ငါ လက်မခံဘူး။
Vol. 125 Ch. 1744
နဂါး ရူရ် တစ်သိန်းက၊ သူ သွားရာ လမ်း တစ်လျှောက် လေထဲ လိုက်ပါ လာပြီး၊ ချင်းဟို ရှေ့ ရောက်ရှိ ချိန်၌၊ လက်မောင်းတွင် စုရုံး သွားပြီ ဖြစ်သည်။
“ ဟမ့် ... ။ ”
ချင်းဟို တစ်ယောက် ထိတ်လန့် နေစဉ်၊ အကြေး ခွံများ အထပ်ထပ် ဖြစ်ပေါ် နေသော လက်သီးက ဝင်ရောက် လာသည်။
လင်းရှောင်သည် ဤမျှ ရူးသွပ်နေ လိမ့်မည်ဟု မမျှော်လင့်ထား သောကြောင့်၊ သူတင် မက၊ လူတိုင်း အံ့အားသင့် ကုန်၏။
နဂါး ရူရ် တစ်သိန်းသည် ပေတစ်ရာ ရှည်သော မိုးပြာ နဂါးကြီး အဖြစ်သို့ ပေါ်လွင် လာကာ၊ ချင်းဟို ရင်ဘတ်ထံ တိုးဝင် လာ တော့သည်။
ဗျက်စောင်း ကြိုးများ ပြတ်တောက်လျက်၊ ချင်းဟို နောက်၌၊ နဂါး (၉)ကောင် ယောင်ဝါးဝါး ပေါ်လာသည်။
သို့သော် လက်သီး အဟုန်မှာ ပြင်းလွန်း သောကြောင့်၊ လွင့်စင် သွားသည်။ ကြမ်းပြင်ပေါ် ပြန်ပြုတ်ကျ လာချိန်၌၊ သူ့ အရေပြားတွင် လျှပ်စီးများ လက်နေ တော့၏။
ခန္ဓာကိုယ် အနှံ့ နဂါး မူလအား ဖြန့်ကျက်ကာ၊ ထိုလျှပ်စီး များကို တွန်းဖယ် ပစ်လိုက် ရသည်။
လင်းယွန်က ချင်းဟိုအား လှည့်မကြည့် တော့ဘဲ၊ ယွဲ့ဝေဝေ ဘက်သို့ လျှောက်လှမ်း သွားသည်။
အနားသို့ ရောက်သော အခါ၊ ယွဲ့ဝေဝေ ဒဏ်ရာ များကို မြင်ပြီး၊ ဒေါသများ တစ်ဖန် လောင်ကျွမ်း လာပြန်၏။
“ ဝေဝေ ... ၊ မင်း ဘာလို့ ဒီလောက် မိုက်မဲ နေတာလဲ။ ”
“ အစ်ကိုကြီး လင်းကို ကူညီချင်တာ။ ”
“ သွား အနား ယူတော့၊ ငါ့ကို ထားခဲ့၊ ငါ့အမှားကို ငါ နားလည်ပြီ၊ ဒီတစ်သက် မင်းကို ထားခဲ့မှာ မဟုတ်ဘူး။ ”
လင်းယွန်က နာကျင်စွာ ပြောသည်။ ယွဲ့ဝေဝေ မျက်ဝန်း၌ မျက်ရည်များ ဝေ့သီ လာပြီး၊ ပြုံးလိုက်စဉ် ပါးစပ်မှ သွေးများ စီးကျသွား၏။
တိုက်ပွဲများ ဆက်တိုက် ဆင်နွှဲ လိုက်ရ သဖြင့် သူမ၏ စိတ် စွမ်းအင်များ ကုန်ဆုံး နေပြီ ဖြစ်သည်။
“ ဝေဝေ ... ။ ”
လင်းယွန်က စိတ်တို လာပြီး သူမကို ပွေ့ဖက်ကာ၊ လက်ကောက် ဝတ်မှ တစ်ဆင့် သေွးခုန်နှုန်း စစ်ဆေး သည်။
