← Chapters

တိုက်ပွဲ ဆိုတာ ... ။

Vol. 125 Ch. 1745

တိုက်ပွဲ ဆိုတာ ... ။

Vol. 125 Ch. 1745

ချင်းဟို စကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်သွား လေသည်။ အဆုံးတွင် ချင်းဟို ဟူသည် နဝမမြောက် နဂါး သွေးလွှတ်ကြော နယ်ပယ်တွင် ရှိပြီး ၎င်း၏ ကျင့်ကြံမှုမှာ၊ လင်းယွန် ထက်သာ လွန်၏။

သည့်အပြင် မြင့်မြေမြေ၏ ပါရမီရှင် တစ်ဦးလည်း ဖြစ်လေသည်။ သူ့ ခွန်အားကို အခြေ ခံပြီး၊ အမည်ခံ လောက နိယာမ နယ်ပယ်နှင့် ယှဉ်နိုင်၏။

ဤအရာက ဂီတတွင် လင်းရှောင်အား ရှုံးနိမ့်ခဲ့သည် ဟူသော အရာကို ဝန်ခံရာ ရောက် လေသည်။

နိဗ္ဗာန် နန်းတော် သခင်က၊ ထိုစကားကို ကြားသော အခါ မျက်ခုံးပင့် လိုက်၏။

“ သေချာလား ။ ”

“ ဟုတ်ကဲ့ ... တစ်ချက် ပြန်ထိုးခွင့် မရရင် ဒီရလဒ်ကို လက်မခံ ပါဘူး။ ”

ချင်းဟိုက ခေါင်းမာစွာ ဆိုသည်။

“ စောစောက ... လင်းရှောင် မင်းကို ထိုးလိုက်တဲ့ လုပ်ရပ် အတွက်၊ သူ့မှာ အပြစ် ရှိ တယ်၊ ဒါပေမယ့် ... ယွဲ့ဝေဝေက တိုက်ပွဲတွေ ဆက်တိုက် ဆင်နွှဲ ထားရ ချိန်မှာ ... ၊ အနား ယူခွင့်၊ ...

... မပေးဘဲ၊ မင်းက ... အလစ် ဝင်တိုက် ခဲ့တယ်၊ ဒါကို မင်း ကောင်းကောင်း သိမယ်လို့ ငါ ယုံတယ်၊ မင်းသာ တရား မျှတတဲ့ တိုက်ပွဲ တစ်ခု ဖြစ်စေ ချင်ရင်၊ ယွဲ့ဝေဝေကို အနား ပေးရမယ်၊ ပြီးတော့ ... ။ ”

နန်းတော် သခင်က စကား ခဏ ရပ်ကာ၊ လင်းယွန်အား ကြည့်ပြီး၊

“ လင်းရှောင်နဲ့ ယွဲ့ဝေဝေက ချစ်သူ တွေပဲ၊ ဒါကြောင့် သူ့ချစ်သူ ကာကွယ်ဖို့ မင်းကို တားခဲ့ တာပဲ။ ”

-ဟု ပြောလာ တော့သည်။

ထိုစကားကို ကြားသော အခါ ချင်းဟို မျက်နှာသည် ပြောင်းလဲ သွား၏။ သူ့၌ ချေပရန် စကား မရှိချေ။

“ နောက်ဆုံး အနေနဲ့ ... ပြောချင်တာ ကတော့ အရှုံးက အရှုံးပဲ ... ၊ ဒီရလဒ်ကို လက် မခံချင် ရင်တောင်၊ မင်း ဘာမှ လုပ်လို့ မရဘူး၊ မကျေနပ်ရင် အခု ချက်ချင်း ထွက်သွားပါ၊ ငါ မင်းကို မတားဘူး။ ”

အဆုံးသတ် စကား များမှာ၊ ပို၍ပင် ရက်စက်လှ ချေ၏။ ယင်းက လူတိုင်း အတွက်၊ မယုံနိုင် စရာ ပေပင်။

ထို့ကြောင့် ဤလင်းရှောင်တွင် မြင့်မြတ်မြေ များထက်၊ သာလွန်သော နောက်ခံ ရှိမည်လော ဟု၊ တွေးမိ လာစေသည်။

သို့တိုင် ချင်းဟိုမှာ လက်မလျော့ချေ။ သည်ကနေ့ ဖြစ်ရပ် များသည် ဆိုးရွား လှသဖြင့်၊ လက်ခံရန် ဆန္ဒ မရှိ သည်မှာ သဘာဝ ပေပင်။၊

