← Chapters

ဒူးထောက်ပြီး ရှိခိုးမယ်။

Vol. 125 Ch. 1747

ဒူးထောက်ပြီး ရှိခိုးမယ်။

Vol. 125 Ch. 1747

နတ်ဖီးနစ် အတွေ့ကို၊ ခတ်လိုက်သော အခါတွင်၊ ဖီးနစ် အော်သံ ပဲ့တင်ထပ် လာသည်။ ကြက်သွေးရောင် မီးတောက်များ ဖုံးလွှမ်းလျက်၊ ထူးခြားသော အသွင် ဆောင်၏။

လင်းယွန် ထံမှ လာသော၊ ဖီးနစ် ရောင်ဝါသည် သန့်စင်လွန်း သဖြင့်၊ နတ်ဖီးနစ် တောင်တန်းမှ လူတိုင်းကို မျက်လုံး ပြူးသွား စေသည်။

လင်းယွန် တစ်ယောက် မည်သည့် အရပ်မှ၊ အမွေ ရခဲ့ သည်ကို၊ သိချင်လာ၏။ ဖီးနစ်တောင် အတွင်း ရောက်ချိန်မှ စကာ၊ ထိုရောင်ဝါဖြင့် ရင်းနှီး သောကြောင့်၊ လက်ရှိ ရောင်ဝါအား မှင်တတ် မိသည်မှာ၊ သဘာဝ ပေပင်။

ကြည့်နေစဉ် မှာပင်၊ လက် တစ်စုံ ပေါက်လာပြီး၊ ဗျပ်စောင်းအား ဖမ်းယူ နေ သည်ကို၊ မြင်လိုက် ရ၏။

“ ဒင် ... ။ ”

ထို့နောက် တူရိယာ နှစ်ခု၏ အသံ ထွက်ပေါ်လာ တော့၏။ လက် တစ်စုံသည် ပလွေ ကိုင်လျက်၊ အသစ်ပေါက် လာသော လက် တစ်စုံမှ၊ ဗျပ်စောင်းအား တီးသည်။

နတ်ဖီးနစ် အတွေ့၏ အရှိန်သည် မြန်လွန်း သောကြောင့်၊ တူရိယာ နှစ်ခုကို တပြိုင်တည်း တီးနေ သည်ဟု မြင်လာခြင်း ပေပင်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

“ နတ်ဖီးနစ် အတွေ့ ... ။ ”

“ သူ့ ဒီအမွေကို ဘယ်က ရလာ တာလဲ၊ နတ်ဖီးနစ် တောင် မှာတောင် ... ၊ ပျောက်ကွယ် နေတာ ကြာပြီ။ ”

နတ်ဖီးနစ် တောင်မှ၊ လူများ အားလုံး အသံပေါင်း စုံဖြင့်၊ အော်ဟစ် လိုက် ကြသည်။ လင်းယွန်၏ လက်ကွက် လှုပ်ရှားမှုသည်၊ သူတို့အား ရူးသွပ် စေ၏။

စင်မြင့်ပေါ် မြူများ ကျဆင်း လာသဖြင့်၊ လီယွီရှ၊ ကျန်းရင်နှင့် ချန်ကျွယ်တို့၏ မျက်နှာ များ ပြောင်းလဲ သွားသည်။

မီးတောက် များကို တွန်းဖယ်ရန်၊ မျက်စိ တစ်မှိတ် အတွင်း၊ လက်လေးဖက်နှင့် လင်းယွန် နှစ်ယောက် ဖြစ်လာ၏။

ပလွေသံသည် နေနှင့် လကို ဖြစ်စေပြီး၊ လီယွီရှနှင့် မီးပင်လယ် အနား ရောက်မလာ နိုင် စေရန်၊ တားဆီး သည်။

“ ကျီး ... ။ ”

ဗျပ်စောင်း အသံသည် မီးလွင်ပြင် ထဲမှ ဖီးနစ်ကို ခတ်လျက်၊ ကျန်းရင်နှင့် ချန်ကျွယ်၏ ပိတ်ဆို့မှု များအား၊ လောင်မြိုက် ပစ်၏။

“ ဝေါ့ ... ။ ”

မိနစ် ငါးမိနစ် အကြာတွင်၊ မီးလွင်ပြင်ကြီး ထဲမှ၊ ဖီးနစ် တစ်ကောင် ပျံထွက် လာလေသည်။ ကျန်းရင်နှင့် ချန်ကျွယ် ခမျာ သွေးအန်လျက် အဝေးသို့၊ လွင့်စဉ် သွား၏။

လင်းယွန်နှင့် လီယွီရှ သည်သာ၊ မျက်နှာချင်းဆိုင် ကျန်ရစ် ခဲ့သည်။ ယင်းက လီယွီရှကို မျက်နှာ ပြောင်းလဲ စေ၏။

သူသည် သန်မာပြီး ဂီတ အပေါ် အောင်မြင်မှုမှာ၊ ကျန်းရင်နှင့် ချန်ကျွယ်ထက် သာလွန်သည်။

ခွန်အားတွင် ယင်နှင့် ယန် ဟူသော ဂုဏ်ရည်များ ပါသည့်၊ မီး ရည်ရွယ်ချက်အား စိတ်ကြိုက် ပုံဖော် နိုင်၏။

ထို့ကြောင့် သူ့မီး ပင်လယ်သည်၊ ဖရိုဖရဲ ဖြစ်လာ သော်လည်း၊ ယင်နှင့် ယန်မှာ လည်ပတ် နေဆဲ ဖြစ်သည်။

“ ဝုန်း ... ။ ”

