← Chapters

ပွဲတော် ကျင်းပခြင်း။

Vol. 124 Ch. 1733

ပွဲတော် ကျင်းပခြင်း။

Vol. 124 Ch. 1733

အနမ်းက အချိန် အတော် ကြာအောင် တွယ်ကပ် နေခဲ့သည် ။ ယွဲ့ဝေဝေ ခမျာ နောက် ဆုတ်လျက်၊ အချို သာဆုံး ပြုံးကာ၊

“ အစ်ကိုကြီး လင်း ... ၊ ငါတို့ သွားရမယ့် အချိန် ရောက်ပြီ။ ”

-ဟု သတိပေး လိုက်သည်။

“ ကောင်းပြီ၊ သွားကြ ရအောင် ... ။ ”

လင်းယွန်မှ ပြုံးလိုက်သည်။ တစ်နာရီ အကြာတွင် မုရွယ်လင် ဦးဆောင်သော သူတို့ အဖွဲ့က၊ နိဗ္ဗာန် ပွဲတော်သို့ ခရီးထွက် လာ ခဲ့သည်။

ကောင်းကင် ရနံ့ သင်းသင်းသည် ခွဲတမ်း (၇)ခု ရရှိပြီး၊ လင်းယွန်၊ ရန်တျန်းချန်၊ ယွဲ့ဝေဝေ၊ လင်းဝမ်၊ ကျန်းမူ၊ ကျိုးဟောက်ယွင်နှင့် ရှန်းဖေးလွမ် တို့အား ပေးအပ် ခဲ့သည်။

၎င်းတို့ အနက် လင်းယွန်၊ ယွဲ့ဝေဝေနှင့် ရန်တျန်းချန် အပေါ် တွင်သာ၊ မျှော်လင့်ချက် ထားနိုင်ကြောင်း လူတိုင်း သိ၏။

ကျန်သူ များမှာ သူတော်စင် အသံ ကိုပင်၊ ဆုပ်ကိုင် နိုင်ခြင်း မရှိ ကြသောကြောင့်၊ ပထမ စမ်းသပ်ချက် အောင်မြင်ရန် ပြဿနာ ရှိနေပြီ ဖြစ်သည်။

ကောင်းကင် မြို့တော်နှင့် မိုင်ထောင်ချီ ဝေးသော ပင်လယ်ပြင်၌ ဝိညာဉ် စွမ်းအင်များ ပြည့်နှက် နေသည့်၊ လေပေါ်ကျွန်း တစ်ကျွန်း ရှိလေသည်။

ယင်းမှာ ဒဏ္ဍာရီလာ နိဗ္ဗာန် နန်းတော် ဖြစ်၏။ တစ်ချိန်က ကောင်းကင် နယ်မြေ ငရဲ ပင်လယ် အထက်တွင်၊ အစစ်အမှန် ကြယ် နယ်မြေ တစ်ခု၊ ပျံဝဲ နေခဲ့သည်။

နတ်ဘုရားများ တိုက်ပွဲ အပြီးတွင်၊ ကွဲကြေသွားကာ ကျွန်းအဖြစ် ပင်လယ် အနှံ့ ပြန့်ကျဲ ပြုတ်ကျ သွား၏။

လက်ရှိ နိဗ္ဗာန် နန်းတော်ဟု ခေါ်သော ဤလေပေါ် ကျွန်းငယ်လေး သာလျှင် ကျန်ရစ် ခဲ့သည်။

ကျွန်း တည်ရှိရာ အရပ်ကို မည်သူမျှ မသိကြချေ။ နိဗ္ဗာန် ပွဲတော် ကျင်းပချိန် ရောက် မှသာ၊ လေထဲ ပေါ်လာမည် ဖြစ်သည်။

လက်ရှိ အချိန်၌ နိဗ္ဗာန် ပွဲတော် ကျင်းပ တော့မည် ဖြစ်သဖြင့်၊ ထိုလေပေါ် ကျွန်းကို အလွယ် တကူ မြင်လာ နိုင်သည်။

ကျွန်းကို မိုးပြာရောင် အလင်း များဖြင့် ဖုံးအုပ် ထားပြီး၊ ခမ်းနား ထည်ဝါသော ဘုံဗိမာန် များ တည်ရှိသည်။

၎င်းတို့ ထံမှ ရှေးဟောင်း ရောင်ဝါများ ဖြာထွက် နေသဖြင့်၊ လင်းယွန် တစ်ယောက် မျက်ဝန်းများ မှေးစင်း သွား၏။