“ ဟီး ... အဆင် ပြေပါတယ်၊ ချိပ်ပိတ် ထားတဲ့ စွမ်းအင်ကို သုံးခဲ့လို့ နည်းနည်းမော သွား တာပါ၊ အစ်ကိုကြီး လင်း စိတ် မပူနဲ့။ ”
ယွဲ့ဝေဝေမှ အပြုံးဖြင့် ပြော လာသည်။ နဖူးရှိ ကြက်သွေးရောင် အမှတ် အသား မှာမူ၊ တဖြည်းဖြည်း မှိန်ဖျော့ သွား၏။
ဟွာဟောင်ယုကို တိုက်ခိုက်စဉ် ၎င်းကို အသုံးပြု ခဲ့ပုံ ရသည်။ ယွဲ့ဝေဝေအား ပွေ့ချီကာ၊ ရန်တျန်းချန် အနား၊ ရိပ်ခနဲ ရွေ့လျား လိုက်၏။
“ အစ်ကို ရန် ဝေဝေ့ကို ဂရုစိုက် လိုက်ပါ။ ”
ရန်တျန်းချန်မှ ခေါင်းညိတ် ပြသည်။ လင်းယွန် ကလည်း ခေါင်းညိတ်လျက် စင်မြင့် ပေါ်သို့၊ လှည့်ကြည့် ရုံဖြင့် ပြန်ရောက် သွား၏။
“ မိန်းမ တစ်ယောက်ကို ဘယ်လို အနိုင်ကျင့်ရ မလဲပဲ သိတဲ့ ချင်းဟို ... ၊ စင်ပေါ် တက်ပြီး ... ၊ ငါ့ကို လာတိုက် ... ။ ”
လင်းယွန်၏ လုပ်ရပ်က လူတိုင်းကို မျက်လုံးပြူး စေသည်။ ၎င်းသည် သတ္တမ သွေး လွှတ်ကြော ၌သာ ရှိခဲ့ပြီး၊ ချင်းဟိုမှာ နဝမ သွေးလွှတ်ကြော ဖြစ်သည်။
မည်သည့် ရှုထောင့်မှ ကြည့်ကြည့်၊ ချင်းဟို၏ ပြိုင်ဘက် မဟုတ်ချေ။ သူ့ ဒဏ်ရာမှာ အပေါ်ယံ မျှသာ ဖြစ်သဖြင့်၊ ချင်းဟိုက လှောင်ပြုံး ပြုံး လိုက်သည်။
ဤအရေးကို လိုချင် သောကြောင့်၊ ယွဲ့ဝေဝေ အပေါ် ရက်စက် ပြလိုက်ခြင်း ဖြစ်၏။ သို့သော် သူ အကြောင်း ပြန်တော့မည့် အချိန်တွင်၊
“ လင်းရှောင် ငါတို့ ကြားက ရန်ငြိုး တေွကို အရင် ဖြေရှင်း ရအောင်။ ”
-ဟု လီယွီရှမှ ဝင်ပြော လာတော့သည်။
သူသည် ဤပွဲတွင် ချန်ပီယံ ဖြစ်ရန် ရေပန်းစား နေသူ ဖြစ်၏။ ချင်းဟိုသာ အနိုင်ရ သွားသော်၊ လင်းယွန်အား ရိုက်နှက်ရန် အခွင့် အရေး မရတော့ မည်ကို စိုးရိမ် နေပုံ ရသည်။
“ လင်းရှောင် ... မင်းဘာလို့ ငါနဲ့ အရင် မတိုက် ရတာလဲ။ ”
နတ်တာအို ခန်းမမှ ကျန်းရင် ကလည်း အေးစက်စွာ ဝင်ပြော လာ၏။
“ ဟား ဟား ဟား ... ၊ သူ့လို လူရိုင်း တစ်ယောက်ကို ငါနဲ့ ထားလိုက်ပါ၊ မင်းတို့က သူ့လို လူနဲ့ ဆက်ဆံ နေရင်၊ သိမ်ငယ် စရာ ဖြစ်နေပါ ဦးမယ်။ ”
အနန္တ လျှပ်စီး ဂိုဏ်းမှ ချန်ကျွယ်က ပြုံးလျက် ပြောလာ ပြန်သည်။ မြင့်မြတ် မြေ (၄) ပါးသည်၊ လင်းယွန်ကို ပစ်မှတ် ထားနေ ကြောင်း၊ မြင်သာ လာ၏။
