← Chapters

စကား အရမ်း များတယ်။

Vol. 124 Ch. 1736

စကား အရမ်း များတယ်။

Vol. 124 Ch. 1736

ဟွာဟောင်ယု၏ စကား များမှာ၊ ယမ်းစိမ်းနှင့် တူသည်။ ယင်းက အများ သူငှာ ဘုံရန်သူ ဖြစ်သွား စေရန်၊ ရည်ရွယ်၏။

တစ်ခါ တစ်ရံတွင် အမျိုးသမီး များ၏ မနာလို စိတ်သည်၊ အမျိုးသားများ ရန်ပွဲထက် ပို၍ ရက်စက် နေတတ်သည်။

သူမသည် ကောင်းကင် မြို့တော်၏ အလှ ဘုရင်မ ဖြစ်ပြီး၊ ယွဲ့ဝေဝေ ပေါ်လာချိန်၌ အဆိုပါ ရာထူးကို ဆုံးရှုံး ခဲ့သည်။

ယင်းက သူမအား စိတ်အနှောက် အယှက် ဖြစ်စေ၏။ လူတိုင်းသည် ဂုဏ်သတင်း အတွက် တိုက်ပွဲ ဝင်ကြ သည်မှာ၊ သဘာဝ ပေပင်။

နတ်သမီး လေး လှပကြောင်း၊ ကြားသိ ထားသော်လည်း၊ ဤမျှ ချစ်စရာ ကောင်းလိမ့် မည်ဟု၊ သူမပင် မထင် ထားချေ။

ထို့ကြောင့် လူတိုင်း၏ အာရုံ စိုက်စရာ ဖြစ်လာသည်။ ပို၍ ကြည့်မရ တော့ သည်မှာ၊ သူမထက် မာန ကြီးပြ နေခြင်း ပေပင်။

ပတ်ဝန်းကျင်ရှိ လူတိုင်း တိတ်ဆိတ် သွားကာ၊ မည်သည့် အရာများ ဖြစ်ပျက်လာ မည်ကို၊ သိချင် ကုန်ကြ၏။

ဟွာဟောင်ယုကို လင်းယွန်မှ တုန့်ပြန် တော့မည့် အချိန်တွင်၊ ယွဲ့ဝေဝေမှ သူ့လက်အား ဆုပ်ကိုင် လိုက်ပြီး၊

“ အစ်မကြီး ပြောတာ မှန်ပါတယ်၊ အစ်မကြီးကို စိတ်ပျက် စေတဲ့ အတွက် တောင်းပန် ပါတယ်။ ”

“ ရှက်စရာ မှန်းသိရင် ... ၊ မင်း ဘာလို့ လက်ခံနေ သေးလဲ။ ”

ထိုစကား များက၊ ယွဲ့ဝေဝေအား မျက်မှောင်ကြုတ် စေသည်။ သူမ ပြန်၍ ချေပ တော့မည့် အချိန်၌၊ လင်းယွန်က ဝင်ပြော လိုက်၏။

“ မင်းနဲ့ ဘာဆိုင်လဲ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ကောင်းကင် မြို့တော်ရဲ့ အလှဆုံး အမျိုးသမီးက၊ တကယ့်ကို အရှက်မဲ့ တာပဲ။ ”

လင်းယွန် စကား များကြောင့်၊ ပန်း တောင်ကုန်းမှ လူတိုင်း မျက်နှာ ပျက်ယွင်း သွား၏။ ဟွာဟောင်ယုသည် သူတို့အား ကိုယ်စားပြု လေသည်။

သူမ စကားတွင် အမှား မရှိချေ။ ဤနတ်သမီးလေး ဆိုသူသည် စင်မြင့် ပေါ်၌ မည်သည့် အရာမှ လုပ်ဆောင်ခြင်း မရှိဘဲ၊ နောက်တစ်ဆင့် တက်လှမ်း ခဲ့သည်။

“ ငါ့ကို အမြင် ကျယ်စေပြီ ... ၊ စင်ပေါ်မှာ ဘာမှ မလုပ်ပဲ၊ နောက် တစ်ဆင့် ... တက်လှမ်း သွားနိုင် တာကို၊ လေးစား ပါတယ်။ ”

