စီနီယာ အစ်ကို ... ခေတ်ပြောင်း သွားပြီ။
Vol. 124 Ch. 1734
လီယွီရှ အမည်ကို နန်းတော် သခင် မှပင်၊ သိရှိထား သဖြင့်၊ လူတိုင်း တုန်လှုပ် ခြောက်ခြား သွားသည်။
၎င်းသည် ဤပွဲ အတွက် ယုံကြည်မှု အပြည့်ဖြင့် ရောက်ရှိ လာပုံ ရသည်။ လူတိုင်း အတွက် ခက်ခဲသော ပြိုင်ဘက် တစ်ဦး ဖြစ်ချေ၏။
“ ဒီနေ့ ... ထိပ်ဆုံး (၁၀၀) အတွင်း ဝင်နိုင်ရင်၊ တော်ဝင် သူတော်စင် ဆေးလုံး (၁၀) လုံးနဲ့၊ နဂါး မူလ ပုလဲ (၅၀)ကို ချီးမြှင့်မယ်၊ ဒိအပြင် အနန္တ ဖျက်ဆီးခြင်း နဂါး ပုံကြမ်း ကိုလည်း ကြည့်ခွင့် ပေးမယ်၊ ...
... ထိပ်ဆုံး (၃၀) အတွက် ကတော့ ဘဏ္ဍာတိုက် အတွင်းက ရှေးဟောင်း တေးသွား ကို ရွေးချယ် နိုင်ပြီး၊ တော်ဝင် သူတော်စင် ဆေးလုံး (၃၀) ရမယ်၊ ...
... ထိပ်ဆုံး (၁၅) ယောက်က တော်ဝင် သူတော်စင် ဆေးလုံး (၁၀၀) ... ၊ ဘဝ သုံးပါး သစ်ရွက် (၁၀)နဲ့ ... ၊ အနန္တ သူတော်စင် လက်ရာ တစ်ပါး၊ ရွေးချယ် နိုင်တယ်။ ”
ဆုလာဘ် များသည်၊ လူတိုင်း၏ စိတ်ကူးထက် ကျော်လွန် နေသော ကြောင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ ခဲ့သည်။
မြင့်မြတ် မြေ၏ ပါရမီရှင် များပင်၊ ဤမျှ လောက်သော အရင်း အမြစ် များကို မထုတ်ယူ နိုင်ချေ။
“ ထိပ်ဆုံး (၅)ဦး အတွက်က ... ဘဝ သုံးပါး ပန်းပွင့် (၃)ပွင့် ရရှိမှာ ဖြစ်ပြီး၊ ချန်ပီယံ ကတော့ သူတော်စင် သစ်သီး (၃)လုံး ရရှိမယ်၊ ပြီးတော့ နှစ်သက်ရာ တစ်စုံ တစ်ရာကို၊ ...
