ခိုကိုး ရာမဲ့။
Vol. 124 Ch. 1731
“ သူတော်စင် အကြီး အကဲက စီစဉ်ပြီး မှတော့ ... သဘာဝ အတိုင်း ပြောစရာ မရှိ ပါဘူး။ ”
အပြာဝတ် လူငယ်မှ လင်းယွန် လေသံကို မကြိုက် သော်လည်း၊ အပြုံးဖြင့် ပြန်ပြော လေ သည်။
ဤလူငယ်သည် မည်သည့် နေရာမှ လာခဲ့သည်ကို သိချင် လာ၏။ ကောင်းကင် ရနံ့ သင်းသင်းရှိ၊ သူ့ ဂုဏ်သတင်းကို လွှဲယူ သွား သည်သာ မက၊ ကိုးပါး ကောင်းကင် ချပ်ဝတ် အား၊ တီးခတ် နိုင်ခဲ့သည်။
သည်မလာခင် လင်းယွန်အား တပည့်ကြီး ဟူသော ရာထူးဖြင့်၊ ခြိမ်းခြောက်ရန် စိတ်ကူးခဲ့ သည်။ သို့သော် ၎င်းမှ လက်ခံ လိုပုံ မရချေ။
“ လင်းရှောင် ... သူက ကောင်းကင် ရနံ့ သင်းသင်းရဲ့ တပည့်ကြီး ရန်တျန်းချန်ပဲ၊ နိဗ္ဗာန် ပွဲတော် အတွက်၊ နတ်တောင်ပေါ် သွားရောက် လေ့ကျင့်ရာ ကနေ ပြန်လာတာ၊ နိဗ္ဗာန် ပွဲတော်မှာ ဦးဆောင် လိမ့်မယ်။ ”
မုရွယ်လင်မှ လင်းယွန်အား မိတ်ဆက် ပေးသည်။
“ နိဗ္ဗာန် ပွဲတော်မှာ ... စည်းကမ်း သတ်မှတ်ချက် ရှိလား။ ”
ယင်းကို လင်းယွန်က လျစ်လျူရှုပြီး မေးသည်။
“ တျန်းချန်၊ ပြောပြလိုက် ... ။ ”
မုရွယ်လင်မှ တိုက်ရိုက် အဖြေ တော့ချေ။
“ အရင် တုန်းက နိဗ္ဗာန် ပွဲတော် ဆိုတာ ဂီတအိမ် လေးလုံးကြား ပြိုင်ပွဲပဲ ... ၊ ဒါပေမယ့် ဒီတစ်ကြိမ်တော့ မြင့်မြတ်မြေ ခြောက်ပါး အပြင်၊ ခွန်လွန် အနှံ့က ဂီတ မိသားစု တွေကို လည်း ဖိတ်ခေါ် ထားတယ်၊ ဂီတ မိသားစု (၁၀)ပါးထဲ ကတောင် လာနိုင်တယ်။ ”
ရန်တျန်းချန်က ခေတ္တ ရပ်နား လိုက်ပြီး၊
“ ခန့်မှန်းချက် အရတော့ ... ၊ ဂီတ ပညာရှင်ပေါင်း၊ အနည်းဆုံး တစ်သောင်း နီပါး ပါဝင်လာ လိမ့်မယ်။ ”
အထက်ပါ အရေ အတွက်ကြောင့် အံ့အားသင့် သွား၏။ မုရွယ်လင် တစ်ယောက် အဘယ်ကြောင့်၊ ဤမျှ ဖိအား မထားခဲ့ သည်ကို ရုတ်တရက် နားလည် လာသည်။
ဂီတ မိသားစု ဆယ်ပါး သည်သာ ရောက်လာသော်၊ ဂီတအိမ် လေးလုံး ဟူသည် ပိုးစုန်းကြူး အလား မှိန်ဖေျာ့ သွားပေမည်။
ဂီတ မိသားစု (၁၀) ပါသည် ကျွမ်းကျင် ပညာရှင် တစ်ပါး၏ အမွေကို ပိုင်ဆိုင် ထား ချေ၏။
အချို့သော မိသားစု များတွင်၊ ကျွမ်းကျင် ပညာရှင် တစ်ပါးပင်၊ သက်ရှိ ထင်ရှား ရှိနေ၏။ ၎င်းတို့မှာ နတ်နဂါး အသံကို ဆုပ်ကိုင် ထားပြီး ခွန်အား အရာ၌၊ ဧကရာဇ် များနှင့် ယှဉ် နိုင်သည်။
