← Chapters

ဘယ် ... သီချင်း နားထောင် ချင်လဲ။

Vol. 124 Ch. 1735

ဘယ် ... သီချင်း နားထောင် ချင်လဲ။

Vol. 124 Ch. 1735

နိဗ္ဗာန် စင်မြင့် ဝန်းကျင်မှာ၊ တိတ်ဆိတ် သွားတော့၏။ ရန်တျန်းချန်မှ သူ့ လက်ထဲရှိ သစ်ရွက်အား လွင့်ဝဲ စေလိုက်သည်။

ဤနည်း ဖြင့်ပင်၊ ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်ကြီး ဟူသော ရာထူးကို ထုတ်ဖော် ပြသ ခဲ့၏။

“ ကောင်းလိုက်တာ ... ။ ”

“ ဖျောင်း ဖျောင်း ဖျောင်း ... ။ ”

လင်းယွန်မှ အပြုံးဖြင့် လက်ခုပ် တီးကာ၊ ဂုဏ်ပြု လိုက်သည်။ တကယ်ပင် စိတ်လှုပ်ရှား ချေ၏။

သူတပါး အတွက် လက်ခုပ် တီးခြင်းမျိုး ရှားပါး သော်လည်း၊ ရန်တျန်းချန်မှာ ထိုက်တန် လေသည်။

“ ကြည့်ရတာ စီနီယာ အစ်ကိုကြီးက၊ သက်တောင့် သက်သာ ရှိနေ သလိုပဲ။ ”

ယွဲ့ဝေဝေမှ ပြုံးလျက် မှတ်ချက်ပြုသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ် နေသော်လည်း၊ လင်းယွန် လက်ခုပ် သံကြောင့် ပြန်လည် အသက် ဝင်လာ၏။

“ ဒီတစ်ကြိမ် လူ ... နှစ်ယောက်ပဲ၊ နောက်တစ်ဆင့် တက်ခွင့် ရမယ်။ ”

တချိုး တစ်ယောက် ရှုံးနိမ့် သော်လည်း၊ အရည်အချင်း ရှိသဖြင့်၊ နန်းတော် သခင်မှ၊ ထုတ်ပယ်ခြင်း မရှိ ခဲ့ချေ။

“ နောက် တစ်ကြိမ်ဆို ... မင်းကို အခွင့် အရေး မပေးဘူး။ ”

တချိုးက နှုတ်ခမ်းမှ သွေးကို သုတ်ကာ၊ ပြောလေသည်။ ရန်တျန်းချန်မှ ခေါင်းညိတ်ပြ လိုက်၏။

နန်းတော် သခင်က ရန်တျန်းချန်ကို စစ်ဆေးကြည့် ပြီးနောက်၊ မုရွယ်လင် ထံ လှည့်ကာ၊

“ သူ နတ်တောင်ကို ... သွားခဲ့တယ် မဟုတ်လား၊ နတ်တောင်က တကယ်ကို အထင် ကြီးစရာ ကောင်းပါတယ်။ ”

-ဟု ပြုံးလျက် ပြောလိုက် တော့သည်။

ဤတိုက်ပွဲ ရလဒ်မှာ၊ အံ့အား သင့်စရာ ဖြစ်သော်လည်း၊ လင်းယွန်က သာမန် ဖြစ်သည်။ လူတိုင်းကို ပခုံးဖြင့် ထမ်းထား ပြီးနောက်၊ ဤမျှ လောက် မစွမ်းသော်၊ အလကား ဖြစ်ပေမည်။

ထို့နောက် ပြိုင်ပွဲမှာ ဆက်သွား နေ၏။ လင်းယွန်မှ လူတိုင်း၏ တေးသွားကို ဂရုတစိုက် နားထောင်ပြီး၊ သင်ယူ နေခဲ့သည်။

( စိတ်ဝင် စားစရာပဲ ... ၊ ပလွေကို ဒီလို ပုံစံမျိုးနဲ့ သုံးနိုင် တာလား၊ ငါ စမ်းကြည့် ရမယ်၊ ဒါက ဖြတ်လမ်း တစ်ခုပဲ။ )

