← Chapters

ငရဲ နတ်မိစ္ဆာ ကိုးပါး။

Vol. 126 Ch. 1753

ငရဲ နတ်မိစ္ဆာ ကိုးပါး။

Vol. 126 Ch. 1753

အစေခံ တစ်ယောက် လက်၌ ကျန်းရင် တစ်ယောက် ရှုံးနိမ့် သွားလိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားသော ကြောင့် လမင်း ကြင်ဖော် ရေကန် တစ်ခုလုံး တိတ်ဆိတ် သွားခဲ့သည်။

ဂီတ မိသားစု ဆယ်ပါးသည်၊ သည်မျှ အားကောင်း နေခဲ့ သည်လော။ မိန်ဇီဟော်ထံ ပြန်ကြည့် လိုက်ချိန်၌ လူတိုင်း လေးနက် လာသည်။

ကျန်းရင်ပင် ရှုံးနိမ့် ခဲ့ပြီး ဖြစ်ရာ၊ ထိပ်တန်း ရာဂဏန်း သမားများ ခမျာ၊ ခေါင်း မထောင်နိုင် တော့ချေ။

မိန်ဇီယာ၏ အသွင် အပြင်သည်၊ နိဗ္ဗာန် ပွဲတော် တစ်ခုလုံးကို ရယ်မော လှောင်ပြောင် လိုသည့်ပုံ ပေါက်နေသည်။

နန်းတော် သခင် မျက်နှာမှာ၊ တင်းမာ လာခဲ့၏။ မိန်ဇီဟော်ကို သူကိုယ်တိုင် ဖိတ်စာ ပို့လိုက်ခြင်း ဖြစ်သည်။

သို့သော် နိဗ္ဗာန် ပွဲတော် ကျင်းပချိန် ရောက်မလာပဲ၊ ပြီးဆုံးချိန်မှ ရောက်ရှိ လာပြီး၊ တောင်းဆိုမှုများ ပြုလုပ် နေတော့သည်။

နိဗ္ဗာန် နန်းတော်သည်၊ ဂီတ မိသားစု ဆယ်ပါးနှင့် ဆက်ဆံရေး အချို့ ရှိကောင်း၊ ရှိနိုင် သော်လည်း နက်ရှိုင်းခြင်း မရှိချေ။

ထို့ကြောင့် ဤကိစ္စကို ဖြေရှင်းရန် အကြံ ထုတ်နေ မိသည်။ အကြီး အကဲ တစ်ယောက်က၊

“ နန်းတော် သခင် ... ၊ ငါတို့ သူ့ကို ဒီကနေ နှင်ထုတ် သင့်လား။ ”

-ဟု မေးလိုက်သည်။

နိဗ္ဗာန် နန်းတော် သခင်မှ ခေါင်းခါ ယမ်းလျက်၊ တိတ်ဆိတ် နေခဲ့သည်။ ယင်းက ဂီတ မိသားစု (၁၀)ပါး လုံးကို၊ စော်ကား ခြင်းနှင့် တူသည်။

ဆက်ကြည့် နေရန် မှာလည်း အဆင် မပြေချေ။

“ ချင်းအာ ပြန်လာ ... ။ ”

မိန်ဇီဟော်က လုချင်းဟု ခေါ်သော အစေခံအား နောက်ပြန် ဆုတ်စေ လိုက်သည်။

“ နန်းတော် သခင်လေး မင်းမှာ ... ၊ ပြောစရာ ရှိသေးလား၊ ထိပ်ဆုံး ဆယ်ဦး အတွက် ပြဿနာ တစ်ခုခု ရှိလား။ ”

ထိုမေးခွန်းကို ကျန့်ရင်တျန်းမှ ပြန်မဖြေ နိုင်ခဲ့ချေ။ ဤတောင်းဆို မှုမှာ၊ နိဗ္ဗာန် နန်းတော် အတွက်၊ ရှက်စရာ ဖြစ်သည်။

“ ဒီတောင်းဆိုမှုကို ... ငါတို့နဲ့ မင်းပြောသင့်တယ် မဟုတ်လား။ ”

နတ်ဖီးနစ် တောင်မှ ရီချန်က ရပ်ကြည့် မနေနိုင် တော့ဘဲ၊ ဝင်ပြော လိုက်လေသည်။

“ ဒါလည်း အဆင် ပြေတယ်၊ မင်း ... မယုံဖူးဆိုရင် ငါ့ ... အစေခံ တွေကို အနိုင်ယူ နိုင်တယ်။ ”

