← Chapters

မင်းကို ငါ စောင့်နေမယ်။

Vol. 125 Ch. 1741

မင်းကို ငါ စောင့်နေမယ်။

Vol. 125 Ch. 1741

ရှောင်မင်လိန်းသည် ရန်တျန်းချန်၌ ခိုင်မာသော စိတ်ဝိညာဉ် ရှိကြောင်း သတိ ပြုမိ ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

သွေးနှင့် မီးလျှံကို သုံးကာ၊ သန့်စင် ထားပုံ ရ၏။ ထို့ကြောင့် ၎င်းအား အနိုင်ယူ လိုသော်၊ လှည့်ကွက် အချို့အား အသုံးပြု ရပေမည်။

“ ဒင် ... ။ ”

လု တူရိယာကို ထုတ်ယူ လိုက်ပြီး၊ ရန်တျန်းချန်ထံ လှံမိုးများ ရွာချ ပစ်လိုက်သည်။ ထိုအချိန်ထိ ရန်တျန်းချန်မှာ ပလွေမှုတ် နေဆဲ ဖြစ်၏။

(လု တူရိယာ ဟူသည် ဘဲဥပုံ သဏ္ဍာန် ရှိသော ဂစ်တာ တစ်လက် ဖြစ်သည်။ တရုတ်၌ ဗျပ်စောင်း မျိုးကွဲ အဖြစ်လည်း သတ်မှတ်၏။ )

ကြက်သွေးရောင် ချပ်ဝတ် စစ်သူကြီးက၊ ခြေတစ်လှမ်း ဆုတ်ကာ ရန်တျန်းချန် ရှေ့တွင် မြဲမြံစွာ ရပ်ပြီး၊ လှံများကို ကာကွယ် ပေး၏။

လှံများက ၎င်း၏ လက်မောင်း ထဲသို့ ဖြူစူးများ သဖွယ် လျင်မြန်စွာ တိုးဝင် လာတော့ သည်။

သို့သော် လက်မောင်း၌ မီးလျှံများ တောက်လောင် လျက်၊ ထိုလှံ များကို အရည် ဖျော်ပစ် လေသည်။

“ ငါ သိတယ် ... ။ ”

ရှောင်မင်လိန်းမှ ပြုံးလျက် ပြောပြီး၊ ရှေးကျသော နုတ်များအား၊ တီးခတ် လိုက်၏။ ၎င်းအတွင်း ပါရှိသော လေ ရည်ရွယ်ချက်သည်၊ ရန်တျန်းချန်အား ဖျက်ဆီးချင် နေသည်။

ရွှေရောင် လျှပ်စီး ကြောင်းများ အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ ရန်တျန်းချန်ထံ အရပ်ရပ်မှ ပျံသန်း ဝင်ရောက် ကုန်၏။

အချိန် ကြာလာ သည်နှင့် အမျှ ကြက်သွေးရောင် ချပ်ဝတ် စစ်သူ ကြီး၌၊ ဒဏ်ရာ များ ပြည့်နှက် လာတော့သည်။

ခန္ဓာကိုယ် အနှံ့ လျှပ်စီးများ၊ ဖုံးလွှမ်း သွားပြီး၊ စစ်သူကြီး ခမျာ ယိမ်းထိုးလျက်၊ ဒူး တစ်ဖက် ထောက်ကျ သွားသည်။

သူ့ ခန္ဓာကိုယ် ပေါ်ရှိ အပေါက်များတွင်၊ ကြက်သွေးရောင် လေဝဲများ ဖြစ်ပေါ် နေကာ၊ ရှောင်မင်လိန်း အသာ ရသွားကြောင်း မြင်သာ လာသည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ရန်တျန်းချန်မှ ခြေထောက်အား စင်မြင့်ပေါ် စောင့်နင်းလျက်၊ ကြက်သွေးရောင် အလင်းများ ဖြာထွက် စေလိုက်သည်။

ထို့နောက်တွင် ကြက်သွေးရောင် လေဆင် နှာမောင်း အဖြစ် ဖွဲ့စည်းပြီး၊ ပတ်ဝန်းကျင်အား စုပ်ယူ ပစ်လိုက် တော့သည်။

“ ဝူး ... ။ ”

ရောင်စုံ လေထု ဖယ်ရှားခံ ရသည်နှင့် ရှောင်မင်လိန်းမှာ၊ ကြိုးပြတ် နေသော စွန်ကဲ့သို့၊ စင်မြင့်ပေါ် ပြုတ်ကျ လာ၏။

