မီးငှက်။
Vol. 126 Ch. 1755
လုယွီနှင့် လုလန် တို့သည် အစေခံ ကိုးယောက်၌ အသန်မာဆုံး ဖြစ်သော်လည်း လင်းယွန်အား၊ ရှုံးနိမ့် သွားခဲ့သည်။
သတ်ကွင်း တစ်ခု တည်းဖြင့်၊ လင်းယွန် တစ်ယောက် ဂီတ အပေါ်၊ မည်မျှ နားလည်ထား သည်ကို၊ သိရှိ ကုန်၏။
ရန်တျန်ချန် ပြောသလို ပေပင်။ လင်းယွန်သည် နိဗ္ဗာန် ပွဲတော် အတွင်း အားလုံး ကို မပေး ခဲ့ချေ။
“ ဒါက သတ်ကွင်းလား ... ။ ”
နန်းတော် သခင်မှ ရေရွတ်လျက် သူ့ အနားက အကြီးအကဲ များနှင့် အကြည့်ချင်း ဖလှယ် လိုက်မိသည်။
သူတို့၏ မျက်လုံး များတွင်၊ ထိတ်လန့် တုန်လှုပ်မှုကို အတိုင်းသား မြင်နေ ရလေသည်။ သတ်ကွင်း ဟူသည် ဂီတအိမ် များနှင့် ဂိုဏ်း ပေါင်းစုံတွင် ရှိနေသော တေးသွား တစ်ပုဒ် ဖြစ်သည်။
လင်းယွန် တီးခတ် သကဲ့သို့ မည်သူမျှ သီဆို ဖူးခြင်း မရှိချေ။
“ သခင်ငယ် ... ။ ”
လုယွီနှင့် လုလန် တို့က မျက်နှာများ ဖြူဖျော့လျက် နောက်ဆုတ် သွားလေသည်။
“ အဆင် ပြေပါတယ်၊ သတ်ကွင်းရဲ့ ပုံစံ အသစ်ကို ... ငါ ကြားလိုက် ရလို့ ... ထိုက်တန် ပါတယ်။ ”
မိန်ဇီဟော်က ပြုံးလိုက်သည်။ သီချင်း မဆုံးခင် သူမတို့ နှစ်ဦး ရှုံးမည်ဟု၊ သူ မျှော်လင့် ထားပြီး ဖြစ်သည်။
နှစ်ဖက် စလုံးသည် သတ်ကွင်းကို ကစားခဲ့ကြ သော်လည်း၊ လင်းယွန်၏ ပုံစံသည် လုယွီတို့ နှစ်ယောက်ထက် များစွာ သာလွန် နေ၏။
မိန်ဇီယာက လက်နှစ်ဖက်ကို နောက်ပို့ လိုက်ပြီး ပြုံးလျက်၊
“ ချန်ပီယံ ဖြစ်တာ ... ၊ အံ့သြ စရာတော့ မရှိပါဘူး၊ မင်းက မင်းရဲ့ ... စီနီယာ အစ်ကိုထက် အများကြီး သန်မာတယ်၊ ဒါပေမယ့် ...
