← Chapters

ဓားသမား ... ။

Vol. 125 Ch. 1743

ဓားသမား ... ။

Vol. 125 Ch. 1743

ဟွာဟောင်ယုက ယွဲ့ဝေဝေအား စိန်ခေါ်ကာ၊ စင်မြင့်ပေါ် တက်လာသည်။ ထိုကြောင့် ဤပွဲမှာ ပို၍ စိတ် လှုပ်ရှား စရာ ကောင်းလာ၏။

ယွဲ့ဝေဝေ ရောက်ရှိ လာ ပြီးနောက်၊ ကောင်းကင် မြို့တော်၏ အလှ ဘုရင်မ ဘွဲ့ကို သူမ လက်လွှတ် လိုက်ရသည်။

ထို့ကြောင့် ယွဲ့ဝေဝေ အပေါ် ပစ်မှတ် ထားနေမှန်း၊ လူတိုင်း နားလည် ကြပေသည်။ လက်ရှိ အချိန်တွင် ယွဲ့ဝေဝေမှာ တိုက်ပွဲများ ဆက်တိုက်၊ ဆင်နွှဲ ထားရ သဖြင့်၊ သူမ အတွက် အနိုင် ယူရန် အကောင်းဆုံး အချိန် ဖြစ်သည်။

“ မင်း ဆန္ဒ ရှိရင် ... အနားယူ နိုင်ပါတယ်။ ”

ဟွာဟောင်ယုက ဂရု မစိုက် ဟန်ဖြင့်၊ ပြောလိုက်သည်။

“ ယွဲ့ဝေဝေ ... မင်း အနားယူ နိုင်တယ်၊ မရှုံးသေး သရွေ့ ... ကြိုက်တဲ့ လူနဲ့ ထပ်တိုက် လို့ ရတယ်။ ”

နိဗ္ဗာန် နန်းတော်မှ၊ အကြီးအကဲက ဝင်ပြော လာသဖြင့်၊ ဟွာဟောင်ယု ခမျာ ထိုအကြီး အကဲ ကို စိုက်ကြည့်လျက်၊ စိတ်ထဲမှ ကျိန်ဆဲ မိလေ သည်။

သူမ အနေဖြင့်၊ ဟန်ပြ ပြောဆို ခြင်းသာ ဖြစ်ပြီး၊ ယွဲ့ဝေဝေအား အမှန် တကယ် အနား ယူခွင့် မပေး လိုချေ။

လင်းယွန်က ယွဲ့ဝေဝေအား ပြန်ဆင်း လာရန် ပြောချင် သော်လည်း၊ အသံ ထွက် မလာ ချေ။

သူသည် သူမနှင့် ပြတ်ပြတ် သားသား နေကြည့်ရန် ဆုံးဖြတ် ထားသောကြောင့်၊ ဤ အရေးတွင် ဝင်မပါ သင့်ဟု မြင်သည်။

“ စကြ ရအောင် ... ။ ”

ယွဲ့ဝေဝေက ခေါင်းမာ စွာဖြင့် ပြောပြီး၊ သူမကိုယ် သူမ တစ်ပတ် လှည့်ကာ၊ ဖဲကြိုး ဖြူ များကို ဖြည်ချ လိုက်သည်။

လက်ဆယ်ချောင်းကို ပလွေပေါ် တင်ကာ၊ စတင် တီးမှုတ် လိုက်သည်နှင့်၊ အလင်းများ ဖြာ လျက်၊ လေတိုက် လာသည်။

ဤအရာက ဟွာဟောင်ယု မျက်နှာကို ပြောင်းလဲ သွားစေ၏။ တစ်ဖက် လူတွင် သူမ မသိ သေးသော ဝှက်ဖဲများ ရှိနေ သေးသည်။

ထို့ကြောင့် ပလွေကို ထုတ်ယူကာ၊ နှုတ်ခမ်းတွင် တေ့လျက်၊ ပြန်လည် တီးမှုတ် တော့သည်။ သူမ နောက်၌၊ မီးပွင့် များစွာ ပွင့်လာ၏။