မိန်ဇီဟော်က မထူးခြား ဟန်ဖြင့်၊ ပြုံးကာ တုန့်ပြန်သည်။ ၎င်းသည် မာန ကြီးလွန်း ချေ၏။ ရီချန်၏ မျက်ဝန်း၌ အေးစက်သော အလင်း ရောင်များ တောက်ပ သွားသည်။

၎င်း မျက်လုံးတွင်၊ သူတို့အား လုံးဝ ထည့်မထားချေ။ အစမှ အဆုံး ကျန့်ရင်တျန်းကို တစ်ချက် မျှသာ ကြည့်ပြီး၊ ဘဝ သုံးပါး သစ်ပင် အပေါ်သာ၊ အာရုံစိုက် နေခဲ့သည်။

“ နတ်ဖီးနစ် တောင်ရဲ့ ရီချန် ... ။ ”

ရီချန်က လက်ဝှေ့ ရမ်းကာ လှမ်းတက် လိုက်သည်။

“ ဟောင်အာ ... ။ ”

မိန်ဇီဟော်မှ လှည့် မကြည့်ဘဲ နာမည် ခေါ်လိုက်၏။ ဤတစ်ကြိမ်တွင် ‘လု’ကို ပွေ့ထား သော အမျိုးသမီး တစ်ဦး ထွက်လာသည်။

“ ဒင် ... ။ ”

နှစ်ယောက်သား တူရိယာ များကို လျင်မြန်စွာ တီးခတ် လိုက်ကြသည်။ ရီချန်မှ ဗျပ်စောင်းကို တီး၏။

ရီချန် ရှုံးသော်၊ သူတို့ အတွက် ဒုက္ခ ဖြစ်ပေမည်။ ထို့ကြောင့် လူတိုင်း စိတ်လှုပ်ရှား လာတော့၏။

အဘယ့်ကြောင့် ဆိုသော်၊ မိန်ဇီဟော်နှင့် စကားပြော ရန်ပင်၊ သူတို့၌ ယုံကြည်မှု မရှိချေ။ နောက်ဆုံးတွင် နတ်နဂါး ခေတ်သည် အရာ ခပ်သိမ်း ခွန်အားပေါ် မူတည် လေသည်။

မိန်ဇီဟော်တွင် ဤသို့ မောက်မာရန်၊ ခွန်အား ရှိ၏။ နန်းတော် သခင် သည်ပင်၊ မပျော် သော်မှ မျိုချ နေရသည်။

“ ဒင် ... ။ ”

လမင်း ကြင်ဖော် ရေကန်တွင် လုနှင့် ဗျပ်စောင်း သံများ ပျံလွင့် နေသည်။ တေးသွား များက စစ်တပ် နှစ်ခု၊ ထိပ်တိုက် တွေ့နေ သကဲ့သို့ မြိုင်ဆိုင် ၏။

ရေကန်သည် ရှေးခေတ် စစ်မြေပြင် ဖြစ်လာသည်။ ရီချန်နှင့် ဟောင်အာ တို့သည် သတ်ကွင်း ဟူသော သီချင်းကို အတူတကွ တီးခတ် နေခြင်း ဖြစ်၏။

တူညီသော အနုပညာ အယူ အဆများ ပါဝင်နေ သဖြင့်၊ သတ်ကွင်းသည် လူတိုင်းအား မွန်းကြပ် လာစေသည်။

အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက်မျှ ကုန်လွန် ပြီးနောက်၊ ရီချန်မှာ မျက်နှာ ဖြူဖျော့ လာသည်။

သတ်ကွင်းသည် သတ်ဖြတ် ခြင်းကို ဖော်ပြရန်၊ ကြီးစိုးခြင်းနှင့် ရက်စက်ခြင်း အား ပေါင်းစပ် ထားသော ရှေးဟောင်း တေးသွား တစ်ပုဒ် ဖြစ်၏။

ယင်းအတွက် ခိုင်မာသော စိတ် စွမ်းအင် လိုအပ်သည်။ ပြိုင်ဘက်ကို အမြန် မဖယ်ရှား နိုင်သော် အန္တရာယ် ရှိပေမည်။

ဟောင်အာက နတ်နှင်းပန်း အတွေ့ ဟူသော လက်ဟန်ကို အသုံးပြု သဖြင့်၊ ရီချန်ထက် ပိုကာ သက်တောင့် သက်သာ ရှိနေသည်။