“ ဒီတစ်ကြိမ် ဆုကြေးက ရက်ရောတယ်၊ ထိပ်တန်း ဆယ်ဦး စာရင်း ဝင်ခဲ့ရင်၊ ရှေးဟောင်း တေးသွား၊ နဂါးဝိုင် ဆယ်မျိုးနဲ့ တော်ဝင် သူတော်စင် ဆေးလုံး တစ်ရာ ပေးအပ် လိမ့်မယ်။ ”
ရန်တျန်းချန်မှ ပြောပြသည်။
“ နိဗ္ဗာန် နန်းတော်က ... ဒီလောက် များပြားတဲ့ ... အရင်း အမြစ်တေွ ပေးပြီး၊ သူတို့ ဘာပြန် ရလဲ။ ”
ထိုသို့ တစ်ကြိမ်မျှ မတွေး ကြည့်ဖူး သောကြောင့်၊ ရန်တျန်းချန်မှာ အနည်း ငယ်မျှ တုန့်ဆိုင်း သွားလေသည်။ ယင်းကို သူ တစ်ကြိမ်မျှ မစဉ်းစား ဖူးချေ။
“ နိဗ္ဗာန် နန်းတော်က ဂီတ တာအိုမှာ ထူးချွန်တဲ့ လူတွေထဲ ကနေ ဒဏ္ဍာရီ ဆန်တဲ့၊ ကောင်းကင် အသံကို တစ်စုံ တစ်ဦး ဖန်တီး နိုင်မလားလို့ မျှော်လင့် နေတာ။ ”
မုရွယ်လင်မှ ရန်တျန်းချန် အစား ဝင်ဖြေသည်။
“ ကောင်းကင် အသံလား ... ။ ”
ရန်တျန်းချန် တစ်ယောက် အံ့သြ သွားပြီး၊
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ၊ ရှေးဦးခေတ်တုန်း ကတောင် ကောင်းကင် အသံ ကို၊ ဘယ်သူမှ မဖန်တီး နိုင်ခဲ့ဘူး။ ”
-ဟု ပြောဆို လာသည်။
“ ဒါက နိဗ္ဗာန် နန်းတော်ရဲ့ ကိစ္စပဲ၊ အရည် အချင်းသာ လုံလုံ လောက်လောက် ပြသ နိုင်ရင်၊ သူတို့က ဆုလာဘ် တွေ ပေးဖို့၊ တွန့်ဆုတ် နေမှာ မဟုတ်ဘူး၊ ...
... ချန်ပီယံကို သူတို့ရဲ့ ... ရတနာ တိုက်ဆီ ဖိတ်ခေါ် လိမ့်မယ်၊ ငရဲ ပင်လယ်မှာ အခု ချိန်ထိ ရပ်တည် နေနိုင်တာ၊ အုတ်မြစ် ကတော့ ပေါ့သေးသေး မဟုတ်ဘူး။ ”
“ နိဗ္ဗာန် နန်းတော် ဘဏ္ဍာတိုက်ကို ဝင်ခွင့် ရမှာလား။ ”
ရန်တျန်းချန်၏ မျက်ဝန်း အတွင်း၌ လောဘ မီးလျှံများ တောက်လောင် လာသည်။
“ သူတို့မှာ နဂါးဝိုင်၊ ထောင်စုနှစ် မီးလျှံနဲ့၊ နတ်ဘုရားတွေ ချက်တဲ့ ဒဏ္ဍာရီလာ လမင်းဝိုင် တောင်၊ ရှိတယ်လို့ ကြားမိတယ်။ ”
နဂါးဝိုင်၊ ထောင်စုနှစ် မီးလျှံနှင့် လမင်းဝိုင်။ ထိုစကားလုံး များက လင်းယွန်အား၊ စွဲဆောင် သွားသည်။
ဤနိဗ္ဗာန် နန်းတော်သည်၊ မိုးပြာ နဂါး မျိုးရိုးနှင့် ဆက်နွှယ်မှု ရှိနိုင်ကြောင်း ပို၍ ခိုင်မာ လာတော့၏။
“ ဘာတွေ ပြောနေကြ တာလဲ ... ။ ”
ရုတ်တရက် ယွဲ့ဝေဝေက ကောင်းကင်မှ ဆင်းသက် လာပြီး မေးမြန်း၏။ ကောင်းကင်ဘုံ ကိုးပါး အကကို လေ့ကျင့်ပြီး ချေပြီ။
“ နိဗ္ဗာန် ပွဲတော် အကြောင်းပါ ... ။ ”
လင်းယွန်က ပြုံးကာ ပြန်ဖြေ သည်။
“ အိုး ... ပွဲတော်က ခုနစ်ရက်ပဲ ... လိုပါ တော့တယ်၊ စီနီယာ အစ်ကို ... နင် ပြန်လာတာ ဒီအတွက်လား။ ”
