ပဋိပက္ခများ ... ။
Vol. 125 Ch. 1742
လင်းယွန် စကားကြောင့် ပန်း တောင်ကုန်း၏ အဖွဲ့ဝင် မျက်နှာများ ပြောင်းလဲ သွားကုန်သည်။
ဟွာဟောင်ယု မျက်နှာမှာ၊ မည်းမှောင် လာ၏။ ပန်းတောင်ကုန်း၊ မင်းဂိုဏ်း အပါ အဝင် နှင်းပျံ ခန်းမ၏ တပည့် ကြီးများ သည်လည်း ရှုံးနိမ့် သွားခဲ့သည်။
လင်းယွန်၏ အကြည့် များက သူတို့ အပေါ်သို့ ကျဆင်း လာချိန်၌၊ ကျောရိုး အနှံ့ အေးစက် ကုန်၏။
ဤလင်းရှောင်မှာ ရက်စက် လွန်းသည်။ မာနကြီး နေပြီ ဖြစ်သော ရန်တျန်းချန် သည်ပင်၊ လင်းယွန်နှင့် ယှဉ်က ယဉ်ကျေးနေ သေး၏။
ပိုင်ယွင်ဖေး၊ ကျိုးရီနှင့် ဖူရ တို့ကို အနိုင်ယူ ပြီးနောက်၊ ကျေနပ်ပုံ မရ သေးဘဲ၊ ချင်းဟို ကိုပါ လှည့်ကြည့် သွားသည်။
လင်းယွန်မှ ပမာဏ အရွေး ချယ်ခံ များကို စိတ်မဝင် စားဘဲ၊ ရလာဒ် ကြေညာ ပြီး သည်နှင့်၊ စင်မြင့် ပေါ်မှ ချက်ခြင်း ခုန်ဆင်း လာ၏။
နောက်ထပ် ပွဲ အနည်းငယ် အပြီးတွင် ပမာဏ အရွေးချယ်ခံ များမှ လွဲ၍ လူသုံးရာတွင် ငါးဦးသာ ကျန်ရစ် ခဲ့သည်။
၎င်းတို့မှာ လင်းယွန်၊ ရန်တျန်းချန်၊ ယွဲ့ဝေဝေ၊ ဟွာဟောင်ယုနှင့် တိချိုးတို့ ဖြစ်၏။ ထို့ကြောင့် တတိယ အကျော့တွင်၊ လူ (၂၀)သာ ကျန်ရှိသည်။
၎င်းတို့ ထဲတွင် ကောင်းကင် ရနံ့ သင်းသင်းမှ သုံးဦး ပါရှိသည်။ ယွဲ့ဝေဝေသည် နတ်သမီးလေး ဖြစ်ပြီး ရန်တျန်းချန်မှာ တပည့်ကြီး ဖြစ်၏။
နောက် တစ်ယောက် အတွက်မူ၊ ရိုင်းစိုင်းသော လင်းရှောင် အဖြစ်သာ လူ သိများ လေသည်။ ထို့ကြောင့် ဤအရာက လူတိုင်း၏ စိတ်ဝင်စားမှုကို ရရှိ စေ၏။
“ နှစ်နာရီ အနား ယူမယ်၊ နေ မ၀င်ခင် နောက်ဆုံး ပြိုင်ပွဲ ပြန် ကျင်းပမယ်။ ”
နိဗ္ဗာန် နန်းတော် သခင်က ကြောငြာ ပြီးနောက် ထွက်ခွာ သွားလေသည်။ ပရိသတ် များမှာမူ၊ ထိုနှစ်နာရီ အတွက် မည်သူမျှ ထွက်ခွာရန်၊ ဆန္ဒ မရှိ ကြချေ။
