လမင်း ကြင်ဖော် ရေကန် (၁)။
Vol. 125 Ch. 1737
“ ဝေဝေ ... သွားရအောင်၊ ဒီမှာ နေဖို့ အကြောင်းမှ မရှိတော့ ပါဘူး။ ”
လင်းယွန်က မတ်တပ် ထရပ် လိုက်၏။ ယွဲ့ဝေဝေမှ ခေါင်းညိတ် ပြပြီး၊ ဖြည်းညှင်းစွာ ထရပ် လာသည်။
“ လင်း ရှောင် ... ။ ”
သူတို့ မတ်တပ် ထရပ်သော အခါ ဟွာဟောင်ယုက အော်ဟစ် လိုက်သည်။ သူမ ဒေါသကြောင့် ရူးလု နီးပါး ဖြစ်နေ၏။
ဤသည်မှာ နိဗ္ဗာန် နန်းတော်မှ ကျင်းပ ပေးသော ပွဲဖြစ်ပြီး၊ သည်နေရာရှိ လူတိုင်းသည် ဂီတ ပါရမီရှင်များ ပေပင်။ နိဗ္ဗာန် နန်းတော်၏ သခင်ငယ် အပါ အဝင် မြင့်မြတ် မြေ၏၊ ပါရမီရှင် များလည်း ရှိ၏။
သို့သော် လင်းယွန်မှ အထိန်းအကွပ် မဲ့စွာ မျက်နှာအား ဝိုင်ဖြင့် ပက်လာသည်။ သည်ထက် အရှက် ရစရာ မရှိ တော့ချေ။
တက်ရောက်သူ အားလုံး အံ့သြ သွား ကြသည်။ လင်းယွန်အား မျက်လုံး ပြူးလျက် ပြန်ကြည့် မိ၏။
ဤမျှ ရိုင်းစိုင်းသော လူ တစ်ဦးအား၊ တစ်ကြိမ်မျှ မမြင် ဖူးချေ။ ပထမဆုံး အကြိမ် ဖြစ်၏။
သူ့ လုပ်ရပ်သည် လူရိုင်း များနှင့် တူနေ သောကြောင့်၊ အများက ဤမြင်ကွင်းကို မကျေ မနပ်ဖြင့်၊ မျက်ခုံးပင့် လိုက်ကြသည်။
“ ဟား ဟား ဟား ... ၊ သူ့လို လူရိုင်းက ကောင်းကင် ရနံ့ သင်းသင်းရဲ့ ကိုယ်စားပြု ပြိုင်ပွဲဝင် တဲ့လား၊ ကောင်းကင် ရနံ သင်းသင်း က တကယ်ကို ကျဆင်း သွားပုံ ပါပဲ။ ”
ပိုင်ယွင်ဖေးက သူ့ခွက် ထဲမှ ဝိုင်ကို လှုပ်ခါလျက်၊ အထင် အမြင် သေးစွာဖြင့် ပြော လိုက်လေသည်။
လူတစ်ယောက်မှ ဟွာဟောင်ယု အနား ရောက်လာပြီး၊ သူမ မျက်နှာရှိ ဝိုင်များ သုတ်ရန်၊ ကူညီ ပေးသည်။
ဤလူသည် ကောင်းကင် မီးလျှံ ဂိုဏ်းမှ ချင်းဟို ဖြစ်သည်။ ဟွာယုဟောင်သည် သူ့မိန်းမ ဖြစ်သည်ကို၊ ဤနေရာရှိ လူ အချို့သာ သိ၏။ ယင်းက လျှို့ဝှက်ချက် ပေပင်။
ထို့ကြောင့် သူ့မျက်ဝန်း အတွင်း၌၊ အမုန်းမီးလျှံများ တောက်လောင် လာပြီး၊ လင်းရှောင်ထံ လှည့်ကြည့် ၏။
“ လင်းရှောင် ... အခု တောင်းပန်ပါ၊ မဟုတ်ရင် ... ဒီကိစ္စကို ငါ သည်းခံ နေမှာ မဟုတ်ဘူး။ ”