စင်မြင့် တစ်ခုလုံး၊ မီး ပင်လယ်ကြီး ဖြစ်လာကာ၊ မီးငှက် တစ်ကောင် ထွက်ပေါ် လာသည်။

“ ဝှစ် ... ။ ”

ကြမ်းပြင်ပေါ် ခြေဖဝါးကို ညင်သာစွာ ပုတ်လိုက်ပြီး၊ ထိုမီးငှက်ထံ ပျံသန်း ဆင်းသက် ပစ်မိသည်။

တစ်ဖက်တွင် ယွဲ့ဝေဝေမှာ လေထဲသို့ ဖြည်းညှင်းစွာ ပျံတက် လာသည်။ သူမ၏ ဂီတ အောက်တွင် လေဓားများ ဖြစ်ပေါ် လာကာ၊ ဟွာဟောင်ယု ဆီသို့ ဦးတည် စေ၏။

ထိုမြင်ကွင်းကြောင့် ဟွာဟောင်ယုက ပြုံးလိုက်ပြီး ဖီးနစ်ကို တောင်ပံခတ် စေကာ၊ ဝင်လာသော ဓားများကို ပိတ်ဆို့ ပစ်သည်။

“ ထန် ... ထန် ထန်။ ”

ပတ်ဝန်းကျင်ရှိ အသံလှိုင်း များတွင်၊ ဓားရှည်များ အချင်းချင်း တိုက်ခိုက်နေ သကဲ့သို့၊ အသံများ ထွက်ပေါ် လာသည်။

မီးငှက်ကို စီးနင်း ထားသော ဟွာဟောင်ယုက ပလွေအား ဆက်လက် တီးမှုတ် နေခဲ့သည်။

မီးပင်လယ် ကြီးက၊ ယွဲ့ဝေဝေကို ဝါးမြိုရန် ရောက်ရှိ လာဖြင့်၊ အန္တရာယ် ရှိသော အနေထား ဖြစ်လာ သည်။

လင်းယွန်မှ မျက်လုံး မှိတ်ချ လိုက်ပြီး၊ လက်သီးဆုပ်လျက် တုန်ယင် သွား၏။ သူ့ နှလုံး မှာ၊ ထင်သလောက် မငြိမ် သက်ချေ။

ထိုအချိန်တွင် ယွဲ့ဝေဝေ၏ ဂီတသည် စူးရှ လာပြီး၊ နဖူးရှိ ကြက်သွေးရောင် အမှတ် အသား အသက်ဝင် လာသည်။

ယင်းကြောင့် မီးပင်လယ်မှာ ဆုတ်ခွာ သွားပြီး၊ မကြာမီ နှင်းလွင်ပြင် အဖြစ် ပြောင်းလဲ သွား၏။

သည့်နောက် နှင်းလွင်ပြင်မှ ရေခဲများ ကြွတက် လာကာ၊ ဟွာဟောင်ယုအား ရေခဲ ရုပ်တု အဖြစ်၊ ပိတ်လှောင် တော့သည်။

“ ဝှစ် ... ။ ”

ပြီးသည်နှင့်် သူမ၏ ဖဲကြိုး ကိုးချောင်းကို မြွေဆိုးများ အဖြစ်၊ ဟွာဟောင်ယုထံ ဝင်ရောက် သွားစေသည်။

“ ခရစ် ... ။ ”

ထိုအချိန်၌ ဟွာဟောင်ယုမှာ ရေခဲလွှာ အတွင်းမှ ခွဲထွက် လာချိန် ဖြစ်သဖြင့်၊ မြွေ (၉) ကောင်၏ ရိုက်နှက်ခြင်း ခံလိုက် ရသည်။

“ ဝေါ့ ... ။ ”

ဟွာဟောင်ယု ခမျာ သွေးတစ်လုတ် အန်လျက်၊ ကောင်းကင်မှ ပြုတ်ကျ လာလေ သည်။

ကြမ်းပြင်ပေါ် ရောက်ချိန်၌ မြွေ (၉) ကောင်က ဓား(၉)လက် အလား၊ သူမကို ချိန်ရွယ် ထားတော့၏။

