ငါ့ဆီ အတူတူ လာကြ။
Vol. 125 Ch. 1740
တစ်ရက် ကုန်လွန် ပြီးနောက်၊ နိဗ္ဗာန် စင်မြင့်တွင် လူများနှင့် ပြည့်နေသည်။ ယနေ့ လူ (၃၀၀) သာ ကျန်ရှိ တော့၏။
ဆိုလို သည်မှာ တစ်ရက် တည်းဖြင့်၊ လူ (၉၀) ရာခိုင်နှုန်း ကျော်ကို ဖယ်ထုတ် ပစ်ခြင်း ဖြစ်လေသည်။
ထို့ကြောင့် ယနေ့ တိုက်ပွဲသည်၊ မနေ့ ကထက် အဆ တစ်ရာ ပိုမို ပြင်းထန် ပေမည်။ ကောင်းကင် ရနံ့ သင်းသင်း ရောက်လာ ချိန်၌၊ တခြားသော တပ်ဖွဲ့ ဝင်များ ရောက်နေပြီ ဖြစ်သည်။
လင်းယွန် ပေါ်လာသော အခါ၊ ချင်းဟို အပါအဝင် လူအများ အပြား၏ အကြည့်များ ကျဆင်း လာ၏။
ယနေ့တွင် ဟွာဟောင်ယုနှင့် သူ့ကြား ပတ်သတ်မှုကို၊ ဖုံးကွယ် ထားရန် ဆန္ဒ မရှိခဲ့ဘဲ၊ ပန်းတောင်ကုန်း နှင့်အတူ ရပ်ကာ၊ ကြေငြာ လိုက်သည်။
သို့သော် လင်းယွန်မှ ၎င်းအား စိတ်ဝင် စားခြင်း မရှိချေ။ သူ့ အကြည့်က မင် ဂိုဏ်းရှိ၊ လီယွီရှထံ ရောက်နေသည်။
ယွဲ့ဝေဝေမှ ငြင်းဆန် လိုက်သော နောက် ဆက်တွဲ အဖြစ်၊ ၎င်း၏ ဒေါသသည် သူ့ခေါင်း ပေါ်တွင် ရှိကြောင်း နားလည်၏။
ထို့ပြင် ချင်းဟိုနှင့် အတူ၊ မတ်တပ် ရပ်နေသော နတ်တာအို ခန်းမ၏ ကျန်းရင်နှင့်၊ အနန္တ လျှပ်စီး ဂိုဏ်းမှ၊ ချန်ကျွယ်တို့ သည်လည်း ရှိနေ သေးသည်။
ထိုနှစ်ယောက် စလုံးက သူ့အပေါ်၊ ရန်ငြိုး ဖွဲ့ပြီး ကြည့်နေ ကြ၏။ ယမန် နေ့မှ ပြဿနာ အတွက်၊ ယနေ့ သင်ခန်းစာ တစ်ခု ပေးချင် နေပုံ ရသည်။
များ မကြာခင် နန်းတော် သခင်နှင့်၊ အကြီးအကဲများ ရောက်လာသည်။ လူတိုင်း ဦးညွှတ်ခြင်း အပေါ်၊ နန်းတော် သခင်က အပြုံးဖြင့်၊ ခေါင်းညိတ် ပြ၏။
သို့သော် နန်းတော် သခင်က လင်းယွန်ထံ အတန်ကြာ စိုက်ကြည့် ခဲ့သည်ကို ယွဲ့ဝေဝေမှ သတိ ထားမိ လိုက်သည်။
“ စကြ ရအောင်။”
နန်းတော် သခင်မှ ပြုံးလျက်၊ ပြိုင်ပွဲကို ဖွင့်လှစ် တော့သည်။ စင်မြင့် ပေါ်ရှိ၊ အကြီး အကဲ များမှာ၊ ယမန်နေ့ အနိုင် ရသူများ စာရင်းကို စီစစ် နေ၏။
အဘိုးအို တစ်ဦးက၊
“ ယနေ့သည် နိဗ္ဗာန် ပွဲတော်ရဲ့ ဒုတိယ အကျော့ ဖြစ်ပြီး ထိပ်ဆုံး တစ်ရာ ဆုံးဖြတ်မယ်၊ ဒါ့အပြင် နောက်ဆုံး အကျော့ကို ... တိုက်ရိုက် တက်ခွင့် ရမဲ့၊ ပြိုင်ပွဲဝင် ဆယ့်ငါးဦး ကိုလည်း သတ်မှတ်မယ်။ ”
ယမန်နေ့ ပွဲ အပြီးတွင်၊ ရွက်ပုန်းသီး ပညာရှင် အများ အပြားကို၊ သူတို့ တွေ့ထား ခဲ့သည်။
