← Chapters

ချစ်ခြင်း အားဖြင့် ... ။

Vol. 124 Ch. 1732

ချစ်ခြင်း အားဖြင့် ... ။

Vol. 124 Ch. 1732

ရန်တျန်းချန်ကို အခန်းထဲ သွင်းကာ၊ လင်းယွန်နှင့် ယွဲ့ဝေဝေက မြက်ခင်းပြင် ပေါ် ကျောခင်းလျက်၊ လမင်းထံ ငေးကြည့် မိသည်။

ညသည် သာယာ လှပ နေပြီး အဝေးမှ ဂီတတူရိယာ အသံ အချို့ ကိုပင်၊ တစ်ခါ တစ်ရံ ကြား လာရ၏။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် မိသည်။

“ အစ်ကိုကြီး လင်း ... လွန်ခဲ့တဲ့ လေးနှစ်ကို၊ ဘယ်လို ဖြတ်သန်း ခဲ့လဲ။ ”

လင်းယွန် တစ်ယောက် ယွဲ့ဝေဝေ မေးခွန်းကို ချက်ချင်း ပြန် မဖြေနိုင် သေးချေ။ ခွန်လွန် ရောက်လာခဲ့ သည်မှာ၊ (၄)နှစ် ရှိ သွားပြီလော။

လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းတွင် တစ်နှစ်၊ ဓားဂိုဏ်းတွင် နှစ်နှစ်နှင့်၊ ဤကောင်းကင် ရနံ့ သင်းသင်းတွင်၊ နှစ်ဝက်ကျော် တစ်နှစ် နီးပါး ရှိပြီ ဖြစ်သည်။

“ ကောင်းကင် လမ်းမှာ ငါတို့ လမ်းခွဲပြီး၊ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းကို၊ ငါ အရင် သွားနေ ခဲ့ရတယ်။ ”

ထို့နောက်တွင် ဆုစီယာနှင့် ပတ်သက်သည့်၊ အချက်အလက်များ ပြန်ပြောင်း ပြောပြ လိုက်မိ သည်။

ယွဲ့ဝေဝေက သူ့အား စိုက်ကြည့်ကာ၊ ဇာတ်လမ်းကို နားထောင် နေ၏။ လပြည့် ည တွင် ပလွေဖြင့်၊ သတ်ဖြတ် လိုက်သည့် အခန်း ရောက်ချိန်၌၊ သူမ ပေးခဲ့သော ပလွေ ဖြစ်မှန်း သိသဖြင့်၊ ပြုံးလာ လေသည်။

သွေးရော် ကျွန်း၏ တိုက်ပွဲများကို ကြားချိန်တွင်၊ ယွဲ့ဝေဝေ တစ်ယောက် စိတ် လှုပ်ရှား လာ၏။

သက်တံဓား သူတော်စင် အကြောင်း ရောက်ပြန်သော်၊ လင်းယွန် ထံမှ နာကျင်မှုနှင့် ဒေါသကို၊ သူမ သတိ ပြုမိ လာ၏။

အခြား သူများ အနေဖြင့်၊ လင်းယွန် တစ်ယောက် အရှေ့ဘက် စစ်မြေပြင်တွင်၊ မဟာ သူတော်စင် တစ်ပါးအား သတ်ခဲ့သည် ကိုသာ မြင်ခဲ့ ကြသည်။

သူ့ဆရာ ရောက်လာ ချိန်၌၊ လင်းယွန် ခံစားရသော ဝမ်းနည်းမှုနှင့် အကူ အညီမဲ့ မှုကို မည်သူမျှ မသိ ခဲ့ကြပေ။ ယင်းကို သူမ မြင်၏။

သူ့ဆရာ သခင်သည်၊ သက်တမ်း ငါးနှစ် မျှသာ ကျန်ရှိသည်။ ထို့ကြောင့် ၎င်းရောက် လာ သော အခါ၊ သက်တမ်း မည်မျှ ဆုတ်ယုတ် သွား မည်ကို၊ မည်သူမျှ မတွက်ချက် နိုင်ချေ။