... အထူး တောင်းဆို နိုင်တယ်၊ အရည် အချင်း ရှိသရွေ့ ... ကြိုးစားပြီး၊ ငါ ဖြည့်ဆည်း ပေးမယ်။ ”
ဤတစ်ကြိမ်တွင် မြင့်မြတ် မြေ၏ အကြီးအကဲများ မှပင် ပြုံးလာ ကြလေသည်။ ဆုလာဘ်သည် ရက်ရော လွန်း၏။
အခြားသော အရင်း အမြစ်များ ဆိုက၊ သူတို့လည်း ပေးစွမ်း နိုင်သည်။ ဘဝ သုံးပါး သစ်ပင်နှင့် ပတ်သတ်သော အရင်း အမြစ်များ မှာမူ၊ အလွန် ရှားပါး ချေပြီ။
“ ပေးတဲ့ ဆုတွေက တကယ့်ကို ခန်းနား တာပဲ။ ”
လင်းယွန်မှ ညည်းတွား မိသည်။
“ တစ်ခုခု ရှာတွေ့ ပြီလား ... ။ ”
ယွဲ့ဝေဝေက ပြုံးပြီး မေးလာ၏။
“ မတွေ့ သေးဘူး ... ။ ”
လင်းယွန်မှ ခေါင်းခါ၏။ နိဗ္ဗာန် နန်းတော် ဟူသည် မိုးပြာ နဂါး မျိုးရိုးနှင့် ဆက်နွှယ်မှု ရှိ- မရှိကို၊ သူမ မေးလာခြင်း ဖြစ်သည်။
“ ဘဝ သုံးပါး သစ်ပင်က ဘယ်မှာလဲ။ ”
လင်းယွန်က ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်သော်လည်း ရှာမတွေ့ သဖြင့် ပို၍ စိတ်ဝင် စားလာသည်။
“ ဟုတ်တယ် ဝေဝေလည်း ရှာပြီးပြီ မတွေ့ဘူး။ ”
သူမ အဖြေကြောင့် လင်းယွန်မှာ အတွေးနက် သွား၏။
“ ကောင်းပြီ ... ဖိတ်ကြား ခံရသူ တေွက လွဲပြီး၊ လူတိုင်း နောက်ဆုတ် ကြပါ။ ”
နန်းတော် သခင်မှ ပြောလာသဖြင့်၊ ဧည့်သည် တော်များက ခင်းကျင်း ပေးထား သော ထိုင်ခုံများ ထံသို့၊ ဆုတ်ခွာ ကုန်ပြီး၊ ပြိုင်ပွဲဝင် များသာ ကျန်ရစ် ခဲ့သည်။
“ ဝှစ် ... ။ ”
ဤသို့ဖြင့် နိဗ္ဗာန် ပွဲတော်အား တရားဝင် စတင် လာ၏။ နိဗ္ဗာန် နန်းတော်၏ အကြီး အကဲ အများ အပြားက၊ စင်မြင့် ပေါ်သို့ ဆင်းသက် လာကြကာ၊ ကျောက်စိမ်း တုံး များကို လေထဲ ပစ်တင် လိုက် ကြသည်။
ထိုကျောက်စိမ်းတုံး များတွင်၊ ပါဝင်သူ တိုင်း၏ အမည် များကို မှတ်တမ်း တင်ပေးထား သည်။ အရေ အတွက်မှာ တစ်သောင်း ကျော် ရှိချေ၏။
“ ပြိုင်ပွဲကို သုံးကျော့ လုပ်မယ်၊ ပထမ အကျော့မှာ လူတစ်ရာ စင်မြင့်ပေါ် တက်ပြီး၊ အချင်းချင်း ယှဉ်ပြိုင် ရမယ် ... ၊ သူတို့ ထဲက ငါးဦးပဲ ရွေးမယ်၊ ဒီလို နည်းနဲ့ ... နောက်ဆုံး လူတစ်ရာ ကျန်တဲ့ အထိ၊ ယှဉ်ပြိုင် ကြမယ်။ ”
ပြိုင်ပွဲဝင် များမှာ၊ များပြား လွန်း သော ကြောင့်၊ သဘာဝ အတိုင်း ပွဲစဉ် ကျင်းပမည် ပုံစံ ပြောင်းလဲ သွားလေသည်။