“ စိတ် မပူနဲ့ ... သူပြီးရင်၊ မင်းတို့ အလှည့် လာမယ်။ ”
လင်းယွန်က ပြတ်သားစွာ တုန့်ပြန် လိုက်သည်။ ဓား တစ်လက်သည် ဓားအိမ် ထဲမှ ထွက်လာ ပြီးနောက်၊ ရန်သူများထံ အညံ့ ခံရန်၊ မဟုတ်ချေ။
လင်းယွန်၏ မောက်မာမှုနှင့် ယုံကြည် မှုကြောင့် ထိတ်လန့် သွား ကြသည်။ သို့သော် ယင်းမှာ ၎င်း၏ ပုံစံ ဖြစ်မှန်း ပြန်၍ သတိ ရလာ ကုန်၏။
ပွဲစ ကတည်း ကပင်၊ မြင့်မြတ် မြေ၏ ပါရမီရှင် များကို၊ လင်းယွန်မှ မျက်လုံးထဲ လုံးဝ မထား ခဲ့ချေ။ ချင်းဟိုမှ မည်းမှောင် နေသော မျက်နှာဖြင့်၊ စင်မြင့်ပေါ် တက်လာသည်။
“ ငါတို့ ကြားက ... အာဃာတ တွေကို ဖြေရှင်းဖို့ အချိန် တန်ပြီ၊ စည်းမျဉ်း စည်းကမ်း တွေသာ မရှိရင်၊ မနေ့ တည်းက မင်းကို သင်ခန်းစာ ပေးလိုက်တယ်။ ”
“ ဟား ဟား ဟား ... ၊ ဒါဆို ငါတို့ရဲ့ မြင့်မြတ်မြေက ပါရမီရှင်တွေ ဘယ်လောက် စွမ်းဆောင် နိုင်လဲ ... ၊ ငါ ကြည့်ပါ ရစေ။ ”
လင်းယွန်က လှောင်ရယ် ရယ်၏။ တစ်ဆက်တည်း မှာပင် မိုးကြိုး မုန်တိုင်းများ သူ့ရှေ့၌ ရစ်သိုင်း လာသည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ချင်းဟိုက လက်ဝှေ့ယမ်း လိုက်ရာ၊ ရှေးဟောင်း ဗျပ်စောင်း တစ်လက် ပေါ် လာပြီး၊ သူ့နောက်၌ မီးတောက်များ လျှံတက် လာ၏။
“ ဒင် ... ။ ”
ချင်းဟိုက ပထမဆုံး လှုပ်ရှားမှု တစ်ခု ပြုလုပ် လာသည်။ သူ့ ဂီတသည် မီးတောင် တစ်လုံး ကဲ့သို့ ပေါက်ကွဲ လာ၏။
လက်ခတ် ဟန်မှာ၊ ညင်သာ သော်လည်း အသံသည် ထိတ်လန့် စရာ ပေပင်။ ဗျပ်စောင်း ကြိုးကို ခတ်တိုင်း၊ တဝုန်းဝုန်း ပေါက်ကွဲ နေ၏။
များမကြာခင် ကောင်းကင် တစ်ခုလုံး မီးတောက်များ ဖုံးလွှမ်း သွားသည်။ လင်းယွန် အမူ အရာမှာ ငြိမ်သက် နေဆဲ ဖြစ်၏။
“ ဒင် ... ။ ”
လက်ဆယ် ချောင်းက စွယ်တော် ကြိုးများကို၊ စတင် တီးခတ် လိုက်သော အခါ၊ ကြက်သွေးရောင် အဆင်း ရှိသော လျှပ်စီးများ လက်လာ၏။
ဤသည်မှာ မီးလွင်ပြင် ထဲမှ ဖီးနစ် ဖြစ်ချေ၏။ သို့သော် ယခု တစ်ကြိမ်၌ ယွဲ့ဝေဝေ အတွက် မဟုတ်ချေ။