ထို့နောက် နိဗ္ဗာန် ပွဲတော်သို့ လာရသည့် ရည်ရွယ်ချက်ထံ ရောက်လာသည်။ သို့မှသာ လင်းယွန် သူမထံ ရောက်လာသော အကြောင်း ရင်းကို၊ ယွဲ့ဝေဝေ သိလာ ရသည်။

“ ဒီအကြောင်း တွေကို ... ၊ ငါ ... ဘယ်သူ့ ကိုမှ မပြော ဖူးဘူး၊ ဒါကြောင့် အခု ပြောလိုက် ရတော့ ... နေရ ထိုင်တာ ပေါ့ပါး သွားတယ်။ ”

လင်းယွန်က ယွဲ့ဝေဝေကို ပြုံးပြုံးကြီး ကြည့်ကာ ပြောလိုက်၏။ ယွဲ့ဝေဝေ ခမျာ သူ့ကို စာနာ စိတ်ဖြင့်၊ ပြန်ကြည့် လေသည်။

အစ်ကိုကြီး လင်းသည် နဂါး သွေးလွှတ် ကြော နယ်ပယ် ၌သာ ရှိသော်လည်း၊ ထျန်ရွှမ်ဇီ ကဲ့သို့သော ရန်သူများနှင့် ရင်ဆိုင် ခဲ့ရသည်။

တစ်ဖက်တွင် ဆရာသခင် သည်လည်း၊ သူ့ကြောင့် ကျန်ရှိ နေသည့် သက်တမ်း အချို့ ထပ်မံ ဆုံးရှုံး သွားရ ပြန်၏။

ထို့ကြောင့် လင်းယွန် တစ်ယောက် မည်မျှ ဖိအားများ ခံနေရ သည်ကို၊ သူမ စိတ်ကူးကြည့် နိုင်သည်။

“ နောက်ဆို ... ရင်ဖွင့်လို့ ရပါတယ်၊ ဝေဝေက အစ်ကိုကြီး လင်းနဲ့ ... ပတ်သက်တဲ့ အရာ ရာတိုင်း၊ စိတ်ဝင် စားတယ်၊ အခုလို နားထောင် ရတာ ကြိုက်တယ်။ ”

ယွဲ့ဝေဝေမှ လင်းယွန်ကို ကြည့်ပြီး ပြောလိုက်သည်။

“ ကောင်းပြီ၊ ဝေဝေ မှာရော ... ။ ”

လင်းယွန်မှ ပြုံးလျက် ပြန်မေး၏။

“ ဝေဝေက အဆင်ပြေ ပါတယ်၊ ဝေဝေ့မှာ အဖေနဲ့ စီနီယာ အစ်မ ရှိပြီး၊ အရာ အားလုံးက သာသာ ယာယာ ပါပဲ။ ”

ယွဲ့ဝေဝေမှ သူမ ဇာတ်လမ်းကို ထိုမျှနှင့် ရပ်လိုက်သည်။ သို့တိုင် ဤအရပ်သို့ လာရန်ပင်၊ သူမ အတွက်၊ မည်မျှ ခက်ခဲ မည်ကို လင်းယွန် မှန်းဆ နိုင်သည်။

“ အစ်ကိုကြီး လင်း ... ၊ ငါ မင်းအတွက် ကပြ ချင်တယ်။ ”

ယွဲ့ဝေဝေက ရုတ်တရက် ထထိုင်ပြီး လက်ယွန် လက်ကို ဆုပ်ကိုင် လိုက် လေသည်။

“ ကောင်းကင်ဘုံ ကိုးပါး အကလား။ ”

“ အဟဲ ... မဟုတ်ဘူး ... ၊ ဒီတစ်ခါတော့ နတ်တောင်ရဲ့ အခမ်း အနား ပွဲတွေမှာ ... သုံးတဲ့ ကကြိုးပါ။ ”

ယွဲ့ဝေဝေက ဖြည်းညှင်းစွာ ထရပ် လိုက်ပြီး၊

“ အစ်ကိုကြီး လင်း ... ၊ မင်း သီချင်း တစ်ပုဒ် လောက် ဆိုပေး ပါလား။ ”