စည်းမျဉ်းများ ကြေငြာ ပြီး သည်နှင့်၊ အကြီးအကဲ များက နာမည်များ ခေါ်ထုတ်လာ ကြသည်။
နာမည် အခေါ် ခံရ သူတိုင်း၊ စင်ပေါ် တက်ကာ နေရာ ယူ၏။ စင်မြင့် ထက်၌ လူများ ပြည့်နှက် လာပြီး အုတ်အုတ် ကျက်ကျက် ဖြစ် လာသည်။
ထို့နောက်တွင် လူတိုင်းက တူရိယာများကို ထုတ်ကာ စတင် တီးခတ် တော့၏။ ၎င်းတို့အား စင်မြင့် အောက်မှ ပြိုင်ပွဲဝင် များက အလေး အနက်ထား စောင့်ကြည့် ကြသည်။
ပွဲတော် တက်လာ သူတိုင်းသည်၊ အရည်အချင်း ပြည့်မီသော ပညာ ရှင်များ ဖြစ်ပြီး၊ ထူးချွန် ကုန်၏။
တိုက်ပွဲ၌ ကိုယ်ကိုယ်ကို ဖုံးကွယ် ထားရ မည်မှန်း၊ မသိ သူများမှာ လူတိုင်း၏ ပစ်မှတ်ဖြစ် လာပြီး၊ စောလျင်စွာ အရေးနိမ့် သွားသည်။
အဆုံးတွင် ကောင်းကောင်း ဝှက်ထား နိုင်သော လူငါးဦးသာ နောက်တစ်ဆင့် တက်ရန် ကျန်ရစ် ခဲ့တော့၏။
ထိုနောက်တွင် ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်များ သည်လည်း၊ နာမည် အခေါ် ခံလာ ရသည်။
သို့သော် ပထမ အဆင့် ကိုပင် ဖြတ်ကျော် နိုင်ခြင်း မရှိ ခဲ့ချေ။ အများ နည်းတူ ဖယ်ထုတ်ခံ လိုက်ရသည်။
လင်းယွန်၊ ယွဲ့ဝေဝေနှင့် ရန်တျန်းချန် သည်သာ၊ ယှဉ်ပြိုင်ရန် ကျန်ရစ် နေခဲ့သည်။
“ ရန်တျန်းချန် ... ။ ”
ထိုစဉ် ရန်တျန်းချန်၏ အမည် ခေါ်သံ ကြားလိုက် ရသည်။ ၎င်းက ပြုံးလျက်၊
“ ငါ အရင် သွားနှင့်မယ် ... ။ ”
-ဟု ဆိုကာ စင်မြင့်ပေါ် ခုန်တက် သွားသည်။
သို့သော် စင်မြင့် ပေါ်တွင်၊ သူ့ကိုယ်သူ အရေးမပါသော လူတစ်ယောက် အဖြစ် ပြုမူ နေထိုင် ခဲ့သည်။ သူနှင့် တစ်ဖွဲ့ တည်းတွင် အတောက်ပ ဆုံးမှာ တချိုး ဖြစ်သည်။
အသက် နှစ်ဆယ် အရွယ်ဖြင့်၊ မဟာ သူတော်စင် အသံကို၊ ဆုပ်ကိုင် ထား နိုင်ခဲ့သော နန်းတော် ခုနစ်လုံး၏၊ ပါရမီရှင် တစ်ပါး ပေပင်။
နန်းတော် ခုနစ်လုံး မှတ်တမ်း၌ နှစ်ပေါင်း တစ်ထောင် အတွင်း၊ အသက် အငယ်ဆုံး မဟာ သူတော်စင် အသံကို၊ ဆုပ်ကိုင် ထားနိုင်သူ သုံးဦး စာရင်း ဝင်၏။
ထိုကြောင့် သူ့ အမည်မှာ၊ စောင့်ကြည့် ရမည့်လူ စာရင်းထဲ ပါလာသည်။ ရန်တျန်းချန် အတွက်မူ၊ စိတ်ဝင်စားမှု မရှိ ကြချေ။
“ ကျွတ် ကျွတ် ... ကောင်းကင် ရနံ့ သင်းသင်း အတွက်တော့၊ အိမ်မက် ဆိုးတွေ ဖြစ်လာ တော့မှာကို၊ ငါ ကြောက်မိတယ်။ ”