“ ငါ ရှုံးတယ် ... ။ ”

သီချင်း မပြီးခင် ဗျပ်စောင်းကို ရပ်ပြီး၊ ဖြူဖျော့ နေသော မျက်နှာဖြင့် ရီချန်မှ ဝန်ခံ တော့သည်။ ပါးစပ်မှ သေွးများ စီးကျ လျက်၊ ဆက်ကစားရန် မဖြစ်နိုင် တော့ချေ။

“ ရီချန် ... ။ ”

လျူရို့ချန်မှ မျက်နှာ ပြောင်းလဲ သွားပြီး ရီချန်ကို ကူညီရန် အမြန် လှမ်းထွက် လာသည်။

“ ဒါက နင်တို့မှာ ... ရှိနေတာ အကုန် ဆိုရင်တော့ ... ကိုယ့်ကိုကိုယ် အရှက် မခွဲ ပါနဲ့၊ နိဗ္ဗာန် ပွဲတော်ကို မပါဝင် လိုခဲ့တဲ့ ... ၊

... ငါ့ သခင်ငယ်ရဲ့ အတွေး ... မှန်တယ်၊ နင်တို့က ဂီတအကြောင်း ... ဘာမှ မသိ သေးတဲ့ လူရိုင်း တွေပဲ။ ”

ဟောင်အာက ပြုံးကာ ပြောပြီး နောက်ပြန် ဆုတ်သွားသည်။

“ ရပ်စမ်း ... ငါ မင်းနဲ့ ရင်ဆိုင်မယ်။ ”

လျူရို့ချန်က ဒေါသတကြီး လှမ်းထွက် သွားသည်။ သို့သော် မိန်ဇီယာက လှည့် မကြည့် ဘဲ၊ သူ့လက်ကို ရုတ်တရက် ဝှေ့ယမ်း ပစ်၏။

“ ဒင် ... ။ ”

ဂီတ သံများ မြည်ဟည်း ပါရှိသော လေလှိုင်းကြီး ဖြစ်ပေါ် လာကာ၊ လျူရို့ချန်အား နောက်ပြန် တွန်းထုတ် တော့သည်။

“ ဝှစ် ... ။ ”

ရီချန် မှာမူ ထိုလှိုင်းကို ရှောင်ရန်၊ အချိန် မမီတော့ချေ။ ထို့ကြောင့် ရန်တျန်းချန်မှ ပြေး တက်ကာ၊ ဆွဲထုတ် ပေးလိုက် ရသည်။

ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေသည်။ လက်လှိုင်းဖြင့် ဂီတ သံစဉ်ကို ဖန်တီး နိုင်ရန်၊ မည်သို့ ပြီးမြောက် ခဲ့သည် မသိချေ။

ထို့ကြောင့် လက်နှစ်ဖက် နောက်ပစ်ပြီး၊ ဘဝ-သုံးပါး သစ်ပင်ထံ ကြည့်နေဆဲ ဖြစ်သော မိန်ဇီဟော်ထံ၊ ထိတ်လန့်စွာ ကြည့်မိသည်။

“ မင်းတို့ ဂီတကို မသိ သေးဖူးလို့၊ ငါ ပြောခဲ့တယ် မဟုတ်လား၊ ကိုယ့်ကိုယ်ကို အရှက် ရအောင် မလုပ် ကြပါနဲ့။ ”

မိန်ဇီယာက ဒေါသဖြင့် ပြောသည်။ မကျေနပ် သော်လည်း၊ ချေပရန် ခွန်အား မရှိ သောကြောင့်၊ လူတိုင်း တိတ်ဆိတ် ကုန်၏။

“ အချိန် မဖြုန်းနဲ့ ... ၊ ပထမ ဘယ်သူလဲ ထွက်လာ ခိုင်းလိုက် ... ၊ ငါ သစ်သီး သုံးမျိုးကို လိုချင်တယ်။ ”

မိန်ဇီဟော်မှ ကျန့်ရင်တျန်းကို လှည့်ကြည့် လိုက်သည်။

“ ဘဝ သုံးပါး သစ်ပင် ရှေ့မှာ ကစား ချင်တယ် ဆိုရင်တော့၊ မင်းကို သဘာဝ အတိုင်း ကြိုဆို ပါတယ်၊ နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံ ရာထူး ကိုတော့ စိတ်မကောင်း ပါဘူး။ ”

