← Chapters

ချန်ပီယံ ... ။

Vol. 125 Ch. 1749

ချန်ပီယံ ... ။

Vol. 125 Ch. 1749

လီယွီရှ ခေါင်းမော့ လိုက်သော အခါ လင်းယွန်မှာ၊ ပျောက်ကွယ် သွားပြီ ဖြစ်သည်။ ပြန်ပေါ် ချိန်၌ သူ့ရှေ့ ရောက်လာပြီး ပုလွေကို ဓား ကဲ့သို့၊ လွှဲခုတ် လာခဲ့သည်။

အရိယာ ကောင်းကင်ဓား ရည်ရွယ် ချက်အား၊ ထည့်သွင်း ထား သောကြောင့် ရွှေ အဆင်းများ ဖြာထွက် နေ၏။

ဓားပင်လယ် အတွင်းမှ ရွှေ လူသားက တဟုန်ထိုး ခုန်ထွက် လာပြီး၊ တံဆိပ် တစ်ခုကို အမြန် ဖန်တီးသည်။

ထို့ကြောင့် မိုးပြာ နဂါးက ဓားပင်လယ်ကို ခွဲလျက်၊ ထွက်လာ၏။ ရွှေလူသားမှ တမန်တော် တပါး ကဲ့သို့၊ ရွှေရောင် အဆင်းများ ထုတ်လွှတ် နေသည်။

မိုးပြာ နဂါးမှာ၊ ဓား ရည်ရွယ်ချက်ဖြင့် အနားသပ် ပြီးနောက်၊ ရွှေလူသားထံ လုံးလုံး လျားလျား နာခံ တော့သည်။

“ ဂျိန်း ... ။ ”

၎င်းက လင်းယွန် မျက်ခုံးမှ ထွက်လာစဉ်၊ ကောင်းကင်၌ မိုးကြိုး မုန်တိုင်း ဖြစ်ပေါ် လာပြီး၊ လီယွီရှ၏ ဓားရောင်ခြည်ကို ချက်ချင်း ချေမွ ပစ်လိုက်သည်။

ပတ်ဝန်းကျင် နေရာလွတ် တစ်ခုလုံး ကန့်သတ် ခံလိုက် ရကာ၊ အပြင် လောကနှင့် အဆက်ပြတ် သွား၏။

ထို့ကြောင့် ပြိုင်ဘက်၏ ဓား နယ်နိမိတ် အတွင်းမှ လွတ်မြောက်ရန် မဖြစ် နိုင်ကြောင်း သိရှိလိုက် သဖြင့်၊ လီယွီရှ တစ်ယောက် ကြောက်ရွံ့ လာသည်။

နိဗ္ဗာန် စင်မြင့် အနားရှိ လူတိုင်း တုန်လှုပ် သွားကြ၏။ လင်းယွန် သည်လည်း အရိယာ ကောင်းကင်ဓား ဖြစ်သည်။

သို့သော် လီယွီရှထက် အဆ များစွာ အားကောင်း နေ၏။ ချင်းဟိုသည် နဝမမြောက် သွေးလွှတ်ကြောတွင် ရှိနေ သော်လည်း လီယွီရှ ရှေ့တွင် ဘာမျှ မဟုတ် ခဲ့ချေ။

အလား တူပင် လီယွီရှတွင်၊ အရိယာ ကောင်းကင်ဓား ရှိသော်လည်း၊ လင်းယွန် ရှေ့၌ ဘာမှ မဟုတ် ခဲ့ချေ။

“ ဖျပ် ... ။ ”

ခြေလှမ်း တစ်လှမ်း လှမ်းတက် လိုက် သည်နှင့် လင်းယွန်၏ ဆံပင်နှင့် ၀တ်လုံမှာ လေထဲ လွင့်ပျံ လာသည်။

“ စွပ် ... ။ ”

ပြီးနောက် နတ်ကျောက်စိမ်း ပလွေမှာ လီယွီရှ ခန္ဓာကိုယ် ထဲသို့ ထိုးဖောက် ဝင်ရောက် သွားတော့၏။