“ ဟုတ်တယ် ရန်တျန်းချန်က တကယ် ကံမကောင်းဘူး၊ တခြား တစ်ယောက် ယောက် နဲ့ ဆိုရင်၊ သူ့ခွန်အားက နောက်တစ်ဆင့် တက်နိုင် ပါတယ်၊ အခုတော့ ... ။ ”
တချိုးမှာ ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်ကြီးကို ခြေနင်းတုံး သဖွယ် နင်းတက်ချင် မည်မှာ သေချာသည်။
ပတ်ဝန်းကျင်မှ ဆွေးနွေးသံ များကို ကြားသော အခါတွင်၊ တချိုးသည် မည်သို့သော လူမျိုး ဖြစ်မည်ကို လင်းယွန်က အကြမ်းဖျင်း သိလာပြီး ပြုံးရယ် လိုက်မိသည်။
အဆုံးတွင် ရန်တျန်းချန် ဟူသည် နတ်တောင်၏ သွေးသန့်စင် ခန်းမှ တွားသွား တက်လာ သူ ဖြစ်၏။
ဤပွဲ၌ တစ်စုံ တစ်ယောက်သည်၊ ခြေနင်းတုံး ဖြစ်လာ ရမည် ဆိုသော်၊ သူ မဟုတ် သည်သာ သေချာ လေသည်။
လူတိုင်း၏ အာရုံ စိုက်မှုသည် တချိုးတွင် ရှိေနပြီး ထူးထူး ဆန်းဆန်း၊ ကြောက်မက်ဖွယ် ပလွေသံက စင်မြင့်ပေါ်၊ ကြီးစိုး နေ၏။
နတ်ဆိုး အော်သံနှင့် တစ္ဆေ သရဲ များ၏ အော်မြည် သံလိုပင်။ လူတော်တော် များများက ပါးစပ်ထဲမှ သွေးများ စီးကျလာ ကုန်သည်။
သည့်နောက် ခေါင်းကို အုပ်ကိုင်ပြီး စင်မြင့်ပေါ်၊ လူးလှိမ့် အော်ဟစ် ကုန်ကြသည်။ ထူခြားချက် အနေဖြင့်၊ ထိုအသံ များက တချိုး ပလွေ သံနှင့်၊ ရောနှော သွားခြင်း ဖြစ်သည်။
ယင်းက သူ့ တေးသွားကို၊ ပို၍ ကြောက်စရာ ကောင်းစေသည်။ အချို့မှာ အစောပိုင်း ခုခံထား နိုင်သော်လည်း၊ ပလွေသံနှင့် အော်ဟစ်သံများ ပေါင်းစည်း ပြီးနောက်တွင်၊ မခြေ အနေ မဟန် တော့ချေ။
“ ဒီသီချင်းက ဘာကြီးလဲ ... ။ ”
“ ဒါကို ဂီတလို့ သတ်မှတ် နိုင်တာလား။ ”
“ ညံလိုက်တာ ... ၊ ဒါက နန်းတော် ခုနစ်လုံးရဲ့ ... နတ်မိစ္ဆာ ငိုကြွေး မြည်တမ်းခြင်း ခုနစ်ပါး တေးသွားပဲ၊ ဒီကမ္ဘာ ပေါ်မှာ အနာကျင် ရဆုံး ခံစားချက် တေွနဲ့၊ ဖန်တီးထားတယ်၊ တိချိုးက ဒါကို ကြောက်မက်ဖွယ် ကောင်း လောက်အောင် ကျွမ်းကျင် နေပြီပဲ။ ”
ထိုမြင်ကွင်းကို သူတို့ မျှော်လင့် ထားပြီး ဖြစ်လေသည်။ လူ ငါးယောက်သာ ကျန်ရှိ ချိန်၌ နိဗ္ဗာန် နန်းတော်၏ အကြီးအကဲ များက ရပ်တန့်ရန် အချက်ပြ လိုက်သည်။
“ လုံလောက်ပြီ။ ”
သို့သော် တချိုးမှ ရပ်ရန်၊ ရည်ရွယ်ချက် မရှိခဲ့ဘဲ၊ သူ့ သီချင်းကို ဆက်လက် တီးမှုတ် နေ တော့သည်။
“ သီချင်း မဆုံးခင် ... သူရပ်မှာ မဟုတ်ဘူး။ ”