“ တစ်ချက် တည်းပါ နန်းတော် သခင်၊ လက်နက်နဲ့ နက္ခတ်ကို ... အသုံး မပြု ပါဘူး၊ ကျေးဇူး ပြုပြီး လက်ခံ ပေးပါ။ ”

စကား အကုန် ပြောပြီး တောင်မှ ထပ်မံ တောင်းဆို နေသေး သဖြင့်၊ နန်းတော် သခင်မှာ၊ ဒေါသ ထွက်လာသည်။

ဤသည်မှာ သူတော်စင် တစ်ပါးအား မေးခွန်း ထုတ်ခြင်း မည်နေ၏။

“ တစ်ချက်က အရမ်း နည်းတယ်၊ သုံးချက် သွားရအောင်။ ”

လင်းယွန်မှ ရုတ်တရက် ဝင်ပြော လိုက် လေသည်။ ထို့ကြောင့် နန်းတော် သခင်မှ လှည့် ကြည့်ပြီး၊

“ လင်းရှောင် ... မင်း သေချာလား။ ”

-ဟု မေး လိုက်၏။

“ သူက မယုံတဲ့ အတွက် ... ၊ ယုံတဲ့ အထိလုပ် ရမှာပဲ၊ ပြီးတော့ ငါက တကယ်လည်း စည်းကမ်း တွေကို၊ ဖောက်ဖျက် မိ တာမို့၊ ဒါကို ငြင်းဆန်မှာ မဟုတ် ပါဘူး။ ”

လင်းယွန်မှ ပြန်ပြောသည်။

“ ဒါ သဘော တူညီချက်ပဲ။ ”

ချင်းဟိုက လင်းယွန်အား စိတ်ပြောင်းရန် အခွင့် အရေး မပေးဘဲ၊ လင်းယွင်ရှေ့ ချက်ချင်း ပြန်ရောက် လာသည်။

သူ့ နောက်၌၊ နဂါး ကိုးကောင် တပြိုင် နက်တည်း ပေါ်လာ၏။ နဂါး တစ်ကောင် စီ သည်၊ အရှည် ပေသုံးရာ အထိ ရှိနေသည်။

“ ဝူး ... ။ ”

ထို့နောက် မဆိုင်း မတွဘဲ၊ လက်သီး ဆုပ်ကာ၊ လင်းယွန်အား ထိုးချ ပစ်၏။ စင်မြင့် တစ်ခုလုံး တုန်ခါလျက်၊ တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်ကြောင်း မြင်သာသည်။

“ ဒီကောင် ရူးနေ တာလား။ ”

ယင်းကို ငြိမ်သက်စွာ ခံယူရန် ပြင်ဆင် နေသော လင်းယွန်၏ အသွင်ကြောင့်၊ လူတိုင်း ၏ မျက်နှာများ ပြောင်းလဲ သွားသည်။

ခေါင်းကို ထိသော်၊ ဒဏ်ရာ ပြင်းထန်စွာ ရနိုင်၏။ ကံဆိုး ပါက၊ တတိယ အကျော့အား ဆက်၌ ယှဉ်ပြိုင် နိုင်တော့မည် မဟုတ်ချေ။

“ ဘုန်း ... ။ ”

ထိုလက်သီးအား ကျန်းရင်၊ ချန်ကျွယ်နှင့် လီယွီရှ ဆိုလျှင်ပင်၊ ဤသို့ ခံယူရန် ဆန္ဒ မရှိချေ။ လက်သီးက လင်းယွန် ရင်ဘတ်ပေါ် ကျရောက် လာသည်။

လက်သီး နောက်ရှိ ဧရာမ နဂါး ကြီးက၊ လင်းယွန် နှလုံးသားထံ ထိုးဖောက် ဝင်ရောက် ရန် ကြံသည်။

လင်းယွန်က ဂရု မစိုက်ဘဲ၊ နဂါး ရူရ် တစ်သိန်းကို၊ ထိုနေရာ၌ စုစည်းစေ လိုက်သည်။ ထို့ကြောင့် ချိုင့်ဝင် သွားသော နံရိုး နေရာမှာ၊ ချက်ချင်း ပြန်လည် ဖောင်းကြွ လာ၏။

