← Chapters

အစ်ကိုကြီး လင်း ... အခု အကောင်းဆုံး ကစား ပြပါ။

Vol. 126 Ch. 1751

အစ်ကိုကြီး လင်း ... အခု အကောင်းဆုံး ကစား ပြပါ။

Vol. 126 Ch. 1751

“ ဒင် ... ။ ”

မုရွယ်လင် တစ်ယောက် သူမ တည်းခိုရာ နေအိမ် နဘေးရှိ ရေကန်၌ ဗျပ်စောင်း တီးခတ် နေသည်။

သူဘေး စားပွဲ ပေါ်တွင် စာအုပ် တစ်အုပ် ရှိ၏။

“ အစ်မ ... အရမ်း လှတယ်။ ”

ယွဲ့ဝေဝေက ချီးကျူးသည်။ သူမ နောက်မှ လိုက်လာသော လင်းယွန် သည်လည်း အလား တူ အတွေးအမြင်မျိုး ရှိသည်။

မုရွယ်လင် တီးခတ် နေသော အသံသည် နတ်နဂါး အသံသို့၊ ရောက်လု နီးပါး ဖြစ်နေပြီ ဖြစ်၏။

မုရွယ်လင်သည် ယွဲ့ဝေဝေ အပေါ်မှ လွဲ၍ မည်သည့် ခံစားချက် ကိုမျှ၊ အများ အပေါ် မပြချေ။ ဓား နှလုံးသား ရှိသော လင်းယွန် သာလျှင်၊ သူမ၏ ခံစားချက် အချို့ကို မြင်နိုင်သည်။

နေရောင် ဖျော့ဖျော့က သူမ ခန္ဓာကိုယ် တစ်ခု လုံးကို၊ နတ်သမီးလေး တပါး ကဲ့သို့ လင်း နေစေသည်။

ဝေဝေက ဤနေရာသို့ လာရသည့် ရည်ရွယ်ချက်ကို ပြောပြ မိသော အခါတွင်၊ သူမ မျက်နှာ အနည်းငယ် ပြောင်းသွားသည်။

“ မင်းရဲ့ အသက်ကို ငါ အာမခံ နိုင်တယ်၊ ဒါပေမယ့် မိုးပြာ နတ်ဘုရား တံဆိပ်ကို၊ မင်း ရဖို့တော့ မကူညီ နိုင်ဘူး။ ”

မိုးပြာ နတ်ဘုရား အမိန့်သည် လေ နတ်ဘုရား အမိန့်နှင့် မိုးကြိုး နတ်ဘုရား အမိန့်ကို ပေါင်းစပ် ရခြင်း ဖြစ်သည်။

၎င်းဖြင့် မိုးပြာ နဂါး မိသားစု ပိုင်သော၊ ရှေးဟောင်း အမွေ အနှစ် နယ်မြေ များစွာကို ဖွင့်လှစ် နိုင်မည် ဖြစ်သည်။

ဤသည်မှာ နိဗ္ဗာန် နန်တော်ရှိ လူတိုင်း၏ အိပ်မက် ဖြစ်သည်။ ထို့ကြောင့် လင်းယွန်အား အသိအမှတ် ပြုနိုင် မည်လား မသေချာချေ။

အနှစ် သုံးထောင်သည် ဒဏ္ဍာရီ တစ်ပုဒ် ကိုပင် ပြောင်းလဲ နိုင်သည်။ အနှစ် တစ်သိန်းက ဆိုဖွယ် မရှိချေ။

ထို့ကြောင့် ကျန်ရစ် သူ များသည်၊ သူတို့ ဘိုးဘေး များ၏ သစ္စာ အပေါ်၊ လိုက်နာ ခြင်း ရှိ-မရှိ၊ မုရွယ်လင်မှ အာမမခံ နိုင်ခြင်း ဖြစ်သည်။

“ ဟုတ်ကဲ့ သိပါတယ် ... ၊ ကျေးဇူး တင်ပါတယ်၊ သူတော်စင် အကြီး အကဲ။ ”