“ အား ... ။ ”

ဒဏ်ရာမှ သွေးများ စီးကျ လာပြီး၊ နာကျင်စွာ အော်ဟစ်လျက် ဒူး ထောက် လဲကျ သွားသည်။

ဓားလွှတ်ချကာ ရင်ဘတ်ပေါ် အုပ်ကိုင်၏။ ခေါင်းမော့ လိုက်ချိန်၌ မယုံကြည် နိုင်မှု များဖြင့် ပြည့်နှက် လာသည်။

လင်းယွန်က လေထု အလယ် ရပ်နေ လျက်မှ၊ လီယွီရှအား ငုံ့ကြည့်ကာ လက်လှိုင်း ဖြင့်၊ ကောင်းကင် ဓားကောက်ကို လှမ်းခေါ် လိုက်သည်။

“ ငါ့ ဓား ... ။ ”

လီယွီရှီက ၎င်းကို လှမ်းဆွဲ လိုက်ချင် သော်လည်း၊ နောက်ဆုံးတွင် သူ့လက်အား ပြန်ရုတ် လိုက်ရသည်။

ဤသည်မှာ ရှုံးကြွေး ဖြစ်၏။ တိုက်ပွဲတွင် ရှုံးနိမ့် သွားပြီ ဖြစ်သောကြောင့် ၎င်းအကြောင်း ကို၊ ပြောစရာ မရှိ တော့ချေ။

“ ..... ။ ”

လင်းယွန်က ကောင်းကင် ဓားကောက်ကို ညာလက်ဖြင့် လှမ်းကိုင်ပြီး၊ ဘယ်လက်မှ ဓား ဖျားအား ကိုင်ကာ၊ ချိုးပစ် လိုက်သည်။

“ မ လုပ် နဲ့ ... ။ ”

ဤနည်းဖြင့် တန်ဖိုးမဖြတ် နိုင်သော အနန္တ သူတော်စင် ဓားမှာ၊ ကေွးညွှတ် ကျိုးကြေ သွား တော့၏။

လီယွီရှ မျက်လုံးများ ပြူးထွက် လာ၏။ ဓားမယူဘဲ ဖျက်ဆီး ခံလိုက်ရ ခြင်းမှာ၊ သူ့အား ပို၍ အရှက်ရ စေသည်။

“ မင်းက တိုက်ချင်တယ် ဆိုလို့ ... ငါ တိုက်ပေးတာ၊ ဒီဓားလောက်နဲ့ ငါ့အာရုံကို ရမယ် ထင်လား၊ ယွဲ့ဝေဝေ ကတာကို၊ ...

... ကြည့်ဖို့ မင်းမှာ ... ၊ အရည် အချင်း မရှိ သလို၊ ငါနဲ့ ဓားချင်းယှဉ် ရအောင်လည်း၊ မင်းက အရည်အချင်း မရှိဘူး။ ”

လင်းယွန် စကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။

“ နောက် တစ်ခါ ... မင်းရဲ့ ဂိုဏ်းက အသန်မာဆုံး လူကို လွှတ်လိုက် လီယွီရှ ... ၊ မင်းက ညံ့ဖျင်း လွန်းတယ်၊ မင်း ...

... ကန်တော့ တာကို ငါ လက်မခံဘူး၊ မင်းကိုယ်မင်း သုံးသပ် ကြည့်ဖို့ မင်ဂိုဏ်းမှာ၊ ဆယ်နှစ်လောက် ပြန်ပြီး ကျင့်ကြံ နေပါ။ ”

လင်းယွန်က ပြောပြီး လှည့်ထွက် သွား လေသည်။ တစ်ဖက်တွင် ကျန်းရင်နှင့် ချန်ကျွယ် မှာ ရွှင်မြူး သွား၏။