“ နန်းတော် သခင် ကတောင်၊ စကား တစ်ခွန်းမှ မပြောတာ၊ မင်းတို့ ပန်းတောင်ကုန်း က၊ ကိုယ့်ကိုယ်ကို ဘယ်သူလို့ ထင်နေလဲ။ ”

လင်းယွန်၏ ဒေါသကို မြင်သော အခါ၊ ဟွာဟောင်ယုက ပြုံးလိုက်သည်။ ဤသည်မှာ သူမ မြင်ချင်သော အရာ ဖြစ်၏။

“ နင် ... ပြောတာ မှန်တယ်၊ နိဗ္ဗာန် နန်းတော် သခင် ရှေ့မှာ ... ငါက အရည် အချင်း မရှိ ပါဘူး၊ သခင်ငယ် လင်းရှောင်ကို တောင်းပန် ပါတယ်၊ မင်းကို ပစ်မှတ် ထားနေတာ မဟုတ် ပါဘူး ။ ”

“ ရွံ့စရာ ကောင်းလိုက်တာ။ ”

လင်းယွန်က ဟွာဟောင်ယုအား စိတ် မ၀င်စား တော့ချေ။ ပန်း တောင်ကုန်းရှိ လူတိုင်း ထံ ကြည့်ပြီး၊

“ မင်းတို့ မပျော်ဖူး ဆိုရင် ငါ့ဆီ လာခဲ့၊ သိုင်းပညာ၊ ဂီတ ကြိုက်ရာ စိန်ခေါ် နိုင်တယ်၊ ဝေဝေ သွားရအောင်။ ”

-ဟု စိန်ခေါ် လိုက်တော့သည်။

ဤအရာက ယွဲ့ဝေဝေအား အံ့အားသင့် သွားစေသည်။ အစ်ကိုကြီး လင်းမှ အထိ မခံ သော ထိုလုပ်ရပ် အပေါ်၊ သဘောကျ ချေ၏။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွားကာ၊ လူတိုင်းက လင်းယွန်အား၊ မယုံကြည် နိုင်စွာ၊ ပြန်ကြည့်မိ ကြသည်။

ဤလူသည် မာနကြီး လွန်း၏။ အနား ပြန်ရောက် လာသော လင်းယွန်နှင့် ယွဲ့ဝေဝေ အား ကြည့်ကာ၊ ရန်တျန်းချန် တစ်ယောက်၊ ကူကယ်ရာမဲ့ သွားသည်။

ဂျူနီယာ လင်းရှောင်သည်၊ အမှန်ပင် မောက်မာ သူ ဖြစ်ကြောင်း၊ နားလည် လာ၏။ ၎င်းမှာ သည်းခံခြင်းကို သိပုံ မရချေ။

လင်းဝမ်နှင့် လောရှုရီက၊ မျက်လုံးပြူး သွားသည်။ နတ်သမီးလေး အာရုံကို ဖမ်းစား နိုင်သည်မှာ၊ ဤသို့သော အပြု အမူမျိုး ဖြစ်ပေမည်။

သူမအား အကာအကွယ် ပေးပြီး ပန်းတောင်ကုန်း တစ်ခု လုံးကို စိန်ခေါ် ရဲသော၊ လူငယ်မျိုး များများ စားစား မရှိချေ။

မာန ဟူသည့် ဝေါဟာရမှာ၊ လင်းရှောင် အတွက် မြည် ပေမည်။ ထိုအဖြစ် အပျက်အား ကောင်းကင် မီးလျှံ ဂိုဏ်းမှ၊ ချင်းဟိုက မျက်ဝန်း များ မှေးစင်းလျက် ကြည့်၏။

သူ့ ကျင့်ကြံမှုသည် နဝမမြောက် သွေး လွှတ်ကြောတွင် ဖြစ်ပြီး၊ လီယွီရှနှင့် ယှဉ်နိုင် သော ဂုဏ်သတင်းမျိုး ပိုင်ဆိုင် ထားသည်။

သူ့ခန္ဓာ ကိုယ်ရှိ နဂါး မူလမှာ၊ တောက် လောင်သော နေမင်းကြီး ကဲ့သို့ လျှံထွက် လာ တော့သည်။

