အတူတူ သွားရအောင်။
Vol. 125 Ch. 1750
“ ပြောပါ ... ။ ”
နန်းတော် သခင်မှ ပြုံးသည်။ လင်းယွန် အပေါ် ထားသော သူ့ သဘောထားမှာ များစွာ ကောင်းမွန်၏။
“ မနက်ဖြန် လမင်း ကြင်ဖော် ရေကန်ကို မလိုက် တော့ဘူး။ ”
“ ဘာလို့လဲ... မင်း ထွက်သွားတော့ မလို့လား။ ”
နန်းတော် သခင်က မျက်မှောင်ကြုတ် သွားသည်။ ဤလင်းရှောင်သည် လေနတ်ဘုရား အမိန့်၏ အဓိပ္ပါယ်ကို၊ နား မလည်၍ ပင်လော။
ထိုအတွေးကြောင့် လင်းယွန် တစ်ကိုယ်တည်း ကြားနိုင်ရုံ အသံ ပေးပို့ လိုက်သည်။
( မိတ်ဆွေလေး မင်းက နောက်ထပ် ရက်နည်းနည်း လောက် နေဖို့ စိတ်ကူး ရှိလား၊ ငါ့မှာ မင်း စိတ်ဝင်စား နိုင်တဲ့ အရာ တစ်ခု ရှိတယ်။ )
နန်းတော် သခင်မှ ရဲတင်းစွာ ဆက်သွယ် လာသဖြင့် လင်းယွန် တစ်ယောက် အံ့အားသင့် သွားပြီး၊ အနည်းငယ် တုန့်ဆိုင်း သွားကာ၊
“ ဒီကျွန်းရဲ့ ရှုခင်းတွေက အရမ်း လှတယ်၊ ချက်ချင်း ထွက် မသွား သေးပါဘူး၊ ဒါပေမယ့် ယွဲ့ဝေဝေက ဒဏ်ရာရ သွားတော့ မနက်ဖြန် သူ့ကို ပြုစု မို့ပါ။ ”
သူ့ စကားကြောင့် ယွဲ့ဝေဝေ ခမျာ ကြည်နူးသွားသည်။ လူတိုင်း မှလည်း ကြည်ညို လေးစား လာ၏။
သူ့မိန်းကလေး အတွက် ဘဝ-သုံးပါး သစ်ပင်ရှေ့ ကစားခွင့် ကိုပင်၊ စွန့်လွှတ် ပစ် လေသည်။
“ ငါ နားလည်ပြီ ... ၊ ဒီက ညီအစ်ကို ရန် ကတော့ မငြင်းဖူး မဟုတ်လား။ ”
နန်းတော် သခင်က ပြုံးပြီး၊ ရန်တျန်းချန်ထံ လှည့်မေးလေသည်။ ရန်တျန်းချန်မှ ခေါင်းညိတ် ပြ၏။
လမင်း ကြင်ဖော် ရေကန်ကို၊ သူ စိတ်ဝင် စားသည်။ ထူးထူး ခြားခြား လုပ်ဆောင် နိုင်က၊ ဘဝ-သုံးပါး သစ်သီးကို၊ ရရှိ နိုင်၏။
“ ဒါဆို မနက်ဖြန် .... ဆုံ ကြမယ်။ ”
နန်းတော် သခင်က ပြုံးလျက် ထွက်ခွာ သွားသည်။ သူ ထွက်သွား ပြီးနောက် လူတိုင်း လည်း၊ ထွက်ခွာ သွားကုန် ကြ၏။
လင်းယွန်က ယွဲ့ဝေဝေ နှင့်အတူ ထွက်ခွာတော့မည့် အချိန်တွင်၊ လူနှစ်ယောက် ရုတ်တရက် ရောက်ရှိ လာသည်။
၎င်းတို့မှာ ရီချန်နှင့် လျူရို့ချန် ဖြစ်သည်။ နတ်ဖီးနစ် တောင်တန်းနှင့် ကောင်းကင် တာအို ဂိုဏ်း၏ ထူးချွန် သူများ ဖြစ်၏။
နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ် အတွင်း ဝင်သော ကျွမ်းကျင် သူများ ဖြစ်ကာ၊ ကျင့်ကြံမှုသည် လီယွီရှထက် မနိမ့်ချေ။
ဂီတ သက်သက်သာ ဆိုသော်၊ လီယွီရှ ထက်ပင် သာလွန်သည်။
“ အစ်ကိုလင်း၊ ခဏ နေပါဦး ... ။ ”
နှစ်ယောက် စလုံး အပြုံး များဖြင့် ချဉ်းကပ်လာကာ ယွဲ့ဝေဝေကို နှုတ်ဆက် ကြသည်။
ဤလူများနှင့် ရန်ငြိုး မရှိ သောကြောင့် လင်းယွန်မှ ခေါင်းညိတ်ကာ တုံ့ပြန် လိုက်သည်။
“ အခု နိဗ္ဗာန် ပွဲတော် ပြီးပြီ ဆိုတော့ ... မင်းမှာ ဘာအစီ အစဉ် ရှိလဲ။ ”
လျူရို့ချန်မှ ဦးစွာ မေးသည်။ ထို့နောက် လင်းယွန် အဖြေကို မစောင့် တော့ဘဲ၊
“ မင်းဘာလို့ ... ကောင်းကင် တာအို ဂိုဏ်းကို မလည် ပတ်တာလဲ၊ မင်းက ဓားသမား ပါ၊ ငါ့ဂိုဏ်းက ဓားကို အဓိက မထား ပေမယ့် အရှေ့ဘက် ပျက်စီးမြေရဲ့ အသန်မာဆုံး ဓားသမားတွေ ရှိတယ်။ ”
ထိုစကားက ဓားဂိုဏ်း၏ တပည့် တစ်ဦး အတွက်၊ စိတ် အနှောက် အယှက် ဖြစ်စေသည်။ သို့သော် တစ်ဖက် လူတွင် ရန်စ လိုသော အရိပ် အယောင် မရှိ သဖြင့်၊ ပြန်မပြော တော့ချေ။
ဓားဂိုဏ်းသည် ရှေးဟောင်း ပျက်သုဉ်းမြေ ကြီး၌၊ ဓားနှင့် ပတ်သတ်သော် အသန် မာဆုံး ဖြစ် သကဲ့သို့၊ ကောင်းကင် တာအို ဂိုဏ်း သည်လည်း မြင့်မြတ် မြေများ အနက် အသန်မာဆုံး ဖြစ်သည်။
ထို့ကြောင့် အားမနာတမ်း နှိုင်းယှဉ် ရမည် ဆိုသော်၊ ကောင်းကင် တာအို ဂိုဏ်း၏ အုတ်မြစ် သည်၊ ဓားဂိုဏ်းထက် သာလွန် ခေျ၏။
သည့်အပြင် ကောင်းကင် တာအို ဂိုဏ်း၌ နာမည်ကြီး ဓားနှစ်လက် ဖြစ်သည့် ကောင်းကင် ဓားနှင့် တာအိုဓား ဟူ၍ ရှိသည်။
ဓား နှစ်လက်သည် အုပ်စိုးရှင် သူတော်စင် လက်ရာများ ဖြစ်ပြီး ၎င်းတို့ကို ပေါင်းစပ်သော အခါ နတ်ဘုရား လက်ရာ ဖြင့်ပင်၊ ယှဉ်နိုင် သည်ဟု ဆိုထား ကြ၏။
“ အစ်ကို လျူ ... ၊ မင်း သူ့ကို ဖမ်းဖို့ ကြိုးစား နေတာလား၊ နတ်သမီး ရှေ့မှာတော့ ... ဒါမျိုးက မသင့်တော် ဖူးနော်။ ”
“ အဲဒီလို မဟုတ် ပါဘူး၊ နတ်သမီးလေး မင်းလည်း ငါတို့ ကောင်းကင် တာအို ဂိုဏ်းဆီ လာလည်လို့ ရပါတယ်၊ ဓား သူတော်စင် တစ်ပါး ဂိုဏ်းမှာ ရှိတယ်၊ သူက သက်တံဓား သူတော်စင်ရဲ့ တပည့် ကြီးပဲ။ ”
လျူရို့ချန်မှ ပြုံးကာ လှည့်ပြော သည်။ ယင်းက သူ၏ အစ်ကို ကြီးကို ဆိုလို နေမှန်း လင်းယွန် သိသည်။