အပြင်ပိုင်း တည်ငြိမ် နေသော်လည်း သူ့အတွေး များမှာ၊ အရှိန် အဟုန်ဖြင့် ရွေ့လျား နေသည်။ ရုတ်တရက် ဆိုသလို နာမည် နှစ်ခုကို လှမ်းခေါ်သံ ကြားလိုက် ရ၏။

ယင်းမှာ သူနှင့် ယွဲ့ဝေဝေ ဖြစ်သည်။ နှစ်ယောက်သား အံ့အားသင့် မိပြီး၊ အကြည့် ချင်း ဖလှယ်ကာ ပြုံးလိုက် ကြသည်။

မတ်တပ် ထရပ်လျက်၊ စင်မြင့် ပေါ်သို့ အတူတကွ တက်ရောက် လိုက်သည်။ ယင်းက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိ လာစေ၏။

“ လင်းရှောင်နဲ့ နတ်သမီးလေး ... ။ ”

“ လင်းရှောင် ဆိုတာ သူလား၊ အနောက်ဘက် ဥယျာဉ်မှာ၊ ပွဲဖြစ်အောင် လုပ်ခဲ့တဲ့ လူရိုင်းကောင်။ ”

“ နတ်သမီးက လှလိုက်တာ ... ၊ အဲဒီ ကောင်နဲ့ မလိုက် ဖက်ဘူး။ ”

“ ဘယ်လိုတောင် ... လှလိုက်လဲ ... ။ ”

ပရိသတ် များနှင့် မြင့်မြတ် မြေများ၊ အပါအဝင် အခြားသော ဂီတအိမ် များမှလည်း၊ ယွဲ့ဝေဝေ အလှကြောင့်၊ ယစ်မူး သွား၏။

“ ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်သမီးက တကယ့်ကို လှတာပဲ။ ”

လီယွီရှမှ ချီးကျူး လိုက်သည်။

“ ဟား ဟား ဟား ... အစ်ကိုလီ၊ မင်း စိတ်ဝင်စားရင်၊ ကောင်းကင် ရနံ့ သင်းသင်းကို သွားပြီး၊ နှစ်ကိုယ်ကြား ဆွေးနွေး နိုင်ပါတယ်၊ သူ့မှာ အရမ်း သပ်ရပ်တဲ့၊ အက စွမ်းရည်မျိုး ပိုင်ဆိုင် ထားတယ်။ ”

နှင်းပျံ ခန်းမ၏ ပိုင်ယွင်ဖေးမှ ပြုံးကာ ဝင်ပြောသည်။ ယင်းကို လီယွီရှက အပြုံး နှင့် သာ တုန့်ပြန်၏။

စင်မြင့် ပေါ်၌ လင်းယွန်နှင့် ယွဲ့ဝေဝေက၊ ချောင်ကျသော နေရာကို ရွေးလျက်၊ ထိုင်ရန်ပြင် တော့သည်။

ယွဲ့ဝေဝေ မှလည်း လင်းယွန် အနားတွင်၊ နေရာ ယူ၏။ လင်းယွန် မှတပါး အခြားလူ မရှိ သကဲ့သို့၊ ပြုမူ နေသည်။

“ ဝေဝေ ... ၊ ဗျပ်စောင်းနဲ့ ပလွေ ဘာကြိုက်လဲ၊ ဒါမှ မဟုတ် ... အခြား တစ်ခုခု ရှိလား။ ”

လင်းယွန်က လှည့်ကြည့်ကာ မေးသည်။

“ ဗျပ်စောင်း ... ။ ”

ယွဲ့ဝေဝေက ပြုံးပြီး ပြန်ဖြေ လေသည်။ အစ်ကိုကြီးလင်း နှင့်သာ ကစား ရမည် ဆိုက မည်သည့် တူရိယာ မဆို အဆင် ပြေသည်။

သို့သော် ဤသည်မှာ အများနှင့် ပြိုင်ပွဲ ဖြစ်သဖြင့်၊ ဗျပ်စောင်း သည်သာ အကောင်းဆုံး ပေပင်။

“ ကောင်းပြီ ... ။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။ သူ့တို့၏ အမူအရာမှာ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစား သွားသည်။