ရန်သူ့ အတွက် ဖြစ်သဖြင့်၊ သီချင်းအား ထိန်းမထား တော့ဘဲ၊ ဂီတ အတွင်း ပါရှိသော ရက်စက်မှုကို၊ အပြည့် အဝ ထုတ်လွှတ် လိုက်သည်။
နဝမမြောက် ကောင်းကင် လမ်းထံ ပြန်ရောက်သွား၏။ စစ်မက် နယ်မြေ သခင်ငယ် သုံးပါးမှ၊ ယွဲ့ဝေဝေအား ဖမ်းဆီး လိုက်ပုံကို မြင်လာပြီး၊ မုန်းတီးမှု များက ဖီးနစ်တွင် ထင်ဟပ် လာသည်။
“ ဝုန်း ... ။ ”
နှစ်ဖက် စလုံး၏ မီးတောက်များ တိုက်မိ သွားသော အခါ၊ စင်မြင့် တစ်ခုလုံး ချက်ချင်း မီးလွင်ပြင်ကြီး ဖြစ်သွား၏။
တစ်ဖက်တွင် နတ်ဖီးနစ်မှာ ကြက်သွေးရောင် မီးတောက် ဖြစ်ပြီး၊ ကျန် တစ်ဖက်တွင် ရှေးဟောင်း ကောင်းကင် မီးတောက် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး သွေးရောင် ပြောင်းသွားပြီး၊ မြင်ကွင်း တစ်ရပ်လုံး မီး လွင်ပြင်ကြီး ဖြစ်လာ တော့၏။
ကောင်းကင် မီးလျှံ ဂိုဏ်း၏ တပည့် များသည်၊ ချင်းဟိုနှင့် အပြိုင်၊ မီးအား ကစား နေသည်ကို မြင်လိုက် ရသောကြောင့်၊ လှောင်ပြုံး ပြုံးလိုက် ကြသည်။
ကောင်းကင် မီးလျှံဂိုဏ်း ဟူသည် မီးထိန်းချုပ် ရာ၌၊ ခေတ် အဆက်ဆက် အစဉ် အလာ ကြီးမား ချေပြီ။
ကြောက်မက်ဖွယ် ကြက်သွေးရောင် လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာ သဖြင့်၊ လူတိုင်း ၏ နှလုံးသားများ၊ တုန်လှုပ် လာသည်။
မြင့်မြတ် မြေမှ ပါရမီရှင်များ သည်သာ၊ ချင်းဟို၏ ဖြစ်စဉ် များကို ခံနိုင်မည် ဖြစ်သည်။ သို့သော် ယင်းမှာ သူတို့ အမြင် ဖြစ်၏။
“ ဒင် ... ။ ”
လင်းယွန်မှ နတ်ဖီးနစ် အတွေ့ကို၊ ထုတ်ဖော် ကစားရာ၊ လက်ဆယ်ချောင်းက ဗျပ်စောင်းပေါ် လွန်းထိုး လာတော့သည်။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
ကြိုးတွင် လျှပ်စီးများ ခတ်လျက်၊ နောက်ဆက်တွဲ အဖြစ် အပျက် သုံးခု ပေါ်လာ လေသည်။
“ ကျီး ... ။ ”
မိုးကြိုး မုန်တိုင်း ဗျပ်စောင်းမှ ရက်စက် ကြမ်းကြုတ်သော ဖီးနစ် အော်သံ ထွက်ပေါ် လာတော့၏။
ကမ္ဘာကြီး ပေါ်ရှိ အရာရာ တိုင်းကို၊ လောင်မြိုက် စေလိုသည့် ဖီးနစ်ဖြစ် လေသည်။ သွေးနီရောင် အလင်းတန်းများ ပေါက်ကွဲကာ၊ လျှပ်စီး ပင်လယ်ကြီး ပေါ်လာ၏။