နိဗ္ဗာန် နန်းတော်သည် မိုးပြာ နဂါး မိသားစုနှင့် ဆက်စပ်မှု ရှိ- မရှိ အတည် မပြုနိုင် သေးချေ။

“ ဒါ နိဗ္ဗာန် နန်းတော်လား၊ ဒီတစ်ကြိမ် နိဗ္ဗာန် ပွဲတော်က၊ အရင်ထက် ပို ကြီးကျယ် တယ်လို့ ငါ ကြားတယ်။ ”

“ ဟုတ်တယ် ... နှစ်ပေါင်း ရှစ်ရာ အတွင်း၊ ဒီတစ်ကြိမ် အကြီးကျယ် ဆုံးပဲ။ ”

“ လူ တစ်သောင်း၊ မယုံနိုင် စရာပဲ ... ။ ”

“ မြင့်မြတ်မြေ ခြောက်ပါးက ချန်ပီယံ ဆု အတွက် ရည်မှန်းပြီး၊ သူတို့ရဲ့ ပါရမီရှင် တေွကို စေလွှတ်ကြ လိမ့်မယ်၊ ဒီတစ်ကြိမ် ဖိအားက ဂီတအိမ် လေးလုံးကို သက်သာ စေမှာ မဟုတ်ဘူး။ ”

“ ဒီလောက်လည်း မဟုတ်သေး ပါဘူး၊ ဂီတအိမ် လေးလုံးမှာ ... နက်ရှိုင်းတဲ့ အုတ်မြစ် ရှိပါတယ်၊ ထိပ်တန်း ဆယ်နေရာ အတွက်၊ သူတို့ ဝင်နိုင် ပါသေးတယ်။ ”

“ မှန်တယ်၊ ဒါပေမယ့် ... မင်း ကောင်းကင် ရနံ့ သင်းသင်းကို ... ၊ ထည့်မတွက် သင့်ဘူး။ ”

ပတ်ဝန်းကျင်၌ ဆွေးနွေး သံများ ညံနေ ကြသည်။ ၎င်းတို့ အားလုံးသည် ကောင်းကင် မြို့တော်မှ ဖြစ်၏။

လူအုပ် ကြားတွင် နိဗ္ဗာန် ပွဲသို့ တက်ရောက်ရန်၊ အခြားသော အရပ်မှ လာသည့် ပညာရှင် များလည်း ရှိနေသည်။

“ ဝှစ် ... ။ ”

ထို့နောက်တွင် လူတိုင်း ကျွန်းပေါ်သို့ ပျံတက်လိုက် ကြ၏။ ကျွန်းပေါ် တက်ရောက် ခြင်းကို၊ နိဗ္ဗာန် နန်းတော်မှ မတားချေ။

“ ဝှစ် ... ။ ”

လူအုပ် အတွင်း၊ ထူးခြားသော ကိုယ်ဟန်ဖြင့်၊ လူငယ် တစ်ဦးက ကျွန်းပေါ် ဆင်းသက် လာသည်။

၎င်းအသွင်ကြောင့် လူအုပ်မှာ တုန်လှုပ် လာပြီး၊ အကြည့် များစွာ ထိုလူငယ်ထံ စုပြုံ သွားသည်။

အဆိုပါ လူငယ်သည် နှင်းပျံ ခန်းမ၏ တပည့်ကြီး ဖြစ်၏။ ထိုအင်အားစုမှာ၊ ဂီတအိမ် လေးလုံးတွင် အသန်မာ ဆုံး ပေပင်။

“ ပိုင်ယွင်ဖေး ... ။ ”

ပိုင်ယွင်ဖေး ဟူသည် နာမည်ကြီး တစ်ယောက် ဖြစ် သဖြင့်၊ သူပေါ် လာသော အခါ၊ သဘာဝ အတိုင်း လူတိုင်း၏ အာရုံစိုက် စရာ ဖြစ်လာ ခဲ့သည်။

“ နန်းတော် ခုနစ်လုံးလည်း ရောက်လာပြီ။ ”

တစ်စုံ တစ်ဦး အသံကြောင့်၊ လူပေါင်း များစွာက၊ အခြား တစ်ဖက်သို့ လှည့်ကြည့်လာ ကုန်၏။

“ ဝှစ် ... ။ ”