“ နင် ရှုံးပြီ ... ။ ”

ယွဲ့ဝေဝေက တည်ငြိမ်စွာ ပြော၏။

“ ငါ မရှုံးဘူး။ ”

ဟွာဟောင်ယုမှ တွန့်ဆုတ်မှု များဖြင့်၊ သူမ၏ နှုတ်ခမ်း ဆီသို့ ပုလွေကို မြှောက်လိုက် လေသည်။

“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”

“ အား ... ။ ”

သို့သော် မြွေ (၉)ကောင်က သူမအား ရိုက်ထုတ် လာသဖြင့်၊ သွေးများ ပါးစပ်မှ စီးကျ လျက်၊ လွင့်စဉ် သွားတော့သည်။

တိုက်ပွဲမှာ ရလာဒ် ထွက်ပေါ် လာပြီ ဖြစ်သည်။ လူ (၂၀)အနက် ထက်ဝက် နီးပါး သူမ အနိုင်ယူ ထားပြီး ဖြစ်၏။

“ သူ့ ဖဲကြိုး တေွမှာ ... ထူးဆန်းတာ တစ်ခု ရှိတယ်၊ မင်းထက် သူက သန်မာလို့ မဟုတ်ဘူး၊ သိပ်စိတ်ထဲ မထားနဲ့။ ”

ချင်းဟိုက ဟွာဟောင်ယုကို နှစ်သိမ့် ပေးလိုက်သည်။ သူ့ အသံက ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်းကြား နေရ၏။

ယွဲ့ဝေဝေသည် ပြင်ပ အရာ ဝတ္တု အပေါ်၊ အားကိုးခဲ့ သဖြင့်၊ ဤတိုက်ပွဲသည် တရား မျှတ မှု မရှိဟု၊ ဆိုလို နေခြင်း ဖြစ်သည်။

သို့သော် ထိုဖဲကြိုး များကို တေးဂီတဖြင့် ခြယ်လှယ်ပြီး၊ တိုက်ပွဲများစွာ ဆင်နွှဲ နေခဲ့သည် ကို၊ လူတိုင်း မြင်သည်။

ယင်းကြောင့် ဖဲကြိုး များ၏ ရန်ကို၊ မကာကွယ်နိုင် သည်မှာ ဟွာဟောင်ယု ကိစ္စ ပေပင်။

ဆိုလို သည်မှာ အရှုံးသည် အရှုံးသာ ဖြစ်ချေ၏။ သို့သော် ချင်းဟိုသည် မြင့်မြတ်မြေမှ ဖြစ်သဖြင့်၊ ယင်းကို မည်သူမျှ မပြောဝံ့ ကြချေ။

“ ယွဲ့ဝေဝေ ... ၊ ငါ မင်းနဲ့ ရင်ဆိုင် ပါရစေ။ ”

ချင်ဟိုမှ အေးစက်စွာ ဆိုပြီး၊ စင်မြင့်ပေါ် ခုန်တက် လာသည်။ ဤအရာက လူတိုင်းကို အံ့အားသင့် စေ၏။

၎င်းသည် ချန်ပီယံ အဖြစ်၊ ရေပန်း စားနေသော ပမာဏ အရွေး ချယ်ခံ တစ်ဦး ဖြစ်သည်။

ယွဲ့ဝေဝေကို တိုက်ခိုက် ခြင်းဖြင့်၊ သိက္ခာ ကျပေမည်။ ထို့အပြင် သူ့ ပြိုင်ဘက်မှာ တိုက်ပွဲ များစွာ ဆင်နွှဲ ထားပြီး ဖြစ်ရာ၊ အချိန်ကောင်း မဟုတ်ချေ။

ယင်းက ဟွာဟောင်ယု အတွက် ယွဲ့ဝေေဝကို သင်ခန်းစာ တစ်ခု သင်ပေး လိုကြောင်း ထင်ရှား နေသည်။

