သုံးယောက် တစ်ယောက်။
Vol. 125 Ch. 1746
“ ဒီကောင်က တကယ် မာနကြီး တာပဲ။ ”
လင်းယွန်၏ စကားကြောင့်၊ နိဗ္ဗာန် နန်းတော် သခင်ပင် မျက်ခုံး ပင့်ကာ မှတ်ချက် ပေးလိုက် မိသည်။
လင်းရှောင်မှ ချင်းဟို အပေါ်၊ အနိုင်ယူ ခဲ့သည်ကို အသိ အမှတ် ပြု၏။ သို့သော် ယခု ကဲ့သို့ သုံးယောက် တစ်ယောက် စိန်ခေါ် လိမ့် မည်ဟု မထင် ခဲ့ချေ။
တစ်ဖက် တွင်လည်း လီယွီရှ တို့မှာ လင်းယွန်အား မတိုက်ဝံ့ သောကြောင့် မဟုတ် ဘဲ၊ တွက်ဆ နေခြင်းသာ ဖြစ်သည်။
လင်းယွန်နှင့် တိုက်သူသည်၊ ချန်ပီယံ ဟူသော ရာထူးကို လက်လွှတ် ရမည် ဖြစ်၏။ အဆုံးတွင် ဘဝ သုံးပါး သစ်သီးသည် ရှားပါး ချေပြီ။
ချန်ပီယံ ဘွဲ့သည် လင်းယွန်ကို အနိုင် ယူခြင်း ထက်၊ ပို၍ အကျိုး အမြတ် ရှိသည်။ ယင်းက သူတို့ တုံ့ဆိုင်း နေသည့် အကြောင်းရင်း ဖြစ်၏။
သို့သော် လင်းယွန်မှ ပြောလာပြီ ဖြစ်သောကြောင့်၊ လက်ခံရုံ မှတပါး အခြား ရွေးချယ် စရာ မရှိ တော့ချေ။
လင်းယွန် သည်လည်း၊ ဒေါသ မပြေ သေးချေ။ မနေ့က ပွဲ၌ ဤလူ များသည် သူ့အား စော်ကား ခဲ့ကြသည်။
အထူးသဖြင့် လီယွီရှ ဖြစ်၏။ ၎င်းအတွက် ယွဲ့ဝေဝေအား ကပြရန် တောင်းဆို ခြင်းသည် သူ့အား ဂရု မစိုက်ခြင်း မည်သည်။
ထို့ကြောင့် လီယွီရှမှ သူ့ စိန်ခေါ်မှုအား လက်ခံ လာသည် အထိ၊ အတင်း အကြပ် ဖိအား ပေးရ ပေမည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားကာ၊ လူတိုင်း၏ အကြည့်များ လီယွီရှတို့ အပေါ်၊ ကျရောက် သွားသည်။
ယင်းက ၎င်းတို့ သုံးဦးအား မကျေ မနပ် ဖြစ်လာ စေ၏။ တိုက်ခိုက်သည် ဖြစ်စေ၊ မတိုက် သည် ဖြစ်စေ၊ အရှက် ရမည် ဖြစ်သည်။
သူတို့ အနိုင် ရသော်၊ အရေ အတွက် အသာကြောင့် နာမည် ကောင်းရမည် မဟုတ် ချေ။ ရှုံးသော် အရှက်ရ နိုင်၏။
“ ဝှစ် ... ။ ”
သုံးယောက်သား အကြည့်ချင်း ဖလှယ် ပြီးနောက်၊ စင်မြင့် ပေါ်သို့ ပျံသန်း လာကြသည်။ ဘေးချင်းယှဉ် ရပ်လျက်၊ လင်းယွန်ထံ ကြည့်လိုက် ၏။
“ လင်းရှောင် ... မင်းက ငါတို့ကို တိုက်ချင်တာ ဆိုတော့ ... ၊ အရေ အတွက်နဲ့ အားသာချက်ကို ရယူ တယ်လို့ ... ၊ အပြစ် မတင်နဲ့။ ”
“ စကား မများနဲ့ လာခဲ့ ... ။ ”
လင်းယွန်က ပြတ်သားစွာ ပြန်ပြောသည်။