ကြယ်များ ကြားတွင်၊ လမင်းကြီး တစ်စင်း ထွန်းလင်းနေ သကဲ့သို့၊ လူ တစ်ယောက်ကို ခြံရံ လျက်၊ လူတစ်စု ကျွန်းပေါ် ဆင်းသက် လာသည်။

၎င်းမှာ နန်းတော် ခုနစ်လုံးမှ တပည့်ကြီး တိချိုး ဖြစ်၏။ အသက် (၂၀)ဖြင့်၊ ကျွမ်းကျင်သူ အဆင့် ရောက်ရှိ ခဲ့ကြောင်း၊ ကောလာ ဟလများ ထွက်ပေါ်ခဲ့ ဖူးသည်။

“ ဟွာ ဟောင် ယု ... ။ ”

အာမေဋိတ်သံ နှင့်အတူ၊ လူတိုင်းက နာမည် တစ်ခုကို ရေရွတ် လိုက်သည်။ ပန်း တောင်ကုန်း မှ ဟွာဟောင်ယု ဖြစ်၏။

၎င်းက မျက်နှာကို ဖုံးအုပ် ထားပြီး၊ စွဲမက်ဖွယ် ကိုယ်ဟန်ဖြင့် လျှောက်လှမ်း လာ သဖြင့်၊ လူအုပ်ကြီး၏ အာရုံကို ချက်ချင်း ဆွဲဆောင် သွားသည်။

ကောင်းကင် မြို့တော်၏ အလှ ဘုရင်မ ဘွဲ့ကို ရရှိ ထားသည်။ ကျော်ကြားမှု အရ သူမ အမည်သည်၊ ပိုင်ယွင်ဖေးနှင့် တိချိုး တို့ထက် သာလွန်၏။

ရန်တျန်းချန်က ထိုမြင်ကွင်း များကို တိတ်ဆိတ်စွာ စောင့်ကြည့် နေခဲ့သည်။ လူအုပ် ကြား၌ သူ့မှာ ပေါ်လွင်ခြင်း မရှိချေ။

ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်ကြီး ဖြစ်သော်လည်း၊ သူ့အား စိတ်ဝင် စားမှု သိပ်မရှိ ကြချေ။ သူ့အစား လင်းရှောင် ကိုသာ လူ အများက အာရုံစိုက် ကုန်သည်။

“ အိုး ... ကောင်းကင် ရနံ့ သင်းသင်းလဲ ရောက်နေ တာပဲ၊ ဟိုမှာ ... အဖြူဝတ် ထားတဲ့ လူကို တွေ့လား သူက လင်းရှောင်ပဲ။ ”

“ အိုး ... အနောက် ဥယျာဉ် ဧည့်ခံပွဲမှာ၊ သောင်းကျန်း ခဲ့တဲ့ လူရိုင်း မဟုတ်လား၊ ငါ သူ့ သတင်း ကြားလိုက် ရတယ်။ ”

“ လေဓား သခင်က ... ဒီကိစ္စကို ဖုံးကွယ် ထားတော့၊ သူ့ အကြောင်း လူသိပ် မသိ ကြဘူး၊ ဒါပေမယ့် ... မီးခဲကို စက္ကူနဲ့ ထုပ်လို့ မရတာ သဘာဝ ပဲမဟုတ်လား။ ”

အများစုမှာ လင်းယွန် တိုက်ပွဲဝင် ပုံစံကို မမြင်ဖူး ကြသဖြင့်၊ ထိုမျှနှင့် ပြီးဆုံး သွားသည်။ ကျွန်း အလယ်၌ အစောင့် အကြပ် များက၊ စင်မြင့်ကြီး တစ်ခုကို စောင့်ကြပ် နေ၏။

ထိုစင်မြင့်ကို နိဗ္ဗာန် စင်မြင့်ဟု ခေါ်ပြီး၊ ရှည်လျားသော သမိုင်းကြောင်း ရှိလေသည်။ ယင်းက ရှေးဟောင်း သူတော်စင် လက်ရာ ဖြစ်သည်။

စင်မြင့် ပေါ်၌ တီးမှုတ် ခြင်းဖြင့်၊ ကောင်းကင်ဘုံ ကိုးပါး သို့ပင်၊ ပျံ့လွင့် သွားနိုင် ကြောင်း၊ ဆိုရိုး စကား ရှိကြ၏။