များပြား လှသော စိတ်စွမ်းအင်များ လောင်ကျွမ်း လာပြီး၊ ချင်းဟို နောက်၌ မီးလျှံ များ ပေါ်လာသည်။ မီးသည် ကြောက်စရာ ကောင်းပြီး၊ ဝိညာဉ် ရှိချေ၏။

“ မကောင်း တော့ဘူး ... ။ ”

ရမ်တျန်းချန်က မျက်ခုံးပင့် လိုက်ပြီး ချင်းဟိုသည် ပြီးခဲ့သော ပြိုင်ဘက် များထက် သန်မာကြောင်း၊ သိရှိ လိုက်သည်။

“ ဝေဝေ ... ၊ အရှုံး ပေးလိုက်။ ”

မုရွယ်လင်က လင်းယွန်ထံ ဒေါသဖြင့် တစ်ချက် ဝေ့ကြည့်ကာ၊ စင်မြင့်ပေါ် လှမ်းပြော လေသည်။

“ ဒါဆို လာ ပါဦး ... ။ ”

ယွဲ့ဝေဝေမှ သူမ စကားကို လျစ်လျူရှုပြီး ချင်းဟိုအား ဖိတ်ခေါ် လိုက်သည်။

“ မင်းကို စည်းမျဉ်း တချို့ ... သင်ပေး ပါရစေ ... ။ ”

ချင်းဟိုက သူ့လက် နှစ်ဖက်ကို တစ်စုံ တစ်ရာ ဆွဲယူဟန် လေထဲ ပြင်ယူ လိုက်ရာ၊ မီးများ တောက်လောင် နေသည့် ရှေးဟောင်း ဗျပ်စောင်း တစ်လက် ပေါ်လာသည်။

မီးလျှံများ ထံမှ၊ ကြောက်မက်ဖွယ် ဖိအား တစ်ခု ထုတ်လွှတ် လာ၏။ အရာ အားလုံးက မြန်လွန်း ချေပြီ။

“ ဒင် ... ။ ”

ယွဲ့ဝေဝေ အသင့် မဖြစ်မီ၊ ၎င်း၏ ဗျပ်စောင်းသံမှာ အရှိန် အဟုန်ဖြင့် ထွက်လာ တော့သည်။

“ ဝှစ် ... ။ ”

ဤအရာက ယွဲ့ဝေဝေအား အံ့အားသင့် စေသည်။ သူမတွင် ပလွေ မှုတ်ရန် အချိန် မရှိတော့ သဖြင့်၊ ဖဲကြိုးများ နှင့်သာ အသံလှိုင်း များကို၊ တားဆီး လိုက်ရသည်။

“ ဘုန်း ဘုန်း ... ။ ”

သို့သော် ပြင်းထန်သော မုန်တိုင်း တစင်း ကဲ့သို့၊ ဗျပ်စောင်း သံက မြန်ဆန် လွန်း ခေျ၏။ ခဏချင်း ဖဲကြိုး ကိုးချောင်းကို ဖြတ်ကျော်ကာ၊ ယွဲ့ဝေဝေ အပေါ် ထိမှန် ကုန်သည်။

သက်ရောက်မှု အရ၊ သူမ နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး၊ ပလွေကို ကျစ်ကျစ် ပါအောင်၊ ဆုပ်ကိုင် မိသွားသည်။

ရန်တျန်းချန် တစ်ယောက် စိတ်ပူပြီး မတ်တပ် ထရပ် မိသည်။

“ ကွာခြားချက် အရမ်း များတယ်။ ”

“ အဲဒီ လိုလည်း မဟုတ် ပါဘူး ... ၊ ပြဿနာက ယွဲ့ဝေဝေ တစ်ယောက် တိုက်ပွဲတွေ ဆက်တိုက် ဆင်နွှဲ ထားရလို့ ... စိတ်စွမ်းအင် မကျန် တော့တာ ကြောင့်ပါ။ ”