ယင်းက ဂီတတွင် လင်းယွန်၏ နားလည်မှုမှာ၊ မည်မျှ နက်ရှိုင်းကြောင်း ပြရာ ရောက်သည်။
သို့သော် ယင်းက ယာယီ မျှသာ ဖြေရှင်းနိုင်သည်။ ကောင်းကင် မီးတောက်များ မပျောက် သရွေ့၊ အချိန် မရွေး ရှုံးနိုင်၏။
ချင်းဟိုက သူ၏ သိုင်း တာအိုကို ဂီတတွင် ပေါင်းစပ် လိုက်သော အခါ၊ မီးတောက် များက၊ ပို၍ ကြောက်စရာ ကောင်းလာသည်။
ထိုအချိန်တွင် လင်းယွန်၏ စိတ် ဝိညာဉ် နန်းတော် အတွင်းရှိ ကြယ်ဆယ်လုံး လင်းလက် လာ၏။
စိတ် စွမ်းအင်များ စိမ့်ဝင် လာ ချိန်၌ သူ့လက်ချောင်း များကို မျက်စိဖြင့် လိုက်ကြည့် ရန်၊ မမှီ တော့ချေ။
ထိတ်လန့် စရာ ဖြစ်ပြီး၊ လူ တော်တော် များများကို၊ ပါးစပ် ဟောင်းလောင်း ဖြစ်လာ စေသည်။
အဘယ့် ကြောင့် ဆိုသော်၊ လင်းယွန်၏ ဂီတတာအိုသည်၊ သူ့စိတ် စွမ်းအင်ကို လိုက်မမီ သဖြင့်၊ ဗျပ်စောင်း ထံမှ ကြောက်ရွံ့ နေဟန် ခံစား ချက်များ၊ ပေးစွမ်း နေ၌ ဖြစ်သည်။
ကမ္ဘာ ပေါ်ရှိ အရာ အားလုံးကို၊ လောင်ကျွမ်းပစ် လိုသော ဖီးနစ် တစ်ကောင် လို ပေပင်။ တစ်ဖက်တွင် ချင်းဟိုက သူ့ အရှိန်အား မြှင့်ပြီး၊ ဗျပ်စောင်းကို တိုး၍ ခတ်လာသည်။
“ ဝုန်း ... ။ ”
ထို့ကြောင့် ၎င်းတို့၏ ဂီတ သံစဉ်များ အချင်းချင်း ရိုက်ခတ်ကာ၊ မီးတောက်များ ချက်ခြင်း ငြိမ်းသွား တော့၏။
ဗျပ်စောင်း သံများ သည်လည်း၊ တပြိုင် နက်တည်း တိတ်ကျ သွားကာ၊ ရလဒ် ထွက်ပေါ် လာချေပြီ။
“ ဝေါ့ ... ။ ”
မီးခိုးငွေ့များ ထဲမှ ချင်းဟို တစ်ယောက် သွေးအန်လျက် နောက်ပြန် လွင့်စဉ် သွားလေ သည်။
အရှိန် ကုန်ချိန်၌ ဗျပ်စောင်းဖြင့် ကြမ်းပြင်ပေါ် ထောက်ကာ၊ ဒူးတစ်ဖက် ထောက်ကျ သွားသည်။
လူများစွာက လင်းယွန်ထံ ကြည့်သည်။
“ လင်းရှောင် နိုင်ပွဲ ... ။ ”
“ နန်းတော် သခင်၊ ခဏ နေပါဦး။ ”
“ ယွဲ့ဝေဝေနဲ့ တိုက်တဲ့ ပွဲမှာ သူက ဝင်စွက် ဖက်ပြီး လက်သီးနဲ့ ထိုးခဲ့တယ်၊ ဒါကြောင့် သူနဲ့ ငါ လက်သီးချင်း ယှဉ်ထိုးချင် ပါတယ်။ ”
ချင်းဟိုက ရလဒ်ကို လက်မခံလိုဘဲ၊ ငြင်းဆန်ကာ ထရပ် လာတော့သည်။
***