လင်းယွန်သည် သူတို့အား လီယွီရှလောက် အရှက် မခွဲ ခဲ့ချေ။ လွတ်ပေး လိုက်ချေပြီ။

“ သူ့ကို ခေါ်သွား ... ။ ”

နန်းတော် သခင်က သူ့လက်ကို ဝှေ့ယမ်းကာ၊ လီယွီရှအား ခေါ်ဆောင် သွားစေ ခဲ့သည်။

“ ဘယ်သူ စိန်ခေါ်ဖို့ ဆန္ဒ ရှိသေးလဲ။ ”

နန်းတော် သခင်က လှည့်ပတ် ကြည့်ကာ မေးသည်။

“ လင်းရှောင်ကို ဘယ်သူ စိန်ခေါ် ဦမလဲ။ ”

မည်သူမျှ စကား ပြန် မပြောသော အခါ၊ နန်းတော် သခင်က ရန်တျန်းချန်ထံ ကြည့်၏။ ယွဲ့ဝေဝေမှ (၇)ကို အနိုင် ယူပြီး လင်းယွန်က (၄)အား စိန်ခေါ် ခဲ့သည်။

ထို့ကြောင့် ရန်တျန်းချန်သည်သာ တိုက်ရန် ကျန်တော့၏။ သို့သော် ရန်တျန်းချန်မှ ခေါင်းခါ ပြ လေသည်။

သူ အနိုင် ရရန် မသေချာ သဖြင့်၊ လင်းယွန်ကို မတိုက်ချင် သည်မှာ သဘာဝ ပေပင်။

ထို့ပြင် သူတို့ နှစ်ယောက် လုံးသည် ကောင်းကင် ရနံ့ သင်းသင်းအား ကိုယ်စား ပြု ကြသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး၊ လူအများ မျှော်လင့် ထား သကဲ့သို့၊ ရန်တျန်းချန် အား ကျန်သူများက ရှုံးနိမ့် သွားကြသည်။

ရန်တျန်းချန်၏ ဂီတ အပေါ် အောင်မြင်မှုကြောင့် တိုက်ပွဲ များမှာ၊ အလွန် စိတ် လှုပ်ရှား စရာ ကောင်း၏။

သို့သော် လင်းယွန်နှင့် လီယွီရှတို့ ကြား တိုက်ပွဲကို မြင်တွေ့ ပြီး ဖြစ်ရာ၊ စိတ်ဝင်စားမှု အားနည်း ကုန်ကြသည်။

မည်မျှပင် ရင်သပ် ရှုမော နေပါစေ၊ အထက်ပါ တိုက်ပွဲ ကိုသာ တောင်းတ ကြသည်။ ဤသို့ဖြင့် နိဗ္ဗာန် ပွဲတော်မှာ နိဂုံးချုပ် သွား လေသည်။

နန်းတော် သခင်က အဆင့် သတ်မှတ်ချက် များကို ကြေငြာ ပေး၏။

“ ယွဲ့ဝေဝေ ... နိဗ္ဗာန် ပွဲတော် တတိယ။ ”

သူမသည် ချင်းဟိုကို ရှုံးနိမ့်ခဲ့ သော်လည်း၊ (၇)ကြိမ် ဆက်တိုက် အနိုင် ရပြီး၊ အကောင်းဆုံး အခြေ အနေဖြင့် ဆိုက၊ မရှုံး နိုင်ကြောင်း ယုံကြည် ကြသည်။

“ ဒုတိယ ... ရန်တျန်းချန်။ ”

နန်းတော် သခင်က ပြုံးပြီး ရန်တျန်းချန် ဘက်သို့ လှည့်ကာ၊

“ ဂီတ မှာ မင်းရဲ့ အောင်မြင်မှုက လင်းရှောင်ထက် မနိမ့် ဖူးလို့ ငါ ယုံကြည်တယ်၊ မင်း သူ့ကို မတိုက် တော့တာ သေချာလား၊ စမ်းကြည့် မယ်ဆို ငါ ခွင့်ပြုမယ်။ ”

ပြိုင်ပွဲပြီး ဆုံးသော်မှ ရန်တျန်းချန်အား ချွင်းချက် မေးမြန်း နေသဖြင့် လူတိုင်းက စိတ် ဝင်စား လာသည်။

“ မလိုတော့ ပါဘူး၊ ဂျူနီယာ လင်းက ဂီတ လေ့ကျင့်တာ နှစ်နှစ် လောက်ပဲ ရှိသေးတယ်၊ ငါ အနိုင် ရရင်တောင်၊ ဂုဏ်ယူစရာမှ မရှိတာ၊ ပြီးတော့ ...