ယင်းက အဆုံး မဟုတ် သေးချေ။ ကြက်သွေးရောင် စစ်သူကြီးက ထရပ်ကာ၊ လက်သီးဖြင့် ထိုးနှက် လာသည်။

ရှောင်မင်လိန်း တစ်ယောက် စင်မြင့် ပေါ်မှ လွင့်ဝဲ ပြုတ်ကျ သွား၏။ ထို့နောက် အကြီးအကဲ တစ်ဦး စင်မြင့်ပေါ် ဆင်းလာပြီး၊

“ ရန်တျန်းချန် ... နောက်တစ်ဆင့်။ ”

-ဟု ကြေငြာ ပေးလိုက် တော့သည်။

“ ကောင်းကင် ရနံ့ သင်းသင်းမှာ ... ရက်စက် ကြမ်းကြုတ်တဲ့ လူတွေပဲ ရှိနေ တာလား။ ”

လူတိုင်းက ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက် လာသော ရန်တျန်းချန်ထံ ကြည့်ပြီး၊ ရေရွတ် လိုက် ကြသည်။

“ ဖျောင်း ဖျောင်း ဖျောင်း ... ၊ ရန်တျန်းချန် ... ။ ”

ခဏ အကြာတွင် ပတ်ဝန်းကျင်မှ ကျေနပ် အားရသော လက်ခုပ်သံ များနှင့် နာမည် ခေါ်သံ များ၊ ထွက်ပေါ် လာ၏။

ရန်တျန်းချန်သည် ကောင်းကင် မြို့တော်၏ မျိုးဆက်ဟောင်း ပါရမီရှင် တစ်ဦး အဖြစ် ယူဆ နိုင်သည်။

၎င်းအမည်ကို လွန်ခဲ့သော၊ နှစ်ပေါင်း များစွာကတည်း ကပင်၊ တည်ဆောက် ထားပြီး ဖြစ်သည်။

သို့သော် ဤနှစ်များ အတွင်း၊ ထူးထူး ခြားခြား စွမ်းရည် ပြသခြင်း မရှိခဲ့ သောကြောင့်၊ လူတိုင်းက သူ့နာမည်ကို တဖြည်းဖြည်း မေ့လျော့ လာကြခြင်း ဖြစ်၏။

ထို့ကြောင့် တချိုးမှ ၎င်းအချိန် ကုန်သွား ပြီဟု ဆိုကာ၊ လှောင်ပြောင် ခဲ့ခြင်း ဖြစ်သည်။ သို့သော် အနိုင် ယူပြကာ၊ အချိန် မကုန် သေးကြောင်း၊ သက်သေပြ လာ၏။

များမကြာခင် လင်းယွန်၏ အလှည့် ကျရောက် လာသည်။ နှင်းပျံ ခန်းမမှ တပည့် ကြီး ပိုင်ယွင်ဖေး၊ မင်ဂိုဏ်း၏ တပည့် ကျိုးရီနှင့် ပန်းတောင်ကုန်းမှ ဖူရ တို့လည်း ပါဝင်၏။

စင်မြင့် ပေါ်မှ နေ၍၊ ပတ်ဝန်းကျင်ရှိ မုန်းတီးနေသော အကြည့် များကို လင်းယွန် တစ်ယောက် ခံစား နိုင်သည်။

အထူးသဖြင့် ဂီတအိမ် လေးလုံး အနက်မှ၊ တပြည့်ကြီး နှစ်ဦး အပြင်၊ မင် ဂိုဏ်း၏ တပည့် များလည်း ပါဝင်၏။

“ အစ်ကို ချင်းက စင်ပေါ်မှာ၊ မင်းကို အသေအချာ ဂရုစိုက် ပေးဖို့ ... ၊ တောင်းဆို ထားတယ်။ ”

ပိုင်ယွင်ဖေးက ပြုံးပြပြီး လင်းယွန်နှင့် စကားပြောရန် ပြင်သည်။ လင်းယွန်က လှည့် ကြည့်လိုက်ရာ၊ ချင်းဟိုမှ သူ့အား အေးစက်စွာ ကြည့်နေ သည်ကို တွေ့လိုက် ရ၏။

“ ဟား ဟား ဟား ... ၊ မင်း လက်လျော့ လိုက်တာ ပိုကောင်းမယ်။ ”

မင်ဂိုဏ်းမှ ကျိုးရီက ဝင်ပြော၏။ တစ်ဖက်တွင် နန်းတော် သခင်က သူတို့ စကား ဝိုင်းထက် လင်းယွန်ကို ကြည့်လေသည်။