စောင့်ကြည့် နေသူများမှာ၊ တချိုးသည် စင်မြင့် ပေါ်ရှိ လူတိုင်းကို နှိမ်နှင်း လိုနေကြောင်း မြင်သာသည်။
နိဗ္ဗာန် နန်းတော်၏ အကြီး အကဲ များက ပလ္လင်ထံ လှည့်ကြည့်ရာ၊ နန်းတော် သခင်က ခေါင်းညိတ် ပြလာသည်။
နန်းတော် သခင်သည်၊ ပါရမီရှင် များကို နှစ်သက်ပြီး၊ သူတို့အား လုပ်ပိုင်ခွင့် ပေးထား ခဲ့၏။
ထို့ကြောင့် လူတိုင်း ဒွာရ ခုနစ်ပါးမှ၊ သွေးများ စီးကျကာ၊ စင်မြင့်ပေါ် လဲကျ ကုန်ပြီး သီချင်း ရပ်သွား လေသည်။ သူတို့၏ မျက်နှာ များမှာ၊ နာကျင်မှုကြောင့် ပုံပျက် နေသည်။
“ ပြီး သွားပြီ ... ။ ”
အားလုံးက ပြီးဆုံး သွားသည်ဟု ခံစား လိုက်ရ ချိန်၌၊ စင်မြင့် တစ်နေရာတွင် အေးအေး ဆေးဆေး ထိုင်နေသော လူ တစ်ယောက်ကို တွေ့လိုက် ရသည်။
ထိုလူသည် ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်ကြီး ရန်တျန်းချန် ဖြစ်၏။ အဆိုပါ အသိကြောင့် လူတိုင်း တုန်လှုပ် လာသည် ။
“ စီနီယာ အစ်ကို ရန်၊ မင်း ရှုံးနိမ့် တာကို ဝန်ခံ မှာလား။ ”
တချိုးက ပြုံးလျက် မေးသည်။ ၎င်းတို့သည် ဂီတအိမ် လေးလုံးမှ တပည့် ကြီးများ ဖြစ်သဖြင့်၊ ‘စီနီယာ အစ်ကို’ အဖြစ် ရည်ညွှန်း ခြင်းသည်၊ လေးစားသမှု ရှိသည်ဟု သတ်မှတ် နိုင်၏။
သို့သော် သူ့အပြုံး အရ၊ ယင်းသည် သရော် လှောင်ပြောင် ခေါ်ဆို နေခြင်း ဖြစ်လေသည်။
“ မဆိုး ပါဘူး ... ၊ ဒါပေမယ့် ငါ စိတ်မဝင် စားဘူး။ ”
“ ဟား ဟား ဟား ... ၊ ငါ မင်းကို သတိ မထား မိဖူး ထင်လား ... ၊ ရှုံးနိမ့် ခြင်းကို ဝန်မခံ ချင်ရင်၊ ကောင်းကင် ရနံ့ သင်းသင်း အပေါ်၊ အရှက်ရ စေမိတဲ့ အတွက်၊ ငါ့ကို အပြစ် မတင်နဲ့။ ”
တချိုးက လှောင်ပြောင်လျက် ပလွေကို နောက်တစ်ကြိမ် တီးမှုတ် တော့သည်။ သည် တစ်ကြိမ်၌ ပလွေသံမှာ၊ ရုတ်တရက် စူးရှကာ ကြောက်မက်ဖွယ် ကောင်း လာ၏။
ကြားရ သူတိုင်း နားစည် ပေါက်တော့ မည်ဟု ခံစား လာရသည်။ ကြက်သွေးရောင် မြူများ ရစ်သိုင်း လာပြီး၊ သားရဲများ အဖြစ် ထင်ရှား လာ၏။ (၇)ကောင် တိတိ ရှိသည်။
ဤအခိုက်တွင် ပလွေသံသည် နတ်ဆိုး တစ်ပါး ဖြစ်ပြီး သားရဲ ခုနစ်ကောင်မှ၊ ၎င်းအား ခစား လေသည်။
၎င်းသားရဲ များက စိတ်ပျက် အားငယ် စေသော အော်သံကို ပြုလျက်၊ လူတိုင်း အပေါ်၊ ရန်လို လာသည်။