တချိုး ထက်ပင် မာနကြီး နေ၏။ တချိုး ကဲ့သို့ ဟိတ်ဟန်ထုတ် ရန်ပင်၊ ဆန္ဒ ရှိပုံ မရချေ။ စင်မြင့်ပေါ် တက်လာ ရသည်ကို၊ စိတ်ဝင် စားပုံ မပြဘဲ၊ လူတိုင်း အပေါ်၊ လျစ်လျူရှု ထားသည်။

“ ဒီကောင်က ... ဘယ်လို မောက်မာ ရမလဲ ဆိုတာ ... ၊ တကယ် သိတာပဲ။ ”

“ ဟုတ်ပါ့ ... ၊ တကယ့် လူရိုင်း၊ ပြိုင်ပွဲဝင်ပေါင်း ကိုးဆယ် ကျော်ကို မျက်လုံးထဲ မထားချင် ဖူးလား၊ ငါတို့ ... သူ့နဲ့ အရင် စလိုက် ရအောင်။ ”

ပြိုင်ပွဲဝင် တိုင်းက မပျော် မရွှင် ဖြစ်သွား ကြပြီး၊ လင်းယွန်အား ပစ်မှတ်ထား လာတော့ သည်။

အထူး သဖြင့် ပြုံးကာ၊ နားထောင်ရန် ပြင်နေသော ယွဲ့ဝေဝေ အသွင်က သူတို့အား မနာလို ဖြစ်စေ၏။

“ သူက လူတွေကို ... ၊ စိတ်ချမ်း သာအောင် မထားတတ် ဖူးလား။ ”

လင်းဝမ်နှင့် လောရှုရီ၏ နှုတ်ခမ်းများ လှုပ်ယမ်း သွားကာ၊ လင်းယွန် အတွက် စိတ်ပူ သွားလေသည်။

“ ဂုဏ်သတင်း ဆိုတာ ... ၊ ဖုံးကွယ်ထား လို့မှ မရတာ၊ ဂျူနီယာ လင်းလို ... ထူးချွန် သူ တစ်ယောက် အတွက်၊ ဒါက သဘာဝ ပါပဲ၊ ...

... အခုလို စင်မြင့် ပေါ်မှာ၊ ဂျူနီယာ ညီမလေးနဲ့ ... တွဲနေ မှတော့၊ ပြောစရာ မရှိ တော့ဖူးပေါ့ ... ။ ”

ရန်တျန်းချန်မှ ပြုံးကာ၊ ဝင်ပြော လိုက်သည်။

“ အစ်ကိုကြီး ... ၊ မင်း ဘာလို့ သူ့ဘက်က ဖြစ်နေရ တာလဲ၊ သူ့ကို ... သင်ခန်းစာ သင်ပေး သင့်တယ် မဟုတ်လား။ ”

လင်းဝမ်မှ ပြန်ပြောသည်။ ရန်တျန်းချန်မှ ပြုံးရုံသာ ပြုံးပြီး ပြန် မဖြေချေ။ လင်းယွန်နှင့် ပထမဆုံး တွေ့ဆုံမှု၌၊ ထိုအတွေးမျိုး ရှိခဲ့ ဖူးသည်။

ဤလူများ အားလုံးမှ၊ လင်းယွန် အပေါ် စုဖွဲ့လိုသော်၊ လွယ်မည် မဟုတ်မှန်း သူ သိ၏။ နာမည် ခေါ်ခံ ရသူများ၊ အားလုံး စင်မြင့်ပေါ် တက်လာပြီး၊ စတင် တော့သည်။

လူပေါင်း (၉၈) ယောက်မှ လင်းယွန်ထံ ဦးတည်သော တိုက်ခိုက်မှုများ၊ ထုတ်ဖော်လာ ကြ၏။

၎င်းတို့၏ ဂီတ သံစဉ် များဖြင့်၊ ဖန်တီး ထားသည့် ဖြစ်ရပ် များမှာ၊ ကြောက်မက်ဖွယ် ကောင်းချေပြီ။

ထိုမြင်ကွင်းက ယွဲ့ဝေဝေ မျက်နှာကို ပြောင်းလဲသွား စေပြီး၊ အပြုံးများ အေးခဲ လာ တော့၏။

“ စိတ် မပူနဲ့ ... ၊ သီချင်း နားထောင် ... ။ ”