ယင်းက လင်းယွန် ထံမှ လာသော တိုက်ခိုက်မှု တိုင်းကို၊ ပိတ်ဆို့ထား နိုင်ခဲ့သည်။ လေထဲတွင် အသံ လှိုင်းများ အဆက် မပြတ် ပေါက်ကွဲ နေ၏။

“ ကျီး ... ။ ”

ဖီးနစ်က ကြောက်မက်ဖွယ် ရောင်ဝါ များဖြင့်၊ တောင်ပံ ခတ်လိုက်ရာ၊ လင်းယွန်ထံ အားယူ နေသော မီးနဂါးများ အားလုံး၊ ပျက်စီးသွား ခဲ့သည်။

လီယွီရှ မျက်နှာ အေးစက် လာပြီး၊ အရာအားလုံး ပေးအပ်ရန် ဆုံးဖြတ် လိုက်မိ တော့၏။

“ ခရစ် ... ။ ”

ထို့ကြောင့် နတ်ဖီးနစ်ကို မီးပင်လယ်ဖြင့်၊ ဖုံးအုပ် ဝါးမျိုးပစ် လိုက်သည်။ သို့သော် စွမ်းအား တစ်ခုက မီးပင်လယ်အား ခွဲလျက်၊ ဖီးနစ်ကို လွတ်မြောက် စေခဲ့သည်။

“ ဖရူး ... ။ ”

မီးလွင်ပြင်မှ လွတ်မြောက် လာသော နတ်ဖီးနစ်သည်၊ ဒေါသ ထွက်လာပြီး၊ တောင်ပံ များကို ခတ်လျက်၊ မီးမြှား များနှင့်၊ သူ့ထံ ပစ်လွှတ် လာ၏။

လီယွီရှ ခမျာ မရှောင်တိမ်း နိုင်တော့ဘဲ၊ ကောင်းကင်မှ ပြုတ်ကျ သွားလေသည်။ ပါးစပ် မှ သွေးများ စီးကျလျက်၊ ကြောက်စရာ ကောင်း လောက်အောင်၊ ဖြူဖျော့ သွား၏။

“ ဖပ် ... ။ ”

ထိုမြင်ကွင်းကို မြင်လိုက်ရ သူတိုင်း၊ ကျောချမ်း လာသည်။ နိဗ္ဗာန် စင်မြင့်ကို ဖြေဖြင့် အသာ ပုတ်ကာ၊ လင်းယွန်က နတ်ဖီးနစ်ပေါ် တက်ရပ် လိုက်၏။

“ ဒါ ... ။ ”

ထို့ကြောင့် လီယွီရှ ခမျာ၊ ကြမ်းပြင်ပေါ် လုံးလုံး လျားလျား ဒူးထောက် ကျ သွားတော့ သည်။

“ ဝေဝေကို ... ကပြဖို့ တောင်းဆိုချင် သေးလား။ ”

လင်းယွန်က ဗျပ်စောင်းအား သိမ်းလျက် ပလွေကို ကိုင်ကာ၊ လက်နောက်ပစ် လိုက်ပြီး၊

“ ငါ မင်းကို ... ၊ သိစေ ချင်တာ တစ်ခု ရှိတယ်၊ ဝေဝေ ကခုန် တာကို ကြည့်ဖို့ မင်းမှာ၊ အရည် အချင်း မရှိဘူး။ ”

-ဟု အေးစက်စွာ ဆိုလိုက် တော့၏။

ဤမျှ သေးငယ်သော အကြောင်း အရာ အပေါ်၊ လင်းယွန်မှ လက်တုန့် ပြန်ရန် စိတ်ကူး ရှိလာလိမ့် မည်ဟု မထင်ထား သဖြင့်၊ လူတိုင်း အံ့ဩ ကုန်၏။

ထိုစဉ် ကတည်းက ယွဲ့ဝေဝေမှ ငြင်းဆန်ကာ၊ လီယွီရှအား အရှက် ခွဲပြီး ဖြစ်လေ သည်။ သို့သော် ယင်းကို လင်းယွန်မှ မှတ် ထားလျက်၊ ဆိုလာ ချေ၏။

“ ဖြောင်း ... ။ ”

လီယွီရှက သူ့ ပလွေကို ကြမ်းပြင်ဖြင့် ရိုက်ချိုးကာ၊ မတ်တပ် ထရပ်ရန်၊ လက်ဖဝါးအား ပုတ်လိုက်သည်။

လေဟာနယ် အက်ကွဲ သွားပြီး၊ သူ့ အပေါ် ဖိနှိမ်ထားသော နတ်ဖီးနစ်၏ ကန့်သတ်ချက်မှာ၊ လွင့်ပျယ် သွား၏။

ဆံပင်များ ဖွာလန် ကျဲလျက်၊ အရူး တစ်ယောက် ကဲ့သို့၊ မျက်နှာ တပြင်လုံး နီရဲ လာတော့ သည်။

“ ငါ လီယွီရှ ဘဝမှာ ... ၊ ဒီလိုမျိုး တစ်ခါမှ အရှက် ခွဲတာ မခံရ ဖူးဘူး၊ လင်းရှောင် ... သတ္တိ ရှိရင်၊ ဓားချင်း ယှဉ်ခုတ် ရအောင်၊ ...

... ဆယ်ကြိမ် အတွင်း၊ မင်းကို အနိုင် မယူနိုင်ရင်၊ ဒူးထောက်ပြီး ငါ ရှိခိုး လိုက်မယ် ... ၊ မင်း ဝံ့သလား။ ”

( ဆိုလို သည်မှာ တရုတ် ရိုးရာ အတိုင်း၊ မြေပြင်နှင့် နဖူး ထိသည် အထိ၊ ဦးညွှတ် မည်ဟု ပြောခြင်း ဖြစ်လေသည်။ )

***

All Chapters