၎င်းတို့မှာ၊ ထိပ်တန်း (၁၅)ဦး အဆင့် ဝင်နိုင်သူ များဖြင့် တွေ့ပါက၊ ထိတ်ဆုံး (၁၀၀) သို့၊ ဝင်နိုင် တော့မည် မဟုတ်ချေ။
တစ်ဖက်တွင် ထို(၁၅) ဦးသည် ဒုတိယ အကျော့၌ ကစား စေခြင်းဖြင့် အချိန် ဖြုန်းခြင်း မျှသာ ဖြစ်သည်။
၎င်းတို့၏ ပြိုင်ဘက် များက၊ ရှုံးနိမ့် ကုန်ကြမည်မှာ သေချာ၏။ မည်သူမျှ ခွန်အား အပြည့် အ၀ ထုတ်နိုင်မည် မဟုတ်ချေ။
ဤအဝေးသို့ ရောက်လာ ပြီးနောက်၊ ထို(၁၅)ယောက်၏ ခွန်အားကို လူတိုင်း မှလည်း အသိအမှတ် ပြုပြီး ဖြစ်ပေသည်။
နန်းတော် သခင်၏ အထက်ပါ ရည်ရွယ်ချက်ကို လူတိုင်း သိ၏။ ၎င်းတို့ အထဲမှ အား အနည်းဆုံး လူပင်၊ ထိပ်တန်း အယောက် သုံးဆယ် အတွင်း ဝင်နိုင်သည်။
“ လီယွီရှ ... ။ ”
အကြီးအကဲ တစ်ဦးက၊ လီယွီရှ အမည်ကို၊ ဦးစွာ ခေါ်သည်။ ထိုအမည်ကြောင့် မည်သူမျှ မအံ့ဩ ချေ။
“ ချန်ကျွယ်၊ ကျန်းရင်၊ ချင်းဟို ... ”
နောက်ထပ် နာမည်များ အစဉ်လိုက် ခေါ်ယူတော့၏။ အများ အားဖြင့်၊ မြင့်မြတ် မြေ၏ တပည့်များ ဖြစ်သည်။
သူတို့ အားလုံးမှာ နဝမမြောက် သွေး လွှတ်ကြောတွင် ဖြစ်၏၊ ဂီတ တာအို ၌လည်း၊ မျိုးဆက်တူ အတွင်း၊ ပြိုင်ဘက်ကင်း သည်။
လူတိုင်း၏ အကြည့်များ တဖြည်းဖြည်း မှိန်ဖျော့ လာသည်။ ထို့နောက် ဒုတိယ အကျော့ ပြိုင်ပွဲကို၊ တရားဝင် စတင် ကျင်းပသည်။
တစ်ကြိမ်လျှင်၊ လူသုံးဆယ်က အချင်းချင်း တိုက်ခိုက် ကြရပြီး၊ ၎င်းတို့ အနက်မှ သုံးဦးသာ နောက်တစ်ဆင့့် တက်ခွင့် ရသည်။
“ ဂျူနီယာ လင်းရဲ့ နာမည် ... ပမာဏ အရွေးချယ်ခံ စာရင်းမှာ မပါ ပါလား။ ”
လင်းဝမ်က မျက်ခုံးပင့် လိုက်သည်။ နောက်တစ်ဆင့် တိုက်ရိုက် တက်ရောက် ခွင့်ရ သူများမှာ၊ မြင့်မြတ် မြေ၏ တပည့်များ ဖြစ်၏။
လင်းယွန်၊ ရန်တျန်းချန်နှင့် ယွဲ့ဝေဝေပင်၊ ထို(၁၅)ယောက် စာရင်း၌ မပါဝင် ခဲ့ချေ။ ရန်တျန်းချန်က ခေါင်းခါကာ၊
“ သူတို့ကို သူတို့ရဲ့ ကျင့်ကြံမှုကြောင့် ရွေးထုတ် သွားတာ၊ ဆိုလိုတာ နိဗ္ဗာန် ပွဲတော်က ပြောင်းလဲ သွားပြီး၊ ကိုယ်ခံ ပညာနဲ့ ဂီတကို တသားတည်း သတ်မှတ် ပစ်လိုက် ပုံပဲ။ ”
-ဟု သုံးသပ် ပြလာ တော့၏။
လင်းယွန်က ထိုကိစ္စကို ဂရု မစိုက်ချေ။ လုံလောက်အောင် သန်မာနေ သရွေ့၊ သူသည် ပမာဏ ကိုယ်စားလှယ် လောင်း မဖြစ်လည်း အဆင် ပြေသည်။ ချန်ပီယံ ဟူသည် တစ်ယောက် တည်းသာ ဖြစ်၏။
ယွဲ့ဝေဝေထံ လှည့်ကြည့် လိုက်ရာ၊ ပြုံးပြ နေသည်ကို မြင်လိုက်ရ သဖြင့်၊ ခေါင်းညိတ်ကာ လှည့်ထွက် လာခဲ့သည်။