ဟွာဟောင်ယုနှင့် စကား အခေျ အတင် ပြောနေသော အခါ၊ ရန်လိုသည့် အငွေ့ အသက် တစ်ခုကို ရရှိလိုက် သဖြင့်၊ လင်းယွန် မှလည်း ချင်းဟိုအား သတိ ထားမိ ခဲ့သည်။

တိုက်ပွဲများ ဆက်သွား နေခဲ့သည်။ လူတိုင်းက မြင့်မြတ် မြေ၏ ပါရမီရှင် များထံ ကြောက်လန့်စွာ လက်နက်ချ ကြ၏။

ထို့ကြောင့် နိဗ္ဗာန် စင်မြင့် ပေါ်၌ မြင့်မြတ် မြေများ၏ တပည့်များ သည်သာ ကြီးစိုး နေခဲ့ လေသည်။

၎င်းတို့၏ နဂါး မူလကို တေးဂီတ အတွင်း၊ ပေါင်းစပ် လိုက်သော အခါ၊ မည်မျှ သန်မာလာ သည်ကို၊ မြင်သာ စေ၏။

လင်းယွန်က တိုက်ပွဲ များကို၊ အာရုံစိုက် ခဲ့သည်။ အဘယ်ကြောင့် ဆိုသော်၊ ၎င်းတို့သည် ဂီတ ပညာတွင် ထူးချွန် သည်သာ မက၊ သိုင်း ပညာ ၌လည်း၊ သာလွန် သောကြောင့် ဖြစ်သည်။

အများစုမှာ နဂါး သွေးလွှတ်ကြော နယ်ပယ် အဆင့် သတ်မှတ်ချက်၌ ရှိနေ ကြပြီး၊ ၎င်းတို့၏ ခွန်အားသည်၊ သိုင်းပညာ ဖြစ်သည်။

ထို့ကြောင့် ဂီတ တူရိယာအား အသုံးပြု နေကြ သော်လည်း၊ ခွန်အား အပေါ် အားကိုး မိဆဲ ဖြစ်၏။

ထိုသူတို့သည် မဟာ သူတော်စင် အသံ၊ ဆုပ်ကိုင် ထားနိုင် သော်မှ၊ ဂီတ အရာ၌၊ ဂီတ သမား စင်စစ် များကို မယှဉ် နိုင်ချေ။

ထို့ကြောင့် သိုင်းပညာ အသိ များကို ပေါင်းစပ် ယှဉ်ပြိုင် လာကြသော ၎င်းတို့ အပေါ်၊ ဂီတ သမားများမှ၊ နာကျည်း မိသည်။

ဂီတ သမား ဟူသည် ရုပ်ခွန်အား၊ မသန်မာချေ။ စိတ် ခွန်အားသာ သန်မာကြ သည်။

ထို့ကြောင့် လက်သီး အပေါ်၊ အားကိုး သူများကို၊ အရိုင်း အစိုင်းများ အဖြစ် သတ်မှတ် ကြခြင်း ဖြစ်၏။

နေဝင် ရီတရော အချိန်၌၊ ပထမ အကျော့ ပြိုင်ပွဲများ ပြီးဆုံးကာ၊ ပြိုင်ပွဲဝင် တစ်သောင်းမှ သုံးရာသာ နောက် တစ်ဆင့် တက်ရောက် နိုင်ခဲ့သည်။

မြင့်မြတ် မြေ၏ တပည့် များက၊ အကြိမ်ပေါင်း များစွာ စင်မြင့်ကို၊ ရှင်းထုတ်ခဲ့ သဖြင့်၊ (၁၀) ဦးပင် မကျန်ရစ် နိုင်သော ပွဲစဉ်များ ရှိခဲ့သည်။

နိဗ္ဗာန် နန်းတော် သခင်က၊ မတ်တပ် ထရပ် လာပြီး၊

“ ဒီမှာ တစ်ရက်လောက် အနား ယူပါ ... ၊ ငါ့သား ရင်တျန်းက၊ နဂါး ဝိုင်တွေနဲ့ လူတိုင်းကို ဒီည ဧည့်ခံပေး လိမ့်မယ်။ ”