သူ့တွင် ကြောက်မက်ဖွယ် ခွန်အား ရှိပြီး ကောင်းကင် မီးလျှံ ဂိုဏ်း၌၊ ပါရမီရှင် တစ်ဦး ဖြစ် ချေ၏။
ဒေါသ ထွက်လာ ချိန်တွင်၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ပေါက်ကွဲ ထွက်လာ ကာ၊ နဂါးမြစ် ပွက်ပွက် ဆူလာသည်။
ကောင်းကင် တာအို ဂိုဏ်း၊ မင်ဂိုဏ်း၊ နတ်ဖီးနစ်တောင်၊ နတ်တာအို ခန်းမနှင့် အနန္တ လျှပ်စီး ဂိုဏ်း၏ ပါရမီရှင် များက၊ လင်းယွန်း အပေါ်၊ စိတ်ဝင် တစား ကြည့်ရှု လာ၏။
ပင်မ ထိုင်ခုံတွင် ရှိသော နန်းတော် သခင်ငယ် ကျန့်ရင်တျန်း ပင်လျှင်၊ မျက်ခုံး ပင့် လျက်၊ ဤကိစ္စ အပေါ် မည်သို့ ဖြေရှင်းရ မည်မှန်း၊ မသိ ခဲ့ချေ။
“ ငါ မတောင်းပန်ရင် ... မင်း ဘာလုပ်မလဲ။ ”
လင်းယွန်က ချင်းဟို၏ မျက်လုံး များကို၊ တည့်တည့် ကြည့်ကာ၊ ပြန်ဖြေ၏။
“ ဟား ဟား ဟား ... ဒီနေရာသာ နိဗ္ဗာန် နန်းတော် မဟုတ်ရင်၊ မင်းကို ငါ သတ်ပစ် ပြီးပြီ၊ လူရိုင်း တစ်ယောက်က ဒီလို ပွဲမျိုးနဲ့၊ လားလားမျှ မဆိုင်ဘူး။ ”
လူငယ် တစ်ယောက်က၊ ဝင်ပြောသည်။ ဤပုဂ္ဂိုလ်မှာ နတ်တာအို ခန်းမ၏ ပါရမီရှင် ကျန်းရင် ဖြစ်၏။
၎င်းတို့သည် ဝိညာဉ် ရေးရာ ပညာရပ် များကြောင့် ကျော်ကြား ခဲ့ပြီး၊ သဘာဝ အားဖြင့် ကြောက်မက်ဖွယ် စိတ် စွမ်းအင်မျိုး ပိုင်ဆိုင် ထားသည်။
ယင်းအပေါ် အခြေခံ၍၊ ဤနိဗ္ဗာန် ပွဲတော် အတွင်း ချန်ပီယံ ရရှိရန်၊ ရေပန်းစား နေသည်။
“ အစ်ကို ကျန်း ... ပြောတာ မှန်တယ်၊ လူရိုင်းတွေက ဒီပွဲနဲ့ မအပ်စပ် ပါဘူး။ ”
အနန္တ လျှပ်စီး ဂိုဏ်းမှ ချန်ကျွယ်က သူ့ခွက်ကို ချကာ ဝင်ပြောလာ ပြန်သည်။
“ တကယ်လို့ ... ကောင်းကင် ရနံ့ သင်းသင်းရဲ့၊ နတ်သမီး လေးကသာ ကပြဖို့ ဆန္ဒ ရှိတယ် ဆိုရင်၊ ဒီကိစ္စကို ထားလိုက်ဖို့၊ အစ်ကို ချင်းကို ငါ ပြောပေးမယ်။ ”
မင်ဂိုဏ်း၏ လီယွီရှက ယွဲ့ဝေဝေကို စိုက်ကြည့်ကာ ပြောသည်။ ၎င်း စကားကြောင့် ချင်းဟိုမှာ အံ့အားသင့် သွားပြီး၊ မျက်နှာ ပြောင်း သွား၏။ သို့သော် မကျေနပ် ချက်ကို ထုတ် မပြော ဝံ့ချေ။