... ငါနဲ့ ယှဉ်ရင် နိမ့်ကျ နေသေးတယ်၊ ... မင်းစီနီယာ အစ်ကို အတွက် ... လက်စား ချေဖို့ လွယ်မှာ မဟုတ်ဘူး ... ။ ”
လင်းယွန်က စကား တစ်ခွန်းမှ ပြန်မပြော သောကြောင့်၊
“ ဘာလို့လဲ မယုံ ဖူးလား။ ”
-ဟုဆိုကာ၊ ဗျပ်စောင်း ကြိုးများပေါ် လက်နှစ်ဖက်ကို တင်ပြီး ထိုင်ချ လိုက်သည်။
တစ်ဖက်တွင် လင်းယွန် သည်လည်း လက်ကို ဟန်ပါပါ ဆန့်ထုတ်လျက်၊ မိန်ဇီဟော် ထံ စိုက်ကြည့် နေခဲ့သည်။
မူလက လမင်း ကြင်ဖော် ရေကန်သို့ မလာ ချင်ချေ။ ရောက်လာ ပြီးနောက်၊ အကောင်းဆုံး လုပ်ဆောင် ရပေမည်။
ဂီတ မိသားစု ဆယ်ပါးတွင်၊ ခိုင်မာ ရှည်လျားသော အမွေ အနှစ်များ ရှိသကဲ့သို့၊ သူ့ တွင်လည်း ဝှက်ဖဲ များစွာ ရှိသည်။
“ မဆိုးဘူး ... ။ ”
လင်းယွန်၏ အသွင်အပြင်ကို ကြည့်ပြီး၊ မိန်ဇီယာက ပြုံးသည်။ ရန်တျန်းချန်နှင့် လုပ်ခဲ့ သကဲ့သို့၊ လက်ညှိုးဖြင့် ကြိုး တစ်ချောင်း တည်းကို ဆွဲတင် လိုက်သည်။
ဗျပ်စောင်းပင် တုန်ခါ လာ၏။ ဤမြင်ကွင်းသည် လမင်း ကြင်ဖော် ရေကန်ရှိ လူတိုင်း၏ မျက်နှာ များကို ချက်ချင်း ဖြူဖျော့ သွား စေသည်။
ရေကန် ပေါ်ရှိ၊ လူ တစ်ရာက ရေကန် အစပ်ထံ ပြန်ပြေး ကုန် သကဲ့သို့၊ ကန်စပ်၌ ရှိ နေသော ပရိသတ်များ မှာလည်း၊ ဆယ်မိုင် အကွာထိ၊ ပြန်၍ ဆုတ်ခွာ လိုက်ကြသည်။
ယခင်က ထိုနေရာတွင် ရပ်နေမိ သဖြင့်၊ ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့သည်။ ဤတစ်ကြိမ် ၌ ထိုသို့ အဖြစ်မခံ နိုင်တော့ချေ။
ထို့ကြောင့် မိန်ဇီဟော်မှ နောက်တစ်ကြိမ် ထပ်လုပ်တော့ မည်ကို မြင်သော အခါ၊ မည်သူမျှ မထီ မဲ့မြင် မပြုဝံ့ခြင်း ဖြစ်သည်။
“ အရင်က ဒီလှုပ်ရှားမှုကြောင့် ... ၊ စီနီယာ အစ်ကိုရန် ရှုံးနိမ့် သွားတာ။ ”
လင်းဝမ်မှ စိုးရိမ် စိတ်ဖြင့်၊ ယွဲ့ဝေဝေအား ပြန်ပြော ပြသည်။ သူမ အနားရှိ ယွဲ့ဝေဝေက ခေါင်းညိတ်၏။
မိန်ဇီဟော်မှ အကန့် အသတ် မရှိသော စိတ်စွမ်းအင် များကို ကြိုးပေါ်တွင် စုစည်း နေ သည်အား၊ သူမ မြင်သည်။
လင်းယွန်ပင် အံ့အားသင့် သွား၏။ ပြိုင်ဘက်ထံမှ မမြင် နိုင်သော ဖိအား တစ်ခု သက်ဆင်း လာပြီ ဖြစ်သည်။
“ မင်းရဲ့ စီနီယာ အစ်ကိုကို ဒီလှုပ်ရှားမှုနဲ့ အနိုင်ယူ လိုက်တာ၊ ဒါကို မင်း ဘယ်လို ရင်ဆိုင် မလဲ ဆိုတာ ငါ သိချင်တယ်။ ”
