← Chapters

နတ်နှင်းပန်း လက်ဟန် ... ။

Vol. 126 Ch. 1752

နတ်နှင်းပန်း လက်ဟန် ... ။

Vol. 126 Ch. 1752

ရန်တျန်းချန်၊ လျူရို့ချန်နှင့် ရီချန် တို့မှာ၊ ယခင် ကတည်းက သိကျွမ်း ကြသည်။ ယခုမူ လင်းယွန် ကြောင့် ပို၍ ရင်းနှီး လာ၏။

“ ဟား ဟား ဟား ... ၊ ဘဝ-သုံးပါး သစ်ပင်က မင်းရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ကို ထင်ဟပ်စေ တယ်လို့၊ ပြောနေ တာလား။ ”

နတ်တာအို ခန်းမမှ ကျန်းရင်က ရယ်မောလျက် ဝင်ပြော လာသည်။

“ ဘယ်သူ ပြောနိုင် မလဲ ... ၊ ဒါက သူ ဖြစ်ချင် နေတဲ့ ဆန္ဒလည်း ... ဖြစ်နိုင် တာပဲ။ ”

ချန်ကျွယ် မှလည်း ဝင်ရောက် ပြောဆို လာသည်။ မနေ့က လင်းယွန် လက်၌၊ ဆိုးဆိုး ရွားရွား ရှုံးနိမ့် ထားသဖြင့်၊ ရန်တျန်းချန်အား ကောင်းမွန်စွာ ဆက်ဆံ လိုခြင်း မရှိချေ။

ထို့ကြောင့် ယွဲ့ဝေဝေနှင့်၊ လင်းယွန် အနား မရှိ ချိန်တွင် ရန်တျန်းချန် တို့အား လှောင်ပြောင် လိုက်ခြင်း ဖြစ်သည်။ လီယွီရှမှာ အရှက် ရသွား သဖြင့်၊ နိဗ္ဗာန် နန်းတော်မှ ထွက်ခွာ သွား၏။

ထို့ကြောင့် ထိပ်တန်း (၁၀)ဦး အနက်၊ (၇) ဦးသာ ကျန်ရှိ၏။ ထိုအချိန်တွင် ကျန့်ရင်တျန်းမှ ပျံသန်း ရောက်ရှိ လာသည်။

ပြီးနောက် သူ့ဖခင် အနား တိုးကပ်ကာ၊ စကား တိုးတိုးလေး ဆို၏။ သားဖြစ်သူ စကား နားထောင်ပြီး ချိန်၌၊ နန်းတော် သခင်မှ၊

“ သူတို့ တကယ် လာတာလား ... ၊ ဒါပေမယ့် ဒါက အချိန်မှ မဟုတ် တော့တာ။ ”

-ဟု ရေရွတ် တော့သည်။

သူ့စကားက လူတိုင်းကို စိတ်ဝင်စား လာစေသည်။ ထိုစဉ် အဝေးမှ တေးဂီတ သံများ ပဲ့တင် ထပ်ကာ၊ လူတစ်စု ပျံသန်း လာ၏။

အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ကိုးဦး ဖြစ်သည်။ အမျိုးသားမှာ ထူးခြားသော အသွင် ရှိပြီး၊ အမျိုးသမီး များသည် အဖြူရောင် ဝတ်ရုံ၊ ဆင်တူ ဝတ်ဆင် ထား၏။

ဘဝ-သုံးပါး သစ်ပင် ရှေ့တွင်၊ စကား စမြည်ပြော နေကြသော လူတိုင်း မော့ကြည့် လာသည်။ အမျိုးသမီး (၉) ဦးတွင် ကျောက်စိမ်း ပလွေ၊ ဝါးပလွေ၊ ဗျပ်စောင်းနှင့် အခြားသော တူရိယာများ ကိုင်ဆောင် ထားချေ၏။

သူတို့ အားလုံးက ရှေးဟောင်း သီချင်း တစ်ပုဒ်ကို သံပြိုင် တီးခတ် လာခြင်း ဖြစ်သည်။ တေးသံက လေထဲတွင် ပေါက်ကွဲ နေ၏။

ဘဝ-သုံးပါး သစ်ပင် အနား ရောက် သည်နှင့်၊ ကြယ်ရောင်များ ပြိုကျလာ သကဲ့သို့၊ လူငယ်က ဆင်းသက် လာသည်။

“ ဂီတ မိသားစု ဆယ်ပါး ... ။ ”

“ သူတော်စင် လက် ... မိန်ဇီဟော်။ ”

လူတိုင်းက ခွန်လွန်၏၊ ဂီတ မိသားစု (၁၀)ပါးအား၊ သိရှိ ကြသည်။ ထို့ကြောင့် အပြာ ဝတ် လူငယ်ကို မြင်ချိန်တွင်၊ မည်သူ ဖြစ်မည် အား၊ ချက်ချင်း သိလေသည်။

မိန်ဇီဟော်က ဘဝ-သုံးပါး သစ်ပင်နှင့်၊ ဆယ်မိုင် အကွာတွင် ရပ်ပြီး၊ နန်းတော် သခင်ထံ အရို အသေ ပေးလိုက်သည်။

