← Chapters

လမင်း ကြင်ဖော် ရေကန် (၂)။

Vol. 125 Ch. 1738

လမင်း ကြင်ဖော် ရေကန် (၂)။

Vol. 125 Ch. 1738

“ အစ်ကိုကြီး လင်း ... ၊ မင်း စောစောက စိတ်မြန် လွန်းတယ်။ ”

“ ငါက ... ဒေါသ ကြီးတဲ့ လူ မဟုတ်ပါဘူး၊ ကောင်းကင် လမ်းမှာ တုန်းက မင်း တော်တော် ဒုက္ခရောက် ခဲ့တယ်၊ ဒီအတွက် မင်း နောက်မှာ ငါ ရပ်ရမယ်။ ”

လင်းယွန်မှ ပြန်ပြောသည်။ ယွဲ့ဝေဝေ တစ်ယောက် အံ့အားသင့် သွား၏။ ထိုစဉ်က သူတို့ နှစ်ယောက် စလုံး အတွက်၊ အန္တရာယ် ရှိသော အခြေ အနေ ဖြစ်ခဲ့သည်။

သူမ ဘဝတွင်၊ ထိုမျှ အန္တရာယ် ကြီးမား လှသော အဖြစ် အပျက်မျိုး၊ တစ်ကြိမ်မျှ မကြုံ ဖူးသေးချေ။

“ အစ်ကိုကြီး လင်း ... ၊ စော သေးတယ်၊ ငါတို့ ဘဝ-သုံးပါး သစ်ပင်ကို ... လိုက်ရှာကြည့် ရအောင်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်၏။ ထို့နောက်တွင် သူတို့ နှစ်ဦးမှာ၊ နိဗ္ဗာန် နန်းတော် အနှံ့၊ လှည့်လည် တော့သည်။

လမ်းတစ်လျှောက် ရှေးဟောင်း သစ်ပင် များစွာ တွေ့ကြုံ ရ သော်လည်း၊ ဒဏ္ဍာရီလာ ဘဝ-သုံးပါး သစ်ပင် မဟုတ်ချေ။

အဆုံးတွင် နိဗ္ဗာန် နန်းတော်၏ တပည့်များ ကိုသာ မေးမြန်း လိုက်ရ၏။

“ အိုး ဟား ဟား ဟား ... ၊ ဘဝ သုံးပါး သစ်ပင်လား၊ လမင်း ကြင်ဖော် ရေကန်မှာ ... ရှိ ပါတယ်၊ နင်တို့ နှစ်ယောက်က ချစ်သူ တွေလား၊ ဒါဆို လမင်း ကြင်ဖော် ရေကန်မှာ လမ်း လျှောက်လို့ ရတယ်။ ”

နိဗ္ဗာန် နန်းတော်၏ တပည့်မ များက ကောက်ကျစ်စွာ ပြုံးလာသည်။ သူတို့၏ အပြုံး ကို သတိ ထားမိသော လင်းယွန်က၊

“ ဘာလို့လဲ ... တစ်ခုခု ပြဿနာ ရှိလို့လား ။ ”

-ဟု မေးမြန်း လိုက်မိ၏။

နိဗ္ဗာန် နန်းတော်၏ တပည့်မ များက အပြုံး တစ်ပွင့်ကို ထုတ်ဖော် ထားဆဲ ဖြစ်ပြီး၊

“ လမင်း ကြင်ဖော် ရေကန်က၊ ဒီနေရာနဲ့ လှမ်းတယ်၊ ရှုခင်း ကောင်းပြီး၊ လူသိပ် မရှိဘူး၊ ပြီးတော့ ရေကန်ကို ဖြတ်လျှောက် ဖို့လည်း မလွယ်ဘူး၊ ဒါပေမယ့် ...

... နင်တို့ နှစ်ယောက် လက်ကို ဆုပ်ကိုင်ပြီး၊ ရေကန် အလယ်ကို လှမ်းနိုင်ရင် လိုအင် ဆန္ဒမှန် သမျှ၊ အကုန် ပြည့်တယ်၊ ချစ်ခြင်း အပါ အဝင်။ ”

ထိုစကားကို ကြားသော အခါ၊ လင်းယွန် တစ်ယောက်၊ လေးလေး နက်နက် တွေးတော မိသွားသည်။

တစ်စုံ တစ်ရာ ပုံမှန် မဟုတ်ကြောင်း သိသော်လည်း၊ မည်သည့် နေရာ၌ ဖြစ်နေ မည်ကို မပြောနိုင် ခဲ့ချေ။

“ သွား ... ကြည့်ရအောင်။ ”

“ ကျေးဇူး တင်ပါတယ်။ ”

နှစ်ယောက်သား ကျေးဇူးတင် စကား ဆိုကာ၊ လမင်း ကြင်ဖော် ရေကန်ဆီသို့ ဦးတည် လိုက်၏။

“ ဟား ဟား ဟား ... သူတို့ နှစ်ယောက် ကွဲသွားရ မယ်လို့၊ ငါ လောင်းကြေး ထပ်တယ်။ ”