ထို့ကြောင့် နိဗ္ဗာန် ပွဲတော်သို့ လာရောက် သူတိုင်းက စည်းမျဉ်း များကို လိုက်နာ ကြခဲ့ပြီး၊ ဝရုန်း သုန်းကား ဖြစ်စဉ်များ ဖြစ်လာအောင်၊ မည်သူမျှ မလုပ်ဝံ့ ကြချေ။

ဤသည်ကား နိဗ္ဗာန် နန်းတော်မှ နှစ်ပေါင်း ထောင်ချီ တည်ဆောက် ထားသော ဂုဏ်သိက္ခာ ဖြစ်သည်။

တစ်ချို့သည် အတိတ် ကာလ၌ ဒုက္ခ ရောက်အောင် ကြိုးစား ခဲ့ကြ ဖူးသည်။ သို့သော် ကြောက်မက်ဖွယ် သေခြင်း မျိုးဖြင့် ဆုံးပါး သွားကြသည်။

နိဗ္ဗာန် နန်းတော်သည် မြင့်မြတ်မြေ ခြောက်ပါးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည် မှာလည်း၊ တစ်ကြောင်း ဖြစ်၏။

နိဗ္ဗာန် စင်မြင့် အနားတွင် ပွဲကြည့် ပလ္လင် တစ်လုံး ရှိသည်။ မြင့်မြတ် မြေ၏ အကြီးအကဲ များက၊ ပလ္လင် တစ်ဝိုက်တွင် နေရာ ယူပြီး၊ ဂီတ အိမ် လေးလုံး၏ အကြီးအကဲ များမှာ၊ အစွန် အဖျားသို့ ပို့ဆောင် ခံရသည်။

ပလ္လင် အနား၌ ထင်ရှား ပေါ်လွင် နေသော လူငယ် တစ်ဦး ရှိသည်။ ထိုလူငယ်ကို ဂီတအိမ် လေးလုံးမှ လူများပင်၊ ရိုသေ သမှု ပြကြ ရသည်။

“ သူက မင်ဂိုဏ်းရဲ့ လီယွီရှပဲ။ ”

တစ်စုံ တစ်ယောက်က ထိုလူငယ်၏ အမည်ကို အတည်ပြု ပေးသည်။ မင်ဂိုဏ်းသည် မြင့်မြတ်မြေ (၆)ပါး အနက်မှ တစ်ပါး ဖြစ်၏။

သူတို့၌ ရှေးဟောင်း အမွေအနှစ် များစွာ ရှိကာ၊ ရှေးဦးခေတ် ကတည်းက တည်ရှိ ခဲ့သော အင်အားစု ဖြစ်သဖြင့်၊ အခြေခံ အုတ်မြစ်မှာ၊ နက်ရှိုင်း ချေပြီ။

သည့်တင်မက ရှေးဟောင်း သူတော်စင် သွေးပြန်ကြောများ၊ သူတော်စင် သခင် များနှင့် နဂါး ဝိညာဉ် အဆင့်ထက် သာလွန်သော အမွေ အနှစ် များကို ပိုင်ဆိုင် ထားသည်။

လိုအပ် နေသည်မှာ ဧကရာဇ် နယ်ပယ် အဆင့် ကျွမ်းကျင်သူသာ ဖြစ်၏။ တစ်ဖက်တွင် ဓားဂိုဏ်း သည်လည်း၊ ထိုအခြေ အနေမျိုး၌ ရှိနေသည်။ ဧကရာဇ် နယ်ပယ် ကျွမ်းကျင်သူ မှလွဲ၍ အရာရာ ၎င်းတို့နှင့် ယှဉ်နိုင်၏။

ထို့ကြောင့် မင်ဂိုဏ်း အပါ အဝင် မြင့်မြတ်မြေ (၆)ပါးမှာ၊ ရှေးဟောင်း ပျက်သုဉ်း မြေသို့ ခြေမချ ဝံ့ကြခြင်း ဖြစ်၏။

လီယွီရှသည် ဤပွဲ၌ လူကြိုက် အများဆုံး ထဲမှ တစ်ယောက် ဖြစ်ပြီး၊ အခြားသူ များထက် သာလွန်သော အားသာချက် ရှိသည်။

ယင်းမှာ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်၏ ထိပ်ဆုံး တစ်ရာ အတွင်း ဝင် နိုင်ပြီး၊ မဟာ သူတော်စင် အသံကို ဆုပ်ကိုင် ထားနိုင်သူ ဖြစ်နေခြင်း ဖြစ်သည်။