မိန်ဇီယာက အပြုံးဖြင့် ဆိုသည်။ သူ့မျက်နှာတွင် သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေ ခဲ့၏။
လင်းယွန်က ဂရုစိုက်ခြင်း မရှိဘဲ၊ သူ့နည်း အတိုင်း လက်ညှိုးဖြင့် ကြိုးတစ်ချောင်း တည်း ကို၊ ဆွဲတင် လိုက်သည်။
သိပ်သည်းသော ရောင်ဝါများ ပြိုင်တူ ထွက်လာ၏။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ပြီး၊ ကြိုးများကို ပြိုင်တူ လွှတ်ထုတ် လိုက်သည်။
“ ဒင် ... ။ ”
“ ဒင် ... ။ ”
ကောင်းကင်နှင့် မြေကြီး ကြား၊ ကျယ်လောင်သော အသံများ ပဲ့တင်ထပ် သွား တော့၏။
ကောင်းကင် ခြောက်လွှာ အထိ အက်ကွဲ ကုန်သည်။ ယင်းက ပတ်ဝန်းကျင် တစ်ခု လုံးကို၊ ရုတ်ရုတ် သဲသဲ ဖြစ်သွား စေ၏။
မိန်ဇီဟော်၏ ပြိုးပြက် နေသော ရောင်ဝါသည်၊ လမင်း ကြင်ဖော် ရေကန် တစ်ခု လုံးကို၊ လက်တွေ့ ကျကျ ဖုံးအုပ် လာသည်။
တစ်ဖက်တွင် လင်းယွန် သည်လည်း သူ့ထက် အားနည်းခြင်း မရှိသော ရောင်ဝါကို ထုတ်လွှတ် လာသည်။
မိုးကြိုး မုန်တိုင်းများ ဝန်းရံလျက်၊ ဓားပင်လယ်ရှိ ရွှေလူသားမှ တောက်ပသော ရောင်ဝါများ ပေးပို့ လာခြင်း ဖြစ်သည်။
ယင်းက ရေကန် ပေါ်တွင်၊ လမင်း နှစ်စင်း လင်းနေ သည်နှင့် တူ၏။ နှစ်ယောက် စလုံး၏ စိတ်ဝိညာဉ် များက လှိုင်းလုံးကြီး သဖွယ် ပြန့်ကား ကုန်သည်။
“ ဒင် ... ။ ”
ပေါက်ကွဲသံ မရပ်သေးခင်၊ ဗျပ်စောင်း ကြိုးများကို ဆက်၍ တီးခတ် ကုန်တော့သည်။ မျက်နှာ ချင်းဆိုင် လက်သီး များဖြင့် ထိုးနှက်နေ သကဲ့သို့၊ တိုက်ပွဲမှာ ပြင်းထန်၏။
“ ဒင် ... ။ ”
ရင်သပ် ရှုမောဖွယ် ပေပင်။ ရုတ်တရက် မိန်ဇီဟော်မှ ပလွေ ထုတ်ယူပြီး၊ ကောင်းကင် ပေါ် ပျံတက် သွားသည်။
ထို့နောက် ပုလွေသံသည် ကောင်းကင်မှ စီးကျ နေသော ရေတံခွန် ကဲ့သို့၊ သာယာစွာ ထွက်ပေါ် လာသည်။
ထိုမြင်ကွင်းက လူတိုင်းကို စိတ်လှုပ်ရှား စေ၏။ သူတော်စင် လက်များ ဟူသော ဘွဲ့ကို ချက်ချင်း သတိ ရလာ ကြသည်။
ထို့ကြောင့် ပလွေေ မှုတ်နေသော မိန်ဇီဟော်နှင့်၊ ဗျပ်စောင်း ခတ်နေသည့် မိန်ဇီဟော် နှစ်ယောက် ဖြစ်လာသည်။
၎င်းတို့၏ ဂီတ သံများ ပေါင်းစည်း သွားချိန်၌၊ ဗျပ်စောင်းမှာ လာသော နှင်းသည် ပလွေမှ လာသော မက်မွန် ပွင့်ဖြင့် ပေါင်းကာ၊ နှင်းပန်းများ အဖြစ် ပွင့်လာ လေသည်။