ယွဲ့ဝေဝေက သူ့အား လှည့်မေး သဖြင့် ရန်တျန်းချန်မှ ခေါင်းညိတ် ပြမိ၏။ တစ်ချက် ကြည့်ရုံဖြင့် လင်းယွန်နှင့် ယွဲ့ဝေဝေ တို့သည်၊ မရိုး ရှင်းကြောင်း ပြောနိုင်သည်။
ယွဲ့ဝေဝေနှင့် သိကျွမ်း ခဲ့သည်မှာ တစ်နှစ် ကြာပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၏ အကျင့် စရိုက်ကို၊ သဘာဝ ကျကျ သိထား ခဲ့၏။
အမြဲတမ်း ပြုံးနေ သော်လည်း၊ မည်သူ့ကို မဆို၊ ခပ်ခွာခွာ နေလေ့ ရှိသည်။ သူမ ထိန်းထား သော အကွာ အဝေးထက်၊ ပို၍ မည်သူ့မျှ တိုးကပ် နိုင်မည် မဟုတ်ချေ။
ယခုမူ သူမ ကပင်၊ လင်းယွန် အနား တိုးကပ်ကာ၊ ရပ်နေသည်။ ယင်းကို သူတော်စင် အကြီး အကဲမှ၊ မျက်ကွယ်ပြု နေ၏။
သည်ကောင်လေးနှင့် သူမ ညီမအား ကျေနပ်နေပုံ ပေပင်။ ထိုအတွေးက သူ့အား နာကျင် စေသည်။
“ ခုနစ်ရက်ပဲ လိုတော့တယ် ဂျူနီယာ ညီမလေး၊ မင်း ... အရမ်းကြီး ပင်ပန်းခံ နေစရာ မလို ပါဘူး၊ ကောင်းကောင်း အနား ယူပါ။ ”
ရန်တျန်းချန်မှ နာကျင် သော်လည်း၊ အပြုံးမပျက်ခေျ။ သူ့ကားကို တစ်စုံ တစ်ဦးမှ တုန့်ပြန်ခြင်း မပြု နိုင်မီ၊ လှည့်ထွက် လာခဲ့ မိသည်။
လေထု ပုံမှန် မဟုတ်ကြောင်း မြင်သာ စေ၏။ လင်းယွန်က ရန်တျန်းချန် နောက်ကျော ကို ကြည့်ပြီး၊ အတွေးများ နေမိသည်။
ယောက်ျား တစ်ယောက် အနေနှင့် အကြောင်း ရင်းအား အကြမ်းဖျင်း နားလည် နိုင်သည်။
“ တျန်းချန် ပြောတာ မှန်တယ် ... ၊ ခုနစ်ရက်ပဲ လိုတော့ တာမို့၊ လေ့ကျင့် နေလည်း အပိုပဲ၊ ဒီရက် တေွမှာ မင်းတို့ နှစ်ယောက် ကောင်းကောင်း အနားယူပါ။ ”
မုရွယ်လင်မှ ပြောပြီး ထွက်ခွာ သွား လေသည်။ သူမ ပျောက်ကွယ် သွားသည်နှင့်၊ ယွဲ့ဝေဝေက သက်ပြင်း ချကာ၊
“ စီနီယာ အစ်ကိုက ... လူကောင်း တစ်ယောက်ပါ အစ်ကိုကြီး လင်း ... ၊ မင်း သူ့ကို စောစောက စိတ်ဆိုးအောင် လုပ်ခဲ့ တာလား။ ”
-ဟု မေးမြန်း လာသည်။
“ အင်း ... ဖြစ်နိုင် ပါတယ်။ ”
လင်းယွန်မှ နှာခေါင်းကို ပွတ်ကာ၊ ပြန်ဖြေ လိုက်သည်။ ရန်တျန်းချန်အား တစ်ဖက်သတ် ရင့်သီးစွာ ဆက်ဆံ မိခဲ့၏။
“ ထင်သားပဲ ... နောက်တစ်ခါ အဲဒီလို မလုပ်ပါနဲ့ အစ်ကိုကြီး လင်း။ ”
ယွဲ့ဝေဝေမှ တောင်းဆို လိုက်သည်။ သူမ စကားကြောင့်၊ လင်းယွန်မှ ပြုံးရုံသာ ပြုံးမိ၏။ မည်သို့ ရှင်းပြ ရမည်မှန်း မသိ ခဲ့ချေ။