ဤအခြေ အနေမှ မည်သို့ ရုန်းထွက်လာ မည်ကို၊ သူ သိချင်သည်။ အတွေ့ အကြုံ အရ၊ လင်းယွန် နှလုံးသား၌ ပြဿနာ တစ်စုံ တစ်ရာ ရှိနေပြီ ဖြစ်ကြောင်း နားလည် ထား၏။

“ သွား ... ။ ”

အကြီးအကဲက ပြိုင်ပွဲ စတင်ရန်၊ ကြေညာ လိုက်သည်နှင့်၊ ပိုင်ယွင်ဖေး၊ ကျိုးရီနှင့် ဖူရ က၊ ဂီတ တူရိယာ များကို တီးမှုတ် တော့သည်။

သူတို့ သုံးယောက် လုံးသည်၊ မဟာ သူတော်စင် အသံကို ဆုပ်ကိုင် ထားကြ သဖြင့်၊ နိဗ္ဗာန် နန်းတော်အား ရှေးဟောင်း စစ်မြေပြင် အဖြစ်၊ ချက်ချင်း ပြောင်းလဲ လိုက်၏။

ထို့ကြောင့် မြှားမိုးများ လင်းယွန် ထံသို့ ရွာကျ လာသည်။ မဟာ သူတော်စင် အသံများ ပေါင်းစပ် ချိန်၌ ကြောက်စရာ ကောင်းပေ၏။

“ ဒင် ... ။ ”

သို့သော် လင်းယွန်က မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို ထုတ်ကာ တီးခတ် လိုက်သည်။ နေမင်းကြီး တစ်စင်း သူ့နောက်၌ ပေါ်လာ၏။

“ ကျီး ... ။ ”

နေမင်း အတွင်းမှ ရွှေကျီးကန်း ပေါင်း များစွာ ပျံထွက် လာပြီး၊ ဝင်လာသော မြှားများ အား၊ ပိတ်ဆို့ လိုက်သည်။

နိဗ္ဗာန် စင်မြင့် ပတ်ဝန်းကျင်သည် ဆူညံသော ရှေးဟောင်း စစ်မြေပြင်ကြီး အလား၊ ပြောင်းလဲ သွား၏။

စစ်မြေပြင်၌ လင်းယွန်သည် စစ်တပ် တစ်တပ် လုံးနှင့် ရင်ဆိုင် ရသည်။ ထို့ကြောင့် နေနှင့် လကို ကစား မိ၏။

“ ဒင် ... ။ ”

ပိုင်ယွင်ဖေး၊ ကျိုးရီနှင့်၊ ဖူရ တို့ တီးခတ် နေသော နုတ်များမှာ ကွဲပြား သော်လည်း၊ အနု ပညာ သဘော တရား တူသည်။

ထို့ကြောင့် ၎င်းတို့က လက်နက် မျိုးစုံဖြင့် ရှေးဟောင်း စစ်မြေပြင်ကို ထင်ရှားစွာ ပြသနိုင် လေသည်။

ထောင်ပေါင်း များစွာသော၊ နတ်ဆိုး သားရဲများ စီးနင်း နေသည့် စစ်တပ်ကြီး ဖြစ်၏။ စစ်သားများ ကြားတွင် နက်ရှိုင်းသော ဆက်ဆံရေး ရှိသည်။

ရှေးဟောင်း စစ်မြေပြင်သည် ၎င်းတို့၏ ဂီတနှင့် အတူ၊ လက်တွေ့ ဆန်လာ တော့သည်။ ထိုမြင်ကွင်းကြောင့် ရပ်ကြည့် နေသူတိုင်း မျက်နှာ ပြောင်းသွား၏။

ဂီတတွင် ပါရှိသော လျစ်လျူရှုမှုနှင့် သတ်ဖြတ် လိုစိတ်အား ခံစားရသည်။ သို့သော် လင်းယွန် နောက်ရှိ နေမင်းမှာ၊ စစ်တပ်အား ရင်ဆိုင်ရန်၊ ပို၍ ထွန်းလင်း လာသည်။

“ ဒင် ... ။ ”

အဖြူရောင် ဝတ်ရုံမှာ၊ လေထဲ တဖျပ်ဖျပ် လွင့်လာပြီး၊ မရေ မတွက် နိုင်သော ရွှေကျီးကန်း များက၊ စစ်မြေပြင်ကို မီးလျှံများ မှုတ်ထုတ်ကာ၊ လောင်မြိုက် နေတော့၏။