လင်းယွန်က နတ်ကျောက်စိမ်း ပလွေကို ထုတ်ပြီး၊ ဖီးနစ် နှလုံးသားကို တီးမှုတ် လိုက်၏။ ပလွေသံ ထွက်လာသော အခါတွင်၊ လရောင်မှ ပန်းပွင့်များ ဖြစ်တည် လာသည်။

“ ဘယ်လောက် လှလိုက်လဲ။ ”

ယွဲ့ဝေဝေက လက်ဖဝါးပေါ်၊ ဆင်းသက် လာသော လရောင်ခြည် ပန်းပွင့်များကို ဖမ်းယူ ကြည့်ပြီး ရေရွတ် လိုက်၏။ ထို့နောက် စတင် ကခုန် တော့သည်။

သူမ အကသည် ကောင်းကင်ဘုံ ကိုးပါး ကကြိုး၏ ကျက်သရေမျိုး မဟုတ်ဘဲ၊ ထူးခြား ချေ၏။

လရောင် အောက်၌၊ မြေခွေး ဖြူလေး တစ်ကောင် အလား၊ သွက်လက်စွာ ပြေးလွှား နေလေသည်။ ချစ်စရာ ကောင်းပြီး အပြုံးမှာ တောက်ပ နေ၏။

အနီရောင် လက်ရှည် အင်္ကျီကို ၀တ်ဆင် ထားကာ ပန်းချီကား တစ်ချပ် ကဲ့သို့ ချွတ်ယွင်း ချက် မရှိ လှချေ။

ကခုန် နေသော သူမဖြင့် ယှဉ်သော်၊ ကောင်းကင်နှင့် မြေကြီးမှာ ဖြူဖျော့ သွားလေ သည်။ သူမ ထံမှ ထူးထူး ဆန်းဆန်း ရနံ့ တစ်မျိုး၊ ထုတ်လွှတ် လာ၏။

ယင်းက ပုရိသတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစား နိုင်ပေသည်။ အပြုံးသည် နွေဦး ရာသီ ကဲ့သို့၊ နွေးထွေး အပြစ် ကင်းချေ၏။

လင်းယွန် သည်လည်း၊ ပုရိသ တစ်ယောက် ဖြစ်ရာ၊ အကထဲ နစ်မျော သွားသည်။ အကနှင့် အလှသည် တေးသွားနှင့် ကိုက်ညီ နေ၏။

“ ဝှစ် ... ။ ”

ယွဲ့ဝေဝေက လရောင် အောက်တွင် ညင်သာစွာ ရွေ့လျားလျက်၊ ပျံသန်း ကခုန်ပြီး သီချင်း ဆုံးသွားသော အခါ၊ တိမ်ဆိုင် အလား၊ ကောင်းကင်မှ ပေါ့ပါးစွာ ဆင်းသက် လာတော့သည်။

လင်းယွန်မှ နတ်ကျောက်စိမ်း ပလွေကို ချကာ၊ လက်ကမ်းပေး လိုက်သည်။ ယွဲ့ဝေဝေက သူ့လက်အား ပြန်၍ ဆုပ်ကိုင် လာ၏။

“ အစ်ကိုကြီး လင်း၊ ငါ လှလား။ ”

“ အရမ်း လှတယ်။ ”

လင်းယွန်မှ ပြန်ဖြေသည်။

“ အဟဲ ... ဒါက၊ ငါ့အမေ သင်ပေး ခဲ့တဲ့ မြေခွေး ဝိညာဉ် ကကြိုးပဲ ... ၊ မြေခွေး မိသားစု ရဲ့၊ အမျိုး သမီးတွေ အားလုံး၊ ဒီအကကို ...