“ ကောင်းပြီ ... ၊ ငါ အားတဲ့ အချိန် ကောင်းကင် တာအို ဂိုဏ်းကို လာခဲ့ ပါ့မယ်။ ”
လင်းယွန်မှ ပြန်ဖြေသည်။ ကောင်းကင် တာအို ဂိုဏ်းသို့ သွားချင်သော်လည်း၊ မည်သည့် အမည်ဖြင့် သွားရ မည်ကို မဆုံးဖြတ် နိုင်သေးချေ။
“ အိုး ... မင်း တကယ် ပြောနေ တာလား။ ”
လျူရို့ချန်မှ မယုံကြည်နိုင်စွာ မေးမြန်း လာတော့သည်။
“ ဟမ့် ... ဒါက ဘယ်လို ... ဖြစ်သွား ရတာလဲ၊ စောစောက ဖိတ်ခေါ် နေတာ တကယ် မဟုတ် ဖူးလား၊ နောက်ပြောင် နေတာလား။ ”
ယွဲ့ဝေဝေမှ ပြုံးကာ ဝင်ပြော လာသည်။
“ ဟား ဟား ဟား ... ၊ နောက်နေတာ မဟုတ် ပါဘူး၊ အခုလို လွယ်လွယ်နဲ့ သဘောတူ လိမ့်မယ်လို့ မမျှော်လင့် ထားလို့ပါ၊ ကောင်းပြီ ... ဒါ ကတိ တစ်ခုပဲ။ ”
သူ့စကားကြောင့် ရီချန်မှ စိုးရိမ် သွား၏။
“ ညီအစ်ကို လင်း ... ၊ မင်း ဘာလို့ ... နတ်ဖီးနစ် တောင်ကို မလည်ပတ် ရတာလဲ၊ ငါ့ရဲ့ အကြီး အကဲက မင်းကို ဖိတ်ခိုင်း လိုက်တယ်၊ နတ်ဖီးနစ် အတွေ့ကို ပြန်တွေ့ ရတာ ဝမ်းသာ စရာပဲ၊ ပြီးတော့ ...
... စိတ် မပူနဲ့ ... ၊ ကောင်းကင် ရနံ့ သင်းသင်းက တပည့် တစ်ယောက်ကို ... ၊ ငါတို့ အနိုင် မကျင့် ပါဘူး။ ”
လင်းယွန်မှ နားလည်မှု လွဲမှားသွား မည်ကို စိုးရိမ် သဖြင့်၊ သူ့ စကား များက တောင်ရောက် မြောက်ရောက် ဖြစ်နေ၏။
တစ်စုံ တစ်ရာဖြင့် နတ်ဖီးနစ် အတွေ့အား လဲလှယ် လိုပုံ ရသည်။ နတ်ဖီးနစ် တောင်သည် ခရမ်းငယ်နှင့် ဆက်စပ် နေနိုင်သည်။ ထို့ကြောင့် အလည် အပတ် ခရီး ထွက်ရသော် အကျိုး မယုတ်ချေ။
သက်ဆိုင်သော အရင်းအမြစ် များကို ရနိုင်က၊ လှဲလှယ် ပေးမည် ဖြစ်သည်။ ထို့ပြင် ထျန်ရွှမ်ဇီနှင့် ရင်ဆိုင်ရ ချိန်၌၊ အကူအညီ အချို့ ရနိုင် ပေမည်။
“ ကောင်းပြီ ... ၊ မင်းရဲ့ အကြီး အကဲကို ငါနဲ့ စကား လာပြော ခိုင်းလို့ ရတယ်။ ”
လင်းယွန်က ပြန်ပြော လိုက်၏။ ယင်းကြောင့် ရီချန် သည်လည်း အံ့သြ ဝမ်းသာ သွားသည်။
“ ဟား ဟား ဟား ... ၊ ဒါပဲ အရမ်း ကောင်းတယ်၊ ငါ ဒီအတိုင်း ပြန်ပြော လိုက်မယ်၊ အိုး ... ဒါနဲ့ အစ်ကို လင်း၊ မင်း မနက်ဖြန် တကယ် မလာ ဖူးလား၊ ...