‘လူရိုင်း၊’ အဖြစ် နာမည် ‘ကြီး’နေသော၊ ဤလင်းရှောင်သည် စစ်တပ်ကြီး တစ်ခု လုံးနှင့် ရင်ဆိုင် ရချိန်၌၊ ထိုမျှ ဣနြေ္ဒ ရရ ရှိနေ ခဲ့လိမ့် မည်ဟု၊ မည်သူမျှ မထင် ခဲ့ချေ။

ရုတ်တရက် ရှေ့မတိုး နောက်မဆုတ်သာ အခြေ အနေတွင်၊ ကောင်းကင်သို့ လ တစ်စင်း မြင့်တက် လာပြန်သည်။

ပြီးနောက် နေနှင့်လ လှည့်ပတ် လာသဖြင့်၊ ပိုင်ယွင်ဖေး၊ ကျိုးရီနှင့် ဖူရတို့ တီးခတ် နေသော ဂီတမှာ၊ ဖရိုဖရဲ ဖြစ်သွား၏။

သုံးယောက်သား အံ့အားသင့်လျက် မျက်နှာများ ပြောင်းလဲ သွားလေသည်။ သို့သော် လွယ်လွယ်နှင့် အရှုံး မပေး လိုချေ။

“ ဒင် ... ။ ”

တစ်ဖက်တွင် လင်းယွန် ထံမှ အလင်း တန်းများ ဖြာလျက်၊ သူ့လက် (၁၀) ချောင်းကို၊ အရှိန် ပြင်းပြင်း ခတ်ထုတ် နေသည်။

ဂီတ မှတ်စု များက၊ လေဆင် နှာမောင်း အဖြစ် ထင်ရှားပြီး၊ ရှေးဟောင်း စစ်မြေပြင်ကို အက်ကြောင်းများ ဖြစ်ပေါ် လာစေသည်။

စစ်တပ်မှာ အော်ဟစ် မြည်ဟီးလျက် ပြိုကျ လုနီးပါး ဖြစ်လာ၏။ ဤစစ်မြေပြင်၌ လင်းယွန် နှင့် မည်သူမျှ မယှဉ် နိုင်ချေ။

ယင်းကြောင့် လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ လင်းယွန်မှာ ဒေါသဖြင့် သူ့ သီချင်းအား ဆက်၍ တီးခတ် နေ၏။

“ ဒင် ... ။ ”

ကောင်းကင်မှ နေမင်းကြီး ဆင်းသက် လာပြီး၊ မြေပြင်မှာ ချက်ချင်း စုတ်ပြဲ သွားလေ သည်။

မီးတောက် များက၊ သမုဒ္ဒရာ အလား၊ ပေါ်လာပြီ၊ ကောင်းကင်၌ လမင်း တစ်စင်းသာ ကျန်ရှိ တော့၏။

“ ငါတို့ ဝန်ခံတယ် ... ။ ”

ပိုင်ယွင်ဖေး၊ ကျိုးရီနှင့် ဖူရ တို့မှာ၊ မျက်နှာများ ပြောင်းလဲပြီး၊ တူရိယာ များကို ရပ်လျက်၊ စင်ပေါ်မှ ခုန်ဆင်း တော့သည်။

သို့သော် လင်းယွန်က ခွင့် မပြုချေ။ ကောင်းကင်သို့ ပျံတက်ကာ၊ လေထဲ တစ်ပတ် လှည့်လျက်၊ ဂီတ သံစဉ် များနှင့် ပစ်ခတ် လိုက်သည်။

“ ဒင် ... ။ ”

အသံလှိုင်း များက ကောင်းကင်မှ ကြွေကျသွား၏။ ဥက္ကာပျံများ အလား၊ တစ်ချက် ပြီး တစ်ချက်၊ ထိမှန် ကုန်သည်။

“ ဝုန်း ဝုန်း ဝုန်း ... ။ ”

စင်မြင့်အောက် ပြုတ်ကျ သွားချိန်၌၊ ဒဏ်ရာပြင်းထန် လွန်းသဖြင့်၊ သတိလစ် သွား တော့သည်။

ပိုင်ယွင်ဖေး၊ ကျိုးရီနှင့် ဖူရ တို့၏ အဖြစ်ကို ကြည့်ပြီး၊ လူတိုင်း အသက်ရှူ ကြပ်လာ ကြ၏။ ကောင်းကင်မှ ဆင်းလာသော လင်းယွန်က၊ ချင်းဟိုအား ကြည့်ကာ၊

“ ငါ မင်းကို စောင့်နေမယ်။ ”

-ဟု ပြောလိုက် တော့သည်။

***

All Chapters