လင်းယွန်က ပြုံးပြုံး ရွှင်ရွှင်ဖြင့်၊ ဟန့်တား လိုက်ရသည်။ ထို့ကြောင့် သူမ ရှိရာ အရပ် ၌ပင်၊ နေလိုက် ရ၏။

“ ဒင် ... ။ ”

ဗျပ်စောင်းသံ ထွက်ပေါ် လာ သည်နှင့်၊ သီချင်းသံက လူတိုင်း ရင်ထဲ တိုးဝင်ပြီး၊ ပြိုင်ပွဲ ဟူသော ခံစားချက်ကို၊ မေ့လျော့ ငြိမ်းအေး လာစေသည်။

သို့သော် လေလှိုင်းတွင် ဓားပါ သဖြင့်၊ သူ့ဆီလာ သမျှသော အဖြစ် အပျက် များကို၊ အနား မရောင်ခင်၊ အပိုင်းပိုင်း ကွဲသွား စေသည်။

“ ဒင် ... ။ ”

ဤအရာက လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေကာ၊ ခြေတစ်လှမ်း ဆုတ်ခွာ သွားကုန် ၏။

“ ဒင် ... ။ ”

လင်းယွန်၏ လက်ခတ် ဟန်မှာ၊ ပုံမှန်နှုန်း မျှသာ ဖြစ်ပြီး၊ အထင် ကြီးစရာ မရှိချေ။ ၎င်းက မီးလွင်ပြင် ထဲမှ ဖီးနစ်ကို ကစား နေခြင်း ဖြစ်၏။

တေးသွား၏ စစ်မှန်သော အနုပညာ အယူအဆကို ထုတ်မပြ သေးဘဲ၊ သိမ်မွေ့စွာ တီးခတ်ပြ ခဲ့သည်။

အဘယ်ကြောင့် ဆိုသော်၊ ဤသီချင်းအား ယွဲ့ဝေဝေ အတွက် ရည်ရွယ်ခဲ့ သဖြင့်၊ ရက်စက် မုန်းတီးမှုများ မလိုချေ။

သူ့စိတ် စွမ်းအင်မှာ၊ မယုံနိုင် လောက်အောင် အစွမ်းထက် ချေ၏။ တေးသွား၌ ကြမ်းကြုတ်မှု များ မပါဝင် လျှင်ပင်၊ အသံလှိုင်း များက မီး ပင်လယ်ကို ဖန်တီး နိုင်ဆဲ ဖြစ်သည်။

နိဗ္ဗာန် စင်မြင့် ပေါ်ရှိ၊ ပြိုင်ပွဲ ဝင်တိုင်း မီးပင်လယ် အတွင်း ရောက်ရှိ နေ သကဲ့သို့၊ အပူ ဒဏ်ကို ခံလာ ရ၏။

“ ကျီး ... ။ ”

ဂီတ အဟုန်က တဟုန်းဟုန်း တောက်လောင် နေပြီး၊ ဖီးနစ် အော်မြည်သံ စူးရှစွာ ထွက်ပေါ် လာသည်။

“ အ ... ။ ”

လူအချို့ စင်မြင့် ပေါ်မှ၊ လွင့်စဉ် ပြုတ်ကျ ကုန်သည်။ ဤနည်းဖြင့် လူ (၉၈) ယောက်ကို ဖယ်ရှား နေခဲ့၏။

တေးသွားသည် နားဝင်ချို လွန်း သဖြင့်၊ ဤသည်မှာ နိဗ္ဗာန် ပွဲတော် ဖြစ်သည်ဟု၊ လူ အများက မေ့လျော့ ကုန်သည်။

ဂီတတွင် ပါဝင်သော အနုပညာ အယူအဆတွင်၊ အပြည့်အ၀ နှစ်မြှုပ် နေခဲ့ ကြသည်။

“ ကျီး ... ။ ”

အဝေးမှ အဖော်မဲ့ နေသော ဖီးနစ် တစ်ကောင်၏ အော်မြည်သံကို ထပ်ကြားလာ ရသည်။

ဆောင်းရာသီတွင် နေရောင်ခြည် ဖြာဆင်းလာ ကဲ့သို့ပင်၊ နွေးထွေးသော ခံစား ချက်များ ဝင်လာ၏။