-ဟု ပွဲသိမ်း လိုက်တော့သည်။

နဂါး ဝိုင် ဟူသော အမည်ကြောင့်၊ လူတိုင်း စိတ်လှုပ်ရှား လာသည်။ ညရောက်သော အခါ၌၊ နိဗ္ဗာန် နန်းတော် သခင်ငယ်၊ ကျန့်ရင်တျန်းမှ ခွက်ကို မြှောက်ပြီး၊

“ နိဗ္ဗာန် ပွဲတော်ရဲ့ ... ပထမ အကျော့ ... ဒီမှာပဲ ပြီးဆုံး သွား ပါပြီ၊ အားလုံးက ခွန်လွန်ရဲ့ ဂီတ ပါရမီရှင် တွေမို့၊ ဒီလူတေွ ထဲမှာ နတ်နဂါး အသံကို ဆုပ်ကိုင် ထား နိုင်သူ တစ်ယောက် ရှိကောင်း ရှိနိုင် ပါတယ်၊ ဒါကြောင့် ငါဒီမှာ လူတိုင်းကို တစ်ခွက် သောက်ပါ ရစေ။ ”

နဂါးဝိုင်သည် သူ့အတွက် မထူးခြား တော့သဖြင့်၊ လင်းယွန်က ဧည်ခံပွဲကို စိတ်မဝင် စားချေ။ ကျန့်ရင်တျန်း ပြောသည်မှာ မှန်၏။

ဤနေရာရှိ လူတိုင်းသည်၊ ပါရမီရှင်များ ဖြစ်ကြ သောကြောင့်၊ ရွှေခေတ် ရောက်ချိန်၌၊ နတ်နဂါး အသံကို ဆုပ်ကိုင် နိုင်သူ တစ်ဦး တစ်ယောက်၊ ထွက်ပေါ် လာနိုင်မည်။

ယင်းမှာ နိဗ္ဗာန် နန်းတော်၏၊ စစ်မှန်သော ရည်ရွယ်ချက် ဖြစ်သည်၊ အဆိုပါ ပါရမီရှင်အား စောလျင်စွာ၊ ခင်မင် ရင်းနှီးမှု ရထား ပါက၊ အနာဂတ်တွင် အကျိုး ရှိမည် ဖြစ်သည်။

“ နဂါး ဝိုင်က တကယ့်ကို ... ၊ ထူးထူး ခြားခြား ပါပဲ၊ နိဗ္ဗာန် နန်းတော်ရဲ့ အုတ်မြစ်က တုန်လှုပ် စရာ ကောင်းလိုက်တာ။ ”

နှင်းပျံ ခန်းမ၏ ပိုင်ယွင်ဖေးက ဝိုင် တစ်ခွက်ကို သောက်လျက်မှ ပြုံးလိုက်သည်။

“ တကယ် ပါပဲ၊ နိဗ္ဗာန် နန်းတော်ရဲ့ ရှုခင်းတွေက၊ သာယာ လှပ လွန်းတဲ့ အတွက်၊ ငါ့ကို မျက်စိ ပွင့်စေ ပါတယ်၊ ဒါကြောင့်လည်း ကောင်းကင် ဘုံလို့ ခေါ်ကြ တာကိုး။ ”

ဧည်ခံ ပွဲသည် စည်ကား နေပြီး လူများ စွာက၊ ၎င်းတို့၏ အမှတ်တရ များကို ပြန်လည် ဝေမျှ နေခဲ့ ကြသည်။

အထူး သဖြင့် နဂါးပြာ မှတ်တမ်း အကြောင်း ဖြစ်ကာ၊ မြင့်မြတ်မြေ၏ တပည့်များ ထံမှ၊ စိမ့်ထွက် လာခြင်း ဖြစ်သည်။

ထိုအချိန်တွင် နတ် နဂါးခေတ် ကြီး၏ ရွှေခေတ် ဖြစ်လာ ပေမည်။ ယင်းက ကြီးကျယ် ခမ်းနားသော အခါ သမရ ဖြစ်၏။

ဤပွဲ၏ ဇာတ်ဆောင် များသည် မြင့်မြတ်မြေ၏ ပါရမီရှင်များ ဖြစ်ကြောင်း၊ လင်းယွန်မှ သတိ ပြုမိ ခဲ့သည်။