အသက် ငယ်ငယ်ဖြင့် ထိပ်တန်း တစ်ရာ အတွင်း ဝင်နိုင် သည်မှာ၊ သူ့ အရည် အချင်းကို သက်သေ ပြရာ ရောက်၏။

သည့်အပြင် သိုင်း တာအိုနှင့် ဂီတ တာအိုအား၊ ပေါင်းစပ် ထားနိုင် သည်ဟုလည်း၊ ကောလာ ဟလများ ထွက်ပေါ် နေသည်။

ဂီတ သက်သက်သာ ဆိုက ဂီတအိမ် လေးလုံး၏ ပါရမီရှင် များနှင့်၊ ယှဉ်နိုင်မည် မဟုတ်ချေ။

“ ယွီရှ ... မင်းက သန်မာတဲ့ လူ တစ်ယောက်မို့၊ တခြား မြင့်မြတ်မြေ တွေက ဟာသ လုပ်တာမျိုး အဖြစ် မခံ ပါနဲ့။ ”

မင်ဂိုဏ်း၏ အကြီးအကဲက ပြုံးကာ သတိ ပေးသည်။

“ ဟုတ်ကဲ့ပါ အကြီး အကဲ၊ မင်ဂိုဏ်းက ဘဝသုံးပါး သစ်သီးကို အပိုင်ရ ပါလိမ့်မယ်။ ”

လီယွီရှမှ ပြန်ပြောသည်။ ၎င်းသည် ဂိုဏ်း၏ အထူးချွန်ဆုံး ပါရမီရှင် ဖြစ်သဖြင့်၊ ကျန် အကြီး အကဲ များကပါ၊ လက်ခံ ယုံကြည် ကြသည်။

လူများတဖွဲဖွဲ ရောက်လာ သည်နှင့် အမျှ နိဗ္ဗာန် စင်မြင့် အနားတွင် ပြည့်ကြပ် လာသည်။ ဤအချိန်သည် ဂီတ သမားများ အတွက် ခမ်းနားသော ‘အခါ သမယ’ ဖြစ်၏။

ခွန်လွန်၏ ခုနစ်ဆယ် ရာခိုင် နှုန်းသော ဂီတ ပညာရှင် များက၊ ဤနေရာ၌ စုဝေး နေကြပြီ ဖြစ်သည်။

အရုဏ်တက် လာသော အခါ၊ နိဗ္ဗာန် နန်းတော်၏ အစောင့် အကြပ်များ ခြံရံလျက်၊ လူတစ်စု ပလ္လင် ဆီသို့၊ လျှောက်လှမ်း လာ၏။

အဖွဲ့ကို ဦးဆောင်လာ သူမှာ၊ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။ သူသည် လက်ရှိ နိဗ္ဗာန် နန်းတော်၏ သခင် ပေပင်။

သူ ပေါ်လာသော အခါ၊ ဧည့်သည်တော် ထိုင်ခုံများ ပေါ်ရှိ၊ အကြီး အကဲများ အားလုံး မတ်တတ် ထရပ် လိုက်ကြသည်။

သို့သော် ထိုသူများ ထဲတွင် မုရွယ်လင် မပါဝင်ကြောင်း၊ လင်းယွန်က သတိပြု မိလိုက် သည်။

“ နန်းတော် သခင်ကို ... နှုတ်ဆက် ပါတယ်။ ”

ဧည့်သည် များက လက်ဝှေ့ ယမ်းပြီး၊ ဦးညွှတ် ကြ၏။ မြင့်မြတ်မြေ ခြောက်ပါး၏ အကြီးအကဲ များမှာ၊ အလွန် ရိုသေပုံ ပြသ လာကြသည်။

လူလတ်ပိုင်း အရွယ် အမျိုးသား ကြီးမှာ၊ အသက် (၄၀) ကျော်ရုံ မျှသာ ရှိပြီး၊ တည်ကြည် ခံ့ငြား ပေသည်။

စည်းကမ်း တင်းကြပ်သော စာအုပ်ကြီး သမား ပုံစံ ရကာ၊ လူတိုင်းကို လေးလံသော ဖိအားများ ခံစားရ စေ၏။ ထို့ကြောင့် သူ့ကို မည်သူမျှ အကြာကြီး မကြည့်ရဲ ကြချေ။