ညရောက် ချိန်၌ လင်းယွန် တစ်ယောက် ခြံဝင်းထဲ ဓားရေး လေ့ကျင့် နေမိသည်။ ဓားမှာ နှေးကွေး သော်လည်း၊ အကန့် အသတ်မဲ့ လေးနက်မှု ပါဝင်၏။
“ ရွှပ် ... ။ ”
ထက်ရှသော ရောင်ဝါသည်၊ ပတ်ဝန်းကျင် လေထုနှင့် ရောနှောကာ လှိုင်းအသွင် ဖြစ်ပေါ် လာသည်။
တစ်ချိန်တည်း မှာပင်၊ နဂါး ဟောက်သံနှင့် အတူ၊ ရူရ် တစ်သိန်း အရေပြား ပေါ်၌ ဖွဲ့တည် လာ တော့၏။
နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာ ရပ်အား၊ တတိယ အဆင့်သို့ ရောက် ပြီးနောက်၊ ခန္ဓာ ကိုယ်မှာ၊ တရွေ့ရွေ့ တိုးတက် လာသည်။
“ ဝှစ် ... ။ ”
စတုတ္ထ အဆင့်သို့ ရောက်ပြီး သော်၊ သူတော်စင် မိုးပြာ နဂါး ခန္ဓာနှင့်၊ အတူ တကွ ပေါင်းစည်း နိုင်မည် ဖြစ်၏။ ထိုအချိန်တွင် ခေါင်မိုး ပေါ်သို့ လူရိပ် တစ်ရိပ် ဆင်းသက် လာသည်။
“ ညီလေး လင်း၊ ငါတို့ စကား ပြောလို့ ရမလား။ ”
ရန်တျန်းချန်မှ မေးလာသည်။ သူ့လက် ထဲတွင် ဝိုင်ပုလင်းကို ကိုင်လျက် လင်းယွန်၏ အဖြေအား စောင့်မျှော် နေ၏။
ဆံပင်များမှာ ချည်နှောင်မဲ့ နေပြီး၊ သပ်ရပ်သော အသွင် အပြင်မျိုး၊ ပျောက်ကွယ် နေခဲ့သည်။
“ အစ်ကို ရန်၊ ဆင်းလာပြီး စကား ပြောလို့ ရပါတယ်။ ”
လင်းယွန်က အံသြစွာဖြင့် ခေါင်းညိတ် လိုက်တော့သည်။ ရန်တျန်းချန်မှ ခုန်ဆင်းလျက် ဝိုင်ခွက် တစ်ခွက် ငှဲ့ကာ၊ လင်းယွန်ထံ ကမ်းပေးသည်။
“ သောက်မလား ... ။ ”
“ ဒါပေါ့ ... ။ ”
လင်းယွန်မှ မငြင်းချေ။ ဝိုင်ကို တကျိုက်တည်း မော့သောက် လိုက်ပြီး၊ ခွက် အခွံကို ပြန်ကြည့်ကာ၊
“ မဆိုးဘူး ... ။ ”
-ဟု မှတ်ချက် ပေးလိုက်သည်။
“ ဒါကို နတ်တောင်ပေါ် ကနေ ... ငါ ရလာတယ်၊ ဒါပေမယ့် မင်း ရခဲ့တဲ့ သူတော်စင် အကြီး အကဲရဲ့၊ အနန္တ ပန်းဝိုင် ကိုတော့ မယှဉ် နိုင်ပါဘူး၊ ဒါတောင်မှ ဒီဝိုင်က ထူးထူး ခြားခြား ဖြစ်နေ တုန်းပါပဲ။ ”
ရန်တျန်းချန်မှ ပြုံးကာ ပြောလာသည်။
“ အစ်ကိုရန် ... ၊ မင်း ငါ့ အကြောင်း သိနေ တာပဲ။ ”
လင်းယွန်က အံ့သြ သွား၏။ ဤသည်မှာ လွန်ခဲ့သည့် လပေါင်း များစွာမှ အဖြစ် အပျက် တစ်ခု ပေပင်။
ရန်တျန်းချန်မှ သိ နေလိမ့် မည်ဟု မမျှော်လင့် ထားသည်မှာ အမှန် ဖြစ်သည်။ ရန်တျန်းချန်က ခါးသီးသော အပြုံးကို ထုတ်ဖော်လျက်၊
“ မင်းက ... ဂျူနီယာ ညီမလေး အတွက် ကိုးပါး ကောင်းကင် ချပ်ဝတ်ကို တီးပေး ခဲ့တဲ့ လူပဲ၊ မင်း အကြောင်းကို ငါ သိဖို့ လိုတယ်လေ၊ တကယ်လည်း အထင် ကြီး စရာ၊ ...