နဂါးရူရ် များက အဟုန်ကို ခေျဖြတ် ပေးပြီး၊ လက်ကျန် စွမ်းအားသည် နဂါး အရိုးကို ကျိုးစေ စေသော အခါ၌၊ နဂါးပြာ အရိုးမှ ပြန်၍ ပြုပြင် ပေးခြင်း ဖြစ်သည်။

ယင်းက ချင်းဟို မျက်နှာကို အနည်းငယ် ပြောင်းလဲသွား စေ၏။ သို့သော် အေးစက်သော အသွင်ဖြင့်၊

“ မဆိုးဘူး ... ၊ ဒါဆို နောက်တစ်ချက် လာမယ်။ ”

ထို့နောက် နဂါး ကိုးကောင် ထပ်မံ ပေါ်လာပြီး၊ ခြေသုံး လှမ်းမျှ နောက်ဆုတ်ကာ၊ တစ္ဆေ ဝိညာဉ် ပညာ ရပ်ကို ခင်ကျင်း လိုက်ပြန် သည်။

သူ့ လက်သီး၌ မီးလျှံများ တောက်လောင် လျက်၊ မီးပင်လယ်က နောက်၌ ပေါ်လာတော့ သည်။

လက်သီး အစွမ်းသည်၊ ကောင်းကင် ထက်ဝက်ကို လောင်ကျွမ်း သွား စေသည်။ ဤ တစ်ကြိမ်၌ သိုင်း ရည်ရွယ်ချက် ကိုပင်၊ အသုံး ပြုထား၏။

လင်းယွန်က အရိယာ ဓားသုတ္တန်ကို အသက်သွင်းလျက်၊ ငရဲပန်းအား ပွင့်စေလိုက် သည်။

သို့တိုင် ချင်းဟို လက်သီးက၊ နဂါး ရူရ် တစ်သိန်းကို ချက်ချင်း ကွဲအက် သွားစေသည်။ မီးလျှံ များက နတ်ဆိုး တစ်ပါး ကဲ့သို့၊ သူ့ခန္ဓာ ကိုယ်ထဲ တိုးဝင် လာ၏။

ချင်းဟို၏ ပထမ တစ်ချက်မှာ ခွန်အားကို စမ်းသပ်ခြင်း ဖြစ်သည်။ ဒုတိယ လက်သီးမှာ၊ နဂါးရူရ် များကို ဖျက်ဆီးလျက်၊ စွမ်းအား (၅၀%)အား ပေးပို့ လာသည်။

ဤလင်းရှောင်၌ သန်မာသော ကိုယ်လုံး ကိုယ်ပေါက် ရှိလျှင်ပင်၊ ထိခိုက် ဒဏ်ရာ ရမည် ဟု ယုံကြည်၏။

သို့သော် ယင်းမှာ သူ့ အတွေး ဖြစ်သည်။ ပို့လွှတ် မိသော စွမ်းအင် များကို အနက်ရောင် မြူများက တိုက်စား သွား၏။

“ မင်းမှာ နောက် တစ်ကြိမ်ပဲ ကျန်တော့တယ်။ ”

လင်းယွန်က အေးစက်စွာ ပြောသည်။ ယင်းကို ချင်းဟိုမှ အာရုံ မစိုက် နိုင်သေးချေ။ မျက်မှောင် ကြုတ်ပြီး မည်သည့် အရာများ ဖြစ်ပျက် နေ သည်ကို၊ တွေးယူ နေမိ၏။

“ ကောင်းကင် လက်သီး— နတ်နဂါး ဖြိုခွင်းခြင်း။ ”

သည့်နောက် ကြုံးဝါး လိုက်ရာ၊ သူ့ ခြေထောက် အောက်၌ မီးပင်လယ်ကြီး ဖြစ်ပေါ် လာ တော့သည်။

မီးပင်လယ် အတွင်းမှ၊ နဂါး ဟောက်သံ ထွတ်လာကာ၊ အကန့် အသတ် မဲ့သော မီးလျှံ များ လှိုင်းထ လာ၏။

များမကြာခင် အနီရောင် နဂါးကြီး တစ်ကောင် ထွက်ပေါ် လာတော့သည်။ ယင်းမှာ နတ်နဂါး ဖြစ်၏။ ထိုနတ်နဂါးနှင့် ချင်းဟိုမှာ တသားတည်း ဖြစ်လာ လေသည်။