... ဘဝ သုံးပါး သစ်ပင်က ... ရှေးဦးခေတ် တည်းက၊ ရှင်သန် လာရတဲ့ သစ်ပင် တစ်ပင်ပဲ၊ သီချင်း တွေကို သူ နှစ်သက်တယ်၊ ...
... သူ ကျေနပ်ရင် ... ၊ မင်း အတွက် လက်ဆောင် ပေးလိမ့်မယ်၊ ဒါကြောင့် ဒီအခွင့် အရေးကို စွန့်လွှတ်မယ် ဆိုရင်၊ နှမျော စရာ။ ”
ရီချန်က ဆိုသည်။ လျူရို့ချန် မှပါ ခေါင်းငြိမ့်ပြပြီး၊
“ ဘဝ-သုံးပါး သစ်ပင်ကို မြင်ရဖို့ ဆိုတာ ခက်ခဲတယ်၊ ပြီးတော့ ... ဂီတ မိသားစု ဆယ်ပါး ထဲက တစ်ယောက်၊ မနက်ဖြန် လာမယ်လို့ ကြားတယ်။ ”
“ သူက ပွဲပြီးမှ ဘာလာလုပ် တာလဲ။ ”
“ အဲဒါ ကိုတော့ ... ငါလည်း သေချာ မသိသေးဘူး၊ ငါတို့နဲ့ မပြိုင်ချင် လို့ပဲ နေမှာပေါ့၊ ဒါပေမယ့် ဒါက ကောလ ဟာလလည်း ဖြစ်နိုင် ပါတယ်၊ လာချင်မှ လာမှာ။ ”
-ဟု ရီချန်မှ ပြုံးကာ ပြန်ဖြေ သည်။
“ သူတို့ကို ငါ စိတ်မဝင် စားဘူး၊ မင်းရဲ့ စောစောက ပြောတဲ့ ကိစ္စ၊ မနက်ဖြန် ညှိနှိုင်းလို့ ရတယ်။ ”
“ ကောင်းပြီ ... အကြီးအကဲကို ငါ ပြန်ပြော လိုက်မယ်။ ”
ရီချန်နှင့် လျူရို့ချန်က လက်ဝှေ့ ရမ်းကာ လမ်းဖယ် ပေးသည်။ ထို့နောက်တွင် ထွက်ခွာ သွားသော လင်းယွန် နောက်ကျောကို ကြည့်ကာ၊
“ ဘယ်လို ထင်လဲ ... ။ ”
-ဟု ရီချန်မှ မေး၏။
“ မျှော်လင့် ထားတာထက် ... ပို ဖော်ရွေတယ်၊ ရိုင်းစိုင်းတဲ့ လုပ်ရပ် တွေကြောင့် ပြောဆိုရ ခက်မယ် ထင်ထားတာ။ ”
လျူရို့ချန်က ပြန်ဖြေသည်။ သူ့စကားကို ရီချန်က ခေါင်းညိတ် ပြသည်။ သူ သည်လည်း ထိုနည်း လည်းကောင်း မြင်ခဲ့၏။
“ ပြန်တွေး ကြည့်တော့ ... လီယွီရှက လူပြက်ဘဲ၊ ဒါကြောင့် လင်းရှောင်က သူ့ကို ခွေး အဖြစ်တောင် မလို ချင်တာ။ ”
“ မှန်တယ် လင်းရှောင် ကသာ၊ ချန်ပီယံ ရာထူးနဲ့ ထိုက်တန် တယ်။ ”
သက်ပြင်း ချလျက် လျုရို့ချန်မှ ဆိုလိုက် တော့သည်။
သတ်မှတ် ထားသော တည်းခို ဝင်းထဲ ပြန်ရောက် ချိန်၌၊ လင်းယွန်က ယွဲ့ဝေဝေ၏ ဒဏ်ရာ များကို စစ်ဆေးသည်။
ဒဏ်ရာ များမှာ၊ ပြင်းထန်ခြင်း မရှိချေ။ တစ်ချိန်တည်း မှာပင်၊ သူမ ခန္ဓာကိုယ် အတွင်း ချိတ်ပိတ် ထားသော စွမ်းအင် တစ်ခု ကိုလည်း သတိထား မိလာ၏။
ဟွာဟောင်ယုကို တိုက်ခိုက် ချိန်၌၊ ဤစွမ်းအင်ကို အသုံးပြု ခဲ့ခြင်း ဖြစ်နိုင်သည်။ ၎င်းရောင်ဝါသည် သိပ်သည်းပြီး ရှေးကျ၏။
အနီးကပ် စစ်ဆေး ကြည့်သော အခါ၊ အေးစက်စက် ခြိမ်းခြောက်မှု တစ်ခုကို ခံစား လာရသည်။
“ ဒါ ... မေမေ ထားခဲ့တဲ့ ... မြေခွေး စွမ်းအင်ပဲ၊ မြေခွေးတွေ ကြားမှာ ကောင်းကင် မြေခွေးက၊ အမြင့်မြတ် ဆုံးပါ၊ အမြီး ကိုးချောင်း ပါတဲ့၊ ကောင်းကင် မြေခွေး တစ်ကောင် သာ၊ ...