“ အစ်ကို ရန်၊ ခေတ်တွေ ပြောင်းသွားပြီ။ မင်းလို မျိုးဆက် ဟောင်းတွေ အတွက်၊ နေရာ မရှိ တော့ဘူး။ ”
တချိုးမှ ကောက်ကျစ်သော အပြုံးကို ထုတ်ဖော်လျက်၊ ရန်တျန်းချန်ထံ သားရဲ (၇) ကောင်အား၊ စေလွှတ် လိုက်သည်။
ရန်တျန်းချန်မှာ တည်ငြိမ်ပြီး၊ သားရဲ (၇)ကောင်ကို ကြည့်ကာ၊ တစ်စုံတစ်ရာ တွေးဆ နေခဲ့သည်။
“ ဟား ဟား ဟား ... အစ်ကိုရန်၊ မင်းရဲ့ တူရိယာကို မထုတ် ဖူးလား ... ။ ”
“ မင်းလို လူပြက်နဲ့ ဆက်ဆံဖို့ ... ၊ ငါ့တူရိယာကို မလို ပါဘူး။ ”
ရန်တျန်းချန်မှ လက်ဝေှ့ယမ်း လိုက်ရာ၊ နီးစပ်ရာ သစ်ပင် တစ်ပင် ထံမှ၊ သစ်ရွက်ငယ် တစ်ရွက် စင်မြင့်သို့၊ လွင့်ဝဲ လာသည်။
“ မင်းက ... သေမင်းကို မမြင်ဖူး ပဲနဲ့၊ သေခြင်း တရား အကြောင်း လာပြော နေတာပဲ၊ စစ်မှန်တဲ့ စိတ်ပျက် အားငယ်ခြင်း ဆိုတာ၊ ဘာလဲ ငါ ပြပါရစေ။ ”
စကားဆုံး သည်နှင့် သစ်ရွက်အား ဖမ်းယူကာ နှုတ်ခမ်းတွင် တေ့မှုတ် လိုက်သည်။
“ ပီး ... ။ ”
စူးရှသော အသံက လေထုကို ရိုက်ခတ် သွားသည်။ အသံသည် ခြောက်ကပ် ပြတ်သား လှ သဖြင့်၊ ကြားလိုက်ရ သူတိုင်းကို ဦးရေ ပြားများ ယားယံ လာစေ၏။
ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အငွေ့ အသက်များ ပေါက်ကွဲ လာလေသည်။
သူ့ မျက်ဝန်းများ နီမြန်း လျက်၊ မျက်နှာ ပေါ်၌၊ ကြက်သွေးရောင် သွေးကြောများ ဖောင်း ကား လာ၏။
တချိုးသည် နတ်ဆိုးကို မမြင် ဖူးချေ။ ထိုကြောင့် ၎င်းအား ပြရ ပေမည်။ ဒေါသနှင့် ရန်လိုမှုသည် ရန်တျန်းချန် ထံမှ ပေါက်ကွဲ သွားတော့၏။
တချိုး၏ ပလေွ သံမှာ၊ ချက်ချင်း ဆုတ် သွား၏။ ထူးဆန်းသော သားရဲ ခုနစ်ကောင်မှာ၊ ကြက်သွေးရောင် မြူအဖြစ်၊ ပြောင်းလဲ သွား လေသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ပါးစပ်မှ သွေးများ စီးကျလျက်၊ တချိုး တစ်ယောက် ခြေလှမ်း သုံးလှမ်းခန့် နောက်ပြန် ဆုတ်သွား တော့သည်။
သူ့မျက်ဝန်း ထဲမှ၊ သွေးစက် နှစ်စက်ခန့် စီးကျ လာပြီး၊ ဒူးတစ်ဖက် ထောက်ကျ သွား လေသည်။ သူ ရှုံးသွား ပြီမှန်း နားလည် လိုက်၏။
လူတိုင်းက မယုံနိုင်စွာ ကြည့်လာ သည်။ အထူးသဖြင့် နန်းတော် ခုနစ်လုံးနှင့် သက်ဆိုင် သူများမှာ သာ၍ ဆိုးချေပြီ။
***