တစ်နာရီ အတွင်း၊ ထိပ်ဆုံး သုံးဦးကို အဆုံးအဖြတ် ပေးမည် ဖြစ်သော ကြောင့်၊ စိတ် လှုပ်ရှား လာ ကြသည်။
လင်းယွန်၊ ရန်တျန်းချန်နှင့် ယွဲ့ဝေဝေက မုရွယ်လင် ရှိရာသို့ ရောက်လာသည်။ မုရွယ်လင် မှ လင်းယွန်အား ကြည့်ကာ၊
“ မင်း ... ကြိုးစာရင်၊ ထိပ်ဆုံး ငါးယောက် အတွင်း ဝင်နိုင်တယ်။ ”
-ဟု ပြောလိုက်သည်။ ထိပ်တန်း ဆယ့်ငါး ယောက်၏ ဆုကြေးသည် ကွာခြားချက် သိသိ သာသာ မရှိချေ။
သို့သော် ထိပ်ဆုံး ငါးယောက် ဟူက၊ ကွဲပြားချေ၏။ ငါးယောက်လုံးအား ဘဝ-သုံးပါး ပန်းပွင့်ကို ချီးမြှင့်ခြင်း ခံရမည် ဖြစ်သည်။
ကျန်သူ များမှာ ဘဝ-သုံးပါး အရွက် မျှသာ ရနိုင်၏။ ဤခြားနားချက်မှာ စကားလုံး အနည်း ငယ် မျှသာ ဖြစ်သော်လည်း၊ တန်ဖိုး ကွာခြားချက် များပြား လှသည်။
ပမာဏ အရေွးချယ်ခံ များသည် မြင့်မြတ်မြေ၏ ပါရမီရှင်များ ဖြစ်ကြပြီး၊ သိုင်း တာအိုနှင့် ဂီတကို ပေါင်းစပ် ထားနိုင်၏။
၎င်းတို့ ထဲမှ အများ စုမှာ၊ နဝမမြောက် သွေးလွှတ်ကြော နယ်ပယ်တွင်၊ ရှိနေ ခဲ့သည်။ ထို့ကြောင့် ခိုင်မာသော အုတ်မြစ်များ ရှိ၏။
လင်းယွန်ကို ထိပ်ဆုံး ငါးယောက် အတွင်း ဝင်နိုင် သည်ဟု ပြောခဲ့ ခြင်းသည်၊ များစွာ အကောင်းမြင် နေပြီ ဖြစ်သည်။
“ သူတော်စင် အကြီးအကဲ ... မင်း ငါ့ကို အရမ်း အထင်ကြီး နေတယ်။ ”
လင်းယွန်မှ မုရွယ်လင်အား မကြည့် ဝံ့ချေ။ လမင်း ကြင်ဖော် ရေကန်တွင် သူမ မျက်နှာကို မြင်ထား ပြီးနောက်၊ အပြစ် ကျူးလွန် ထား သလို ခံစား နေရသည်။
“ ဘာလို့ ပထမ မဖြစ်နိုင် ရမှာလဲ။ ”
ယွဲ့ဝေဝေက မေးသည်။ မုရွယ်လင်မှ ပြုံးပြီး ခေါင်းခါ လိုက်၏။
“ အရမ်း ခက်တယ်၊ လီယွီရှက သန်မာပြီး ဒသမတန်း ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်နေ ပြီ၊ သူ့ရဲ့ သိုင်း ရည်ရွယ်ချက်ကို ... ဂီတနဲ့ ပေါင်းစပ် ထားတယ်၊ ...