လင်းယွန်တို့ စုံတွဲ အဝေး ရောက်သွား သည်နှင့်၊ နိဗ္ဗာန် နန်းတော်၏ တပည့်မ များက၊ ရယ်မော တော့သည်။

“ သေချာတယ် ... ၊ ဒီကောင့် ပုံကြည့် ပါလား၊ လူယုတ်မာ တစ်ယောက်နဲ့ တူတယ်။ ”

လမင်း ကြင်ဖော် ရေကန် ဆီသို့ သွားရာ လမ်းသည်၊ ဝေးလံသော တောင်တန်း များစွာကို ဖြတ်ကျော် လာရသည်။

ရေကန် ရှေ့ရောက် ချိန်၌ မြင်လိုက်သော ရှုခင်းကြောင့် မျက်လုံးများ တောက်ပ လာလေ သည်။

“ အစ်ကိုကြီး လင်း၊ အရမ်း လှတယ် ... ။ ”

ယွဲ့ဝေဝေက အော်သည်။ ရေကန် မျက်နှာ ပြင်မှာ၊ အပြာရောင် ဖြစ်ပြီး၊ ကြည်လင်သော မှန် တစ်ချပ်လို ပေပင်။

ရေကန် ထဲ၌ လမင်း နှစ်စင်း ရှိနေ၏။ တစ်စင်းသည် ရေကန် အလယ်တွင် ဖြစ်ပြီး၊ ကျန် တစ်စင်းမှာ ကောင်းကင်မှ ရောင်ပြန် ဟပ်နေခြင်း ဖြစ်သည်။

ဤမျှ သာယာ လှပသော ပတ်ဝန်းကျင်၌၊ လူသူ တစ်ယောက်မှ မရှိ သည်မှာ၊ သံသယ ဖြစ် စရာ ပေပင်။

ဝေးလံ ခေါင်ဖျားသော အရပ် ဖြစ်နိုင် သော်လည်း၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူများ အတွက်၊ သည်အကွာ အဝေး အား၊ အချိန် အနည်း ငယ်သာ ယူရ ပေမည်။

လင်းယွန်နှင့် ယွဲ့ဝေဝေက၊ ခေါင်းမော့ ကြည့်လိုက်ရာ၊ ရေကန် အလယ်တွင် စင်မြင့် တစ်ခု ရှိနေ သည်ကို တွေ့လိုက် ရ၏။

ထိုစင်မြင့် ပေါ်တွင် ရှေးကျသော ဗျပ်စောင်း တစ်ခု ရှိနေသည်။

“ အကိုကြီး လင်း၊ ငါတို့ သွားရအောင်။ ”

ဗျပ်စောင်းအား ကြည့်ပြီး၊ ယွဲ့ဝေဝေမှ စိတ် လှုပ်ရှားစွာ ပြောလိုက်၏။

“ နေဦး ... ဓား နှလုံးသားနဲ့ အရင် ကြည့်လိုက်မယ်။ ”

ဓား နှလုံးသား အသက်ဝင် လာပြီး၊ နှလုံးသားမှ အဖြူရောင် အလင်းများ တောက်ပ လာသည်။ ယင်းက စိန် တစ်လုံးလို ပေပင်။

ဓား နှလုံးသားသည် သာမန် မျက်စိဖြင့် မမြင်နိုင်သော အသေးစိတ် အချက် အလတ် များစွာကို မြင်နိုင်၏။

ထို့ကြောင့် သံသယ ဖြစ်ဖွယ်၊ တစ်စုံ တစ်ရာမျိုး မတွေ့ ရဘဲ၊ ပိုလှသော ဝန်းကျင် ကိုသာ မြင်လာ ရသည်။

ရေကန် အလယ်၌ လှပသော သစ်ပင် တစ်ပင် ရှိနေ၏။ ထိုသစ်ပင်သည် ရေကန်ထဲ နစ်မြှပ် နေသည်။

သို့သော် ထိုအပင်ကို ဓားနှလုံးသား ဖြင့်ပင်၊ မမြင် နိုင်ချေ။ မြူအလွှာ တစ်ခုမှ ဖုံးလွှမ်း ထား လေသည်။

ခဏ အကြာတွင် မျက်လုံး ပြန်ဖွင့်ကာ၊

“ ရပြီ၊ ငါတို့ သွားရအောင်။ ”

-ဟု အတည်ပြု လိုက်တော့သည်။

ဘဝ-သုံးပါး သစ်ပင်မှ လွဲ၍၊ အခြား မည်သည့် အရာ ကိုမျှ မတွေ့ နိုင်ပေ။ သို့သော် သူ့ဓား နှလုံးသားအား အသက်သွင်း လိုက်ချိန်၌၊ ရေကန် အောက်ရှိ၊ လျှို့ဝှက်ခန်း တစ်ခု အတွင်း အဖိုးအို တစ်ဦး၊ မျက်လုံး ဖွင့်ကြည့် လာခဲ့ သည်။ ယင်းကို သူ မသိ လိုက်ချေ။