... တတ်ကျွမ်း ထားဖို့ လိုတယ်၊ ငါတို့က ကောင်းကောင်း မက နိုင်ရင်၊ အဖော်ကို ရှာတွေ့ နိုင်မှာ မဟုတ် ဖူးလို့၊ ပြောစကား ရှိတယ်၊ အစ်ကိုကြီး လင်း သဘော ကျရင်၊ ဝေဝေ နောင်မှာ ထပ် ကပြမယ်။ ”

လင်းယွန်မှ ပြုံးကာ ခေါင်းညိတ် လိုက်သည်။

“ ကောင်းပြီ ... ၊ အစ်ကိုကြီး လင်း အပြင် ထွက်ပြီး၊ လျှောက်လည် ရအောင်၊ ဒီသူတော်စင် မြို့က ပျော်စရာ ကောင်းတယ်လို့ ကြားဖူးတယ်၊ ငါ မရောက် ဖူးဘူး။ ”

“ အဆင်ပြေ ပါ့ မလား။ ”

“ ပြေတယ် ... လာ သွားရအောင်၊ ဒီအချိန်ဆို အစ်မမု ... အိပ်နေ လောက်ပြီ။ ”

ယွဲ့ဝေဝေက လျှာထုတ် ပြောင်ပြပြီး၊ လင်းယွန် လက်ကို လှမ်းဆွဲ လိုက်တော့သည်။ ထို့နောက် နှစ်ယောက်သား ကောင်းကင် ရနံ့ သင်းသင်းမှ၊ တိတ်တဆိတ် ထွက်ခွာ လာခဲ့ မိ၏။

“ ဟီးဟီး ... ၊ အစ်မက ငါ့ကို သတိ မထား မိဘူး။ ”

တောင်အောက် ရောက်သည်နှင့် လည်ပြန် လှည့်ကြည့်ကာ၊ ယွဲ့ဝေဝေမှ ပြောသည်။ ၎င်းကို အတည် မပြု နိုင်သဖြင့်၊ လင်းယွန်က ခေါင်းခါ လိုက်သည်။

“ ငါတို့ကို တစ်ယောက် ယောက် ... ၊ လှမ်းကြည့် နေတယ် ... ၊ ဒါက သူတော်စင် အကြီးအကဲ ဖြစ်မယ် ထင်တယ်။ ”

“ အစ်ကိုကြီး လင်း၊ မင်းက လူမိုက်ပဲ၊ ငါတို့ကို ဘယ်သူမှ မတွေ့ ဖူးလို့ ... ငါ ပြောရင်၊ ဘယ်သူမှ ငါတို့ကို မတွေ့ဘူး၊ ဟုတ်ပြီလား။ ”

ယွဲ့ဝေဝေမှ ခပ်တည်တည် ပြန်ပြောလာ သဖြင့်၊ လင်းယွန် တစ်ယောက် ခေါင်းကုတ် မိ သွားသည်။

ယင်းက အမှန် ပေပင်။ တောင်ထိပ် တစ်နေရာမှ၊ သူတော်စင် အကြီး အကဲနှင့် ခန်းမ သခင်က၊ သူတို့ နှစ်ဦး၏ နောက်ကျောကို အတူတကွ ရပ်ကြည့် နေခဲ့သည်။

“ မင်း အတွေးက တကယ်မှန် နေတာပဲ။ ”

ခန်းမ သခင်မှ ပြုံးကာ ပြောလိုက်၏။

“ ညီမလေးက အရမ်း ဉာဏ်ကောင်းတယ်၊ ရွယ်လင် သူ့ကို အနား ယူဖို့ ... ၊ ပြောလိုက်ချိန် ကတည်းက၊ တောင်အောက် ဆင်းခွင့် ပြုတယ် ဆိုတာ၊ သူ သိပါတယ်။ ”

မုရွယ်လင်မှ တုန့်ပြန်သည်။

“ ကျင့်ကြံမှု ကိုပဲ ... အာရုံစိုက်မယ် ဆိုရင်၊ သူ့ရဲ့ ... အောင်မြင်မှု တွေက၊ သူ့ ... အမေထက် နိမ့်ကျမှာ မဟုတ်ဘူး။ ”

ခန်းမ သခင်က အဝေးကို မျှော်ငေးလျက် ဆိုလာ တော့သည်။ ယင်းကို မုရွယ်လင်မှ မငြင်း ဆန်ချေ။ သိမ်မွေ့သော အမူ အရာဖြင့် ပြုံး၏။

“ ဒါပေမယ့် ... ဒေါ်လေး ရှိနေ ရင်လဲ ... ၊ ဝေဝေ ဒီလို ပျော်နေတာ မြင်ရင် ကျေနပ် ပါလိမ့် မယ်၊ ဂျူနီယာ ညီမလေးက အမြဲတမ်း ပြုံးနေ ပေမယ့်၊ ...