... အရေး အကြီးဆုံး ကတော့ သူ့ရဲ့ ကျင့်ကြံမှုက ဂျူနီယာ လင်းထက် သာလွန် နေလို့ပဲ။ ”
သတ္တမနှင့် နဝမ သွေးလွှတ်ကြော အကြား ခြားနားချက်မှာ၊ ပင်လယ်ကွေ့ မက ကျယ်ပြော လေသည်။
အထူး သဖြင့် နဝမမြောက် သွေးလွှတ် ကြောသည်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်၌၊ အထွတ် အထိပ် ဖြစ်ပြီး၊ ပြီးပြည့် စုံသော အသွင် ကူးပြောင်းမှု ရရှိ ထားသည်။
၎င်းတို့သည် လောက နိယာမ နယ်ပယ် သို့ပင်၊ ခြေတစ်လှမ်း နင်းနေပြီ ဖြစ်၏။ လောက နိယာမ နယ်ပယ် ဟူသည် ဤကမ္ဘာကြီး၏ ဘုရင်များ ဖြစ်သည်။
လင်းယွန်က ထိုစကား များကို မချေပ တော့ဘဲ၊ ပေါ့ပေါ့ ပါးပါး စကား စမြည် ပြန်ပြော နေမိသည်။
ယွဲ့ဝေဝေက လင်းယွန် အနား မသိ မသာ တိုးကပ်ကာ၊ လက်ဖျားဖြင့် တို့ထိ ကြည့်မိသော အခါ၊ သူမ လက်ကို ရှောင်လျက်၊ ဘေးသို့ ရွေ့သွား တော့သည်။
ထိုအပြုအမူက၊ ယွဲ့ဝေဝေကို အံ့အားသင့် နာကျင် စေသည်။
“ ငါ အနားယူ လိုက်ဦးမယ်။ ”
လင်းယွန်မှ ပြောပြီး၊ ပြိုင်ပွဲ ဝင်များ အတွက်၊ သတ်မှတ်ပေး ထားသော ထိုင်ခုံ ဆီသို့၊ ထွက်ခွာ သွား လေသည်။
“ လင်းရှောင် ... မင်း ... ဘာလုပ် တာလဲ။ ”
မုရွယ်လင် အကြည့်များ အေးစက် လာတော့သည်။
“ သူတော်စင် အကြီးအကဲ၊ ဘာပြော တာလဲ။ ”
လင်းယွန်မှ မော့မကြည့်ဘဲ ပြန်မေး၏။
“ အစ်မမု ... လင်းရှောင် ပင်ပန်း နေပြီ၊ သူ အနားယူ ပါစေ။ ”
ယွဲ့ဝေဝေက မုရွယ်လင်အား ဟန့်တား လိုက်၏။ ဤအရာက မုရွယ်လင်ကို သက်ပြင်း ချမိ စေသည်။ ရန်တျန်းချန်က တစ်စုံ တစ်ရာ ပြဿနာ ရှိနေကြောင်း၊ သိလိုက် သဖြင့်၊ ပြုံးလျက် ထွက်ခွာ လာ ခဲ့သည်။
သူတော်စင် အကြီး အကဲမှ၊ စကား ထပ် မဆိုတော့ သဖြင့်၊ လင်းယွန်က ထိုင်ခုံများ ဆီသို့ လျှောက်လှမ်း သွားသည်။
နတ် ကျောက်စိမ်း ဝါးပလွေကို ထုတ်ယူလျက်၊ ပြန်လည် ငုံ့ကြည့် မိလေသည်။ ပလွေအား လက်ခံထား သည်မှာ၊ လေးနှစ် ရှိချေပြီ။
လပြည့် နေ့တွင် ဤပလွေဖြင့်၊ ရန်သူ များအား သတ်ခဲ့ သည်မှာ၊ လေးနှစ် ပြည့်တော့ မည်ဟု အဓိပ္ပါယ် ရ၏။
ထိုအချိန်မှ စကာ၊ ခွန်လွန်၌ သူ့အမည်၊ တောက်ပ လာခဲ့သည်။ လျှပ်စီး တိမ်လွှာ ဓား ဂိုဏ်းတွင် စမ်းသပ်မှု (၁၃) ခုကို၊ ဖြတ်သန်း မိ၏။