နတ်ဖီးနစ် တောင်နှင့် ကောင်းကင် တာအိုဂိုဏ်း တို့မှာ၊ အဆိုပါ ကိစ္စ အပေါ်၊ စကား တစ်ခွန်းမျှ ဝင် မပြောချေ။
ထို့ကြောင့် မြင့်မြတ်မြေ (၆)ပါး အနက်၊ (၄)ပါး သည်သာ တစ်စိတ်တည်း တဝမ်းတည်း ဖြစ်နေ သည်ကို၊ မြင်သာ စေသည်။
၎င်းတို့သည် မြင့်မြတ် မြေ၏ ထူးချွန် သူများဖြစ် သဖြင့်၊ သဘာဝအတိုင်း အချင်းချင်း ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ အပြင် လူအား ကူညီမည် မဟုတ်ချေ။
လေထုသည် ရုတ်တရက် တင်ကြပ် လာသောကြောင့်၊ လူတိုင်း တိတ်ဆိတ် သွား လေသည်။
“ နတ်သမီးလေး ... မင်း ဘယ်လို သဘောရလဲ။ ”
လီယွီရှက လင်းယွန်အား ဂရု မစိုက်ဘဲ၊ ယွဲ့ဝေဝေအား တိုက်ရိုက် ထပ်မေး လေသည်။
“ စိတ်မဝင် စားဘူး။ ”
ယွဲ့ဝေဝေက အေးစက်စွာ ပြန်ဖြေသည်။ သူမ မပျော်တော့ သည်မှာ ထင်ရှား၏။
“ ဖြန်း ... ။ ”
သူမ စကားကြောင့် လီယွီရှ တစ်ယောက်၊ ဒေါသတကြီး ခုံပေါ် ရိုက်ချ လိုက်သည်။ စားပွဲ တစ်ခု လုံး နှစ်ပိုင်းကွဲ သွား၏။
လူကြားထဲ အငြင်းခံ ရသဖြင့်၊ သူ မည်မျှ ဒေါသ ထွက်နေ မည်ကို၊ မည်သူ မဆို ပြောနိုင် လေသည်။
မြင့်မြတ် မြေ၏ ပါရမီရှင် တစ်ပါး ဖြစ်ပြီး၊ ယဉ်ကျေးစွာ မေးခဲ့သည်။ ဤအရာက သူ ပြန်ရ လိုက်သော တုန့်ပြန်မှု သည်လော။ ရှက်စရာ ကောင်းလွန်း ပေသည်။
“ ဟား ဟား ဟား ... ။ ”
ဟွာဟောင်ယုက ရယ်မော လိုက်သည်။
“ ပါးစပ် ပိတ်ထား ... ။ ”
လင်းယွန်က ဟွာဟောင်ယုအား အေးစက်စွာ စိုက်ကြည့်၏။ ထိုအမျိုး သမီးသည် အကြိမ်ကြိမ် စိတ်အနှောက် အယှက် ပေးနေ ခဲ့သည်။ ထို့ကြောင့် ပါးရိုက်ရန် ပြင်၏။
“ အစ်ကိုကြီး လင်း ... ။ ”
ယွဲ့ဝေဝေက သူ့လက်ကို ဆုပ်ကိုင် လိုက်သည်။ မိုးပြာ နဂါး မိသားစုသည် ဤနန်းတော်နှင့် ပတ်သတ် နိုင်၏။
ထို့ကြောင့် အစ်ကိုကြီး လင်းအား၊ တစ်စုံ တစ်ရာ စိတ်လိုက် မာန်ပါ လုပ်ဆောင်ခြင်း မရှိ စေရန်၊ သတိ ပေး မိသည်။
“ လူကြီး မင်းတို့ ... ၊ ငါ့ကို ... မျက်နှာ သာလေး ပေးပြီး၊ ဒီကိစ္စကို ဒီမှာတင် ထားလိုက် လို့ ရမလား။ ”
