိုင်မည် မဟုတ်ချေ။ ယင်း ကြောင့် ကူကျွင့်၏ မူလကို၊ သိချင် လာစေ ခဲ့သည်။
“ ဘယ်လိုလဲ ... ။ ”
ကူကျွင့်က အဲဟူအား ရပ်ကာ၊ လင်းယွန်ကို မေးဆတ်ပြ လိုက်သည်။
“ မဆိုး ပါဘူး။ ”
အံ့ဩ နေသော်လည်း၊ လင်းယွန်က မထူးခြားသော အသွင်ဖြင့်၊ ပြန်ဖြေ လိုက်၏။
“ မင်းမှာ ... မျက်လုံးတွေ ရှိပေမယ့် ... ၊ (Tai)တောင် ထိပ်ကို မမြင် နိုင်ဘူး၊ ကောင်းကင် ရနံ့ သင်းသင်းမှာ၊ ခန်းမ သခင် နဲ့၊ သူတော်စင် အကြီးအကဲ ကသာ၊ ငါ့အပေါ် ... ဒီလို မှတ်ချက် မျိုး ပေးဖို့၊ အရည်အချင်း ပြည့်မီတယ်။ ”
ကူကျွင့်က မကျေ မနပ်ဖြင့် ပြုံးကာ ပြောလာသည်။
“ သူတော်စင် အကြီး အကဲ မုက ... ၊ မင်းထက် အသက် ငယ်တယ်၊ ဧကရာဇ် အသံ ကို ဘေးဖယ် ထားဦး၊ ကျင့်ကြံမှု မှာတောင် အမည်ခံ သူတော်စင် ဖြစ်နေပြီ။ ”
“ ငါ့ကို ဒေါသ ထွက်ပြီး ... ၊ မြန်မြန် သေစေချင် နေတာလား၊ မင်းမှာ ယဉ်ကျေးမှု လုံးလုံး မရှိ ဖူးလား။ ”
လင်းယွန် စကားကြောင့် ကူကျွင့် တစ်ယောက် မျက်လုံးပြူး လာသည်။ လင်းယွန် မှ ပြုံးပြီး ဆက်မပြော တော့ဘဲ၊ ဗျပ်စောင်းအား ထုတ်ကာ၊ ဖီးနစ် နှလုံးသားကို တီးခတ်ရန် ပြင်တော့၏။
နတ်ဖီးနစ် အတွေ့အား အသုံး ပြုသော အခါတွင်၊ လက်ချောင်းများ လျှပ်စီး လက်သည့် အလား၊ မှုန်ဝါးလာ တော့သည်။
သူ့ သီချင်း သည်လည်း ထူးဆန်းကာ၊ လူ အနည်းငယ်သာ သိလေသည်။ မိုးကြိုး မုန်တိုင်း ဗျပ်စောင်း ထံမှ ဖီးနစ် အော်သံက၊ ပဲ့တင်ထပ် နေစဉ်၊ ကူကျွင့် ထွက်ခွာ သွားတော့သည်။
“ ဒင် ... ။ ”
အထွတ် အထိပ် ရောက်သော အခါ၊ မီးလျှံများ သူ့ခန္ဓာကိုယ် မျက်နှာပြင် ပေါ်၌၊ ရုတ်တရက် လောင်ကျွမ်း လာ၏။
“ ကျီး ... ။ ”
ဖီးနစ် အော်မြည်သံ နှင့်အတူ၊ သူ့ခန္ဓာ ကိုယ်မှ ဖီးနစ် တစ်ကောင် ကောင်းကင်ပေါ်၊ ပျံတက် သွားတော့သည်။
“ နောက်ဆုံးတော့ ... နတ်ဖီးနစ် အတွေ့ကို ငါ ပိုကျွမ်းကျင် လာပြီ။ ”
လင်းယွန်မှ သက်ပြင်း ချကာ ရေရွတ် လိုက်သည်။ ခရမ်းငယ်သာ ရှိနေပါက၊ သေချာ ပေါက် ပြစ်တင် ပေလိမ့်မည်။
နဂါးလေးနှင့် ခရမ်းငယ်တို့ မည်သည့် အရာများ လုပ်ဆောင် နေမည်ကို၊ တွေးမိ လာ ၏။
သူတော်စင် သခင် တစ်ပါးပင်၊ အန္တရာယ် ရှိစေသော တားမြစ် ဇုန်၌၊ အဆင်ပြေ မည်ဟု ထင်သည်။