“ ဒင် ... ။ ”
နှင်းပန်း များက သူ့အား လုံးဝ ဖိနှိပ် လာ သောကြောင့်၊ လင်းယွန်က နတ်ဖီးနစ် အတွေ့ ကို၊ ထုတ်ဖော် လိုက်ရသည်။
ထို့ကြောင့် သူ သည်လည်း လင်းယွန် နှစ်ယောက် ဖြစ်လာသည်။ တစ်ယောက်မှာ ကောင်းကင်ပေါ် ပျံထွက် သွားပြီး၊ ပလွေအား တီးမှုတ် တော့၏။
မိန်ဇီဟော် ဆင့်ခေါ်သည့် ဖြစ်စဉ်မှာ နှင်းပန်းများ ဖြစ်ပြီး၊ သူ ဆင့်ခေါ်သည့် ဖြစ်စဉ် သည်၊ နဂါးနှင့် ဖီးနစ် ဖြစ်သည်။
မိုးကြိုး မုန်တိုင်း ဗျပ်စောင်းဖြင့် ကောင်းကင် နဂါးကို တီးခတ်ကာ နတ်ကျောက်စိမ်း ပလွေက နတ်ဖီးနစ်ကို ဖန်တီး၏။
၎င်းတို့အား ဖန်တီးရန် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ဝေ ခဲ့ရသည်။ ထိုမြင်ကွင်းကြောင့်၊ မိန်ဇီဟော် သည်လည်း အံ့အားသင့် သွားသည်။
“ ဒင် ... ။ ”
ထို့နောက် တေးသွားကို ချက်ချင်း ပြောင်းလဲပစ် လိုက်၏။ ရေကန် မျက်နှာပြင်၌၊ နှင်းပန်း ပွင့်များ မြိုင်ထ လာသည်။
ဤကဲ့ သို့ပင် ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် တို့သည်၊ နှင်းမုန် တိုင်းအောက်၌ နှင်းပန်း များကို ရင်ဆိုင် နေရ တော့သည်။
မိန်ဇီဟော် နဖူးရှိ မီးငှက် ရူရ်မှာ၊ စတင် လောင်ကျွမ်း လာသည်။ ၎င်းသည် မီးနှင့် ရေ အကြား ပေါင်းစပ်မှု ဖြစ်၏။ များမကြာခင် မီးငှက် တစ်ကောင် ပေါ်လာသည်။
“ ခရစ် ... ။ ”
မီးငှက် ပေါ်လာသော အခါ၊ ကောင်းကင် ကွဲကြေလျက်၊ မီးငှက် ကြယ်စင်စု၊ ထွက်ပေါ် လာသည်။
၎င်းနက္ခတ်သည် နတ်နဂါး ခေတ်၏ အုပ်စိုးရှင် နက္ခတ် လေးပါး အနက်မှ တစ်ပါး ဖြစ်သည်။ မီးငှက်က ထွက်ပေါ် လာသည်နှင့်၊ ရုတ်တရက် မျက်လုံး ဖွင့်ကြည့် လာ၏။
“ အ ... ။ ”
လင်းယွန် ပါးစပ်မှ သွေးများ စီးကျကာ၊ အတွင်း အင်္ဂါများ တုန်ယင်လျက်၊ ညည်းတွားသံ ပြုလိုက် ရသည်။
ရုတ်တရက် ဗျပ်စောင်းနှင့် ပလွေ သံများ ရပ်သွား သဖြင့်၊ ဖန်တီး ထားသော ဖြစ်စဉ်များ ပျောက်ကွယ် ကုန်သည်။
ဤအရာကို တစ်ဖက် လူမှ မည်သို့ ပြီးမြောက်အောင် လုပ်ဆောင် နိုင်ခဲ့ သည်အား၊ သူ နားမလည် နိုင်ချေ။
အုပ်စိုးရှင် ကြယ်စုကြောင့် သည်လော၊ သို့မဟုတ် အုပ်စိုးရှင် သူတော်စင် တူရိယာ ကြောင့် ပင်လော၊ သုံးသပ် နေမိသည်။