... မပျော် နိုင်တာ ရွယ်လင် သိတယ် ... ၊ သူက တစ်စုံ တစ်ယောက်ရဲ့ ... ပုံစံခွက် ထဲမှာ နေရတာ မကြိုက်ဘူး။ ”

***

ခုနစ်ရက် တိုင်တိုင်၊ ယွဲ့ဝေဝေနှင့် လင်းယွန်မှာ၊ ကောင်းကင် မြို့တော် အတွင်း လျှောက်လည် ခဲ့ကြ၏။

လှေဖြင့်သော် လည်းကောင်း၊ လမ်းလျှောက်၍ သော် လည်းကောင်း၊ မြို့တော် အနှံ့ သွားလာ ကြည့်ရှု ကြသည်။

လုပ်စရာ မရှိ တော့သည့် ညများတွင်၊ ကောင်းကင်ပေါ် မော့ကြည့်ကာ၊ ကြယ်များ ရေတွက် သည်။

ခုနစ်ရက် ဟူသည် ရှည်ကြာ လှသည် မဟုတ် သော်လည်း၊ အတူတူ ဖြတ်သန်း နေရ သဖြင့်၊ ရှည်လျားပြီး သာယာ ချေ၏။

ခုနစ်ရက် ပြည့်ပြီးနောက်၊ ည အချိန်၌ ကောင်းကင် ရနံ့ သင်းသင်းသို့ ပြန်၍ ခိုးဝင် လာခဲ့ ကြသည်။

လင်းယွန်က သူ့အခန်းထဲ ဝင်လာ ချိန်၌ ယွဲ့ဝေဝေ လိုက်ပါ လာသည်ကို၊ သတိ ထားမိ သွားသည်။

“ အစ်ကိုကြီး လင်း ... ၊ ညည့်နက် နေပြီ၊ ငါမပြန် ရဲတော့ဘူး။ ”

“ သေချာလား ... ။ ”

လင်းယွန်မှ ပြုံးလျက် ပြန်မေး လာသောကြောင့်၊ ယွဲ့ဝေဝေ မျက်နှာ နီမြန်း သွားပြီး၊

“ စိတ်ကူး ယဉ် မနေနဲ့ ... ၊ ဝေဝေက အဲဒီလို အဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ဘူး။ ”

-ဟု ငြင်းဆန် လိုက် တော့သည်။

“ မဟုတ် ဖူးလား။ ”

“ မဟုတ်ဘူး ... ၊ မနက်ဖြန် အစ်ကိုကြီး လင်းက နိဗ္ဗာန် ပွဲတော်ကို သွားရ တော့မယ် ... ၊ ဒါကြောင့် အခု အနားမှာ နေချင် သေးလို့။ ”

“ ဝေဝေလည်း လိုက်မှာ မဟုတ်ဖူးလား။ ”

လင်းယွန်က အံ့သြသော လေသံဖြင့် ပြန်မေး လိုက်သည်။

“ အဟင့် ... ဟင့်၊ ဒါပေမယ့် ... ”

“ မငိုနဲ့ ... ဘာလို့ လဲပြော ၊ ဝေဝေက ကလေး မဟုတ် တော့ဖူး ဆိုတာ သတိရပါ၊ လာ ဒီမှာ အိပ် ... ။ ”

လင်းယွန်က ပြုံးပြီး ညင်သာစွာ မျက်ရည် သုတ်ပေး လိုက်သည်။

“ အစ်ကိုကြီး လင်း၊ ငါ အိပ် မပေျာ်ဘူး။ ”

“ ဒါဆို ... သီချင်း နားထောင်။ ”

လင်းယွန်က ယွဲ့ဝေဝေအား ကုတင်ပေါ် တင်ပေး လိုက်ကာ၊ ပြတင်း တံခါးကို ဖွင့်ပေး ရန်၊ လှမ်းလာ ခဲ့သည်။

“ ကျွီ ... ။ ”