... အမွေ ဆက်ခံခွင့် ရှိတယ်၊ ဒါကြောင့် လောက နိယာမ နယ်ပယ် မရောက်ခင်၊ ဝေဝေ ဒီစွမ်းအင်ကို အသုံး ပြုခွင့် မရှိဘူး။ ”
ယွဲ့ဝေဝေမှ ရှင်းပြသည်။
“ မင်းရဲ့ ... ဒဏ်ရာကို ... ၊ ငါ အရင် ကုပါရစေ၊ နောင် ... ဒီလို မိုက်မဲတဲ့ လုပ်ရပ်မျိုး မလုပ်နဲ့။ ”
လင်းယွန်က ပြန်ပြောသည် ။
“ ကောင်းပြီ ... ။ ”
မျက်နှာချင်းဆိုင် ထိုင်လျက်၊ နှစ်ယောက်သား လက်ဖဝါး အချင်းချင်း ပူးကပ် လိုက်၏။
ထို့နောက် နဂါးပြာ အရိုးမှ၊ အကန့် အသတ်မဲ့ သွေးသား စွမ်းအင် များကို စီးဝင် စေလိုက်သည်။
ယင်းက ဒဏ်ရာ အမျိုးမျိုး အပေါ်၊ ကုသပေးနိုင် သည်သာ မက၊ အဆိပ် အတောက် များ အားလုံး ကိုလည်း၊ သက်သာ စေသည်။
လေးနာရီ ကြာ ပြီးနောက် ယွဲ့ဝေဝေ မျက်နှာမှာ ပြန်၍ နီမြန်း လာသည်။ နဂါးပြာ အကူ အညီဖြင့် ဒဏ်ရာများ လုံးဝ ပြန်လည် ကောင်းမွန် လာ၏။
သို့သော် လင်းယွန်မှ စိတ်မချ နိုင်သေးဘဲ၊ နဂါးပြာ ဝိညာဉ် အရည် တစ်စက်ကို၊ ချန်ထား ပေးခဲ့သည်။
သို့သော် သူမ စိတ် ဝိညာဉ်မှာ၊ အလွန် ပင်ပန်း နွမ်းနယ် နေသောကြောင့်၊ လင်းယွန်၏ ရင်ခွင်၌၊ အိပ်ပျော် သွားခဲ့သည်။
လင်းယွန်က အိပ်ယာပေါ် ရွေ့ကာ သူမ အတွက် သီချင်း တစ်ပုဒ် တီးပေး ပြီးနောက်၊ ချန်ပီယံ ဆု အတွက် ရရှိ ထားသော သစ်သီး သုံးမျိုးကို၊ ထုတ်ယူ ကြည့်လိုက်သည်။
နိဗ္ဗာန် ပွဲတော်၌ ပထမ ဖြစ်ရ ခြင်း၏ အကျိုးအမြတ် ပေပင်။ အခြား ရတနာ များမှာ၊ တန်ဖိုးရှိ သော်လည်း၊ သူ့အတွက် အသုံး မဝင်ချေ။
ဤသစ်သီး သည်သာ၊ အသုံး ဝင်သည်။ ၎င်းအား စားသုံး ပါက ဆယ်နှစ် အချိန် ပိုရမည် ဖြစ်သည်။ သူ လိုအပ်နေ သည်မှာ အချိန်ပင် ဖြစ်သောကြောင့်၊ အံကိုက် ပေပင်။
ဆယ်နှစ်သာ ရရှိ ပါက၊ သူ၏ ကျင့်ကြံမှု သည်၊ မည်မျှ ကြောက်စရာ ကောင်းနေ မည်ကို၊ တွေးကြည့်၍ မရချေ။