နောက်ဆုံးတွင် သူသည်လည်း မိုးပြာ နဂါး နေလ ထီးဖြင့်၊ မိုးပြာ နဂါး နက္ခတ်အား ဆင့်ခေါ် နိုင်ခဲ့သည်။ သို့သော် ဒဏ်ရာ ပြင်းစွာ ခံစား ခဲ့ရ၏။
တစ်ဖက်တွင် မီးငှက်သည် မျက်လုံး ဖွင့်ရုံသာ ဖြစ်သော ကြောင့်၊ မိန်ဇီဟော် အတွက် သက်တောင့် သက်သာ ဖြစ်စေသည်။
မိန်ဇီဟော်က ပြုံးပြီး၊ တူရိယာ နှစ်ခုကို တီးမှုတ်ခြင်း မရှိခဲ့ သကဲ့သို့၊ တစ်ယောက်တည်း ပြန်ဖြစ် သွားသည်။
“ လင်းရှောင် မင်း ငါ့ကို ဒီလောက်ထိ အတင်း အကြပ် ခိုင်းစေ နိုင်တာ ဂုဏ်ယူလို့ ရပြီ။ ”
“ ဒင် ... ။ ”
မိန်ဇီဟော်က မျက်လုံးများ မေှးစင်းလျက်၊ ဗျပ်စောင်း ကိုသာ ကစား တော့သည်။ သီချင်း အထွတ် အထိပ်သို့ ရောက်သော အခါ၊ မီးငှက်မှ ကြက်သွေးရောင် မီးတောက် များဖြင့် မှုတ်လာ ခဲ့သည်။
ထိုမြင်ကွင်းက လင်းယွန် မျက်နှာကို ပြောင်းလဲ စေပြီး၊ အပြေး အလွှား ရှောင်တိမ်း မိစေသည်။
မီးလျှံများ ရေကန်ပေါ် ကျရောက် သွားပြီး၊ ရေမျက် နှာပြင် အနှံ့၊ ကူးစက် လောင်ကျွမ်းသွား လေသည်။
မိန်ဇီဟော်က တီးခတ် နေလျက်မှ ပြုံးလေသည်။ မီးငှက်မှာ လင်းယွန်ကို ဆက်၍ တိုက်ခိုက် နေခဲ့၏။
လင်းယွန် တစ်ယောက် တစ်ဖက်သတ် ရိုက်နှက် ခံနေ ရသည်။ အုပ်စိုးရှင် နက္ခတ်၏ အကြည့် အောက်တွင်၊ မည်သူ မဆို လွယ်ကူ မည် မဟုတ်ချေ။
ရပ်ကြည့် နေသူများပင် မသက်မသာ ဖြစ်လာ၏။ အုပ်စိုးရှင် နက္ခတ် တစ်လုံးအား ဂီတဖြင့် ဆင့်ခေါ်ခြင်း အပေါ် မယုံချင်ချေ။ တွေးလိုက် ရုံနှင့် ဦးရေပြားများ ထုံကျင် သွားသည်။
မိန်ဇီဟော်၏ အရည် အချင်းမှာ၊ လူတိုင်း အပေါ်၊ ‘ဂီတကို သိလားဟု’ မေးခွန်း ထုတ်ရန် လုံလောက် လေသည်။
“ ဒီကောင်က နည်းနည်းတော့ ... ကြောက်စရာ ကောင်းတယ် ... ။ ”
နတ်ဖီးနစ် တောင်မှ ရီချန်က နှုတ်ခမ်းများ တုန်ခါ သွားသည်။ ဂီတအား မသိဟု ဆိုစဉ်က ဒေါသ ဖြစ်ခဲ့သည်။
ယခုမူ ထိုသို့ မာန ကြီးရန် ထိုက်တန်ပြီး သူတို့အား အထက်ပါ မေးခွန်းမျိုး မေးသင့်သည် ဟု၊ မြင်လာ၏။
“ ဒါ ... ဂီတ မိသားစု ဆယ်ပါးရဲ့ အခြေခံ အုတ်မြစ် လား။ ”
လျူရို့ချန်က သက်ပြင်းချကာ ညည်းတွား လိုက်လေသည်။
“ ဖရူး ... ။ ”
မိန်ဇီဟော်က သီချင်းအား၊ နောက်တစ်ကြိမ် ပြန်ကျော့ ရာတွင်၊ မီးငှက်မှ အတောင်ပံ များကို ဖြန့်ထုတ် လိုက်သည်။