ကျန့်ရင်တျန်းက ရပ်ကြည့် မနေ နိုင် တော့ချေ။ သူ ဝင်၍ မပြောသော်၊ ဤနေရာ၌ ရန်ပွဲ တစ်ခု ဖြစ်ပွားကာ၊ ဧည့်ခံပွဲ ပျက်စီး သွားပေ လိမ့်မည်။
“ ဟမ့် ... ။ ”
လီယွီရှက လင်းယွန်အား စိုက်ကြည့်ကာ ဆက်မပြော တော့ချေ။
“ သခင်ငယ်ကို မျက်နှာသာ ပေးပြီး လွှတ်ပေး လိုက်မယ်၊ မနက်ဖြန် ငါနဲ့ မတွေ့ စေနဲ့။ ”
ချင်းဟိုက ဟွာဟောင်ယုနှင့်၊ ပန်း တောင်ကုန်းမှ လူများကို ဦးဆောင်ကာ၊ ထွက်ခွာ သွား ခဲ့သည်။
“ အစ်ကိုကြီး လင်းကို၊ ဝေဝေ ဒုက္ခပေး မိပြီ ... ။ ”
ယွဲ့ဝေဝေမှ ပြုံးလျက် ပြန်ပြော လိုက်၏။
“ ဘယ်သူ ဒုက္ခ ရောက်မလဲ မသေချာ သေးပါဘူး။ ”
လင်းယွန် လေသံ၌ ကြောက်ရွံ့မှု မရှိချေ။ သူသည် မြင့်မြတ်မြေမှ မဟုတ် သဖြင့်၊ ဤလူ များက သူ့အား အနိုင် ကျင့်၍ ရမည်ဟု ထင်နေပုံ ရ၏။
လင်းယွန်က ထွက်ခွာခါ နီးတွင် တစ်စုံ တစ်ရာကို၊ ရုတ်တရက် ပြန်သတိရ သွားပြီး ကျန့်ရင်တျန်းထံ လှည့်ကာ၊
“ ဒီနေ့ အတွက် ကျေးဇူး တင်ပါတယ် သခင်ငယ်။ ”
-ဟု ပြောလိုက် တော့သည်။
ထိုလူများကို မကြောက်တတ် သော်လည်း သူ့အား ကူညီ ပေးသည့် အတွက် ကျေးဇူးတင် ရပေ ဦးမည်။ ရန်သူ- မိတ်ဆွေ ကွဲကွဲ ပြားပြား သူသိ၏။
ကျန့်ရင်တျန်းမှ ပြုံးပြီး၊
“ ငါ နားလည် ပါတယ်၊ အစ်ကို လင်း စိတ်ပူနေစရာ မလို ပါဘူး၊ နိဗ္ဗာန် နန်းတော်မှာ၊ ဘယ်သူမှ တစ်ဖက် လူကို အနိုင် ကျင့်ခွင့် မရှိဘူး၊ ငါ့ အဖေက လူတိုင်း အပေါ် မျှော်လင့်ချက် ထားတယ်။ ”
သူ့ အဖေသည် ဤလင်းရှောင်ကို၊ သတိ ပြုမိထား၏။ ထို့ကြောင့် နိဗ္ဗာန် နန်းတော်သည် နောက်ခံအား ဂရု မစိုက်ဘဲ၊ ဂီတ ကိုသာ ဂရုစိုက်ကြောင်း ပြသရ ပေမည်။
“ ဒါ ... ငါ့ဂုဏ် ... ။ ”
ထို့နောက် ယွဲ့ဝေဝေအား ခေါ်ကာ ထွက်ခွာလာ ခဲ့သည်။ ရန်တျန်းချန် သည်လည်း၊ အနည်းငယ် တွေဝေသွား ပြီးနောက်၊ ထွက်ခွာ လာမိသည်။
ကောင်းကင် ရနံ့ သင်းသင်းမှ အခြားသူ များမှာ၊ တုံ့ဆိုင်းသွား သော်လည်း၊ ဆက်နေရန် ဆုံးဖြတ် လိုက်သည်။ နောက်ဆုံးတွင်၊ နဂါး ဝိုင်အား သောက်၍ မပြီး သေးချေ။
***