ထိုအချိန်တွင် လူ တစ်ယောက် ကောင်းကင်မှ ဆင်းသက် လာသည်။ ယင်းမှာ မုရွယ်လင် ဖြစ်၏။

လင်းယွန်နှင့် ယွဲ့ဝေဝေ တို့က တုန်လှုပ် သွားပြီး၊ အထူး သဖြင့် ယွဲ့ဝေဝေမှာ ရှက်ကိုး ရှက်ကန်း ဖြစ်လာသည်။ မကောင်းမှု ကျူးလွန် နေစဉ် အဖမ်း ခံလိုက်ရ သည်နှင့် တူနေ၏။

“ သူတော်စင် အကြီးအကဲ၊ ဒီကို ဘယ်လိုလုပ် ရောက်လာ တာလဲ။ ”

လင်းယွန်မှ မေးသည်။

“ ဧည့်ခံပွဲမှာ ... မင်းတို့ ပြဿနာ တက်နေတော့ ငါရှိတယ်။ ”

မုရွယ်လင်က ပြန်ဖြေ၏။

“ အစ်မကြီး၊ ဒါက လမင်း ကြင်ဖော် ရေကန်ပဲ၊ အစ်ကိုကြီး လင်းနဲ့ ငါတို့၊ ဆုတောင်းတွေ ပြည့်အောင် လုပ်မလို့။ ”

“ ဆုတောင်း တွေသာ ... တကယ် ပြည့်နိုင်တယ် ဆိုရင်၊ ဘာလို့ ... ဒီမှာ လူ တစ်ယောက်မှ မရှိရ တာလဲ။ ”

မုရွယ်လင်မှ ရေကန်ကို ကြည့်ကာ၊ မေးမြန်း လာသည်။ ယင်းကြောင့် ယွဲ့ဝေဝေ တစ်ယောက် ထိတ်လန့် သွားခဲ့၏။ လင်းယွန် သည်လည်း ထိုမေးခွန်း အပေါ်၊ စိတ်ဝင် စားသည်။

“ လမင်း ကြင်ဖော် ရေကန်က၊ နာမည် ကြီးတယ်၊ အကြောင်း အရင်းက ဆုတောင်း ပြည့်လို့ မဟုတ်ဘူး၊ ဒီရေကန်ကို ချစ်သူ နှစ်ဦးသာ လက်တွဲပြီး၊ ...

... ဖြတ်သန်း နိုင်တယ်၊ မဟုတ်ရင် ... သူတို့ကို ဘဝ-သုံးပါး သစ်ပင်က ပြန်ပို့ ပစ်လိမ့် မယ်၊ သစ္စာ တရားသာ အရာရာပဲ။ ”

“ ဒါကြောင့် ... ဒီမှာ ဘယ်သူမှ မရှိ တော့တာကိုး၊ အမှန်ပဲ လူတိုင်း ဘယ်လို လုပ် အောင်မြင် နိုင်မှာလဲ။ ”

လင်းယွန်က ခေါင်းညိတ်သည်။

“ မှန်တယ် ... တကယ်ပဲ အဆုံးထိ မအောင်မြင် ခဲ့ရင်၊ လက်ရှိ ဘဝကို သက်ရောက် စေလိမ့်မယ်။ ”

မုရွယ်လင်က လင်းယွန်အား လှမ်း ကြည့်သည်။ ယင်းကြောင့် လင်းယွန်မှ နှာခေါင်း ယား လာ၏။

“ အစ်မမု ... ငါ့အစ်ကိုကြီး လင်းက ... ၊ အဲဒီလို လူယုတ်မာ မဟုတ် ပါဘူး၊ အစ်ကိုကြီး လင်း၊ ဝေဝေတို့ သွားကြ ရအောင်။ ”

ယွဲ့ဝေဝေက အပြစ် ကင်းသော အပြုံးဖြင့်၊ လင်းယွန်ဘက် လှည့်ကြည့် လာသည်။

“ ဝေဝေ ပြောတာ ... ဟုတ်တယ် မဟုတ်လား အစ်ကိုကြီး လင်း၊ ငါတို့ အဆုံးထိ လျှောက်မယ် မဟုတ်လား။ ”

“ ကိုယ့်ကိုကိုယ် အတင်း မလုပ်နဲ့။ ”

မုရွယ်လင်မှ သတိ ပေးသည်။ အမျိုး သမီး တစ်ယောက်မှ အထင် သေးသော အကြည့်ဖြင့် ဆိုလာပြီး၊ ကျန် သူသည် ပြုံးလျက်၊ စောင့်မျှော် နေခဲ့၏။

***

All Chapters