... ငါ့မှာ ဝှက်ဖဲတွေ ကျန်နေ သေးသလို၊ လင်းရှောင် မှာလည်း မကျန်ဖူးလို့ နန်းတော် သခင် အာမခံ နိုင်လား။ ”

ထိုစကားက လူတိုင်းကို တိတ်ကျ သွားစေသည်။ ဤလင်းရှောင်တွင် ဝှက်ဖဲများ ကျန်ရှိ နေသေး သည်လော။

ရန်တျန်းချန်မှ ပြုံးသည်။ အခြား သူများ မသိနိုင် သော်လည်း သူ သိသည်။ လင်းရှောင်၏ ခွန်အားမှာ၊ သူ့လိုပင် အကုန် အစင် မဟုတ် သေးချေ။

“ ချန်ပီယံ ... လင်းရှောင်။ ”

အနည်းငယ် စဉ်းစားကြည့် ပြီးနောက်၊ နန်းတော် သခင်မှ ကြေညာ လိုက်လေသည်။ အားလုံးက လင်းယွန်ထံ အားကျစွာ ကြည့် လာကြ၏။

ကောင်းကင် ရနံ့ သင်းသင်းသည် ဤတစ်ကြိမ်၌၊ ထိပ်ဆုံး သုံးနေရာကို သိမ်းပိုက် နိုင် ခဲ့သည်။

ယွဲ့ဝေဝေက ပြုံးပြီး လင်းယွန်ထံ ငေးကြည့်သည်။ ရှေးဟောင်း စစ်မြေပြင်သည် လင်းယွန်အား မည်မျှ ဒေါသ ထွက်စေ မည်ကို သူမ သိသည်။

၎င်း နှလုံးသားတွင် ဒေါသများ ပြည့်နှက် နေပြီး၊ မည်ကဲ့သို့ နာကျင် ခံစား နေရ သည်ကို၊ ဤနေရာရှိ လူများ မသိချေ။

သက်တံဓား သူတော်စင်မှ ၎င်းအား ကယ်တင်ရန် သက်တမ်းကို ပေးဆပ်ပြီး၊ စစ်မြေ ပြင်သို့ ဆင်းသက် လာရသည်။

ယင်းသည် ထျန်ရွှမ်ဇီ၏ အကြံ အစည် အတိုင်း ဖြစ်လာခဲ့ သဖြင့်၊ လင်းယွန်အား ရူး မတတ် နာကျင် စေသည်။

ယနေ့ နိဗ္ဗာန် ပွဲတော် ချန်ပီယံ ဟူသော ဂုဏ်ပုဒ်သည် လင်းယွန် အတွက် နှစ်သိမ့် နိုင် မည်ဟု မျှော်လင့် ရပေ၏။

ကောင်းကင် ရနံ့ သင်းသင်း အပါ အတွင်၊ ပြိုင်ပွဲဝင် များက ဆုလာဘ်များ လက်ခံ ယူရန်၊ ထွက်လာ ကြသည်။

တော်ဝင် သူတော်စင် ဆေးလုံးများ၊ ရှေးဟောင်း သီးခြင်းနှင့် ဂီတ တူရိယာများ ကိုလည်း၊ ရွေးချယ်ခွင့် ရ၏။