မီးသည် နူးညံ့ သိမ်မွေ့ ခေျပြီ။ ထို သီချင်းကြောင့် စင်ပေါ်ရှိ၊ လူ အရေ အတွက်၊ လျော့နည်း လာ၏။

“ ဘာဖြစ် သွားတာလဲ ... ။ ”

လင်းယွန် မှလွဲပြီး၊ လူ (၈)ဦးသာ ကျန်ရစ် ခဲ့သည်။ ယင်းမှာ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ လူတိုင်း၏ ကျောရိုးများ အေးစိမ့် ကုန်၏။

“ ဒီကောင်က အရမ်း ကြောက်စရာ ကောင်းတယ်၊ ဘယ်သူမှ မသိခင် လူပေါင်း များစွာကို၊ ဖယ်ထုတ် ပစ်လိုက်ပြီ။ ”

“ သူ့ သီချင်းက ထူးဆန်းတယ်၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက် မပါ ပေမယ့်၊ ရုန်းထွက်ဖို့ မလွယ်ဘူး။ ”

လူတိုင်း အံ့အားသင့် နေချိန်တွင်၊ မီးပင်လယ် ထဲမှ နောက်ထပ် လူနှစ်ယောက် လွင့်စဉ် လာပြန်၏။

“ ရပ်လိုက် ရအောင်။ ”

လင်းယွန်က ဗျပ်စောင်းအား အရှိန်မြှင့် တီးခတ် လိုက်ရာ၊ လူ ငါးယောက် မီးစွဲလောင် လျက်၊ ပြုတ်ကျကာ အဆုံးသတ် သွား တော့သည်။

“ ကျီး ... ။ ”

စင်မြင့် အပြည့် နီးပါး ကြီးမားသော နတ်ဖီးနစ် တစ်ကောင် မီးပင်လယ်မှ တိုးထွက် လာ၏။

“ ဘယ်လိုလဲ ... ။ ”

လင်းယွန်က ဗျပ်စောင်း ကြိုးများကို ငြိမ်သက် စေခဲ့ပြီး၊ ယွဲ့ဝေဝေထံ ပြုံးကာ မော့ ကြည့်သည်။

“ အရမ်း ချစ်စရာ ကောင်းတယ်။ ”

ယွဲ့ဝေဝေမှ ခေါင်းညိတ် ပြလိုက်၏။ သူတို့ စကားဝိုင်း အရ၊ လူပေါင်း (၉၈) ယောက်အား၊ မျက်လုံးထဲ မထားကြောင်း၊ မြင်သာ စေသည်။

“ သိမ်မွေ့ခြင်းက၊ အသက် အန္တရာယ် ရှိတယ်။ ”

နိဗ္ဗာန် နန်းတော် သခင်မှ၊ လင်းယွန်ကို ကြည့်ကာ ရေရွတ် လိုက်သည်။

“ နောက်တစ်ဆင့် ... ။ ”

အကြီးအကဲ တစ်ဦးက၊ လင်းယွန်နှင့် ယွဲ့ဝေဝေကို၊ စင်မြင့် ပေါ်မှ ဆင်းစေ လိုက်၏။ ထို့စဉ် လှောင်ပြောင် ရယ်မော လိုသော အသံ ထွက်ပေါ် လာသည်။

“ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ... နတ်သမီးက၊ လူ တစ်ယောက်ရဲ့ နောက်ကွယ် မှာ ပုန်းအောင်း ဖို့ပဲ သိတာကိုး၊ ...

... ဒီလို နည်းလမ်းနဲ့ ... ၊ ဒီပွဲမှာ နောက် တစ်ဆင့် တက်သွားတာ၊ ရှက်စရာလို့ မထင်မိ ဖူးလား။ ”

အားလုံးက အသံ ရှင်အား လှည့်ကြည့် လိုက်ကြ၏။ ယင်းက ဟွာဟောင်ယု ဖြစ်လေ သည်။

သူမသည် ပန်းတောင်ကုန်း၏ တပည့်ကြီး ဖြစ်၏။ ယွဲ့ဝေဝေ စင်မြင့်ပေါ် မတက်မီ အချိန်၌ ကောင်းကင် မြို့တော်တွင်၊ အလှဆုံး အဖြစ် လူ အများက၊ သတ်မှတ် ပေးထား သူ ဖြစ်သည်။

***

All Chapters