ကျန့်ရင်တျန်းမှ တည်ငြိမ်စွာ ပြန်ပြော လေသည်။ မိန်ဇီယာမှ ပြုံးရုံသာ ပြုံးပြီး သူ့အား အတိုက် အခံ မလုပ်ချေ။ ရီချန်နှင့် တိုက်ခဲ့သော အစေခံ အမျိုးသမီး ကသာ၊

“ စည်းမျဉ်း တွေကို နားလည် ပေမယ့်၊ ငါ့သခင်ငယ် ရောက်လာပြီ ဆိုတော့ ချွင်းချက် ထားရမယ်၊ ပြော ... ဘယ်မှာလဲ နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံ။ ”

-ဟု ဆိုလာ တော့သည်။

ဤမျှ မောက်မာ လွန်းသော အစေခံမျိုး မမြင်ဖူးကြ သဖြင့်၊ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။

“ ချန်ပီယံက ... ငါ့ ညီ လင်းရှောင်ပဲ၊ ဒီပွဲကို သူ မလာဘူး။ ”

ရန်တျန်းချန်မှ ဝင်ပြော လိုက်ရ တော့သည်။

“ ဒါဆို ... ငါ လိုက်သွား မယ်။ ”

မိန်ဇီဟော်က ချက်ချင်း တုန့်ပြန်၏။ ယင်းကြောင့် ရန်တျန်းဇီမှာ အလစ် အငိုက် ဝင်တိုက် မည်ကို စိုးရိမ် သွားသည်။

“ မိန်ဇီဟော် ... မင်း ငါ့ညီနဲ့ တိုက်ချင်ရင်၊ ငါ့ကို အရင် ဖြတ်ကျော် ရမယ်။ ”

“ နင်က ဘယ်သူလဲ။ ”

ဟောင်အာက ဝင်မေးသည်။

“ နိဗ္ဗာန် ပွဲတော်ရဲ့ ဒုတိယ ... ရန်တျန်းချန်။ ”

ရန်တျန်းချန်မှ ပြန်ဖြေ၏။

“ ဟောင်အာ ပြန်လာ ... ။ ”

မိန်ဇီယာမှ ရယ်မော လိုသော အပြုံးဖြင့်၊

“ နိဗ္ဗာန် ပွဲတော်ရဲ့ ဒုတိယလား ... ၊ ခေျာင်အာ သူနဲ့ သွား ကစားလိုက်။ ”

-ဟု ခိုင်းစေ လိုက်တော့သည်။

အစေခံ ကိုးဦးသည် ကြီးမားသော နောက်ခံများ ရှိကြသည်။ ၎င်းတို့၏ အမည်မှာ ချီ၊ ချောင်၊ ဟောင်၊ လွီ၊ ချင်း၊ လန်နှင့် ဇီ ဖြစ်သည်။ မျိုးရိုး မှာမူ၊ လု ဖြစ်၏။

၎င်းတို့ အားလုံးတွင် လုလွီနှင့် လုလန်မှာ အသန်မာဆုံး ဖြစ်သည်။ ကောင်းကင် မြို့တော် မှ ၎င်းတို့အား မသိကြ သော်လည်း၊ နတ်နဂါး အင်ပါယာ ၌မူ၊ ကျော်ကြား လှလေသည်။

ဘွဲ့အမည်မှာ နှင်းပန်း ကိုးပွင့် ဖြစ်သည်။ လုမျိုးနွယ်စုမှ မိန်ဇီဟော် အတွက် လေ့ကျင့်ပေး ထားသော အိမ်ဖော်များ ဖြစ်သည်။

ကိုးဦး လုံးသည် တေးဂီတတွင် ထူးချွန် ကြပြီး၊ သူမတို့ အပေါ်၊ အရင်းအနှီး များစွာကို စိုက်ထုတ် ပေးသည်။

ကိုးဦး ပူးပေါင်း ပါက၊ မဟာ သူတော်စင် အသံ ကိုပင် ပုံဖော် နိုင်၏။

“ စီနီယာ အစ်ကို ... ။ ”

လောရှုရီ နှင့် လင်းဝမ်မှာ၊ စိုးရိမ်မှု အရိပ်အယောင် များဖြင့်၊ အကြည့်ချင်း ဖလှယ် မိသည်။

“ ရှုရီ ... နတ်သမီးနဲ့ လင်းရှောင်ကို သွားရှာလိုက်၊ ငါ ဒီမှာ စောင့်ကြည့် ထားမယ်။ ”

လင်းဝမ်မှ လောရှုရီအား လှမ်းပြောသည်။

“ ကောင်းပြီ ... ။ ”