“ ဒါကို မြန်မြန် အဆုံး သတ်ကြ ရအောင်။ ”
လီယွီရှက မျက်ခုံး ပင့်ကာ အသိပေး လိုက်၏။ သုံးယောက် တစ်ယောက် တိုက်ခိုက် ရန်မှာ၊ ကြည်နူး စရာ မဟုတ်ချေ။
ထို့ကြောင့် လင်းယွန်အား မြန်မြန် အဆုံးသတ် ရမည် ဖြစ်သည်။ ချင်းဟိုနှင့် တိုက်ပွဲကို မြင်ထား ပြီးနောက်၊ လင်းယွန် အပေါ်၊ အထင် မသေး ဝံချေ။
လျော့တွက်မိ ပါက၊ ရှုံးသွား နိုင်မည်။ လီယွီရှက ဦးစွာ လှုပ်ရှားသည်။ သူ့ပလွေကို ထုတ်ပြီး တီးမှုတ် တော့၏။
ပလွေသံ မြည်လာသော အခါတွင်၊ အတောင်ပံ တစ်စုံ သူ့နောက်၌ ပေါက် လာပြီး လေထဲ ကြွတက် သွားသည်။
“ ဒင် ... ။ ”
အခြား တစ်ဖက်တွင် လင်းယွန်က ခြေ နှစ်လှမ်း ဆုတ်ပြီး၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်း ထုတ်ကာ၊ မီးလွင်ပြင် ထဲမှ ဖီးနစ်ကို ကစား လိုက်သည်။
ပလွေ သံနှင့် ဗျပ်စောင်း၊ ထိပ်တိုက် တွေ့ဆုံလာ ချိန်၌ ပြင်းထန်သော လှိုင်းများ ပျံ့ကား သွားသည်။
လီယွီရှမှာ သန်မာပြီး၊ ပဉ္စမတန်း မီး ရည်ရွယ်ချက်အား၊ ပလွေ သံနှင့် ပေါင်းစပ် ထား သည်။
ထို့ကြောင့် မီးနဂါးများ ပေါ်လာ၏။ နဂါး များက ပါးစပ် ဖွင့်ကာ လင်းယွန်အား မီးများဖြင့် မှုတ်လေသည်။
၎င်းမှ လာသော မီးလျှံ များက ပတ်ဝန်းကျင်ပေါ် လွှမ်းခြုံကာ၊ သက်ရှိ ငရဲ အလား၊ ထင်မှား လာစေ၏။
“ ဖရူး ... ။ ”
လီယွီရှမှ အတောင်ပံ နှစ်ဖက်အား ခတ်ပစ်ကာ လေဟုန် စီးလျက်၊ ကြီးမြတ်သော နတ်ဘုရား တစ်ပါး ကဲ့သို့၊ မြင့်မြင့် ပျံတက် သွားသည်။
“ သွား ကြ ရအောင် ... ။ ”
ကျန်းရင်နှင့် ချန်ကျွယ်က ထိုမြင်ကွင်း ကြောင့် လှုပ်ရှား လာကြသည်။ တစ်ယောက်က ဗျပ်စောင်း တီးခတ်ကာ၊ ကျန် တစ်ယောက်မှ လု ကို တီး၏။
သူတို့၏ ဂီတ အသံများမှာ၊ လီယွီရှနှင့် တိုက်ခိုက် နေသော လင်းယွန်ကို နှောက်ယှက် ရန်၊ ပြေးဝင် သွားသည်။
၎င်းတို့၏ စိတ် ဝိညာဉ်မှာ၊ အားကောင်း လွန်းသဖြင့်၊ သူတို့ ဖန်တီး ထားသော လက်နက် များတွင်၊ စိတ် စွမ်းအင်များ ပါရှိ လေသည်။
ထိုကြောင့် လက်နက်များ ထိမှန် ခဲ့သော်၊ မိုးပြာ နဂါး ခန္ဓာ ကိုယ်ရှိ လျှင်ပင်၊ ဒဏ်ရာများ ရရှိ သွားမည် ဖြစ်သည်။
“ ဝှစ် ... ။ ”