လင်းယွန်မှ ခေါင်းညိတ် မိသည်။ မိုးပြာ နဂါးမျိုးရိုး တစ်ခု လုံးကို ထိန်းချုပ်ရန်၊ သူ့တွင် လည်း စိတ်ကူး မရှိချေ။ အနည်းငယ် ညှိနှိုင်းရန် အတွက်သာ လိုအပ်သည်။

“ ကောင်းပြီ ချန်ပီယံ ဖြစ်လာတဲ့ အတွက်၊ ဂုဏ်ယူ ပါတယ်။ ”

သို့သော် မုရွယ်လင် အသံတွင်၊ ပျော်ရွှင်ပုံ မရသဖြင့်၊ လင်းယွန်မှ အံ့သြ သွားလေသည်။

“ အစ်ကိုကြီး လင်း ... ၊ မင်းက နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံ ဖြစ်နေပြီ၊ ဒီက ထွက်သွားရင် ဗျပ်စောင်းနဲ့ ပလွေကိုပဲ သုံးမှာလား။ ”

ထိုစကားကို ကြားသော အခါ လင်းယွန်မှ ချက်ချင်း ပြန်မဖြေ နိုင်ချေ။ သူမ မေး သကဲ့သို့၊ ဂီတ တာအိုဖြင့် ရှေ့ဆက် နိုင်သော်လည်း၊ အရူး အမူး ဖြစ်တော့မည် မဟုတ်ချေ။

“ ဒါဆို ... အခု အကောင်းဆုံး ကစား ပြပါ။ ”

ယွဲ့ဝေဝေမှ ပြောသည်။ သည့်နောက် စာအုပ်တင် ထားသော၊ စားပွဲထံ မုရွယ်လင်က လျှောက်လှမ်း လာ၏။

“ ဝေဝေ ... ၊ သူတော်စင် အကြီး အကဲ ရှေ့မှာ၊ ငါ့ကို အရှက်ခွဲ နေတာလား။ ”

မုရွယ်လင်၏ စွမ်းရည်သည်၊ သူ့ထက် အဆပေါင်း တစ်ရာ သာလွန်သည်။ ထို့ကြောင့် သူမ ရှေ့တွင် တီးခတ်ခြင်းသည်၊ လီယွီရှမှ သူ့အား ဓားချင်း ယှဉ်ခုတ်ရန် တောင်းဆို သည်နှင့် အတူတူ ဖြစ်ပေမည်။

“ အဆင် ပြေပါတယ်၊ မင်း ကစားတာ ကောင်းတယ် ... ငါ ကြိုက်တယ်၊ မင်းမှာ တခြား သူတွေ မလုပ် နိုင်တဲ့ ... အရာ တစ်ခု ရှိတယ်၊ ဓား ရည်ရွယ်ချက် ကိုတောင် ဂီတနဲ့ ပေါင်းစပ် ထားနိုင်တာပဲ။ ”

မုရွယ်လင်မှ ပေါ့ပေါ့ ပါးပါး ဝင်ပြောသည်။

“ ဒါဆို ငါ ... ကစား ကြည့်မယ်။ ”

လင်းယွန်က စားပွဲ ဆီသို့ လျှောက်သွား ပြီးနောက်၊ မုရွယ်လင် ထားခဲ့သော ဗျပ်စောင်း ရှေ့ ထိုင်ကာ၊ အချိန် အတော်ကြာ စဉ်းစားနေ ခဲ့သည်။

“ အစ်ကိုကြီး လင်း ... ၊ ပေါ့ပေါ့ ပါးပါး ကစားလို့ ရပါတယ်၊ အစ်မက မင်းကို မရယ် ဖူးလို့ ... ၊ ငါ အာမခံတယ်။ ”

ယွဲ့ဝေဝေမှ ပြုံးကာ ဆိုလိုက် သဖြင့်၊ မုရွယ်လင်က စာဖတ်ကို ကျော်ကာ၊ သူမထံ တစ်ချက် ကြည့်သည်။