လမင်း နှစ်ဖော် ရေကန်မှ အဖြစ် အပျက် များအား၊ မေ့ပျောက် နိုင်ခြင်း မရှိသေး သဖြင့်၊ ယွဲ့ဝေဝေကို တွေ့ချိန်၌၊ ခပ်ခွာခွာ နေရန် ဆုံးဖြတ် မိသည်။
ယွဲ့ဝေဝေ၏ သန့်စင်သော ချစ်ခြင်း မေတ္တာနှင့် ထိုက်တန် သည်လောဟု၊ သူ့ကိုယ် သူ ဆန်းစစ် နေမိ၏။
တစ်ဖက်တွင် ယွဲ့ဝေဝေမှာ၊ အပြုံးများ ပျောက်ကွယ် သွားပြီး၊ စိတ်ပျက် သွားတော့ သည်။
သူတို့ ကြားတွင် မမြင် နိုင်သော အတား အဆီး တစ်ခု ရှိလာပြီး၊ ၎င်းအတား အဆီးမှာ၊ တဖြည်းဖြည်း ပိုကြီး လာချေပြီ။
နိဗ္ဗာန် ပွဲတော်မှာ ဆက်သွား နေ၏။ အဆုံးတွင် ရန်တျန်းချန် အလှည့် ရောက်လာ သည်။ ၎င်းက စင်မြင့်ပေါ် တက် သွားသော အခါ၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ၏။
ယမန် နေ့က လင်းယွန် ကြောင့်သာ မဟုတ်သော်၊ သူ့အား လူတိုင်း စိတ်ဝင်စား မည်မှာ သေချာသည်။
ယခုပင် တချိုး အား အနိုင်ယူ နိုင်သော သူ့လုပ်ရပ်ကြောင့်၊ ၎င်းအပေါ် လင်းယွန်ထက် သန်မာ သည်ဟု ယုံကြည် နေကြသည်။
“ လာ ... ငါ့ဆီ အတူတူ လာကြ။ ”
ရန်တျန်းချန်က စိတ်မရှည် တော့ဘဲ၊ လူပေါင်း (၂၉)ယောက်ထံ လှမ်းပြော လေသည်။ ၎င်းက မောက်မာ လွန်းနေ၏။
ဒုတိယ အကျော့သို့ တက်ရောက် နိုင်သူ များမှာ၊ အားကောင်း ကြလေသည်။ ထို့ကြောင့် ဤရန်တျန်းချန် လွန်သည်ဟု ထင်၏။
လင်းယွန်က ရန်တျန်းချန်၏ လုပ်ရပ်ကြောင့်၊ အလေး အနက် တွေးနေ မိသည်။ နိဗ္ဗာန် စင်မြင့် ပေါ်မှ အခြား လူများက၊ ရန်တျန်းချန်ကို ဒေါသဖြင့် ကြည့်လာ ကြသည်။
ကောင်းကင် ရနံ့ သင်းသင်းမှ လူတိုင်း ဤသို့မောက်မာ နေကြ သည်လောဟု တွေးမိ လာ၏။
သူတို့ (၂၉) ဦး လုံးတွင်၊ ထိပ်တန်း (၁၀) ယောက် စာရင်းဝင်ရန် ရေပန်းစားသော လူငယ် အချို့ ပါသည်။
၎င်းတို့ အနက်မှ နှစ်ယောက်သည်၊ ရှဖေးချန်နှင့် ရှောင်မင်လိန်း ဖြစ်၏။ ရှဖေးချန် မှာ နှင်းပျံ ခန်းမ၏ ဒုတိယ တပည့်ကြီး ဖြစ်ပြီး၊ ရှောင်မင်လိန်းမှာ၊ နန်းတော် ခုနစ်လုံး၌ ဒုတိယ အသန်မာဆုံး ဖြစ်သည်။
သူတို့၏ ကျင့်ကြံမှု အနည်းငယ် အားနည်းခြင်း ကြောင့်သာ မဟုတ်သော်၊ ပမာဏ အရွေးခံ ရနိုင်သည်။
“ ငါ့ကို ခွင့်ပြုပါ ... ။ ”
ရှဖေးချန်မှ မတ်တပ် ထရပ်ပြီး၊ ရန်တျန်းချန်အား တိုက်ခိုက်ရန်၊ လေထဲ ပျံတက် လျက်၊ ပလွေမှုတ် တော့၏။