... ကောင်းပါတယ်၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ဒဏ္ဍာရီလို့၊ မင်းကို ယူဆ နိုင်တယ်၊ ပထမဆုံး နေ့မှာ၊ မဟာ အကြီး အကဲ ကျင်းယွီကို ရိုက်နှက်ပြီး၊ ...
... သူတော်စင် အကြီး အကဲကို နောက်ပြောင် ခဲ့တယ်၊ မကြာဖူး သူတော်စင် အကြီး အကဲကို၊ ဗျပ်စောင်း ကစားနည်း သင်ပေးတယ်၊ ...
... ဒါတင် ပဲလား ဆိုတော့ ... မဟုတ် သေးဘူး၊ အနောက် ဥယျာဉ်ထဲ တစ်ယောက် တည်း ခိုးဝင်ပြီး၊ လူတိုင်းကို စိန်ခေါ်တယ်။ ”
ရန်တျန်းချန်၏ လေသံတွင် စိတ်ရှုပ် ထွေးသော ခံစားချက်များ ပါဝင်နေ သည်ကို လင်းယွန် မြင်သည်။
“ ဂျူနီယာ ညီမလေးကို ကောင်းကောင်း ဆက်ဆံပါ၊ ဒီလို ပြောဖို့ ငါ့မှာ ... အရည် အချင်း မရှိဖူး ဆိုတာ သိပါတယ်၊ ဒါပေမယ့် သူက ကြင်နာ တတ်တဲ့ မိန်းကလေးပဲ၊ သူမကို တစ်ယောက် ယောက်နဲ့၊ ...
... ဒီလောက် လက်ပွန်းတတီး နေတာ တစ်ခါမှ မတွေ့ ဖူးဘူး၊ ကြည့်ရတာ ... မင်းတို့ နှစ်ယောက် အများကြီး ၊ ဖြတ်သန်း လာဖူး ကြပုံပဲ။ ”
“ အဆင် ပြေပါတယ် ... ၊ အစ်ကိုရန် ဆိုလိုတာကို နားလည်တယ်။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။
“ အဲဒါကို ... ထားလိုက် ရအောင်၊ နိဗ္ဗာန် ပွဲတော်မှာ ... ၊ ငါတို့ အခွင့်ရေး ရှိမယ်လို့ ... မင်း ထင်လား။ ”
“ မပြော တတ်ဘူး ... ၊ မြင့်မြတ်မြေ ခြောက်ပါးနဲ့၊ ဂီတ မျိုးနွယ်စု တေွကို အသာ ထားဦး၊ အခြား ဂီတအိမ် သုံးလုံး ကတင်၊ ကြောက်စရာ ကောင်းနေပြီ။ ”
လင်းယွန်က ပြန်ပြော၏ ။
“ အရမ်း နှိမ့်ချ နေပြန်ပြီ ... ၊ မင်း သန်မာတာ ငါ သိတယ်၊ မင်းကို အထင် သေးတဲ့ လူတိုင်း သေရ လိမ့်မယ်။ ”
ရန်တျန်းချန်မှ ပြုံးလျက် ပြော၏။ မည်သို့ ပြန်ဖြေ ရတော့ မည်ကို မသိသဖြင့် လင်းယွန်က ငြိမ်သက် နေခဲ့သည်။
“ ဘယ်သူပဲ ဖြစ်ဖြစ် ... ၊ ဂီတ မိသားစု ဆယ်ပါးက တစ်စုံ တစ်ယောက်နဲ့ ရင်ဆိုင် ရရင် တောင်၊ တတ်နိုင် သလောက် ကြိုးစား သွား မှာပါ။ ”
ရန်တျန်းချန်မှ သက်ပြင်းချကာ သူ့ကိုယ်သူ ကတိပေး လိုက်သည်။