နဂါး မိသားစု၏ မီးနဂါး လက်သီး ဖြစ်ပြီး၊ သာမန် လူများ ဆုပ်ကိုင် နိုင်သော အရာ မဟုတ် ချေ။

ဤမြင်ကွင်းကို မြင်သော အခါ၊ အသက် ပြင်းပြင်း ရှူလျက်၊ ဓား ရည်ရွယ်ချက်နှင့် ဓား မသုံးသော်၊ နဝမမြောက် သွေးလွှတ်ကြောမှ တစ်စုံ တစ်ဦးသည်၊ များစွာ ဖိအား ပေးနိုင် ကြောင်း၊ လင်းယွန် နားလည် လိုက်သည်။

သူသည် လင်းရှောင် အသွင် ခံယူထား သောကြောင့်၊ အသုံး မပြု သင့်သော နည်းစနစ် များစွာ ရှိလေသည်။

ခန္ဓာကိုယ် တစ်ခုလုံး ကြက်သွေးရောင် ဖြစ်လာပြီး၊ အနက်ရောင် မြူများ ရစ်သိုင်း လာ ခဲ့၏။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးကြိုအိုး ကြီးအား၊ နဂါးမြစ် ကြမ်းပြင်မှ ထုတ်ယူ ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ချင်းဟို လက်သီး ကျရောက် လာသော အခါ၊ ၎င်း၏ မီးပင်လယ်မှာ ခဏ အတွင်း၊ ကုန်ခမ်း သွားတော့သည်။

ဤအရာက လူတိုင်းကို၊ အံ့အားသင့် စေသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ။ ”

“ သုံးကြိမ် ပြည့်ပြီ၊ အခု ... ငါ့ အလှည့်ပဲ။ ”

လင်းယွန် စကားကြောင့် ချင်းဟို ခမျာ မျက်လုံးပြူး သွားပြီး၊ ချက်ချင်း နောက်ဆုတ် လိုက်သည်။

“ မင်း ... လွတ်မယ် ထင်လား။ ”

သို့သော် လင်းယွန်မှ ဟစ်အော်လျက် ကြီးမား လှသော တောင်ကြီး တစ်လုံး ကြွတက် လာ သကဲ့သို့၊ စင်မြင့် တစ်ခုလုံး တုန်ခါ သွား စေ၏။

နဂါးပြာ တံဆိပ်၊ ရွှေနဂါး တံဆိပ်၊ ငွေနဂါး တံဆိပ်နှင့် အုပ်စိုးရှင် တံဆိပ်အား ဖန်တီးကာ၊ ခြေတစ်လှမ်း လှမ်းတက် လိုက်မိသည်။

သူ့လက်ချောင်း များမှ ရောင်ခြည် သုံးစင်း ပွင့်လာ သည်နှင့် အမျှ၊ နေမင်းငယ် တစ်ခု ကဲ့သို့ ရှေးဟောင်း နဂါး တံဆိပ် တစ်ခု၊ ထွက်ပေါ် လာ၏။

“ ဝေါ့ ... ။ ”

လက်သီးက ချင်းဟိုထံ ဝင်ရောက် သွားသောကြောင့်၊ ၎င်းခမျာ သွေးတစ်လုတ် အန်သွား လေသည်။

“ ဖြောင်း ... ။ ”

အထိုးခံ လိုက်ရသဖြင့်၊ ပြန်လည် တိုက်ခိုက်ရန်၊ ချင်းဟိုက ဒေါသဖြင့် ပြေးတက် မိစဉ်၊ ညာဘက် နား၌ လေတိုးသံများ ကြားလာ ရပြီး၊ အဝေးသို့ လွင့်စဉ် သွား တော့သည်။

နဂါးရူရ် တစ်သိန်းကို ခြေ ဖမိုးတွင် ဖွဲ့စည်းလျက်၊ ချင်းဟို၏ နားသယ်အား ဖြတ် ကန်ပစ် လိုက်ခြင်း ဖြစ်၏။

“ တတိယလ အကြိမ် လာမယ်။ ”

အော်ငေါက် သံနှင့် အတူ၊ နဂါး မူလအား ထုတ်ဖော်လျက် နဂါးတစ်ကောင် ကဲ့သို့၊ ပျံသန်း လိုက်ပါ လာခဲ့သည်။