လင်းယွန်က ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ ဝင်လာသော လက်နက်များ အားလုံး ကို ဗျပ်စောင်း အသံဖြင့် ခတ်ထုတ် ဖျက်ဆီး လိုက်သည်။
သို့သော် ဤသည်မှာ သူတို့ နှစ်ဦး၏ ရည်ရွယ်ချက် အစစ် အမှန် ဖြစ်သည်။ မီးနဂါး များမှ၊ လင်းယွန်အား မျိုချရန်၊ အခွင့် အရေး ရသွား၏။
ဗျပ်စောင်း သံမှာ လက်နက် အားလုံးကို ကွဲအက် စေခဲ့သော်လည်း၊ စည်းချက်မှာ ရှုပ်ပွ သွားလေသည်။
“ ဝှစ် ... ။ ”
မီးလွင်ပြင် ထဲမှ ဖီးနစ် ခမျာ ယိမ်းယိုင် သွားသဖြင့်၊ အသက် ပြင်းပြင်း ရှူလျက် မိုးကြိုး မုန်တိုင်း ဗျပ်စောင်းအား လေထဲ မြှောက်ကာ၊ နတ်ကျောက်စိမ်း ဝါးပလွေအား ထုတ်ယူ လိုက်သည်။
စက္ကန့်ပိုင်း အတွင်း၊ ဂီတ နုတ်ပေါင်း (၅၀၀)ကို ပလွေဖြင့် မှုတ်ထုတ် လိုက်ရသည်။ ထိုအချိန်တွင် မီးနဂါး များက သူ့အား မျိုချ လိုက်ပြီး ဖြစ်သည်။
လူတိုင်း၏ အမြင်၌၊ လင်းယွန် တစ်ယောက် ရှုံးနိမ့် သွားချေပြီ။ ဤအခြေ အနေအား ဖြေရှင်း နိုင်စရာ အကြောင်း မရှိချေ။
သို့သော် ယင်းသည် သူတို့ အတွေး ဖြစ်၏။ မီနဂါး အတွင်းမှ နေမင်းကြီး တစ်စင်း ထွက်လာ ကာ၊ ဖြစ်စဉ် များကို လောင်မြိုက် ပစ်သည်။
“ ဖောင်း ... ။ ”
နိဗ္ဗာန် စင်မြင့် အနှံ့ မီးလျှံများ တောက်လောင် လာပြီး၊ မီးရှူး မီးပန်းများ ကဲ့သို့ ပေါက်ကွဲ ပြန့်ကျဲ ကုန်သည်။
မီးရှူး မီးပန်းများ အတွင်း၌ နတ် ကျောက်စိမ်း ပလွေကို မှုတ်လျက် လင်းယွန်က ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းလာသည်။
သူ့ ပလွေသံသည် ကြည်လင် ပြတ်သား နေပြီး၊ အဖြူရောင် ဝတ်ရုံနှင့် ဆံပင် များက၊ လေထဲ တဖျပ်ဖျပ် လွင့်နေ၏။
ယင်းက ဂီတ သမား ဆိုသည်ထက်၊ ထက်ရှသော ဓားတစ်လက် အသွင် ဖြစ်တည် နေလေသည်။
လီယွီရှ တို့မှာ၊ အံ့အားသင့် သွားခဲ့၏။ သို့သော် အရှုံး မပေးဘဲ နောက်ထပ် တိုက်ခိုက်မှု များကို၊ ထပ်မံ ထုတ်ဖော် လိုက်သည်။
လီယွီရှက မျက်နှာ ချင်းဆိုင် တိုက်ရန် ရွေးချယ်ပြီး၊ ကျန်းရင်နှင့် ချန်ကျွယ်က ဘေးမှ နေ၍၊ ချုပ်နှောင် ပေးရန် ကြံရွယ်သည်။
“ ဟား ဟား ဟား ... ။ ”
ထိုမြင်ကွင်းကို ကြည့်ပြီး၊ လင်းယွန်မှ ရယ်မော မိသည်။ ၎င်းတို့ သုံးယောက်အား စိန်ခေါ် ပြီး ဖြစ်ရာ၊ သဘာဝ အတိုင်း၊ အနိုင် ယူရန် ယုံကြည်ချက် ရှိလေသည်။
***