အနည်းငယ် စဉ်းစား ပြီးနောက်၊ သစ်သီး သုံးလုံး၏ အကျိုး သက်ရောက် မှုကို၊ နန်းတော် သခင် ထံမှ တိကျစွာ မေးမြန်းရန် ဆုံးဖြတ် လိုက်သည်။
နိဗ္ဗာန် နန်းတော် ဟူသည်၊ မိုးပြာ နဂါး မျိုးရိုးနှင့် ဆက်စပ် သဖြင့်၊ သူ့အား တွေ့ဆုံရန် စီစဉ် နေပေမည်။
သို့သော် ၎င်းတို့နှင့် မည်သို့ ရင်ဆိုင် ရ မည်ကို မသိ သောကြောင့်၊ မသေချာ ရာသော ခံစားချက်များ ဝင်လာသည်။
နိဗ္ဗာန် နန်းတော်ကို ရင်ဆိုင်ရန်၊ သူ့၌ စွမ်းအား မရှိချေ။ သတ်ပစ်ပြီး လေနတ်ဘုရား အမိန့်အား အတင်း အကြပ် သိမ်းပိုက် ပါက၊ ခက်ပေမည်။
ထို့ကြောင့် သူ့အား ကူညီရန်၊ သူတော်စင် အကြီးအကဲထံ အကူအညီ တောင်းရ ပေမည်။ သူမသည် နန်းတော် သခင်အား ဂရု မစိုက် ကြောင်း၊ သတိထား မိသည်။
သို့သော် အတွေးထဲ လမင်း ကြင်ဖော် ရေကန်၏ အဖြစ် အပျက်များ ဝင်ရောက်လာ ပြန်သဖြင့်၊ တွန့်ဆုတ် သွားသည်။
အိပ်မရ တော့ဘဲ မိုးလင်းသည် အထိ၊ အတွေးထဲ နစ်မျော နေတော့၏။ လေထဲ ဖြတ်ပျံ နေသော လူအချို့ကို မြင်မှသာ၊ သတိ ဝင် လာသည်။
ထိုအချိန်တွင် ယွဲ့ဝေဝေ နိုးလာပြီး မျက်လုံးများ ပွတ်သပ် နေသည်။
“ အိုး ... အစ်ကိုကြီး လင်း၊ မင်း တကယ် မသွား ဖူးလား။ ”
စားပွဲခုံ ပေါ်တွင် ထိုင်လျက် ငေးမော နေသော သူ့အား ကြည့်ကာ၊ အံဩ သွားပုံ ရသည်။
လင်းယွန်က ခေါင်းခါပြီး နန်းတော် သခင် ပြောသည့် စကားအား ယွဲ့ဝေဝေထံ အသံတိတ် ပေးပို့ လိုက်သည်။
ယွဲ့ဝေဝေက မျက်လုံးများ မှေးဆင်း သွားပြီး၊
“ ဒီကိစ္စ ... အစ်မ ဆီက ... အကူ အညီ တောင်းပါ၊ သူ ... သဘောတူ မယ်လို့ ယုံကြည် တယ်။ ”
-ဟု အကြံပေး လာသည်။
“ အတူတူ သွားရအောင်။ ”
သို့သော် လင်းယွန်မှ မဝံ့ မရဲဖြင့်၊ သူမအား အပါခေါ် နေရာ၊ မျက်ခုံး ပင့်ပြီး ပြန် ကြည့်လိုက် မိ လေသည်။
***