“ အဓိပတိ နဂါး လက်သီး။ ”

“ ဘုန်း ဘုန်း ဘုန်း ... ။ ”

လေထဲ လွင့်စဉ် နေသော၊ ချင်းဟို၏ ရင်ဘတ် ပေါ်သို့ လက်သီးများ ထပ်မံ ကျရောက် သွားသည်။

ရင်ဘတ် တစ်ဝိုက်ရှိ၊ နဂါး မူလ အကာ အကွယ် ပြိုကျကာ၊ ချင်ဟို နံရိုးများပေါ် ထိမှန် သွားသည်။

“ ဝုန်း ... ။ ”

မြေပြင်ပေါ် ပြုတ်ကျ သွားပြီး၊ ချင်းဟို တစ်ယောက် ပြန် မထနိုင် တော့ချေ။ လောက ကြီးနှင့် ခဏမျှ အဆက်ပြတ် သွားသည်။

ယင်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား၏။ မြင်ကွင်းသည် ထိတ်လန့် စရာ ပေပင်။

“ ဘယ်သူ အရင်လာ မလဲ။ ”

လင်းယွန်မှ လေထဲ ပျံဝဲပြီး ကျန်းရင်၊ ချန်ကျွယ်နှင့် လီယွီရှကို လှည့်ကြည့် ကာ၊ မေးလိုက် တော့သည်။

ချင်းဟို အဖြစ်ကို မြင်ပြီးနောက်၊ ၎င်းတို့ သုံးယောက်မှာ မှင်တတ် နေခဲ့သည်။ လီယွီရှ ပင်လျှင် ချွင်းချက် မရှိချေ။

ထိုမြင်ကွင်းက လူအုပ်ကို စိတ် လှုပ်ရှား လာစေသည်။ လင်းရှောင်သည် ဤပွဲ၌ ချန်ပီယံ ဖြစ်လာမည် လောဟု၊ စတင် တွေးတော လာ မိ၏။

“ ဒီကောင် ... ။ ”

နန်းတော် သခင်မှ အံ့သြ တုန်လှုပ် သွားပြီး ဘိုးဘေးနှင့် ပြောဆို ခဲ့သော အချင်း အရာများ အပေါ်၊ ပြန်၍ သတိရ လာသည်။

သည်လူငယ်သည် အဘယ့်ကြောင့် လေနတ်ဘုရား အမိန့်၊ ပိုင်ဆိုင် နေရ သည်ကို၊ နားလည် လာ၏။

၎င်း၌ အထင်ကြီးစရာ လွမ်းမိုး နိုင်စွမ်း တစ်ခု ရှိနေ ချေပြီ။ ရန်တျန်းချန် အနားတွင် ရှိသော ယွဲ့ဝေဝေက ဖျော့တော့စွာ ပြုံး လေသည်။

ရန်တျန်းချန်မှ တံသွေး တစ်လုတ်အား ဂလုခနဲ မျိုးချပြီး၊ ထိတ်လန့် သွား၏။ လီယွီရှ၊ ကျန်းရင်နှင့် ချန်ကျွယ်ကို စိန်ခေါ် နေချေပြီ။

လင်းယွန်၏ အကြည့် အောက်တွင် သုံးယောက်သား တုန့်ဆိုင်း နေကြသည်။ ဤ မြင်ကွင်းက ပရိသတ်များ အပေါ်ပင်၊ သက်ရောက်မှု ရှိလာသည်။

“ မြင့်မြတ်မြေ တွေက ... စိတ်ပျက် စရာပဲ၊ နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံ ဆိုတာ ဘွဲ့ တစ်ခုသာ ဖြစ်တယ်၊ တိုက်ပွဲက ငါတို့ ကိုယ်ထဲမှာ ... ။ ”

လင်းယွန်က သုံးယောက် လုံးကို သရော် လှောင်ပြောင်ပြီး၊

“ မင်းတို့ သုံးယောက်က ... ငါနဲ့ တစ်ယောက်ချင်း မတိုက် ရဲရင်၊ အတူတူ လာခဲ့၊ ငါ ရှုံးရင် ချန်ပီယံ အတွက် စွန့်မယ်၊ မင်းတို့ ရှုံးရင်၊ ငါနဲ့ နတ်သမီးကို တောင်းပန်ပါ။ ”

-ဟု စိန်ခေါ် လိုက်တော့သည်။

***

All Chapters