“ ကောင်းပြီ ... ။ ”

လင်းယွန်က လက် နှစ်ဖက်ကို ဗျပ်စောင်းကြိုးပေါ် တင် လိုက်သည်။ များမကြာ ခင်၊ ဗျပ်စောင်း သံများ ထွက်လာပြီး၊ ယွဲ့ဝေဝေ နှင့် မုရွယ်လင်အား နှင်းလွင်ပြင် ထဲတွင်၊ ရပ်နေ သကဲ့သို့၊ ခံစား လာရ စေ၏။

“ ဒင် ... ။ ”

ဂီတ အတွင်း ပါသော အနု ပညာ အယူအဆသည် မွန်မြတ် နေသည်။ လင်းယွန်မှ ဆက်လက် ကစား နေစဉ်၊ အမျိုးသမီး နှစ်ယောက် မျက်နှာမှာ၊ တဖြည်းဖြည်း ပြောင်းလဲ သွားသည်။

မုရွယ်လင်က စာအုပ်ကို ဖတ်နေရာမှ၊ နောက်ပြန် လှည့်ကြည့်၏။ ဂီတတွင် အတက် အကျ၊ တင်းမာမှုနှင့် နူးညံ့မှုတို့ ရှိနေ ခဲ့သည်။

တေးသွား အထွတ် အထိပ်သို့ ရောက် သွားသော အခါ၊ လင်းယွန် လက်ချောင်း များကို အရိပ် မျှသာ၊ မြင်ရ တော့သည်။

“ ဒင် ... ။ ”

အဆုံးတွင် နှင်းမုန်တိုင်း ထဲ၌၊ မက်မွန် ပွင့်များ ပျံ့ကျဲ ကုန်၏။ မုရွယ်လင်နှင့် ယွဲ့ဝေဝေ မှာ၊ အကြည့်ချင်း ဖလှယ် လိုက်မိသည်။

“ ဘာလို့လဲ... မကောင်း လို့လား။ ”

လင်းယွန်မှ ပြုံးကာ မေးမိ လေသည်။ ယွဲ့ဝေဝေ မျက်နှာမှာ၊ နီရဲ လာခဲ့သည်။ ချီးကျူး စကားဆိုရန် မေ့လျော့ နေသည် အထိ၊ ဂီတထဲ နစ်မျော သွားခြင်း ဖြစ်၏။

“ အဲဒါ ဘာလဲ ... ။ ”

မုရွယ်လင်က မေးသည်။

“ နှင်းပန်း သုံးပွင့်။ ”

“ ထင်သားပဲ ... ။ ”

မုရွယ်လင်မှ ခေါင်းညိတ် လိုက်သည်။ သီချင်း ထဲ၌ နှင်းပန်း များနှင့် ပတ်သက်သော၊ အနုပညာ အယူအဆ တစ်ခု ပါနေသည်။

“ နှင်းပန်း သုံးပွင့် ဆိုတဲ့ အမည်နဲ့ ... ၊ တကယ် လိုက်ဖက်တယ်၊ လမင်း ကြင်ဖော် ရေကန်ကို သွားရင်၊ ဘဝ-သုံးပါး သစ်ပင်က မင်းကို ဘဝ-သုံးပါး သစ်သီးတွေ ထပ်ပေး လိမ့်မယ်လို့ အာမခံတယ်။ ”

“ မလို တော့ဘူး။ ”

လင်းယွန်က ငြင်းဆန်သည်။ လမင်း ကြင်ဖော် ရေကန်အား ကြောက်လန့် နေသည့် အပြင်၊ သူ့သီချင်း များကို ၎င်းမှ နှစ်သက်ရန် မသေချာ သောကြောင့်၊ မသွား ချင်ချေ။

ထိုအချိန်တွင် လမင်း ကြင်ဖော် ရေကန် ဝန်းကျင်၌ လူများဖြင့် ပြည့်နေ ခဲ့သည်။ ရေကန် ကြမ်းပြင်တွင်၊ သူတော်စင် ရောင်ဝါများ ဖုံးလွှမ်း နေသော ရှေးဟောင်း သစ်ပင် တစ်ပင် ရှိသည်။