“ ငါတို့ ကောင်းကင် တာအို ဂိုဏ်းမှာ တွေ့ကြမယ်။ ”
လင်းယွန်က မိုးကြိုး မုန်တိုင်း ဗျပ်စောင်းနှင့် အဲဟူကို ပိုက်ပြီး၊ ကူကျွင့် နေအိမ်မှ ထွက်လာ ခဲ့ လေသည်။
မထွက် ခွာမီ နဂါး ဝိုင်နှင့် တော်ဝင် သူတော်စင် ဆေးလုံး အများ အပြားကို ထားရစ် ပေးခဲ့၏။
နေဝင်ရီ တရော အချိန်၌၊ ကူကျွင့် တစ်ယောက် နေအိမ်သို့ ပြန်ရောက် လာသော အခါ၊ ထိုလက်ဆောင် များကို မြင်ပြီး၊ ခေတ္တမျှ အံ့အားသင့် သွားလေသည်။
နိဗ္ဗာန် ပွဲတော် ကျင်းပရန် ခုနစ်ရက်သာ လိုပေတော့ သည်မို့၊ လင်းယွန်က နှင်းတောင် ထိပ်သို့၊ ခရီးဆက် လာခဲ့သည်။
ရေကန် ပေါ်တွင်၊ နှင်းပွင့် ကလေး အလား၊ ကခုန် နေသော၊ ယွဲ့ဝေဝေထံ ငေးကြည့် လိုက်မိ သည်။
ကောင်းကင်ဘုံ ကိုးပါး ကကြိုးသည် ရှုပ်ထွေးပြီး၊ ကိုးပါး ကောင်းကင် ချပ်ဝတ် ဖြင့် ပင်၊ ကကွက် (၁၅)ကွက် မျှသာ ကျွမ်းကျင် ခဲ့၏။ နောက်ဆုံး (၃)ကွက် အပေါ်၊ သူမ နားမလည် နိုင်သေးချေ။
၎င်းသည် အဆင့်မြင့်၊ နဂါး ဝိညာဉ် အဆင့် သိုင်းပညာရပ် အဖြစ် ယူဆ နိုင်ပြီး၊ လိုအပ်ချက် မြင့်မား သည်မှာ အမှန် ပေပင်။
ယွဲ့ဝေဝေ၏ လက်ရှိ ကျင့်ကြံ မှုနှင့်၊ ဤမျှသော အောင်မြင်မှုအား ရရှိခဲ့ သည်မှာပင်၊ ကောင်းကင်ကို အံတု နေပြီ ဖြစ်၏။
သို့သော် ခန်းမ သခင်နှင့် သူတော်စင် အကြီးအကဲမှ၊ ယွဲ့ဝေဝေအား ချီးကျူးခြင်း မပြု ခဲ့ချေ။
အပြာဝတ် လူငယ် တစ်ယောက် သူတော်စင် အကြီးအကဲ ဘေးတွင် ယှဉ်ရပ် နေသောကြောင့် လင်းယွန် ခြေလှမ်းများ တုန့်နှေး သွားသည်။
ရုတ်တရက် အငွေ့ အသက်ကြောင့်၊ အပြာဝတ် လူငယ်က သူ့ထံ လှည့်ကြည့် လာ လေသည်။
ဤလူသည် ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်ကြီး ဖြစ်၏။ ထို့ကြောင့် ၎င်းက သူ့အား စစ်ဆေး ကြည့်ကာ၊
“ ဂျူနီယာ ညီမလေးကို ... ကိုးပါး ကောင်းကင် ချပ်ဝတ် သီချင်းနဲ့ မင်းက ကူညီ ပေးနေ တယ်လို့ ... ၊ သူတော်စင် အကြီး အကဲ ထံက ငါ ကြားတယ်။ ”
“ ဒီအတွက် ပြဿနာ ရှိလို့လား။ ”
လင်းယွန်က လမ်းလျှောက် လာလျက်မှ ထိုသူ၏ စကားအပေါ်၊ ပြန်လည် မေးခွန်း ထုတ် လိုက်သည်။
အဆိုပါ လေသံကြောင့်၊ အပြာဝတ် လူငယ်ခမျာ၊ အံ့အားသင့် သွားပြီး မျက်ခုံးပင့် လိုက်တော့၏။ ဤလူသစ် ကလေးသည် အနည်းငယ် စိတ်ဆတ်ပုံ ရလေသည်။
***