ပတ်ဝန်းကျင်သည် ကြီးမားသော ဖိအားကြောင့်၊ ပုံပျက် သွား၏။ အာကာပြင် ကွဲလွဲ သွားရာ၊ လင်းယွန် တစ်ယောက် ရှောင်တိမ်း မရတော့ချေ။
မော့ကြည့် လိုက်ချိန်၌၊ မီးငှက်က မီးတောက် များဖြင့် သူ့ထံ မှုတ်ထုတ် လာသည်။ မီးတောက် များသည် အစစ် အမှန် မဟုတ်ဘဲ၊ ဂီတဖြင့် ဖန်တီး ထားသော အရာ မျှသာ ဖြစ်သည်။
“ ဝှစ် ... ။ ”
သို့တိုင် သူ့အား ဒဏ်ရာ များဖြင့် ကောင်းကင်မှ ပြုတ်ကျအောင် လုပ်ဆောင် နိုင်ခဲ့၏။
“ မင်းက သန်မာ ပါတယ်၊ ဒါပေမယ့် ... ဂီတကို သင်ယူတာ ... မကြာသေး သလိုပဲ၊ ဒါကြောင့် မင်း ငါ့ကို ယှဉ်နိုင်တဲ့ နည်းလမ်း မရှိဘူး။ ”
မိန်ဇီဟော် စကားကြောင့်၊ နှုတ်ခမ်း စောင့်စွန်းရှိ သွေးစ များကို လက်ခုံဖြင့် သုတ် လျက်မှ၊ လင်းယွန်က ပြုံးသည်။
“ မှန်တယ် ... ၊ ငါက ဂီတကို သင်ယူတာ မကြာ သေးဘူး၊ ဒါပေမယ့် မင်းကို ငါ ကြည့်မရ တော့ဘူး၊ မင်းရဲ့ မောက်မာ မှုက တကယ်ကို စိတ်အနှောင့် အယှက် ဖြစ်စရာပဲ။ ”
“ မွေးထဲက ငါက ဒီပုံစံ ... ၊ မျိုးဆက်တူ ကြားမှာ ပြိုင်ဘက်ကင်း ခဲ့တဲ့ အတွက်၊ ငါ ဘယ် လောက်တောင် အထီးကျန် နေလဲ၊ မင်း နားမလည် နိုင်ပါဘူး ... ။ ”
မိန်ဇီဟော်၏ စကား များမှာ၊ အပေါ်မှ မဆင်းချေ။ သူ့အတွက် ဝိုင်တစ်ခွက် ကမ်းပေး ရန်၊ အစေခံ တစ်ယောက်ကို လက်လှမ်း လိုက်သည်။
ထို့နောက် တစ်ကျိုက် မော့သောက် လိုက်ပြီး၊
“ ရှုံးနိမ့် တာကို ... ဝန်ခံပါ၊ ပထမ မဟုတ် တော့လို့ ... သစ်သီး သုံးလုံးလည်း ထုတ်ပေးပါ၊ ငါ့ကို ရှုံးတာ ရှက်စရာ မဟုတ် ပါဘူး။ ”
-ဟု ဝင့်ကြွားစွာ ဆိုလိုက်တော့သည်။
ရေကန် ဘေးရှိ လူတိုင်း၏ နှုတ်ခမ်းများ တွန့်ကွေး သွား၏။
“ ဒါက သွေးပူပဲ ရှိပါ သေးတယ်။ ”
လင်းယွန်က မတ်တပ် ထရပ်ပြီး နတ်ကျောက်စိမ်း ဝါးပလွေကို မှုတ်ထုတ် လိုက် သဖြင့်၊ ဓား ရည်ရွယ်ချက်များ ပြေးထွက် သွားလေသည်။
လူတိုင်းက လင်းယွန်သည် ဓားသမား တစ်ဦး ဖြစ်ကြောင်း သိရှိ ထားပြီး ဖြစ်လေရာ၊ များစွာ စိတ်ဝင်စားခြင်း မရှိချေ။
“ ခွမ်း ... ။ ”
သို့သော် ထိုပလွေ သံသည် မိန်ဇီဟော် လက်ထဲရှိ ဝိုင်ခွက်နှင့် ဆံပင် များကို အပိုင်းပိုင်း ဖြတ်ပစ် ချိန်၌ သတိထား ပြန်ကြည့် လာကြသည်။
( ကောင်းကင် အမိုးဓား လား ... ။ )
ယင်းက မိန်ဇီဟော် ကိုပင် အံ့သြသွားစေ တော့၏။
***