လောရှုရီက ခေါင်းညိတ် ပြပြီး၊ အမြန် ထွက်ခွာ သွားတော့၏။ လုချောင် ဟူသော အစေခံက ကူချင်း ပိုက်လျက် လှမ်းထွက် လာသည်။

( ကူချင်းနှင့် ဗျပ်စောင်းသည် ပုံစံသာ ကွဲသော ဂီတ တူရိယာ ဖြစ်သည်ဟု ထင်သည်။ အများအားဖြင့် အတိုကို ဗျပ်စောင်း ခေါ်ကာ၊ အရှည်ကို ကူချင်း ခေါ်ကြ၏။ )

တစ်ဖက်တွင် ရန်တျန်းချန်က ပလွေဖြင့် ပြန်လည် တိုက်ခိုက်၏။ ရီချန်နှင့် ကျန်းရင် တို့ တိုက်ပွဲကို မြင်ထားပြီး ဖြစ်သောကြောင့်၊ လုချောင်အား အထင် မသေး ဝံ့ချေ။

“ ဒင် ... ။ ”

များမကြာခင် ပလွေနှင့် ကူချင်း သံများ ထိပ်တိုက် တွေ့ဆုံ တော့သည်။ အရာ အားလုံး လုပ်ဆောင်ရန် ရန်တျန်းချန်မှ ဆုံးဖြတ် ထား၏။

ထို့ကြောင့် လုချောင် တီးခတ် နေသည့် တေးသွား ကိုပင် လိုက်ပါ ကစား နေမိသည်။ တေးသွား နှစ်ခု ထပ်တူ ကျကာ၊ ခမ်းနားသော သီချင်းကို ပို၍ ခံ့ညားလာ စေ၏။

လုချောင်တွင် နတ်နှင်းပန်း လက်ဟန် ရှိသကဲ့သို့၊ ရန်တျန်းချန် သည်လည်း မညံ့ချေ။ ထိုမြင်ကွင်းကြောင့် လူတိုင်း ရွှင်မြူး ကုန်ကြ သည်။

အဆုံးတွင် ရန်တျန်းချန်သည် ခေသူ မဟုတ်ကြောင်း သိလိုက် ကြသည်။ နန်းတော် သခင်မှ လင်းရှောင်နှင့် တိုက်နိုင် သည်ဟု ယူဆ ခဲ့သည်မှာ၊ အံ့သြစရာ မဟုတ် တော့ခေျ။

ရန်တျန်းချန်က အေးစက်သော အသွင်ဖြင့်၊ လုချောင်ထံ ပြန်ကြည့်သည်။ သူမ ခွန်အားကို အကြမ်းဖျင်း ခန့်မှန်း နိုင်ပြီ ဖြစ်၏။

ရုတ်တရက် သူ့ပလွေ သံမှာ၊ ရှုပ်ထွေး လာပြီး၊ ကြားရသူ တိုင်းကို စိတ်မသက် မသာ ဖြစ်စေသော အသံများ ထွက်လာသည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် မိန်ဇီယာက၊ ဂီတ စည်းချက် များကို နှောက်ယှက်ရန်၊ ရုတ်တရက် လှုပ်ရှား လာ တော့သည်။

“ ပြန်လာခဲ့ ... ။ ”

သူ့အသံက မိုးချုန်းသံ အလား ပဲ့တင် ထပ်လာပြီး၊ လက်လှိုင်းက ပလွေနှင့် ကူချင်း သံ များကို၊ ရပ်တန့် သွား စေသည်။

“ သခင်ငယ်ကို အရှက် ရစေ မိပြီ၊ ကျေးဇူးပြုပြီး အပြစ် ပေးပါ။ ”

လုချောင်က ကြောက်လန့် တကြား နောက်ဆုတ်ကာ အပြစ်အား ဝန်ခံ တော့၏။

“ မင်း အပြစ် မဟုတ်ဘူး၊ နတ်တောင်က ဆင်းလာတဲ့ တစ်စုံ တစ်ဦးနဲ့၊ ရင်ဆိုင်ခွင့် ရတာ မင်းအတွက် ဂုဏ်ယူ စရာပါ၊ ငရဲ နတ်မိစ္ဆာ ကိုးပါး အကြောင်း၊ ငါ ဖတ်ဖူးတယ်။ ”

သူ့ စကားကြောင့် လူတိုင်း အံ့အားသင့် သွားပြီး၊ ရန်တျန်းချန်ထံ လှည့်ကြည့် လိုက်လေ သည်။