“ ကောင်းကင် ရနံ့ သင်းသင်းက ... ၊ အကြိမ်ကြိမ် ရှုံးနိမ့် ခဲ့ဖူးတော့၊ ဒီတစ်ကြိမ်မှာ ထပ်ပြီး ရှုံးနိမ့် ဦးမယ် ဆိုရင်၊ လူတော်တော် များများက ငါတို့ဆီ ကနေ၊ ထွက်ခွာ သွားနိုင်တယ်။ ”
ရန်တျန်းချန်၏ လေးကန်း နေသော အသွင်ဖြင့် ဆိုလာ သောကြောင့်၊ ဓားဂိုဏ်းမှ တပည့်ကြီး ကူရို့ချန်အား သတိရ လာမိသည်။
၎င်းတို့ နှစ်ဦး၏ သူတို့ဂိုဏ်း အပေါ် ထားသော ခံယူချက် များမှာ၊ ထပ်တူ နီးပါး တူညီ လေသည်။
“ အစ်ကိုရန် ... ၊ မင်း အရမ်း စိုးရိမ် လွန်နေပြီ၊ လာ သောက်ရအောင် ... ။ ”
လင်းယွန်က ရန်တျန်းချန်အား သဘောကျ သွားသည်။
“ အဲဒီလို မဟုတ် ပါဘူး။ ”
ခေါင်းယမ်းလျက် ရန်တျန်းချန်မှ ဆက် သောက်သည်။ လမင်းကြီး မြင့်တက် လာသော အခါတွင်၊ ရန်တျန်းချန် တစ်ယောက်၊ အိပ်မော ကျ သွားတော့၏။
ထိုအချိန်တွင် ယွဲ့ဝေဝေ ရောက်ရှိ လာကာ၊ အိပ်ပျော် နေသော ရန်တျန်းချန်ကို ကြည့်လိုက် လေသည်။
“ စီနီယာ အစ်ကို ... ဘာဖြစ် နေတာလဲ။ ”
လင်းယွန်မှ သူတို့ စကားဝိုင်း အကြောင်း ပြန်ပြောင်း ပြောပြ မိသည်။ စကားဆုံး သည်နှင့် ယွဲ့ဝေဝေမှ သက်ပြင်း ချကာ၊
“ တကယ်တော့ ... စီနီယာ အစ်ကိုရဲ့ တာဝန်က လေးလံ လွန်းပါတယ်၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ လက်ရှိ မျိုးဆက်က အရည် အချင်း မရှိ ကြဘူး၊ ဂိုဏ်း တစ်ခု လုံးမှာ သူ တစ်ယောက် တည်းသာ၊ မဟာ သူတော်စင် အသံ ဆုပ်ကိုင်ထား နိုင်တယ်။ ”
ထိုစဉ် အချိန်က လင်းယွန်သာ မရှိ ခဲ့သော် ကောင်းကင် ရနံ့ သင်းသင်းသည်၊ ခမ်းနားသော ရုံးတော်၏ အရှက် ခွဲခြင်းကို ခံရပေ လိမ့်မည်။
“ သူ အသက် ရှင်လျက် ... ၊ ပြန်လာ နိုင်တာကို အံ့သြမိ ပါတယ်။ ”
“ ဘာဖြစ် လို့လဲ။ ”
ယွဲ့ဝေဝေ စကားကြောင့် လင်းယွန်က သိချင် သွားသည်။
“ စီနီယာ အစ်ကိုက၊ နတ်တောင်ရဲ့ သွေးသန့်စင် ခန်းကို ဝင်ရောက် ခဲ့တယ်၊ အဲဒီ နေရာက အရမ်း အန္တရာယ် များတယ်၊ နတ်တောင်ရဲ့ တပည့် တေွတောင် ကြောက်လန့် ရတဲ့ နေရာပဲ။ ”
ထိုစကားကြောင့် လင်းယွန်က ရန်ထျန်းချန်ထံ၊ ပြန်လှည့် ကြည့်လိုက် မိသည်။ ကောင်းကင် ရနံ့ သင်းသင်း၌၊ အားကိုး စရာ လူ၊ ရှိပုံ မရချေ။
***