“ ဟုတ်တယ် ... ချင်းဟိုက နည်းနည်း လွန်တယ်၊ ဒါနဲ့ ယွဲ့ဝေဝေ ကရော အနား မယူပဲ ဘာဖြစ်ချင် နေရ တာလဲ။ ”

“ ငါ ဘယ်လိုလုပ် သိမှာလဲ၊ ချင်းဟိုက သူ့မိန်းမ အတွက်၊ လက်စား ခေျချင်တာ လက်ခံ ပေးလို့ ရတယ်၊ ဒါပေမယ့် ဒီလို အခွင့် အရေး ယူဖို့ လိုလို့လား၊ သူ့ ခွန်အားနဲ့ မျှမျှ တတ ပြိုင်သင့်တာ။ ”

ပတ်ဝန်းကျင်မှ ငြင်းခုန် သံများ ထွက်ပေါ် လာသည်။ ပွဲပမ်း နေသော ယွဲ့ဝေဝေအား ပလွေ မှုတ် ရန်ပင်၊ အခွင့် အရေး မပေး ခဲ့သဖြင့်၊ လူတိုင်းမှ အမြင် မကြည် တော့ချေ။

နိဗ္ဗာန် စင်မြင့် ပေါ်တွင်၊ တစ်ဖက်သတ် ဖိနှိပ်ခံ နေရသော ယွဲ့ဝေဝေမှာ၊ အံကြိတ် လိုက် မိသည်။ ပလွေ တီးမှုတ်ရန် အခွင့် အရေး လို၏။

“ အဆုံး သတ်လိုက် ရအောင် ... ။ ”

သို့သော် ချင်းဟိုမှ ခွင့်မပြုချေ။ အေးစက်စွာ အော်ဟစ် လိုက်ပြီး၊ မီးတောက် များကို ဆက်၍ ခတ်ထုတ် နေခဲ့သည်။

ယွဲ့ဝေဝေ၏ မြွေ ကိုးကောင်မှာ၊ ချက်ချင်း ပြာမှုန် အဖြစ် လောင်ကျွမ်း သွား၏။

“ သွားပြီ ... ။ ”

ချင်းဟိုမှာ အနည်းငယ် လွန်လွန်း သောကြောင့်၊ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။

စင်မြင့် အောက်ရှိ ဟွာဟောင်ယုက တခစ်ခစ် ရယ်ပြီး၊ သက်တောင့် သက်သာ ခံစား လာရ တော့သည်။

ထိုခဏ၌ နိဗ္ဗာန် စင်မြင့်ပေါ်၊ ပြင်းစွာသော သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် တစ်ခု ဖုံးလွှမ်း လာလေသည်။

“ ဘာဖြစ် တာလဲ။ ”

လူသတ်ရန် ရည်ရွယ်ချက် ကြောင့်၊ လူတိုင်း၏ ကျောရိုးများ အေးစက် လာသဖြင့်၊ ထွက်ပေါ်လာရာ အရပ်ထံ၊ လှည့်ကြည့် မိသည်။

ပြင်းစွာသော သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်ကို ထုတ်ဖော်လျက်၊ လင်းယွန်က စင်မြင့်ပေါ် စိုက်ကြည့် နေသည်။

“ ချင်းဟို ... မင်း သေချင် နေတာလား။ ”

-ဟု ဆိုပြီး၊ ခြေ တစ်လှမ်းဖြင့် နိဗ္ဗာန် စင်မြင့်ပေါ် ရောက်ရှိ သွားသည်။ သူ့ စိတ်မှာ ရှင်းလင်း သွားပြီ ဖြစ်၏။

ကိုယ့်ချစ်သူ ကိုမှ မကာကွယ် နိုင်သော်၊ ဓားသမား အဖြစ်၊ ခံယူ နေစရာ အကြောင်း မရှိ တော့ချေ။

အကန့် အသတ်မဲ့၊ ဒေါသများ တောက် လောင်လျက်၊ ငရဲမှ လာသော မိစ္ဆာ တစ်ပါး ကဲ့သို့၊ ချင်းဟိုထံ တိုးဝင် သွားလေသည်။

***

All Chapters