ကောင်းကင် ရနံ့ သင်းသင်း အကြောင်း၊ သိရှိကြ သော်လည်း၊ နတ်တောင် အကြောင်း ကိုမူ၊ သိပ် မသိ ကြချေ။

ဤသည်မှာ ဆန်းကြယ်သော အင်အားစု တစ်ခု ဖြစ်ပြီး၊ နိဗ္ဗာန် နန်းတော် ထက်ပင် ပို၍ လျှို့ဝှက် ချေ၏။ ၎င်းတို့၏ တည်နေရာကို မည်သူမျှ အတည် မပြု နိုင်ချေ။

“ မင်းက မြင်တတ်တယ်။ ”

ရန်တျန်းချန်မှ ပလွေအား ရုတ်ကာ၊ ပြန်ပြော လိုက်သည်။

“ မင်းရဲ့ ဂျူနီယာက ... မင်းထက် ပိုသန်မာတာ တကယ်လား။ ”

“ အသေ အချာပဲ ... ။ ”

ရန်တျန်းချန်မှ ဂုဏ်ယူစွာ ခေါင်းညိတ် ပြသည်။

“ စိတ်ဝင် စားစရာပဲ၊ မင်းက တခြား လူတွေလို မဟုတ်ဘူး၊ အနည်း ဆုံးတော့ ဂီတ ဆိုတာ ဘာလဲ သိသေးတယ်၊ မင်း ငါနဲ့ စကား ပြောဖို့ ထိုက်တန် ပါတယ်၊ ဒါပေမယ့် ...

... ငရဲ နတ်မိစ္ဆာ ကိုးပါးကို၊ မင်း ... ကျွမ်းကျင်မှု မရှိ သေးဘူး၊ အခြေခံ အဆင့်ပဲ နားလည် ထားသေးတယ်။ ”

ထိုစကားက ရန်တျန်းချန်ကို ဒေါသ ထွက်လာ စေသည်။

“ ငါ နတ်တောင်မှာ နှစ်နှစ် နေခဲ့တယ်၊ အဲဒီ နှစ်နှစ် အတွင်း၊ စီနီယာ အစ်ကိုနဲ့ အစ်မ တွေကို မယှဉ် နိုင်ခဲ့ဘူး၊ ...

... ငါတို့ရဲ့ သူတော်စင် အကြီးအကဲ လို အစစ်အမှန် ပါရမီရှင် တွေနဲ့ ... ဆိုရင်တော့ ချွင်းချက် မရှိပဲ။ ”

ရန်တျန်းချန်က စကား ခေတ္တ ရပ်လိုက်ပြီး၊

“ ဒါပေမယ့် ... ငါ့ကို ဂီတ အကြောင်း ... သိရုံပဲ ရှိသေး တယ်လို့၊ ပြောနိုင်တဲ့ သူ ကတော့ မမွေးသေး ပါဘူး။ ”

-ဟု စကားကို အဆုံးသပ် လိုက်တော့သည်။

“ အဆင် ပြေပါတယ်၊ အခု မင်းဘာတွေ လိုအပ် နေလဲ ဆိုတာ သိနိုင်ဖို့ ... ၊ အချိန် ခဏ လေးပဲ လိုတယ်။ ”

မိန်ဇီဟော်က ပြုံးကာ၊ နောက်သို့ ခြေ တစ်လှမ်း ပြန်ဆုတ် သွားသည်။ အစေခံ (၉)ဦး က၊ သိုလှောင် လက်ကောက်များ အတွင်းမှ၊ ပစ္စည်း များကို ထုတ်ယူကာ၊ ခမ်းနားသော စင်မြင့် တစ်ခုအား၊ ဖန်တီး လိုက်သည်။

“ ဝှစ် ... ။ ”

ထို့နောက် မိန်ဇီဟော်က စင်မြင့်ပေါ် ခုန်တက်ပြီး၊

“ မင်းရဲ့ ... ငရဲ နတ်မိစ္ဆာ ကိုးပါးက ကျွမ်းကျင်မှု မရှိဘူး၊ ဒါကြောင့် မင်း အရင် စပါ၊ မဟုတ်ရင် အခွင့်အရေး မရှိ တော့မှာ၊ ငါ ကြောက်တယ်။ ”

-ဟု မျက်ခုံး ပင့်လျက် ဆိုလိုက် တော့သည်။

***

All Chapters