ထို့နောက် လက်ဝှေ့ ရမ်းလျက်၊ ဘဝ သုံးပါးသစ်ပင် ရှိရာသို့၊ အမျိုးသမီး ကိုးဦး ခြံရံ ကာ၊ လျှောက်လှမ်း သွားသည်။

သူတို့ လျှောက်လှမ်း လာချိန်၌၊ မမြင် နိုင်သော စွမ်းအင် တစ်ခုက၊ လူအုပ်ကို ဖယ်ရှား ပစ်တော့၏။

မိန်ဇီယာက စကား တစ်ခွန်းမှ မဆိုဘဲ၊ ဘဝသုံးပါး သစ်ပင် ထံသာ၊ အာရုံ စိုက်ထား လေသည်။

ကျန့်ရင်တျန်းက ၎င်းအနားသို့ ပျံသန်း သွားပြီးနောက်၊

“ သခင်ငယ် မိန် ... ၊ မင်း နည်းနည်း နောက်ကျ သွားတယ်။ ”

-ဟု ပြိုင်ပွဲ ပြီးဆုံးကြောင်း အသိပေး လိုက်သည်။

“ ငါတော့ မထင် ပါဘူး။ ”

သို့သော် မိန်ဇီဟော်မှ ကျန့်ရင်တျန်းအား ပြန်ဖြေ၏။

“ လွန်ခဲ့တဲ့ ခုနစ်ရက် တည်းက ... ၊ ကောင်းကင် မြို့တော်ကို၊ သခင်ငယ် ရောက်နေ တယ်လို့ ငါ ကြား ပါတယ်၊ ... နိဗ္ဗာန် ပွဲတော် ကိုသာ တက်ရောက် ခဲ့ရင်၊ ...

... သခင်ငယ်ရဲ့ အရည် အချင်း အရ၊ ဒီဘဝသုံးပါး သစ်ပင် ရှေ့မှာ ... ကစားခွင့် ရမယ် ဆိုတာ သေချာတယ်။ ”

ကျန့်ရင်တျန်းက လိမ္မာ ပါးနပ်စွာဖြင့်၊ မိန်ဇီယာအား ဖယ်ထုတ်သည်။ သူ့ သဘော ထားသည် နိဗ္ဗာန် နန်းတော်အား ကိုယ်စား ပြု၏။ မိန်ဇီယာမှ ပြုံးပြီး စကား မပြန်ချေ။

ယင်းအစား အစေခံ အမျိုးသမီး တစ်ဦး လှမ်းထွက် လာကာ၊

“ နန်းတော် သခင်လေး ... ၊ မင်းက ငါတို့ သခင်ငယ်ကို ဖိတ်ပြီး မှတော့ နိဗ္ဗာန် ပွဲတော်ကို ဆက်ကျင်းပ နေစရာ မလို ပါဘူး၊ ဒီကမ္ဘာ ပေါ်မှာ၊ ...

... ဘယ်သူ ကများ၊ သူတော်စင် လက်နဲ့ ပြိုင်ဝံ့ လို့လဲ ... မင်းက ငါတို့ သခင်ငယ်ကို နိမ့်ချ နေတာလား။ ”

-ဟု ဝင်ပြော လာတော့၏။

အစေခံ တစ်ယောက်မှ မောက်မာစွာ ပြောဆိုနေ သောကြောင့်၊ ကျန်းရင်၊ ချန်ကျွယ်၊ ချင်းဟိုနှင့် ဟွာဟောင်ယု တို့၏ မျက်နှာများ ပြောင်းလဲ သွားသည်။

မိန်ဇီဟော်သည် ဂီတ မိသားစု ဆယ်ပါးမှ ဖြစ်သဖြင့်၊ မောက်မာခြင်း အပေါ် နားလည်ပေး နိုင်သည်။ ဤအမျိုး သမီးများ အတွက်မူ။

“ မင်းရဲ့ စကား အတိုင်း ဆိုရင်၊ မင်းရဲ့ သခင်ငယ်က ... ၊ နိဗ္ဗာန် ပွဲတော်ကို မလာ ပဲနဲ့ ချန်ပီယံလို့ ပြောနေ တာပဲ။ ”

ကျန့်ရင်တျန်းမှ လှောင်ပြုံးဖြင့် ပြန်ပြော လိုက်သည်။ ထိုအစေခံ အမျိုး သမီးက တစ်ခုခု ပြောရန် ပြင်လိုက် သော်လည်း၊ မိန်ဇီယာမှ လက်ဟန် ပြလေသည်။

“ ဒီနှစ် နိဗ္ဗာန် ပွဲတော်ရဲ့ ... ချန်ပီယံက လီယွီရှ မဟုတ်လား၊ ဒါဆို ငါ သူ့ကို အနိုင်ယူ လိုက်မယ်။ ”

“ စိတ်မကောင်း ပါဘူး၊ သူ မဟုတ်ဘူး။ ”