ပြီးနောက် နတ်ကျောက်စိမ်း ပလွေကို ထုတ်ကာ၊ ဖီးနစ် နှလုံးသား သီချင်းအား စတင် တီးမှုတ် တော့၏။

နှလုံးသားကို လရောင်ဖြင့်၊ သန့်စင်ပေး နေသကဲ့သို့ အေးချမ်း လှ သဖြင့်၊ ယွဲ့ဝေဝေမှ ငြိမ်သက်စွာ နားထောင် နေခဲ့သည်။

သီချင်းသံ ဆုံး သည်နှင့်၊ လင်းယွန်က သူမထံ ပြန်ကြည့် လိုက်၏။ ပီဘိ ကလေးငယ် တစ်ဦး အလား၊ နှစ်ခြိုက်စွာ အိပ်မော ကျနေပြီ ဖြစ်သည်။

ထို့ကြောင့် ပလွေကို မြှောက်ကာ၊ နောက်ထပ် သီချင်း တစ်ပုဒ်အား ထပ်မံ၊ တီးမှုတ် လိုက်လေသည်။

သည်တစ်ကြိမ်၌ သီချင်း သံမှာ၊ ပို၍ နူးညံ့လာ တော့သည်။ လမင်းကို မြှူဆွယ် နေ သကဲ့သို့ ငြိမ့်ညောင်း နေချေ၏။

နောက် တစ်နေ့ မိုးလင်းသော အခါ၊ ယွဲ့ဝေဝေက ဦးစွာ နိုးလာသည်။ ပြတင်းပေါက် နဘေးရှိ စားပွဲခုံ ပေါ်တွင်၊ ငုတ်တုတ် အိပ်ပျော် နေသော လင်းယွန်ကို မြင်လိုက် ရ၏။

လက်ထဲတွင် နတ်ကျောက်စိမ်း ပလေွကို၊ ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် ထားသည်။ ယင်း ကြောင့် တစ်ညလုံး ပလွေကို တီးမှုတ် နေခဲ့ သည် လောဟု၊ တွေးမိ လာစေ၏။

လင်းယွန် မျက်နှာကို စိုက်ကြည့် လျက်မှ၊ ငုံ့နမ်းလိုက် တော့သည်။ ပြီးနောက် ရှက်ရွံ့မှုက မျက်နှာ တပြင် လုံးကို နီရဲ လာစေသည်။

ရင် တဒိတ်ဒိတ် ခုန်လျက်၊ လင်းယွန် တစ်ယောက် နိုးနေသည် လောဟု၊ ပြန်ကြည့် လိုက်မိ၏။

တစ်ဖက် လူမှာ အိပ်မော ကျနေဆဲ ဖြစ်သဖြင့်၊ နောက်တစ်ကြိမ် နိုးရန် ခေါင်းငုံ လိုက်သော အခါ၊ ရုတ်တရက် မျက်လုံးဖွင့် လာပြီး၊ သူမ လက်ကောက် ဝတ်အား ဆုပ်ကိုင်ခြင်း ခံလိုက် ရလေသည်။

တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် မိရာမှ၊ အမှား လုပ်မိသော ကလေးတစ်ယောက် ကဲ့သို့၊ ယွဲ့ဝေဝေ မျက်နှာ နီရဲ နေသည်။

သို့သော် ချစ်စဖွယ် ကောင်းလွန်း သောကြောင့်၊ လင်းယွန်မှ ပြုံးပြီး ထရပ်ကာ၊ ရင်ခွင်ထဲ ဆွဲယူ၊ နမ်းရှိုက် လိုက်လေသည်။

ထိုအနမ်းကြောင့် ယွဲ့ဝေဝေ ခမျာ၊ ရင်ခုန် လာတော့၏။ ယင်းသည် တစ်စုံ တစ်ယောက် အပေါ်၊ ချစ်မိသွား ခြင်း၏ ရလာဒ် ပေပင်။

ပါးပြင်ပေါ် မျက်ရည်များ စီးကျ လာပြီး၊ အလှဆုံး ပြုံးလျက်၊ အနမ်း ချိုချိုလေး များကို ငြိမ်သက်စွာ ခံယူ နေမိသည်။

***

All Chapters