သူ့နောက်တွင် နတ်ဆိုး မျောက်ဝံ တစ်ကောင် ပေါ်လာသည်။ ရှဖေးချန် ထံမှ လေးလံသော ဖိအားကြောင့်၊ လူ အများက လျှင်မြန်စွာ ထွက်ခွာသွား ကြ၏။
“ ရှဖေးချန် လှုပ်ရှားပြီ ... ။ ”
သည်ပွဲကို စောင့်မျှော် နေသော ပရိသတ် များမှာ၊ မျက်လုံးများ တောက်ပ လာ ခဲ့သည်။ ယခင် ပွဲ၌ ရန်တျန်းချန်မှာ၊ သူ၏ ဂီတ တူရိယာ ကိုပင်၊ အသုံး မပြု ခဲ့ချေ။
ထို့ကြောင့် သူ မည်မျှ သန်မာ သည်ကို၊ မြင်တွေ့လို ကြသည်။ နိဗ္ဗာန် စင်မြင့်၌ သားရဲ ဟောက်သံများ ပဲ့တင်ထပ် လာ၏။
ပလွေ သံနှင့် အတူ၊ ကြီးမားသော နတ်မိစ္ဆာ မျောက်ဝံကြီးက ရန်တျန်းချန်အား လက်သည်း ဖြင့်၊ ကုပ်ဆွဲ လိုက်သည်။
“ ဖျပ် ... ။ ”
ရန်တျန်းချန်မှ မျက်နှာ ပြောင်းလဲခြင်း မရှိဘဲ၊ မြေပြင်ပေါ် ခြေဖျား ပုတ်ကာ၊ ပလွေကို ထုတ်ယူလျက်၊ ဆုတ်ခွာ လိုက်သည်။
ပလွေသံ မြည်လာသော အခါ၊ ကြက်သွေးရောင် ချပ်ဝတ်ဖြင့်၊ စစ်သူကြီး တစ်ဦး ပေါ်လာပြီး၊ နတ်မိစ္ဆာ မျောက်ဝံနှင့် တိုက်ခိုက် တော့၏။
ဆယ်ကြိမ် ပြီးနောက်၊ ကြောက်မက်ဖွယ် ကြက်သွေးရောင် လှိုင်းလုံးကြီး ထွက်လာသည်။ နောက်တစက္ကန့်တွင် ကြက်သွေးရောင် ချပ်ဝတ် စစ်သူကြီးက နတ်မိစ္ဆာ မျောက်ဝံ ရင်ဘတ်အား၊ လက်သီးဖြင့် ထိုးဖောက် လိုက်၏။
အကျိုးဆက် အနေဖြင့်၊ ရှဖေးချန်မှာ ဒူးတစ်ဖက် ထောက်ကျ သွားသည်။ ထိုမြင်ကွင်း ကြောင့်၊ လူတိုင်း အံ့အားသင့် လာ၏။
ရှဖေးချန်မှ သူ့ကိုယ်သူ ထိန်းမတ်ရန် လက်နှစ်ဖက်နှင့်၊ မြေပြင်ပေါ် ထောက်လိုက် သည်။ မျက်နှာက ဖြူဖျော့လျက် သွေးများ စီးထွက် နေ၏။
တစ်ဖက်တွင် ရန်တျန်းချန်မှ ပလွေအား မရပ်ခဲ့ချေ။ ဆက်လက် တီးမှုတ် နေခဲ့ သဖြင့်၊ ကြက်သွေးရောင် အလင်းများ စင်မြင့် အနှံ့ ပျံ့ကား လာသည်။
လူတိုင်းက သူ့ ကျောပြင်ကို ကြည့်ပြီး၊ ငရဲမှတက် လာသော ဗိုလ်ချုပ် တစ်ဦး အလား၊ ထင်မှား လာကြ၏။
ဤအရာက ပြိုင်ဘက် များ၏ မျက်နှာကို ပြောင်းလဲ စေကာ၊ စင်မြင့် ပေါ်မှ ဖယ်ထုတ်ခြင်း ခံလာရ တော့သည်။
ရှောင်မင်လိန်း တစ်ယောက် တည်းသာ၊ စင်မြင့်ပေါ်၌ ကျန်ရစ် ခဲ့၏။ ရှဖေးချန် မှာမူ၊ သူ ရှုံးနိမ့် ကတည်း ကပင်၊ သူ့ဂိုဏ်းမှ လူများကို ပြန်ခေါ်ကာ၊ ဆင်းသွားသည်။
“ လေ ... ။ ”
ရှောင်မင်လိန်းက လက်မလျော့ သေးဘဲ၊ လေအား ခေါ်လျက်၊ ကောင်းကင်ပေါ် ပျံသန်း လိုက်၏။
ထို့နောက် မမြင်နိုင်သော လေစီးကြောင်း တစ်ခု၊ သူ့ဂီတ အတွင်း ဖြည်းညှင်းစွာ ပေါင်းစပ် လာတော့သည်။
***