သစ်ပင်က ရေမျက်နှာပြင် ပေါ်သို့ ဖြည်းညှင်းစွာ ထိုးထွက် လာ၏။ တစ်ပင်လုံး ပေါ်လာသော အခါတွင်၊ နန်းတော်သခင်က လက်ဝှေ့ယမ်း လိုက်သည်။

“ ဝှစ် ... ။ ”

နိဗ္ဗာန် ပွဲတော်၌ ထိပ်ဆုံး ဆယ်ဦး အဆင့် ဝင်သော၊ လူ ခုနစ်ယောက်က သစ်ပင် ရှိရာသို့ ပျံသန်း သွား၏။

ထိပ်တန်း ရာဂဏန်း ရှိသူများ သည်လည်း ၎င်းတို့ နောက်ပါးမှ လိုက်ပါ သွား ကြလေသည်။ ဧည့်သည် များသည် ရေကန် အစပ် မှသာ ကြည့်ရှုခွင့် ရ၏။

ဘဝ သုံးပါး သစ်ပင် ပေါ်ထွက် လာ သောအခါ၊ လူတစ်ဦး၏ ချစ်ခြင်း မေတ္တာ အပေါ် မေးခွန်း ထုတ်ခြင်း မရှိ တော့ချေ။

ထို့ကြောင့် သူတို့ အားလုံး ရေကန် မျက်နှာပြင် ပေါ်၌ အေးအေး လူလူ လျှောက် လှမ်းလာ နိုင်သည်။

ပတ်ဝန်းကျင် ရှုခင်း များနှင့် ဘဝ-သုံးပါး သစ်ပင်မှာ ပနံရ နေ၏။

“ ဘယ်လောက် တောင် လှလိုက်လဲ။ ”

ရေကန် အလယ်၌ ထွက်ပေါ် လာသော ဘဝ-သုံးပါး သစ်ပင်ကို ကြည့်ပြီး ရန်တျန်းချန်မှ ချီးမွမ်း မိသည်။

ဘဝ-သုံးပါး သစ်ပင်သည် အိပ်မက် ဆန်သော အလှကို ပေးစွမ်း၏။ ရေကန်ထံ ငုံ့ ကြည့်မိသော အခါ၊ ကန်ရေမှ နှလုံးသားကို သန့်စင် ပေးနေ သည်ဟု ခံစား ရစေသည်။

ဤသစ်ပင်သည် လူ တစ်ယောက်၏ အတိတ်နှင့် အနာဂတ်ကို ထင်ဟပ် စေနိုင်သည် ဟူသော ဒဏ္ဍာရီ ရှိ၏။

ဆိုလို သည်မှာ သစ်ပင်သည် အချိန်နှင့် အာကာသ တာအိုကို ဆုပ်ကိုင်ထား လေသည်။

“ ဒီသစ်ပင်က ... ဂီတကို နှစ်သက် ခဲ့ရင်၊ အဲဒီလူရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် အပေါ်၊ မြင်စေ နိုင်တယ်။ ”

နတ်ဖီးနစ် တောင်၏ ရီချန်က ပြုံးကာ ပြောလိုက်သည်။

“ ဒါပေမယ့် ... လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ် အတွင်း၊ ဘယ်သူမှ မပြီးမြောက် နိုင်ခဲ့ဖူး မဟုတ်လား၊ ဒါကြောင့် တစ်ယောက် ယောက်က ပန်းတစ်ပွင့် ပွင့်လာအောင် လုပ်နိုင် ခဲ့ရင် ကိုပဲ၊ လုံလောက် နေပါပြီ။ ”

ကောင်းကင် တာအို ဂိုဏ်းမှ လျူရို့ချန်က ဝင်ပြော လာသည်။ သူ့ စကားမှာ မမှားချေ။ ထို့ကြောင့် ရီချန်မှ ခေါင်းညိတ် မိလေသည်။

***

All Chapters