သို့သော် လူတိုင်း၏ စိတ်ဝင်စားမှုမှာ၊ ဘဝသုံးပါး သစ်သီး ဖြစ်သည်။ ၎င်းကို စားသုံး ခြင်းဖြင့်၊ ကာလ သုံးပါးအား ဖြတ်သန်းခွင့် ရမည်ဟု၊ ဒဏ္ဍာရီ ရှိသည်။

၎င်းနယ်မြေ အတွင်း၌၊ အချိန် စီးဆင်း မှုသည် ပြင်ပ ကမ္ဘာနှင့် မတူချေ။ တစ်နှစ်သည်၊ ပြင်ပ ကမ္ဘာ၌၊ အမွှေးတိုင် တစ်တိုင် လောင် ကျွမ်းချိန် မျှသာ ကြာ၏။

အခွင့် အလမ်း ကိုသာ အသုံးချ နိုင်သော်၊ ဆယ်နှစ်ခန့် နေနိုင်၏။ ဤအရာသည် မြင့်မြတ် မြေ၏ ပါရမီရှင်များ ကိုပင်၊ ဆွဲဆောင် နိုင်သော ရတနာ တစ်ပါး ဖြစ်သည်။

မြင့်မြတ်မြေ များတွင် အချိန်နှင့် ပတ်သတ်သော ရတနာများ ရှိ၏။ ၎င်းတို့ကို အသက် သွင်းရန် စျေးနှုန်းကြီး မြင့်သည်။

ထို့ကြောင့် မြင့်မြတ်မြေ များမှာ၊ အရည် အချင်း ပြည့်မီသော လူ အနည်းငယ် ကိုသာ ရေွးပြီး၊ အသုံး ပြုခွင့် ပေးလေ့ ရှိသည်။

ဘဝ- သုံးပါး သစ်သီးသည်၊ မည်သည့် စျေးနှုန်းမှ ပေးဆောင်ရန် မလိုအပ် လှ သဖြင့်၊ လူတိုင်း မက်မော သည်မှာ၊ သဘာဝ ပေပင်။

ဆုလာဘ်များ ဝေငှ ပြီးသော အခါ၊ နန်းတော် သခင်က ပြုံးလျက်၊

“ မနက်ဖြန် ... ၊ ထိပ်ဆုံး (၁၀) ယောက်က ဘဝ-သုံးပါး သစ်ပင် ရှေ့မှာ၊ သီချင်း ဆိုဖို့ အခွင့် အရေး ရလိမ့်မယ်၊ ကံကောင်းရင် မင်းတို့၊ ...

... သစ်သီး သုံးမျိုး ရနိုင်မယ်၊ မရလည်း ဂီတတာအို အတွက် တိုးတက်ဖို့ ... အခွင့်ရေး ရှိပါတယ်။ ”

-ဟု ဆိုလိုက် တော့သည်။

ထိုစကား ကြားသော အခါ၊ လူတိုင်း စိတ်လှုပ်ရှား လာကြသည်။ သို့သော် မကြာမီ ငြိမ်သက် သွား၏။

ဘဝ-သုံးပါး သစ်ပင်အား အသီး သီးရန် မဆိုနှင့်၊ အပွင့် မပွင့် တော့သည်မှာ၊ ရာစုနှစ် များစွာ ကြာခဲ့ပြီ ဖြစ်သည်။

ထိုကြောင့် သစ်သီး သီးရန်မှာ၊ မဖြစ် နိုင်ဟု ခံစား မိသည်။ တစ်ဖက်တွင် နန်းတော် သခင် ပြောသည်မှာ မှန်၏။

သစ်သီး မရ နိုင် သော်လည်း၊ ဂီတ တာအို၌ မြင့်မားသော နားလည်မှုများ ရရှိနိုင် လေသည်။

“ နန်းတော် သခင် ... ၊ တစ်ခုလောက် ပြောလို့ ရမလား။ ”

လင်းယွန်မှ ရုတ်တရက် တောင်းဆို လာသဖြင့် လူတိုင်းက သူ့ထံ လှည့်ကြည့် လာ တော့သည်။

***

All Chapters