သို့သော် ယခုမူ သူ့ကိုယ်သူ ရုပ်ဖျက် ထားရပြီး၊ နာမည် ကိုပင်၊ ထုတ်ဖော် ပြောဝံခြင်း မရှိ ခဲ့ချေ။
ပန်းသင်္ချိုင်း ဟူသည်၊ ဆရာ သခင်အား ဒုက္ခတွင်း အတွင်း အတင်း အကြပ် ဆင်းသက် စေပြီး၊ ချစ်ခြင်း မေတ္တာကြောင့် ဒုက္ခ ရောက် နေခဲ့သည်။
ယင်းကို မည်သူ သိနိုင် မည်နည်း။ ထို့ကြောင့် ယွဲ့ဝေဝေအား ပြတ်ပြတ် သားသား ပြောချင် သော်လည်း မလွယ် ခဲ့ချေ။
တစ်ချိန်က ဓား ရည်ရွယ်ချက် နောက် လိုက်နေစဉ်၊ မြစ်ကမ်း နဘေးမှ နေ၍ ပလွေဖြင့်၊ သူ့အား ကူညီပေး ခဲ့သည်။
ယင် လေစီးကြောင်း အတွင်း၊ သူ့ ဒဏ်ရာ များ ကုသပေးရန် သူမ သိုင်းဝိညာဉ်ကို အသုံးပြု ခဲ့သည်။
နောက်တစ်ကြိမ် တွေ့ဆုံ ချိန်၌၊ နဝမ ကောင်းကင် လမ်းတွင် ဖြစ်သည်။ နှလုံးသားမှာ ရှုပ်ပွလာ သဖြင့်၊ မျက်ဝန်းများ မှိတ်ချ ပစ်၏။
“ ဝေဝေ ... မင်းက စိတ်ပျက် စရာပဲ၊ ဒီလူယုတ်မာမှာ အနည်းဆုံး နောက်ထပ် မိန်းမ သုံးယောက် ရှိ သေးတယ်။ ”
မုရွယ်လင်က ဒေါသ ထွက်လာသည်။ လင်းယွန်၏ အပြုအမူ အပေါ်၊ သူမ မကျေနပ် နိုင်သေးချေ။
သို့သော် ယွဲ့ဝေဝေက ပုံမှန် အတိုင်း ပြုံးလျက်မှ၊ ခေါင်းငုံ့ပြီး ရှင်းပြခဲ့ လေသည်။
“ တကယ်တော့ အစ်ကိုကြီး လင်းကို နာကျင်အောင် လုပ်ဖို့၊ ဝေဝေ မရည်ရွယ် ပါဘူး၊ မနေ့က သူ့ကို လမင်း ကြင်ဖော် ရေကန်ထဲ ခေါ်မသွား သင့်ဘူး၊ အားလုံးက ...
... ဝေဝေ့ အမှားပါ၊ အခုချိန် အစ်ကိုကြီး လင်းက ဝေဝေထက် ပိုပြီး၊ နာကျင် နေမယ်လို့ ပြောဝံ့တယ်။ ”
“ ငါတော့ မယုံဘူး ... ။ ”
မုရွယ်လင်က လင်းယွန်ထံ လှမ်းကြည့် လိုက်သည်။ ယွဲ့ဝေဝေ သည်လည်း လိုက်ကြည့် မိသော အခါ၊ တုန်လှုပ် သွား၏။
“ အစ်မ မု ... လက်ရှိ ပုံစံ အတိုင်း ဆိုရင်၊ အစ်ကိုကြီး လင်းက ချန်ပီယံ ဖြစ်ဖို့ ခက်မယ် မဟုတ်လား။ ”
“ ထိပ်ဆုံး ငါးဦး စာရင်း ဝင်ရင်တောင် ကံကောင်းတယ် မှတ်။ ”
“ ဝေဝေ သူ့ကို ကူညီချင်တယ်။ ”
“ ဘယ်လို ကူညီ မှာလဲ။ ”
မုရွယ်လင်၏ အကြည့်များ လေးနက် သွားကာ၊ ယွဲ့ဝေဝေအား အရူး မထရန် သတိ ပေးလိုက်သည်။
သို့သော် ယွဲ့ဝေဝေမှ စကား တစ်ခွန်းမျှ မဆိုတော့ဘဲ၊ လင်းယွန်ထံ ကြည့်နေ ခဲ့လေ သည်။ တစ်နာရီ ကုန်လွန် ပြီးနောက်၊ နိဗ္ဗာန် စင်မြင့်မှာ ပြန်၍ လှုပ်ခတ် လာ၏။