“ အိုး ... မဟုတ် ဖူးလား ... ၊ ပြဿနာ မရှိဘူး၊ ဘယ်သူ ပထမပဲ ဖြစ်ဖြစ်၊ အဆင်ပြေ ပါတယ်၊ ငါ ... ဘဝ-သုံးပါး သစ်သီး လိုတယ်၊ ထိပ်ဆုံး (၁၀)ဦးရဲ့ ဆုလာဒ်တွေ အတွက်တော့၊ ငါ့ရဲ့ အစေခံ (၉) ယောက်ကို ပေးလိုက်ပါ။ ”

မိန်ဇီဟော် စကား များသည်၊ မောက်မာ လွန်းသောကြောင့်၊ လမင်း ကြင်ဖော် ရေကန်ရှိ လူတိုင်း မျက်ခုံးပင့် လိုက်ကြ၏။

“ မိန်ဇီဟော် ... မင်းကိုယ်မင်း လွန်တယ် မထင် ဖူးလား ... ၊ ဘဝ-သုံးပါး သစ်သီး အပြင် ထိပ်ဆုံး (၁၀) ယောက်ရဲ့၊ ဆုလာဒ် ကိုပါ လိုချင် နေရ လောက်အောင်။ ”

ကျန်းရင်မှ အေးစက်စွာ ဝင်ပြော လိုက်၏။

“ ဂီတ ဆိုတာ ဘာလဲ ... ။ ”

သို့သော် မိန်ဇီယာက ပြုံးလျက် ပြန်၍ မေး၏။ ထိုမေးခွန်းကြောင့် ကျန်းရင်မှာ မျက်နှာ နီရဲ လာသည်။

“ ဂီတ တောင် မသိပဲ ... ဘဝ-သုံးပါး သစ်ပင် ရှေ့မှာ၊ ကစားခွင့် ပေးလိုက် တာလား၊ ဒါက ဖြုန်းတီး မှုပဲ။ ”

“ မိန် ဇီ ဟော် ... ။ ”

ကျန်းရင်မှ ဒေါသတကြီး လှမ်းတက် လာခဲ့၏။ မိန်ဇီယာသည် သူ့အား လှည့်၍ပင် မကြည့်ဘဲ၊

“ လုချင်း ... ၊ မင်း သူ့ကို ဂီတဆိုတာ ဘာလဲ သင်ပေးလိုက်။ ”

-ဟု ပြောကာ ဘဝ-သုံးပါး သစ်ပင်ထံ ဆက်ကြည့်နေ တော့သည်။

“ ဟုတ်ကဲ့ ... ။ ”

အဖြူဝတ် အစေခံ အမျိုးသမီး တစ်ဦး၊ ပလွေကိုင်ကာ လှမ်းထွက် လာပြီး၊ ကျန်းရင်ထံ ဦးညွှတ် လိုက်၏။

“ ဒီအတွက် တောင်းပန် ပါတယ် ... ။ ”

အမျိုးသမီး ထံမှ ပလွေသံ ထွက်ပေါ် လာသော အခါ၊ အသံလှိုင်း များက လူတိုင်းကို တွန်းထုတ် တော့၏။

၎င်းတွင် ကြီးကျယ် ခမ်းနားသော ရောင်ဝါများ ရှိသည်။ ထို့ကြောင့် ကျန်းရင်မှ လက်တုန့် ပြန်ရန်၊ ပလွေအား ထုတ်ယူ လိုက် ရသည်။

“ ဝုန်း ... ။ ”

ပလွေသံ နှစ်သံ တိုက်မိ သွားပြီး၊ ရေမျက်နှာပြင် ပေါ်၌၊ အမျိုးမျိုးသော ဖြစ်စဉ် များ ဖြစ်တည် လာသည်။

များမကြာခင် ကျန်းရင်၏ တေးသွားမှာ၊ ရှုပ်ပွလာ တော့ပြီး၊ ပါးစပ်မှ သွေးများ စီးကျ လျက်၊ လွင့်စဉ် သွား လေသည်။

ချန်ကျွယ်က ကျန်းရင်အား ဖေးမရန် အပြေးထွက် သွားမိသည်။ ကျန်းရင်မှ အဖြူဝတ် အစေခံ အမျိုး သမီးကို ကြည့်ပြီး၊

“ နတ် နှင်းပန်း အတွေ့ ... ။ ”

-ဟု အော်ဟစ် လိုက်သည်။

၎င်းသည် ဂီတ မိသားစု ဆယ်ပါး၏၊ လက်ချောင်း နည်းပညာ တစ်ရပ် ဖြစ်ပြီး၊ ရှေး ကျသော နှင်းပန်း၏ စည်းချက် ပါရှိသည်။

အစေခံ တစ်ဘောက် သည်ပင် ဤမျှ မြင့်မားသော ပညာရပ်ကို ကျွမ်းကျင် နေသည့် အတွက်၊ လူတိုင်း ထိတ်လန့် လာ၏။

ယင်းကြောင့် ရန်တျန်းချန်မှ၊ မျက်မှောင် ကြုတ် မိသည်။ ဤမိန်ဇီဟော်တွင် ကောင်းမွန် သော ရည်ရွယ်ချက် မရှိဟု၊ သူ ပြောနိုင်၏။

***

All Chapters