သူတို့ နောက်တွင်၊ ဂီတအိမ် လေးလုံး အနက်မှ၊ သုံးလုံး လိုက်၏။ ၎င်းတို့မှာ တချိုး၊ ပိုင်ယွင်ဖေးနှင့်၊ ဟွာဟောင်ယု ဖြစ်သည်။

မြင့်မြတ်မြေ (၆) ပါးမှာ၊ ကောင်းကင် တာအိုဂိုဏ်း၊ နတ်ဖီးနစ် တောင်တန်း၊ မင်ဂိုဏ်း၊ ကောင်းကင် မီးလျှံ ဂိုဏ်း၊ နတ်တာအို ခန်းမနှင့် အနန္တ လျှပ်စီး ဂိုဏ်းတို့ ဖြစ်၏။

ထို့ကြောင့် ဤပွဲတော်၏ ဇာတ်ဆောင်မှာ၊ လီယွီရှ ဖြစ်သည်။ အခြားသော မြင့်မြတ် မြေ၏ ပါရမီရှင် များပင်၊ သူနှင့် ယှဉ်၍ မရ ခဲ့ချေ။

“ ဒီနေ့ အရမ်း ပျော်မိလို့ ... သီချင်းဆို ပါရစေ။ ”

“ အရမ်း ကောင်းတဲ့ အကြံပဲ ... ။ ”

လူတိုင်းက လီယွီရှကို သဘာဝ အတိုင်း၊ ထောက်ခံ လာကြသည်။ ခြွင်းချက် မရှိ သူသည် ဤပွဲ၏ ချန်ပီယံ ဖြစ်နိုင်ချေ ရှိ၏။

ထို့ကြောင့် လီယွီရှအား သဘာဝ အတိုင်း မျက်နှာသာ ပေးကြ ပေမည်။

“ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ... နတ်သမီးလေး ... ကခုန်တာ၊ အရမ်း ကောင်း တယ်လို့ ... ငါ ကြားမိတယ်၊ ငါ့ သီချင်းနဲ့ မင်း ဘာလို့ လာ ... ‘မက’ ရတာလဲ။ ”

လီယွီရှက ယွဲ့ဝေဝေထံ လှမ်းကြည့်ကာ၊ ပြော၏။ ၎င်းက လင်းယွန်ကို၊ လုံးဝ လျစ်လျူရှု ထားခဲ့သည်။

“ သခင်လေး ယွီရှ ... နတ်သမီး လေးက ကခုန်တာ ကျွမ်းကျင် ရုံတင် မကဖူး၊ ရုပ်ရည် လည်း အရမ်း ချောမောတယ်၊ သူသာ ကခုန်ဖို့ ဆန္ဒ ရှိရင်၊ ငါတို့လည်း ဝမ်းမြောက် မိမှာပါ၊ ...

... ဒဏ္ဍာရီလာ ကောင်းကင် ကိုးပါး ကကြိုးက၊ ဘယ်လောက် လှလဲ ဆိုတာ ငါတို့ အားလုံး မြင်ဖူး ရတာပေါ့။ ”

ဟွာဟောင်ယုက ပြုံး၍ ထောက်ခံ လာသည်။

“ ဟုတ် လား ... ။ ”

ထို့ကြောင့် ယွဲ့ဝေဝေကို လူတိုင်းက စိတ်ဝင်တစား လှည့်ကြည့် လာတော့၏။

“ ခွမ်း ... ။ ”

“ မင်း ... စကား အရမ်း များတယ်။ ”

လင်းယွန်က ဝိုင်ခွက်ကို မြေပြင်ပေါ် ပစ်ပေါက် လိုက်ပြီး၊ ဟွာဟောင်ယုထံ စိုက် ကြည့်သည်။

“ ဘာဖြစ် လို့လဲ ... ၊ ငါပြောတဲ့ အထဲမှာ ... ဘာအမှား ပါလို့လဲ။ ”

ဟွာဟောင်ယုမှ ပြုံးလျက် ပြန်ပြော၏။

“ ဟ ... ။ ”

လင်းယွန်က လက်တွင် ကိုင်ထားသော သူ့ခွက်ထဲရှိ ဝိုင်ဖြင့်၊ ဟွာဟောင်ယု မျက်နှာပေါ် ရုတ်တရက် ပက်ချ ပစ်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး၊ တိတ်ဆိတ် သွားတော့၏။

***

All Chapters