ပတ်ဝန်းကျင်၌ မည်သူ ပထမ ဖြစ်နိုင် မည်ကို ဆေွးနွေးလာ ကြသည်။ လူကြိုက် များ သော ပြိုင်ပွဲ ဝင်မှာ လီယွီရှ ဖြစ်၏။
သို့သော် အနန္တ လျှပ်စီး ဂိုဏ်း၏ ချန်ကျွယ်၊ နတ်တာအို ခန်းမ၏ ကျန်းရင်နှင့် ကောင်းကင် မီးလျှံ ဂိုဏ်းမှ ချင်းဟိုတို့ သည်လည်း အား မနည်းချေ။
၎င်းတို့ အောက်တွင် ရန်တျန်းချန်မှာ လူကြိုက် အများဆုံး ဖြစ်၏။ သူသည် စစ်မှန်သော ဂီတ ပါရမီရှင် တစ်ဦး ပေပင်။
မြင့်မြတ် မြေ၏ ပါရမီရှင်များ ကဲ့သို့၊ သိုင်းတာအိုနှင့် ဂီတအား ရောယှက် ထားခြင်း မရှိချေ။ ထို့ကြောင့် ဂီတ ပညာရှင် များကို၊ ကိုယ်စားပြု နိုင်သည်။
ရန်တျန်းချန် သည်သာ ချန်ပီယံ ဖြစ်က ဂီတတာအို၏ အောင်ပွဲ အဖြစ်၊ မှတ်ယူ နိုင်ပေ မည်။
များမကြာခင် နန်းတော် သခင်နှင့် အဖွဲ့ ပြန်ရောက် လာကာ၊ ပြိုင်ပွဲ မခင် လင်းယွန်ကို ကြည့်ပြီး၊ မျက်မှောင်ကြုတ် သွားသည်။
“ စကြ ရအောင်။ ”
ယခင် တိုက်ပွဲ၌ လင်းယွန် တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ပြသနာ တစ်ခုခု ရှိနေကြောင်း သူ သတိပြုမိ နေပြီ ဖြစ်သည်။
ထိုခံစားချက်သည် ဂီတ အပေါ် သက်ရောက် စေ၏။ ထို့ကြောင့် သူ့စည်းချက် များသည် လုံး၀ ရှုပ်ပွ နေခဲ့သည်။
သာမန် ပြိုင်ဘက် များဖြင့် ဆိုက ပြဿနာ မရှိ သော်လည်း၊ ထိပ်တန်း ပါရမီရှင်နှင့် ရင်ဆိုင် ချိန်၌၊ အားနည်းချက် ဖြစ်လာ နိုင်ပေမည်။
နိဗ္ဗာန် စင်မြင့် ပေါ်မှ အကြီး အကဲက နောက်ဆုံး ပြိုင်ပွဲဝင် လူ အယောက် (၂၀) ကို ကြည့်ပြီး၊
“ ဒီတစ်ကြိမ်မှာ စည်းကမ်းချက် မရှိဘူး၊ လွတ်လွတ် လပ်လပ် တိုက်ပွဲ ဝင် နိုင်တယ်၊ မင်း တို့ရဲ့ စွမ်းဆောင်ရည် အပေါ် ... မူတည်ပြီး၊ နန်းတော် သခင်က အဆင့် ဆုံးဖြတ်ပေး လိမ့်မယ်။ ”
ကြေငြာချက် ထုတ်ပြန် လိုက်သော အခါ၊ ပတ်ဝန်းကျင် လေထုမှာ ချက်ချင်း ပြောင်းလဲ လာသည်။
ဤတစ်ကြိမ် ပြိုင်ပွဲဝင် တိုင်းသည်၊ ကျွမ်းကျင် သူများ ဖြစ်သဖြင့်၊ ၎င်းတို့၌ လုံးဝ သေချာမှု မရှိသော် မစတင် သည်မှာ အကောင်းဆုံး ဖြစ်သည်။
“ ငါ အရင် စလိုက်မယ်။ ”
လူတိုင်း တုံ့ဆိုင်း နေချိန်၊ ယွဲ့ဝေဝေက စင်မြင့်ပေါ် ဆင်းသက် လာသဖြင့်၊ အကြည့်များ ကျဆင်း သွားသည်။