“ ငါက ဒီနေ့ နိဗ္ဗာန် ပွဲတော်ကို ... ၊ ကျင်းပပေးမဲ့ အိမ်ရှင်ပဲ၊ ဒီပွဲကို အားလုံးက ဒေသ အသီးသီး ကနေ၊ တက်ရောက် လာခဲ့ ကြတဲ့ အတွက်၊ ကျေးဇူးတင် ပါတယ်။ ”

“ နန်းတော် သခင်ကြီး၊ မင်းက အရမ်း နှိမ့်ချလွန်း ပါပြီ။ ”

ဧည့်သည် များက သူ ထိုင်သည် အထိ၊ စောင့်ကာ ပြန်၍ ထိုင်လိုက် ကြသည်။

“ ဒီနေ့ ပွဲဟာ ... ဂီတ ထူးချွန်သူ တေွရဲ့ အလား အလာကို ထုတ်ဖော် ပေးမဲ့ ပွဲပဲ၊ ဂီတ လူငယ် အများ စုက၊ တက်ရောက် လာပေးတဲ့ အတွက်လည်း ဝမ်းသာ ပါတယ်၊ ...

... လူတိုင်း ဒီစင်မြင့်မှာ ... ၊ တောက်ပ လိမ့်မယ် လို့လည်း မျှော်လင့် ပါတယ်၊ နိုင်နိုင် ရှုံးရှုံး ငါ့ အာရုံကို ဖမ်းစား နိုင်တဲ့၊ ဘယ်သူ့ကို မဆို နိဗ္ဗာန် နန်းတော်ရဲ့၊ ...

... ဘဏ္ဍာ တိုက်ကို ... ဝင်ခွင့် ပေးမယ် ... ၊ ငါက တွန့်တို နေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဒီနေ့ ပွဲဟာ ဂီတ ပွဲတော်မို့၊ မင်းတို့ တတ်ကျွမ်းတဲ့ သိုင်းပညာရပ် တေွကို မသုံး ကြဖို့၊ ...

... အထူး သတိ ပေးချင် ပါတယ် ... ၊ မဟုတ်လို ... မြင့်မြတ်မြေ (၆)ပါးရဲ့၊ ပြိုင်ပွဲဝင် တစ်ဦး ဖြစ်နေ ရင်တောင်၊ ငါ မျက်နှာသာ ပေးမှာ မဟုတ်ဘူး။ ”

အသံမှာ ပြတ်သားပြီး တည်ငြိမ်၏။ ဆုလာဘ်က အံ့ဩ စရာ ဖြစ်ပြီး၊ ဂီတ သမား တိုင်းကို သွေးဆောင် နိုင် သည်မှာ၊ အံ့သြစရာ မရှိ တော့ချေ။

လူတိုင်း ငြိမ်သက် သွားသည်။ မင်ဂိုဏ်း၏ အကြီးအကဲ တစ်ဦးက၊

“ သိုင်း တာအိုနဲ့ ... ဂီတ တာအိုကို ... ပေါင်းစပ် အသုံးပြု ရင်ရော ... စည်းကမ်း အတွင်း အကြုံးဝင် ပါသလား။ ”

-ဟု ထုတ်မေး လာသည်။

“ အကြုံး ဝင်တယ် ... ။ ”

နန်းတော် သခင်က လီယွီရှထံ လှည့်ကြည့်ပြီး၊ ပြုံးကာ၊

“ ဒီကလေးက ရေခဲနဲ့ မီးကို တပြိုင် နက်တည်း ကျင့်ကြံ ထားပြီး၊ ဂီတနဲ့ လုံးလုံး လျားလျား ပေါင်းထည့် နိုင်တယ် ဆိုတာ၊ ငါ ကြားထား ပါတယ်၊ ဒါက ငါ့ကို အံ့အားသင့် စေလိမ့် မယ်လို့၊ မျှော်လင့် ရတာပဲ။ ”

“ နန်းတော် သခင်က ... ၊ အထင် ကြီးလွန်းနေ ပါပြီ၊ ဒါက ... မပြောပ လောက်တဲ့ အရည် အချင်းလေး တစ်ခုပါ။ ”

လီယွီရှမှ ပြုံးကာ ပြန်ဖြေ လိုက်သည်။ သူ့စကား များက ရိုကြိုး နှိမ့်ချ နေသော်လည်း၊ မာန တရားများ တလူလူ တတ်နေ သည်ကို ခံစား နိုင်၏။

***

All Chapters