ယွဲ့ဝေဝေသည် နိဗ္ဗာန် နန်းတော်ကို စိတ်မဝင် စားကြောင်း၊ လင်းယွန် သိလေသည်။ ထို့ကြောင့် ယခု ကဲ့သို့၊ စင်ပေါ် တက်ရောက် ခြင်းသည် အံ့သြ စရာ ဖြစ်၏။
ယွဲ့ဝေဝေက လင်းယွန်မှ လွဲပြီး၊ ပြိုင်ပွဲဝင် တိုင်းကို တစ်ချက် ကြည့်ကာ၊
“ မင်း ... ငါနဲ့ တိုက်ဝံ့ သလား။ ”
-ဟု မေးမြန်း လိုက်သည်။
အမေး ခံရ သူမှာ ဝမ်ယွီရှု ဖြစ်ပြီး၊ အနည်းငယ် အံအားသင့် နေရာမှ၊ စင်မြင့်ပေါ် လှမ်းတက် လာ၏။
“ ငါ့ကို ဘာကြောင့် ရွေးလဲ မသိပေမယ့် မင်း မရွေး သင့်ဘူး။ ”
ဝမ်ယွီရှုက ပြောသည်။
“ စကား မများနဲ့။ ”
ယွဲ့ဝေဝေမှ ပြုံးပြီး သူမ ခန္ဓာ ကိုယ်အား ဖြည်းဖြည်းချင်း လှည့်လိုက်ရာ ဖဲကြိုး ဖြူဖြူ များ၊ ပျံ့ကျဲ သွားသည်။
ဖဲကြိုးများ လေထဲ ပျံတက် လာစဉ်၊ ကကွက်အား စတင် တော့သည်။ ကောင်းကင် တမန် အလား၊ မြင့်မြတ်သော အသွင် ဆောင်၏။
ဝမ်ယွီရှု မျက်နှာ ပြောင်းလဲ သွားပြီး၊ တဖြည်းဖြည်း လေးနက် လာသည်။ ယွဲ့ဝေဝေ သည် ကခုန် နေလျက်မှ ပလွေ မှုတ်သော အခါ၊ အလွန် ခြိမ်းခြောက် နိုင်စွမ်း ရှိသည့် အသံ လှိုင်းများ ထွက်လာ တော့၏။
လျင်မြန် စွာဖြင့်၊ မီးလျှံများ ဖုံးလွှမ်း နေသည့်၊ ရှေးဟောင်း ဗျပ်စောင်း တစ်လက်ကို ထုတ်ယူ လိုက်ရသည်။
နှစ်ဦးသား တူရိယာ များကို တီးခတ်လျက်၊ စင်မြင့် တစ်ခုလုံး အစွမ်း ထက်သော တေးသွား များဖြင့်၊ ပြည့်နှက် စေခဲ့သည်။
“ ဒင် ... ။ ”
ယွဲ့ဝေဝေ၏ ဖဲကြိုး ဖြူဖြူ များက ပလွေ သံကို အားဖြည့် ပေး၏။ ထို့ကြောင့် ဝမ်ယွီရှုမှ ဗျပ်စောင်းကို ခပ်သွက်သွက် တီးကာ၊ ဖဲကြိုး ဖြူဖြူ များအား ဟန့်တား နေရသည်။
ဗျပ်စောင်း သံမှာ ခပ်စိတ်စိတ် ထွက်လာ သဖြင့်၊ ပတ်ဝန်းကျင် အပူချိန်က၊ သိသိ သာသာ ကျဆင်း သွား တော့သည်။
ကြမ်းပြင် အနှံ နှင်းခဲ အလွှာ များဖြင့် ဖုံးလွှမ်းလျက်၊ ရေခဲ ရည်ရွယ်ချက်က နှင်းပွင့် အသွင်၊ ကောင်းကင်မှ ကျဆင်း လာသည်။
ရေခဲ ရည်ရွယ်ချက်သည် အသံ လှိုင်းနှင့် ပေါင်းစပ် ပြီးနောက်၊ ယွဲ့ဝေဝေအား ချက်ချင်း ဖိအားပေး တော့သည်။
သို့သော် ယွဲ့ဝေဝေမှာ၊ တည်ငြိမ် နေဆဲ ဖြစ်၏။ အအေး ဓာတ်က သူမအား ဖုံးလွှမ်း တော့မည့် အချိန်တွင်၊ စိတ် စွမ်းအင်များ ပေါက်ကွဲ ထွက်လာသည်။
ထိုပေါက်ကွဲ မှုက ကြမ်းပြင် ပေါ်ရှိ ရေခဲများကို၊ အလွှာလိုက် ကွဲကြေ သွားစေ သည်။ ထို့နောက် အရည်ပျော် လာပြီး၊ မြူအဖြစ် အငွေ့ပျံ ကုန်၏။
ပလွေသံ ရုတ်တရက် ပြောင်းလဲ သွား သောကြောင့်၊ ဖဲကြိုးများက မြွေဆိုး (၉) ကောင် အလား၊ အသက်ဝင် လာသည်။
၎င်းတို့၏ တိုက်ပွဲဝင် စွမ်းအားသည်၊ နောက်တစ်ဆင့် ရောက်ရှိ လာသဖြင့်၊ ဝမ်ယွွီရှု မှ မျက်နှာ ပြောင်းလဲ သွားသည်။
“ ဒင် ... ။ ”
ဝင်လာသော မြွေများကို ရှောင်လျက်၊ လက်ဆယ်ချောင်းအား ဗျပ်စောင်း ခတ်ရာ၌ ပို၍ မြန်စေ ခဲ့သည်။
ဤသို့ဖြင့် နှစ်ဦးသား၊ တစ်ဦး၏ အသံ လှိုင်းကို တစ်ဦးမှ ချေဖြတ်ကာ၊ တူရိယာများ တီးလျက်၊ ယိမ်းနွဲ့ ရှောင်တိမ်းနေ ကြသည်။
“ ခရစ် ... ။ ”
နောက်ထပ် ဆယ်ကြိမ် တိတိ၊ ထိပ်တိုက် တွေ့ဆုံ ပြီးနောက် မြွေကိုးကောင်က ရေခဲလွှာ ကြီးအား၊ ဖြိုခွဲပစ် လိုက်သည်။
“ ဝှစ် ... ။ ”
ဤအရာက ဝမ်ယွီရှုအား မျက်ဝန်းများ မေှးဆင်းလျက်၊ အမြန် ပြန်ဆုတ် သွားမိ စေ၏။ သို့သော် ခြေတစ်လှမ်း နှေးသွားရာ၊ မြွေ (၉) ကောင်၏၊ ရစ်ပတ်ခြင်း ခံလိုက် ရသည်။
“ နင် ... ရှုံးပြီ။ ”
ယွဲ့ဝေဝေက ပြုံးပြီး ပြောသည်။ နတ်သမီး ဟူသည် အလှ ကြောင့်သာ ကျော်ကြားပြီး၊ ဂီတ တာအို၌ ဤမျှ အောင်မြင်မှု ရရှိ ထားကြောင်း အများ စုမှာ မသိခဲ့ ကြချေ။
ထို့ကြောင့် လူတိုင်း အံ့အားသင့် ကုန်၏။ ၎င်းထက် ပိုအံ့အားသင့် စေသည်မှာ၊ ယွဲ့ဝေဝေ က စင်မြင့် ပေါ်မှ မဆင်းဘဲ၊ အခြား သူများကို ဆက်လက် စိန်ခေါ် နေခြင်း ဖြစ်သည်။
ဤနည်းဖြင့် ပြိုင်ပွဲဝင် (၇) ယောက်ကို ဆက်တိုက် အနိုင်ယူ ခဲ့သည်။ သတ္တမ မြောက် ပြိုင်ဘက်ကို အနိုင်ယူ ပြီးသော အခါ၊ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်လာသည်။
လင်းယွန် သည်ပင်၊ အံ့အားသင့် လာပြီး သူမ၏ အကြံ အစည်ကို သဘောပေါက် လာခဲ့ သည်။
နိဗ္ဗာန် ပွဲတော် အတွင်း၊ ပထမ ရရန် ပြိုင်ဘက် များကို တတ်နိုင် သမျှ၊ ရှင်းထုတ်ပေး နေခြင်း ဖြစ်၏။
“ ယွဲ့ဝေဝေ မင်းက တကယ်ပဲ မျက်စိ နောက်စရာ ပါလား၊ ငါ မင်းကို ကူညီပါ ရစေ။ ”
ရုတ်တရက် အေးစက်သော အသံ နှင့်အတူ၊ ဟွာဟောင်ယုက စင်မြင့်ပေါ် ပျံသန်း လာတော့ သည်။
သူမ ရင်ထဲရှိ အမုန်း တရားကြောင့် ယွဲ့ဝေဝေကို အရှက် ရအောင် စွမ်းဆောင်ရန် ဆုံးဖြတ်ချက် ချထား လေသည်။
***